Sunday, January 31, 2010

လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..

ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ
Monday, 01 February 2010 13:07 ဧရာဝတီ .
ဆယ်တန်း စာမေးပွဲတွင် စာကူးဖြေသူ များအတွက် အထူးစီမံ ထုတ်လုပ်ထားသော စာအုပ်ငယ် ဈေးကွက်သည် ရန်ကုန်တွင် တနှစ်ထက် တနှစ် ပိုမို ကြီးမားလာသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ ခန့်သာ လိုသည့်အချိန်တွင် ထိုစာအုပ်ငယ်များ အလွန် အရောင်းသွက်နေသည်ဟု ခိုးကူး စာရွက်စာတမ်း ရောင်းချသူများက ပြောသည်။


လျှို့ဝှက်သယ်ဆောင်ရန် လွယ်ကူသည့် ပေါ့ကက် (pocket) ခေါ် ခိုးကူးစာအုပ်ငယ်များ (ဓာတ်ပုံ - ဧရာဝတီ)“စာအုပ်ဆိုင်တွေမှာ တင်ရောင်း သလို၊ လူကိုယ်တိုင်လည်း လမ်းပေါ် လျှောက်ပြီး ဒိုင်လျှို ရောင်းကြတယ်” ဟု ဆိပ်ကမ်းသာလမ်း အနီးရှိ စာအုပ်ဆိုင် တဆိုင်မှ ၀န်ထမ်းတဦးက ပြောသည်။

ဆယ်တန်း ဘာသာရပ်စုံ ပါဝင်သော ခိုးကူး စာရွက်စာတမ်း တစုံလျှင် အနည်းဆုံး ကျပ် ၃၅၀၀ ဖြင့် ရောင်းဝယ် ကြကြောင်း၊ စာမေးပွဲ နီးလာချိန်တွင် ၀ယ်ယူသူ ပိုမို များပြား လာဖွယ် ရှိကြောင်း ခိုးကူးစာအုပ် ရောင်းသူတဦးက ပြောသည်။

“ဖေဖော်ဝါရီ လကုန်နဲ့ စာမေးပွဲ စဖြေတဲ့ မတ်လဆန်း လောက်ဆို တနေ့ကို ခိုးကူး အစုံ ရာချီ ရောင်းရတယ်။ ခိုးကူးတစုံကို ၃၅၀၀နဲ့ ရောင်းတယ်။ စာအုပ်ဖိုးရော၊ လိုင်းကြေး အပါ ခိုးကူးတစုံ အရင်းချည်းပဲ ၁၈၀၀ ရှိတယ်” ဟု သူက ရှင်းပြသည်။

လိုင်းကြေး ဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်းများကို ပေးရသည့် လာဘ်ငွေ ဖြစ်သည်။

နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို နေ့စဉ် ကျပ် ၅၀၀၀ ပေးရပြီး စည်ပင်ရဲ၊ ရယက၊ ကြံ့ဖွံ့ စသည့် ဒေသခံ အဖွဲ့အစည်းများကိုလည်း လာဘ်ငွေ အနည်းငယ် ပေးရသည်ဟု ဆူးလေးဘုရားအနီးရှိ ခိုးကူးစာအုပ် အရောင်းဈေးသည် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားများသည် ကိုးတန်းအထိ စာမေးပွဲနှင့် ပတ်သက်ပြီး ကြီးမားသည့် အခက်အခဲများနှင့် မကြုံခဲ့ရပေ။ သက်ဆိုင်ရာ ကျောင်းမှ ဆရာ ဆရာများက စာမေးပွဲနီးလျှင် လေ့လာကျက်မှတ်ရမည့် သင်ခန်းစာများကို ရွေးချယ်ပေးလေ့ရှိသည်။

ကျောင်းသားများ ဆယ်တန်းသို့ ရောက်သည့်အခါ ယခင်နှင့်မတူဘဲ ခက်ခဲသည့် စာမေးပွဲနှင့် ရင်ဆိုင်ရသည်။ ဆယ်တန်း စာမေးပွဲသည် အစိုးရစစ် ဖြစ်ပြီး မေးခွန်းလွှာများကို ပညာရေးဝန်ကြီးဌာနက စီစဉ်သဖြင့် ပါဝင်မည့် မေးခွန်းများကို ကြိုတင် မသိနိုင်သောကြောင့် လေ့လာ ကျက်မှတ်ရမည့် သင်ခန်းစာများ အထူး များပြားနေခြင်းသည် ကျောင်းသားများ၏ အခက်အခဲ ဖြစ်နေသည်။

၁၉၉၅ ခုနှစ်ခန့်မှ စပြီး စီးပွားရေး သမားများက စာမေးပွဲခန်း အတွင်း စာကူးပြီး ဖြေလိုသူ ကျောင်းသားများ ခိုးဝှက် သက်ဆောင်ရန် လွယ်ကူသည့် စာအုပ် ငယ်များကို ပုံနှိပ် ရောင်းချခဲ့ကြသည်။

ဆယ်တန်း စာမေးပွဲတွင် ခိုးကူး ဖြေဆိုသူများကို စာမေးပွဲ ရာသက်ပန် ဖြေဆိုခွင့် ပိတ်သည် အထိ အရေးယူ နိုင်ကြောင်း အခြေခံ ပညာ အထက်တန်းကျောင်း တကျောင်းမှ ဆရာတဦးက ရှင်းပြသည်။

ရန်ကုန်မြို့မှ နာမည်ကြီး ကျူရှင်ဆရာကြီး တဦးက ပညာရေးသည် တိုင်းပြည် တိုးတက်ရေး အတွက် အဓိက ဖြစ်သောကြောင့် အာဏာပိုင် တို့က ခိုးကူးရောင်း ချမှုများကို ထိရောက်စွာ နှိမ်နင်းသင့်သည်ဟု သုံးသပ်သည်။

“အရေးယူမှု မရှိလို့ ဒီလောက် တွင်ကျယ်လာတာ။ ဒါ ပညာရေးကို အလေးမထားတဲ့ လုပ်ရပ် ဆိုရင် ပိုမှန်မယ်” ဟု သူက ပြောသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/news/1-news/2516-2010-02-01-06-12-36

အပြည့်အစုံသတင်းဖတ်ရန်....

