စစ်အစိုးရကိုဒဏ်ခတ်မှု သက်တမ်းတိုးတာဟာ အမေရိကန်ရဲ့ မြန်မာ့အရေးမူဝါဒကို ပြသလိုက်တာဖြစ်ပြီး ဒီထက်ပြင်းထန်တဲ့ အရေးယူမှု တွေ မလုပ်သေးတာဟာ စောင့်ကြည့်နေတာသာဖြစ်တယ်လို့ မြန်မာ့အရေး အကဲခတ်တွေကပြောလိုက်ပါတယ်။
By ဒေါ်ခင်မျိုးသက် စနေ, 15 မေ 2010
သမ္မတ Bill Clinton လက်ထက် ၁၉၉၇ ခုနှစ် မေလ (၂၀) ရက်နေ့မှာ မြန်မာစစ်အစိုးရအပေါ် အမေရိကန်အစိုးရက အရေးပေါ် ကြေညာ ချက် စတင်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လုပ်ကိုင်နေတဲ့ အတိုက်အခံတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်နေတာ ကြောင့် အမေရိကန်က ရင်နှီးမြုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ပိတ်ပင်တဲ့ ဥပဒေတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်တက်လာတဲ့ သမ္မတ George W. Bush လက်ထက်မှာလည်း ၂၀၀၃ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အမိန့်ပြန်တမ်းတွေ ထုတ်ပြန်ပြီး စစ်အစိုးရနဲ့ အပေါင်းပါတွေကို ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်တာနဲ့တကွ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။
အသစ်တက်လာတဲ့ သမ္မတ ဘရက် အိုဘားမားလက်ထက် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလက်ထက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံမူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ (၇) လကြာ သုံးသပ်မှုတွေနောက်ပိုင်း စီးပွား ရေး ဒဏ်ခတ်ဖို့အပြင် တိုက်ရိုက်ဆက်ဆံရေးမူနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂညီလာခံကို တက်ရောက်လာတဲ့ မြန်မာ ကိုယ်စားလှယ်တွေနဲ့ ပထမဦးဆုံးအကြိမ် တွေ့ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့ အာရှရေးရာ လက်ထောက် နိုင် ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell က နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့် ၂၀၁၀ နှစ်ဆန်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်း စုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့လူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် မေလ (၉) ရက်နေ့က မြန်မာစစ်အစိုးရ သဘောထားအမှန်ကို သိရဖို့အတွက် Mr. Kurt Campbell မြန်မာနိုင်ငံကို ဒုတိယ အကြိမ် သွားရောက်ခဲ့ပါတယ်။
Mr. Campbell အပြန်ခရီးမှာတော့ မြန်မာစစ်အစိုးရကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရမှာ မဟုတ် ဘူးလို့ ယုံကြည်ကြောင်းနဲ့ ဒီရွေးကောက်ပွဲအတွက် အဖွဲ့အစည်းအားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်း ဆိုခဲ့ပါတယ်။ မေလ (၁၄) ရက်နေ့မှာတော့ သမ္မတ Obama ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှု ကို တနှစ်သက်တမ်းတိုးခဲ့ပါတယ်။ အခုလို အရေးယူဒဏ်ခတ်မှုကို သက်တမ်းတိုးလိုက်တာ အမေရိကန်အစိုးရမူဝါဒ ဆက်လက်ကိုင်စွဲ ထားတဲ့သဘောကို ထင်ရှားအောင် ပြသလိုက်တာလို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေတဲ့ Indiana တက္ကသိုလ် ဥပဒေကျောင်းက ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန် ("Andrew" Ngun Cung Lian) က ပြောဆိုလိုက်ပါတယ်။
