Saturday, November 13, 2010

မရှိမဖြစ် ခေါင်းဆောင်ဟု DPP က ပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ခေါင်းဆောင် ဖြစ်ပါတယ်လို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ DPP က ပြောပါတယ်။

“တိုင်းပြည်ပြောင်းလဲပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် လိုအပ်တဲ့ လူထုခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒါကြောင့် တွေ့ဆုံညှိနှိုင်းအဖြေရှာကြဖို့ ဒီမိုကရက်တစ်အင်အားစုတွေ နားလည်စွာနဲ့ အရိပ်တခုအောက်မှာ ရပ်ဖို့ အချိန်တန်နေပါပြီလို့ ပြောလိုပါတယ်” လို့ DPP ဒုဥက္ကဋ္ဌ (၁) ဦးတင်မောင်အေးက ပြောပါတယ်။

“ဒီနေ့မြင်ကွင်းအရ ပြောရရင် ပြည်သူလူထုဟာ ပိုပြီး စည်းစနစ်ကျစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ကြိုဆိုနေတဲ့ မြင်ကွင်းဟာ လူထုခေါင်းဆောင် တဦးနောက်ကို ကျေနပ်စွာနဲ့ လိုက်ပါနေတာကို တွေ့ရတယ်” လို့ သူက ဆိုပါတယ်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်