Weekly Political Events Regarding the SPDC's Election

Weekly Political Events Regarding the SPDC's Election

အပြည့်အစုံသတင်းဖတ်ရန်....

ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..

နအဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲသည် မကျင်းပမီ ကပင် လွတ်လပ်မှု၊ တရားမျှတမှု မရှိကြောင်း သုံးသပ်ထုတ်ပြန်ချက်

၁။ အမျိုးသားညီလာခံ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) နှင့် လူထုဆန္ဒခံယူပွဲတို့ အပေါ်မြန်မာနိုင်ငံရှေ့နေများ ကောင်စီ ၏ အမြင်သဘောထား
မြန်မာနိုင်ငံရှေ့နေများကောင်စီသည် န.အ.ဖ စစ်အစိုးရမှဦးစီးကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ယင်းညီလာခံမှ ထွက်ပေါ် လာသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများ၌ ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီ ခြင်းမရှိသည့် အချက်များကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင် သည် မြန်မာနိုင်ငံတွင် ခိုင်မာတောင့်တင်း၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဖြစ်ပေါ်စေနိုင်မည့် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲပေးနိုင်မည့် ကော်မရှင်မဟုတ်ကြောင်း ကို လည်းကောင်း၊ ယင်းကော်မရှင် မှ ရေးဆွဲလိုက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) တွင်ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့် ပုဒ်မ များ ကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) လူထုဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် သည် နိုင်ငံတကာ ဥပဒေ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိသောကြောင့် လူထုဆန္ဒခံယူပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးနိုင် မည် မဟုတ်ကြောင်းကို လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလ တွင်ကျင်းပပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း မရှိသဖြင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုနိုင်မည်မဟုတ် ကြောင်းကိုလည်းကောင်း၊ အစဉ်တစိုက်လေ့လာဆန်းစစ်လျက် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။


၂။ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နအဖ စစ်အစိုးရ၏ သဘောထား
န.အ.ဖစစ်အစိုးရသည်၂၀၀၈ခုနှစ် မေလတွင် လူထုဆန္ဒခံယူပွဲ မကျင်းပမီကပင် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၉) ရက်နေ့၌ ကြေ ငြာချက်အမှတ် ၂/၂၀၀၈ ကိုထုတ်ပြန်၍ “ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ” အတိအလင်း ထုတ်ပြန် ကြေငြာခဲ့သည်။

ထို့ပြင် န.အ.ဖ. ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် “၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်” ဖြစ်ကြောင်းကို ၂၀၀၉ ခုနှစ်၊
အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ တွင်လည်းကောင်း၊ ၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလတွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း၏နှစ်ပတ်လည် အစည်းအဝေးတွင်လည်းကောင်း၊ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ တွင် လည်းကောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ပြီးဖြစ်သည်။

၃။ ရွေးကောက်ပွဲ ဥပဒေနှင့် စပ်လျဉ်း၍ နအဖ ၀န်ကြီးချုပ်၏ ပြောကြားချက်

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့ တွင်ကျင်းပသည့် (၁၅)ကြိမ် မြောက် အာဆီယံထိပ်သီးညီ လာခံတွင် န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က “ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ” နိုင်ငံတကာခေါင်းဆောင်များအလယ် တွင် အတည်ပြုပြောဆိုခဲ့ သည်။ သို့သော် ရွေးကောက်ပွဲတရပ် ကျင်းပမည်ဆိုပါက မဖြစ် မနေလိုအပ်သည့် ရွေးကောက်ပွဲကျင်းပရေး ကော် မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေ များကို ယနေ့ထက်တိုင်အောင်ပြဌာန်း နိုင်ခြင်းမရှိသေးပေ။
၎။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ကျင်းပနိုင်ရန် လိုအပ်သည့် ဥပဒေအခြေခံ လုပ်ထုံးလုပ်နည်းများ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ ရေသောက်မြစ်တခုဖြစ်သကဲ့သို့ပင် လူ့အခွင့်အရေးအခြေခံအ ချက်တရပ်လည်းဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၁) အပိုဒ်ခွဲ (၁) တွင် တရားမျှတ သောရွေးကောက်ပွဲများမှတဆင့် လူတိုင်းသည် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး ၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ၊ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ အပိုဒ် (၂၁) အပိုဒ်ခွဲ (၃) တွင် ပြည်သူလူထု၏ ဆန္ဒသည် အုပ်ချုပ် မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြား၍ တရားမျှတစွာ ကျင်းပသော ရွေးကောက် ပွဲများဖြင့်ထင်ရှားစေရမည်။
ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ မဲဆန္ဒပေးပိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ် ဖြင့်ဖြစ် စေ၊ အလားတူလွတ်လပ်သောမဲပေးစနစ်ဖြင့် ဖြစ်စေ ကျင်းပရ မည် ဟုဖေါ်ပြထားသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကိုပထမဦးစွာ ထုတ်ပြန်ပေးရမည်ဖြစ်သည်။သို့သော်န.အ.ဖစစ်အစိုးရအနေဖြင့်၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းထားသည့် ပါတီစုံအထွေထွေရွေး ကောက် ပွဲ ကျင်းပရေး ကော်မရှင်ကိုလည်း ယနေ့ထက်တိုင်အောင် ဖျက်သိမ်းခြင်းမရှိသေးပါ။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပေးရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်း ပနိုင်ရေးအတွက် အရေး ကြီးသောအခန်းကဏ္ဍမှ ပါဝင်သည့်အားလျှော်စွာ ယင်းဥပဒေကိုရေးဆွဲရာတွင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေဖြင့် ပထမဦးစွာ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ယင်းဥပဒေမူကြမ်းကို နိုင်ငံ တော်သို့ထုတ်ပြန်ကြေငြာ၍ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီ များ ၏ သဘောဆန္ဒ အကြံပြုချက်များကို တောင်းခံ ရယူခြင်း၊ ထိုသဘောဆန္ဒ အကြံပြုချက်များကို အတတ်နိုင်ဆုံးညှိနှိုင်းလျက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကိုရေးဆွဲထုတ်ပြန်ခြင်း စသည့်အဆင့်များကို ပြုလုပ်ကြရမည်ဖြစ်သည်။