အိုဘားမားအစိုးရရဲ့  နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီးလုပ်ထားတဲ့ ပေါ်လစီက အရေးယူမှု ဒဏ်ခတ်မှုကိုလည်း မရုတ်သိမ်းဘူး၊ ဒါပေမဲ့ ဘုခ်ျ အစိုးရလက်ထက်က အရေးယူမှုကိုလုပ်ပြီး နအဖနဲ့ စကားမပြောဘူး။ ဒါပေမဲ့ အိုဘားမားရဲ့  မြန်မာပြည်နဲ့ ပတ်သက်တဲ့ပေါ်လစီထဲမှာ အ ရေးလည်ယူမယ်၊ တဆက်တည်းမှာ သူတို့ နအဖနဲ့ စကားပြောမယ်ဆိုတဲ့ နှစ်ဖက်ခွပေါ်လစီနဲ့ သွားနေတာ။ တဘက်မလုပ်ရင် တဘက်နဲ့လုပ်မယ်ဆိုတဲ့ ပေါ်လစီသွားနေတာ။ Hillary Clinton နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့နောက်ပိုင်း ဥပမာ အီရန်နိုင်ငံ၊ ဗမာနိုင်ငံမျိုးတွေနဲ့ dialogue လုပ်မယ်၊ စကားပြောမယ် ပြဿနာကို အဲဒီလိုဖြေရှင်းမယ်လို့ မဲဆွယ်ကာလတုန်းက အသိပေး ပြောခဲ့တဲ့အတိုင်း မြန်မာပြည် ကို အရေးယူဒဏ်ခတ်မှုနဲ့လုပ်မယ်၊ တဆက်တည်းမှာ စကားပြောမယ်။ တကယ်လို့ ဗမာပြည်ဘက်က သူတို့စကားပြောတာကို နား ထောင် ပြီးတော့ အပေးအယူလုပ်ချင်တယ်ဆိုရင် အရေးယူမှုကို အခြေအနေအရ ပြန်ရုတ်သိမ်းမယ်။ တကယ်လို့ ဗမာပြည်နဲ့ Kurt Campbell တို့စကားပြောနေလို့ ဗမာပြည်ဘက်က ဘာမှအရေးယူ ဆောင်ရွက်မှုမရှိဘူးဆိုရင် လက်ရှိအရေးယူမှုအတိုင်း ဆက်လုပ်မယ်။ လိုအပ်လို့ရှိရင် ဒီထက်ပြင်းထန်တဲ့ အရေးယူမှုကို လုပ်ဖို့ နှစ်ဖက်ခွသွားတာ သူတို့ အခု လုပ်ထားတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ပေါ်လစီလို့ ကျနော်တွေ့ပါတယ်။
မြန်မာနိုင်ငံဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေလုပ်ဆောင်တာမျိုး မတွေ့ရသေးဘူးလို့ အမေရိကန်နိုင်ငံဘက်က ယုံကြည်ပေမယ့် အရေးယူမှုကို ဒီထက် ပြင်းပြင်းထန်ထန် မလုပ်သေးတာ စောင့်ကြည့်နေတဲ့ သဘောလို့လည်း မြင်ပါတယ်။
သူတို့အနေနဲ့ စောင့်ကြည့်မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအထဲက နိုင်ငံရေး အနေအထား ပြောင်းလဲမှုတွေ နောက်ပြီး တော့ နအဖဘက်က ပြောထားတဲ့အရာတွေ၊ နောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူနဲ့တွေ့တုန်းက ပြောထားတဲ့စကားတွေ အဲဒါတွေပေါ် မူတည်ပြီးတော့ နောက်တဆင့်မှာ စကားထပ်ပြောမလား၊ ဒီထက်ပိုတယ့် အရေးယူမှုကို လုပ်မလားဆိုလား တခုခုတော့ ဖြစ်လာလိမ့်မယ် ကျနော်ကတော့ ယူဆပါတယ်။
http://www1.voanews.com/burmese/news/burma/US_Burma_Relation-93860684.html
Sunday, May 16, 2010
စစ်အစိုးရလုပ်ရပ်တွေ အမေရိကန် မျက်ခြေမပြတ် စောင့်ကြည့်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
2 comments:
Most cases of Modernization of Asia are democratization through dictatorship for development. When GNP per person reached US$ 1500, then waves of political democratization automatically arise. Thailand in 1993 and South Korea succussed to shake themselves free from their military government rules. After all, "Democracy does not guarantee to eat". I do not think that the firm policy such as "No democratization no aid" will get good results. We also should know that even America which acknowledge itself as the leader of Human rights diplomacy sometimes became double-tongued for its own national interest. When the people become rich, they always start to build strong democracy by themselves.
Myint Lwin,
You said "When the people become rich, they always start to build strong democracy by themselves"
I agree with your opinion to a certain extent. But unfortunately, Burmese people in general can not get rich under this regime.Not in a century. Unlike those in Thai and Korea, these thugs in Burma nowadays are not really acting like a government. They act more like a group of Terrorists instead.
Post a Comment