၅။ နအဖ စစ်အစိုးရ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဝန်ကြီးများ ကိုယ်တိုင် အဂတိလိုက်စားမဲဆွယ် စည်းရုံးနေမှုများကို ကြေငြာချက် ထုတ် ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် န.အ.ဖ အုပ် ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် အစိုးရ (အငြိမ်းစား) ၀န်ထမ်း များစာရင်း ကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[1] မဲဆန္ဒ ရှင်များစာရင်းကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[2] နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းတချို့ ကို ရွေးကောက်ပွဲ တွင် ၀င်ရောက်အရွေးချယ်ခံနိုင်ရန်ကြိုတင်ပြင် ဆင်မှုများပြုလုပ်နေခြင်း၊[3] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် နိုင်ငံရေးပါတီတရပ် သဖွယ် မဲဆွယ်စည်းရုံးနေမှုများ[4] တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မဲဆွယ်စည်းရုံးနေမှုများ၊[5] စသည် တို့အပြင် န.အ.ဖ ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်းမရှိသည့် တခြားသော နိုင်ငံရေးအင်အားစုများ၏ မဲဆွယ် စည်း ရုံးနေ မှုများ၊ စသည်တို့ကို စစ်အစိုးရအနေဖြင့် မသိကျိုးကျွံပြု ခွင့်ပြုလျက်ရှိသည်။

၆။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးနိုင်ငံရေးပါတီများ ၏ အခြေအနေ
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်း/ပြည်နယ် ရုံးခန်းများ နှင့် မြို့နယ်ရုံးခန်း များကို အကြောင်းပြချက်မရှိ ချိတ်ပိတ်ထားခြင်းမှ ယနေ့ထက်တိုင် အောင်ပြန်လည်ဖွင့်လှစ်ခွင့်မပေးသေး ခြင်း၊[6] ပါတီဝင်အသီးသီးအပေါ် အာဏာပိုင်တို့မှ နှောင့်ယှက် ဟန့်တား ဖမ်း ဆီးနှိပ်စက် အကျဉ်းချထားခြင်းများကို ယနေ့ ထက်တိုင်အောင်ပြုလုပ်ကျူးလွန်လျက်ရှိခြင်း၊ ၁၉၉၀ ပြည့် နှစ် ရွေး ကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဖျက် သိမ်းထားသဖြင့် ယနေ့ထက်တိုင်အောင်စည်းရုံး လှုပ် ရှားခွင့် မရရှိခြင်း၊ စသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။

၇။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် ရှိရမည့် နိုင်ငံရေးအခြေအနေ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိရန် မဖြစ် မနေလိုအပ်ပါသည်။ န.၀.တနှင့် န.အ.ဖ စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိကြောင်း ကိုအောက်ပါ အကြောင်းအချင်းရာ များက ပြဆိုလျက်ရှိသည်။
(က)ယနေ့ထက်တိုင်အောင်၊ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်တို့အားအိမ်အကျယ်ချုပ်ကျဖြင့်ထိန်းသိမ်းထားခြင်းနှင့်တိုင်းရင်း သားခေါင်းဆောင်များ၊(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ရဟန်းသံဃာ များအပါအ၀င်နိုင်ငံရေးအကျဉ်းသား ပေါင်း (၂၀၀၀)ကျော်၊မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင်နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခံထားရခြင်း၊[7]
(ခ) ပြည်သူလူထု၏ စားဝတ်နေရေး အထွေထွေအကြပ်အတည်းကို အကြောင်းပြု၍ ၂၀၀၇ စက်တင် ဘာလတွင် ရဟန်းရှင်လူ၊ လုပ်သားပြည်သူ သိန်းနှင့်ချီ၍ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းနှင့် န.အ.ဖ စစ် အစိုးရမှ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့ခြင်း၊
(ဂ) အောက်ခြေတပ်မတော်သားများအတွင်း စားဝတ်နေရေးပြည့်စုံခြင်းမရှိသဖြင့် ဆန္ဒပြတောင်းဆိုမှု များ[8]၊ နောက်ဆက်တွဲ
ခမရ (၈၀) နှင့် ထောက်လှမ်းရေးတပ် ခမရ (၅) တို့၏ ပစ်ခတ်မှုများ[9]
(ဃ) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလုပ်ကြံခံရမှုနှင့် ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ၀န်ထမ်းဦးသူရကျော်
တို့သည် သတင်းလွတ်လပ်ခွင့်မရှိခြင်းကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြား သည်ဟူသောအကြောင်းပြချက်ဖြင့် သေဒဏ် ချမှတ်ခံရမှုများ[10]
(င) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ယနေ့ထက်တိုင်အောင်မြင်သာထင်ရှားသော ငြိမ်းချမ်း ရေး ရယူနိုင်မှု မရှိသေး သည့်အခြေအနေများ
(စ) တနေ့တခြား ဆိုးရွားလျက်ရှိသော ပြည်သူ့ဘ၀ စားဝတ်နေရေးအခြေအနေများ
(ဆ) မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေများ[11]

၈။ ဖျက်သိမ်းရမည့် ဥပဒေများ
ရွေးကောက်ပွဲတရပ်မကျင်းပခင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာဥပဒေနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်ကိုက် ညီခြင်းမရှိသည့် အောက်ပါဥပဒေများကို ဖျက်သိမ်းရမည်ဖြစ်သည်။
(က) ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈
“ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ”
(ဂ) ၁၉၇၅ ခုနှစ် “ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ”
(ဃ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် - ၅/၉၆
“ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီ လာခံ လုပ်ငန်းများ အောင်မြင်
စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ”
(င)န.၀.တဥပဒေအမှတ်-၉/၈၉“နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ”
(စ)၁၉၀၈ ခုနှစ် မတရားသင်း မြန်မာနိုင်ငံဥပဒေများအတွဲ - ၂ မတရားသင်းနှင့် သက်ဆိုင်သည့် ဥပဒေ ပြဌာန်းချက်များ
(ဆ)၂၀၀၄ ခုနှစ်၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဇ) ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(ဈ) ၁၉၉၀ ပြည့်နှစ် န.၀.တ ဥပဒေအမှတ် ၂၀၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊
(ည) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၈ ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ
(ဋ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၉၊ ရုပ်ရှင်ဥပဒေ
(ဌ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၁၀ ၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေ
(ဍ) ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း)
စသည့် ဥပဒေများသည် ဖျက်သိမ်းရမည့်ဥပဒေများဖြစ်သည်။

၉။ မြန်မာနိုင်တွင်ကျင့်သုံးလျက်ရှိသည့် မဲပေးစနစ်
ရွေးကောက်ပွဲတွင်မဲပေးသည်ဆိုခြင်းမှာ ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်းတွင် အမည်စာရင်းတင်သွင်းထားကြ
သည့်ကိုယ်စားလှယ်များ၏ အရည်အချင်းကိုသေသေချာချာလေ့လာစိစစ်လျက် တိုင်းပြည်၏ အကျိုးစီးပွားတစုံတရာကို ထမ်းဆောင်နိုင်မည့်
ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မဲမပေးလျှင်မနေရ၊ မဖြစ်မနေ မဲပေးရမည်ဆိုသည့် ဥပဒေပြဌာန်းချက်မျိုးမရှိပါ။ မဲဆန္ဒ ရှင်များအနေဖြင့် မိမိသဘော
ဆန္ဒအရသာ မဲပေးလိုကပေးနိုင်ခွင့်ရှိသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

၁၀။ သုံးသပ်ချက်
ရွေးကောက်ပွဲတစ်ရပ်၏ အဓိက ကျောရိုးမှာ “ လွတ်လပ်မှု နှင့် တရားမျှတမှု ” ပင်ဖြစ်သည်။ သို့သော် န.အ.ဖ စစ်အစိုးရ၏ အထက်
ဖေါ်ပြပါလုပ်ရပ်များကို နှိုင်းယှဉ် သုံးသပ်ပါက -
၂၀၁၀ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးရန်လုံ
လောက်သော အချိန်ကာလ ရရှိနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယနေ့ထိ တိုင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ဥပဒေတို့ကို ထုတ်ပြန်ကြေငြာခြင်း မရှိပါ။
-အထက်ဖေါ်ပြပါ ဥပဒေများကို နည်းလမ်းမှန်ကန်စွာဖြင့် ထုတ်ပြန်ပေးခြင်းမရှိသေးမီ အချိန်ကတည်းက ပင် န.အ.ဖ စစ်အစိုးရ နှင့် လက်ဝေခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှု များပြုလုပ်လျက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြခြင်း၊
- စစ်မှန်သော ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်နေကြသည့် ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ကြသော အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေးပါတီများကိုမူ ယနေ့ထက် တိုင်အောင် အမျိုးမျိုးဖိနှိပ်လျက်ရှိခြင်း၊ထို့ပြင် န.အ.ဖ စစ်အစိုးရက ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် များသည် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သက်ဝင်လှုပ်ရှားရမည့် လွှတ်တော်များသို့ တက်ရောက်ကြရမည်ဖြစ်သည်။
တိုင်းပြည်နှင့်ပြည်သူ့အကျိုးကို ထမ်းဆောင်ကြရမည်ဆိုခြင်း ထက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တည်တံ့ရေးကိုသာ လုပ်ဆောင်ကြရမည်ဖြစ်သည်။
အထက်ဖေါ်ပြပါ အကြောင်းအချက်များအရ န.အ.ဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေး ကောက်ပွဲသည် မကျင်းပမီ ကပင်“ လွတ်လပ်မှု၊တရားမျှတမှု” မရှိကြောင်းနှင့် အားလုံးလွှမ်းခြုံပါဝင်နိုင်မည့်ရွေး ကောက်ပွဲမျိုးမဟုတ်ပါ။
ထို့ကြောင့် မြန်မာ့ပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် န.အ.ဖ ၏ မည်သည့်ကိုယ်စား လှယ် ကိုမှ မဲမပေးခြင်း၊ မဲရုံများသို့သွားရောက်မဲမထည့်ခြင်းအားဖြင့် လူထုပါဝင်ပတ်သတ်မှု မရှိသောမတရားသည့်ရွေးကောက်ပွဲအဖြစ် ထင်ရှားစေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါရန် နှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ လည်း အဆိုပါရွေးကောက်ပွဲကို လုံးဝ အသိ အမှတ်မပြုသင့်ပါကြောင်း တို့ကို အလေးအနက်ပန်ကြားလျက် သုံးသပ်ချက် ထုတ် ပြန် အပ်ပါသည်။

၁၅.၁.၂၀၁၀
အသေးစိတ်သိရှိလိုပါလျှင် - ဥပဒေရေးရာသုံးသပ်ရေးဌာန
ဦးမျိုး မြန်မာနိုင်ငံရှေ့နေများကောင်စီ
တာဝန်ခံ၊ ဥပဒေရေးရာသုံးသပ်ရေးဌာန၊ ဖုန်း - ၀၈၆၂၁၆၀၁၀၈
[1] ခေတ်ပြိုင်၊ ၅ ဇန်န၀ါရီ ၂၀၁၀
[2] 15.12.2009 RFA
[3] 16.10.2009 RFA
[4] 31.3.2009 BLC Statement
[5] 19.1.2009 RFA , 25.9.2009 ဧရာဝတီ
[6] NLD ၏ထုတ်ပြန်ကြေငြာချက်များ
[7] AAPPB MONTHLY CHRONOLOGY DECEMBER 2009
[8] 24.12.2009 BLC Statement
[9] January 12, 2010 BBC Burmese News
[10] ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့ ၊ ဦးစိန်လွင် နှင့် မဇ္ဈိမသတင်းဌာန အင်တာဗျူး
[11] မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာထုတ်ပြန်ကြေငြာချက်များ

http://www.hittai.org/main.htm

အပြည့်အစုံသတင်းဖတ်ရန်....

မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)




http://nldlajb.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) မှပါတီ ရှိ ကားများ ကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ အကြောင်းပြ ပြင်ပသို့ ဌားရမ်း

Posted: 30 Jan 2010 06:57 PM PST
ဟံသာဝတီ | စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အမွေကို ခံယူလျက် ဖွဲ့စည်းထားသော တစည ပါတီသည် စစ်အစိုးရမှ ပါတီသို့ ပေးထားသော 929 ၊ 323 ၊ B600 နှင့် TE 11 ကားများကို ပါတီ ရံပုံငွေ အကြောင်းပြကာ ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပေးထားကြောင်း သတင်း ရရှိသည်။

ထို ပါတီကားများကို ပြင်ပသို့ ဌားရမ်း အသုံး ပြုခွင်ကို ထိုပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ခွင့်ပြု လုပ်ကိုင် စေခြင်း ဖြစ်ကြောင်း တစည ပါတီဝင် တဦးမှ အယခုလို ပြောပြ ပါတယ်။ ပါတီရှိ ကားများကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ ရရှိရန် ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပြုထား သည်မှာ မှန်ကန်ကြောင်း ၊ သို့သော် ထိုကားများကို ပြင်ပသို့ ဌားရမ်းသည်မှာ ပုံစံ အမျိုးမျိုး နှင့် ဌားရမ်း ခြင်း ဖြစ်ကြောင်း ၊ လူတိုင်းအား ဌားရမ်းခြင်း မဟုတ်ကြောင်း ၊ ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး နှင့် ပတ်သက် သူများကိုသာ ဌားရမ်းခြင်း ဖြစ်ကြောင်း ၊ ပါတီ ရံပုံငွေဟု အကြောင်းပြ ထား သော်လည်း ထိုငွေသည် ပါတီအတွက် အသုံးမဖြစ် သောငွေသာ ဖြစ်ကြောင်း ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အကြိုး စီးပွားသာ ဖြစ်သွားကြောင်း ပြောပြပါသည်။

ပြင်ပတွင် မော်တော်ယာဉ်တစ်စီး ဌားရမ်းခမှာ တစ်လလျှင် သိန်းကျော် ရှိသော်လည်း တစညပါတီမှ ပြင်ပသို့ ဌားရမ်းသည့် ဈေးနှုန်းမှာ မည်သူမှ မကြားဖူးသော ဈေးနှုန်းများသာ ဖြစ်သည်။ 929 ၊ 323 တစ်လဌားရမ်း ခမှာ ကျပ်သုံးသောင်း ၊ TE 11 ကားတစ်စီး တစ်လဌားရမ်းခမှာ ကျပ် နှစ်သောင်း နှင့် B600 တစ်စီး တစ်လ ဌားရမ်းခမှာ ကျပ် ရှစ်ထောင်သာ ဖြစ်ကြောင်းသိရသည်။ ထိုငွေသည် ပါတီသို့သွင်းရသော ငွေသာဖြစ်သည်။

ထို ပါတီ၏ ကားများကို ဌားရမ်း လိုသူများသည် ပါတီဗဟိုကော်မတီဝင် ၂ ဦး၏ ထောက်ခံချက်၊ နေအိမ် ပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူများ လိုအပ်သည်။ သို့သော် ထိုကားများကို ဦးခင်မောင်ကြီး နှင့် နီးစပ် ပတ်သက်သော သူများသာ ရရှိကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သော တစညပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ပြီးချိန်မှ စတင်ပြီး ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ပြည်သူ လူထုအပေါ် ကြီးမားသည့် ဖိနှိပ်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ခြင်းကို ဝေဖန်မှုမရှိ ရေငုံနှုတ်ပိတ်ခဲ့ပြီး စစ်အစိုးရ၏ မှားယွင်းသော စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကိုလည်း တစုံတရာ ထောက်ပြပြောဆို ခဲ့ခြင်းမရှိခဲ့သောပါတီဖြစ်သည် ။ ပါတီရှိ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အပါအ၀င် ဗဟိုကော်မတီ များသည် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ မဆလ ပါတီတွင် ထိပ်ပိုင်း တာဝန်ရှိ သူများ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင် ခဲ့ကြ သူများ ဖြစ်သည့် အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နည်းတူ မိမိ မိသားစု အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင် နေသူများသာ ဖြစ်ကြပါသည်။
http://www.nfacforburma.info/2010/01/car.html မှကူးယူဖော်ပြပေးပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, January 30, 2010

အမြင်မှန်ရသူများသာ..ဒို့ ပြည့်သူ့ တပ်မတော်သား..

အပြည့်အစုံသတင်းဖတ်ရန်....

အင်မိမယ် သတိထား..

http://burmese.dvb.no/news.php?id=9771

အပြည့်အစုံသတင်းဖတ်ရန်....

အနော်က ချက်တတ်လို့ ဂျ..(လိမ်နေရတာ ရှက်လွန်းလို့ )

ရဲချုပ်၏ သတင်းစားရှင်းလင်းပွဲ သတင်းထောက်အများစု သတင်းယူခွင့်မရ
http://burmese.dvb.no/news.php?id=9762

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သုံးသပ်

ဆလိုင်းဟံသာစန်း | စနေနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင် လှုပ်ရှားမှုများ ပိုမို များပြားလာနိုင်သဖြင့် ယခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား အရေအတွက် ပိုများလာနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောသည်။

၂၀၀၉ ခုနှစ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်သူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရ ကြေညာထားသော ယခုနှစ်တွင်မူ ပြီးခဲ့သည့်နှစ်ထက် ပိုမိုသည့် ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုင်းနိုင်ငံအခြေစိုက် AAPP-B က ထိုကဲ့သို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

''၂၀၀၉ ထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၁၁ ဦး ဖမ်းတယ်။ ရှေ့ဆက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အများကြီး အဖမ်းခံရမယ့် အနေအထား ရှိနေပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေ စသဖြင့်ပေါ့။ ဒီတော့ ၂၀၁၀ မှာ နိုင်ငံရေး အကျဉ်းသား (နိုင်/ကျဉ်း) အရေအတွက် ပိုများလာဖွယ် ရှိနေတယ်လို့ ပြောလို့ရတယ်'' ဟု AAPP-B အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲသည် ၂ဝဝ၈ မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် အများပြည်သူ ဘေးဒုက္ခရောက်နေချိန်တွင် အတင်းအကျပ် မဲလိမ်၍ အတည်ပြုခဲ့သည့် စစ်တပ်ကြီးစိုးရေး အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် အတိုက်အခံ လှုပ်ရှားသူများအနေဖြင့် ကန့်ကွက်မှုများစွာ ပေါ်ပေါက်လာနိုင်သည်ဟု သူက ပြောဆိုသည်။

၂ဝဝ၈ ခုနှစ်တွင် နိုင်/ကျဉ်း အရေအတွက် ၂၁၆၂ ဦး ရှိခဲ့ပြီး၊ ၂ဝဝ၉ ခုနှစ်တွင် ၂၁၇၇ ဦးအထိ ရှိလာသဖြင့် ၁၅ ဦး တိုးမြင့်လာခဲ့ကြောင်း ယမန်နေ့ထုတ် AAPP-B ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ၂ဝဝ၈ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် သံဃာ ၂၈ ပါး၊ ကျောင်းသား ၁၄ ဦးနှင့် နာဂစ်ဒုက္ခသည်အရေး ကူညီသူ ၁ဝ ဦး ပိုမို၍ ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ဆိုသည်။

AAPP-B က ထိုသို့ ပြောဆိုနေချိန်တွင် စစ်အစိုးရက ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်းက အကျဉ်းသား ၉ဝဝ၂ ဦး။ ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ၆၃၁၃ ဦးနှင့် ထိုနှစ် စက်တင်ဘာလအတွင်းက အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ဟုဆိုကာ နိုင်ငံတဝှန်း အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့သည်ဟု ကြေညာခဲ့သည်။

''အကျဉ်းသားတွေ လွှတ်တယ်ဆိုရင်တော့ ကမ္ဘာနဲ့ချီပြီး အော်ကြီးဟစ်ကျယ် သူတို့ (အာဏာပိုင်များ) ပြောတယ်။ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုကျတော့ ဘယ်နှယောက်ပါတယ်လို့ ဘယ်တော့မှ ပြောလေ့မရှိဘူး။ အခုလည်း စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂ဝဝ၈ ထက် ၂ဝဝ၉ က ပိုတိုးလာတယ်ဆိုတော့ လွှတ်ပေးတဲ့လူထက် ဖမ်းတဲ့လူက ပိုများတယ်ဆိုတာ ရှင်းနေပါတယ်'' ဟု AAPP-B အထွေထွေ အတွင်းရေးမှူးက ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှု မတိုင်မီ တလအလိုဖြစ်သည့် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်းက နိုင်/ကျဉ်း ၁၁၂ဝ ဦး ရှိခဲ့ပြီး၊ ရွှေဝါရောင်နောက်ပိုင်းတွင်မူ နိုင်/ကျဉ်း ၁၁၆၇ ဦး ထပ်မံဖမ်းဆီးခံရသည်ဟု AAPP-B အစီရင်ခံစာက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပလိုပါက ယုံကြည်ချက်အရ ဆန့်ကျင်ကန့်ကွက်သူများကို ဖမ်းဆီးမည့်အစား လက်ရှိချုပ်နှောင်ထားသည့် နိုင်/ကျဉ်း အားလုံးကို လွှတ်ပေးသင့်ကြောင်း AAPP-B အထွေထွေ အတွင်းရေးမှူးက စစ်အစိုးရကို တိုက်တွန်းပြောဆိုလိုက်သည်။

သူက ''တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရန်အတွက်ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရမှာပါ။ ထပ်တိုးလာတယ်ဆိုရင်တော့ ဒီအဖြေက ရှင်းပါတယ်။ ဒီရွေးကောက်ပွဲက ဘယ်လောက် တရားမျှတသလဲဆိုတာ ရှင်းနေပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ စခန်းတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်၌ ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယမန်နေ့ထုတ် AAPP-B စာရင်းမှတ်တမ်း၌ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁၇၇ ရှိသည်ဟု ဆိုသည်။

သို့သော် စစ်အစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ မရှိကြောင်း ငြင်းဆိုလေ့ရှိသည်။

''တခုပဲ ပြောချင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေး အဆင့်တွေကို တကယ်တမ်း သွားမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ပထမဆုံး လွှတ်ပေးရမယ်ဆိုတာက သိပ်အရေးကြီးတဲ့ အချက်ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ ဒါကို သူတို့ကို တိုက်တွန်းချင်တယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဒီကိစ္စကို နအဖကို ဝိုင်းဝန်းဖိအားပေးဖို့ တိုက်တွန်းလိုပါတယ်'' ဟု ကိုတိတ်နိုင်က ပြောဆိုလိုက်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/inside-burma/4701----aapp-.html

အပြည့်အစုံသတင်းဖတ်ရန်....

ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်

ခိုင်စု | စနေနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၆ မိနစ် .

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ဝိုင်းရံသွားမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး ပါဝင်သည့် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို CRPP အနေဖြင့် အခိုင်အမာ ထောက်ခံဝန်းရံမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

''NLD က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အလက်တွေကို သဘောကျတယ်၊ လက်ခံတယ်၊ အခိုင်အမာ ထောက်ခံသွားမှာပါ၊ ဝိုင်းရံသွားမှာပါ'' ဟု ဦးအေးသာအောင်က ပြောသည်။

လာမည့်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ထည့်သွင်းလိုသည့် အချက်များကို အကြံပြုဖြည့်စွက်ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ CRPP အစည်းအဝေး ကျင်းပရာ CRPP အဖွဲ့ဝင်များက ထိုကဲ့သို့ သဘောတူ ထောက်ခံခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးသို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ပူးကျင့်ရှင်းထန် (ဇိုမီးအမျိုးသားကွန်ဂရက်)၊ ဦးထောင်ကိုထန်း (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)၊ နိုင်ထွန်းသိန်း (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးအေးသာအောင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးစိုးဝင်း (အမျိုးသားဒီမိုကရေစီပါတီ) အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်။

ရွှေဂုံတိုင်စာတမ်းတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံးလွှတ်ပေးရေး၊ ၂ဝဝ၈ အခြေခံဥပဒေ သုံးသပ်ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လတ်တလော ဖြေရှင်းရမည့် ပြဿနာများ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဤစာတမ်းကို ၂၀၀၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ် အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ CRPP အစည်းအဝေး၌ NLD ခေါင်းဆောင် ဦးဝင်းတင်က ရွှေဂုံတိုင် ကြေညာစာတမ်းကို ဦးဆောင်၍ ရှင်းလင်း တင်ပြခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ လွှတ်တော်ခေါ်ယူရေး အချက်များသည် NLD ၏ မူလသဘောထား ဖြစ်ကြောင်းနှင့် ၂၀၀၈ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးမှာလည်း ထိုဥပဒေသည် အာဏာရှင်စနစ်ကို အကောင်အထည် ဖော်ခြင်း ဖြစ်သဖြင့် ထိုစနစ်ကို NLD က မူလကတည်းကပင် လက်မခံခဲ့သောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းက စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများ မထုတ်ပြန်သေးသလို၊ ရွှေဂုံတိုင် စာတမ်းကို စစ်အစိုးရ တုံ့ပြန်သည့်အပေါ် မူတည်ပြီး ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်သွားမည်ဟု တင်ပြခဲ့သည်။

ဦးအေးသာအောင်ကလည်း ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ပြည်ထောင်စုစိတ်ဓာတ် (ပင်လုံစိတ်ဓာတ်) ကို ထည့်သွင်းဖော်ပြရန် အကြံပြုခဲ့သည်။

''လွတ်လပ်ရေးကို အင်္ဂလိပ်က ပေးတော့မယ့်အခါ ပြည်မနဲ့ တောင်တန်း ပေါင်းစည်းရေး၊ မပေါင်းစည်းရေး ဆွေးနွေးရာက ဒီစိတ်ဓာတ် ပေါ်လာတယ်။ ပေါင်းပြီးယူရင် လွတ်လပ်ရေး အမြန်ဆုံး ရမယ်ဆိုတဲ့ သဘောထားနဲ့ ပေါင်းခဲ့တာပါ။ ဗမာကိုယ်စားပြုတဲ့ ဗိုလ်ချုပ် အောင်ဆန်း က ဗမာပြည် လွတ်လပ်ရေးရရင် တောင်တန်းဒေသပါ ရစေချင်တယ်။ ခွဲပြီးလုပ်ရင် မတိုးတက်နိုင်ဘူး၊ ပေါင်းလုပ်ရင် တောင်တန်းဒေသတွေပါ တိုးတက်မယ်၊ ဗမာတွေ အင်္ဂလိပ်ကျွန် မဖြစ်ချင်သလို ရှမ်း၊ ကချင်၊ ချင်းတွေကိုလည်း မဖြစ်စေချင်ဘူး။ ထို့အတူ ဗမာကလည်း ရှမ်းတွေကို ကျွန်ပြုမှာ မဟုတ်ဘူးဆိုတာ ပြောခဲ့တယ်။ ဒီစိတ်ဓာတ်တွေက ပင်လုံစိတ်ဓာတ်ပဲ'' ဟု ဦးအေးသာအောင်က ပြောသည်။

ကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေး အရယူရန် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှမ်းပြည်နယ် ပင်လုံကျေးရွာ ၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာမှ ပြည်ထောင်စုနေ့ စတင်ပေါ်ပေါက်ခဲ့သည်။

''တိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ် သဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်တွေ အများက မေ့နေတယ်။ ဖော်ထုတ်ရုံတင် မလုံလောက်ဘဲ ပင်လုံသဘောတူညီချက်အရ ပြည်ထောင်စုဖွဲ့ရင် တိုင်းရင်းသား လက်နက်ကိုင်အရေးလည်း ချုပ်ငြိမ်းပြီး၊ နိုင်ငံ ငြိမ်းချမ်းမယ်။ တိုင်းရင်းသား စည်လုံးညီညွတ်ရေးအပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုပါ ရမယ်။ ခိုင်မာပြီး ဖွဲ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ကို ထူထောင်နိုင်မယ်'' ဟု ဦးအေးသာအောင်က ပြောသည်။

လတ်တလော ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် နအဖ စစ်အစိုးရ၏ သဘောထား တင်းမာမှုများ၊ စစ်ရေုးပြင်ဆင်မှုများကြောင့် တိုင်းပြည်အရေး စိုးရိမ်ရကြောင်းနှင့် ပင်လုံစာချုပ်အရ ပြည်ထောင်စုနိုင်ငံ တည်ဆောက်လျှင် တိုင်းရင်းသား လက်နက်ကိုင်ကိစ္စ ချုပ်ငြိမ်းမည်ဖြစ်ကြောင်း ယမန်နေ့ အစည်းအဝေးတွင် CRPP ခေါင်းဆောင်များက မှတ်ချက်ပေးခဲ့ကြသည်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ CRPP ကို ၁၉၉၈ စက်တင်ဘာလ ၁၆ ရက်နေ့တွင် NLD နှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အစိုးရကမူ တရားမဝင် အသင်းအဖွဲ့အဖြစ် ပြောဆိုလေ့ရှိသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/inside-burma/4700---crpp-.html

အပြည့်အစုံသတင်းဖတ်ရန်....

ဆရာဝန်များအတွက်ကျ.ချလိုက်မဲ့.၀င်ငွေခွန်..ရိုက်စားတွေကျ..မရှိတဲ့စကားလုံးက..အခွန်

ကျန်းမာရေးဝန်ကြီးကတော့ ဦးဏှောက်နည်းတာ ပြလိုက်တာဘဲ ။ ဘယ်လိုဦးဏှောက်နည်းတာလဲမေးရင်သိရင်သိမယ် ။ စဉ်းစားညဏ် အာနည်းတာပြလိုက်တာဘဲ ။ ကျားထိုးတတ်တဲ့သူစစ်တုရင်ထိုးတတ်တဲ့သူ ဆိုရင် ဒီလို အသားလွတ် တဖက်အမြင်နဲ့  ဆုံးဖြတ်မှာမဟုတ်ဘူး..။ ချင့်ချင့်ချိန်ချိန်လေးဒါဒီလို လုပ်လိုက်ရင်ဟိုလိုဖြစ်သွားမယ် ။ စသည်ဖြင့် ချင့်ချိန်တွေးတော အပေါင်းနဲ့ အနှတ်လေးနဲ့ ချင့်ချိန် မိမှာ ။
အခုဟာက စစ်တပ်သင်ကြားနည်းအတိုင်း ခပ်တုံးတုံး တွေးပြိး ( ရေးဗူး ပေါက်တာမလိုချင်ဘူးရေပါတာဘဲလိုချင်တယ် ) ဆိုတဲ့အရာရှိရဲ့ တာဝန်ဖြစ်တဲ့စစ်သားကိုရေဗူး အကောင်းဖြစ်အောင်တာဝန် ယူရမဲ့ မိမိတာဝန်ကိုပင်မသိတဲ့ မြန်မာတပ်မတော် ရဲ့  သင်ကြားမှု ရဲ့ အသီးအပွင့် ကို ထုတ်လစ်ပြလိုက်တာပါဘဲ ။

ဒါကိုကြည့်ရင် ( ၂၀၁၀ ) နာဂစ်အခြေခံ ဥပဒေနဲ့  တက်လာမဲ့ နလပိန်းတုံး၂၅-% သော သန်းရွှေစိတ်ကြိုက်ထဲ့ပေးလိုက်မဲ့စစ်ဗိုလ် အမတ်တွေနဲ့  ပြည်သူက ရွေးချယ် တင်ပေးလိုက်မဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့  လွှတ်တော်မှာဘယ်လိုစခန်းသွားကြမလဲ တွေးကြည့်ကြပါ ။

ရှင်းရှင်းလေးပါ ။ ကိုယ်ကပေးထားတဲ့ လခ ကဖြင့်အထူးကုဆရာဝန်ကြီးတယောက်မှတနှစ်ကို၁၅ -သိန်းမရှိဘူးကိုယ်က ပြန်ကောက် တာ၁၅-သိန်းဆိုတော့စီးပွားရေးပညာရှင်တွေ ဘယ်လို သုံးသပ်ကြမလဲ ။ ဘယ်လိုမှတ်ချက်ချ ကုန်ကြမလဲ ။ ၀န်ကြီးဆိုတဲ့ လူက ချင့်ချိန်အားနည်းလှချည်လာပြောစရာမဖြစ်ဖူးလား.။ ကိုယ်ပေးထားတဲ့လစာကမှကိုယ်ကခွဲတန်းချပေးထားတဲ့ကားဓါတ်ဆီခွဲတန်း တလ ကို-၆၀.ဓါတ်ဆီ ခွဲတန်းကိုတောင်ဝယ်လို့ မရနိင်တဲ့လစာဖြစ်နေတာ မစဉ်းစားမိတဲ့မဟာပညာရှိကြိးများရဲ့  စောက်တလွှဲညဏ်တွေငါတို့ မှာ စဉ်းစားဥာက်အားနည်းတယ်လို့ လှစ်ဟပြနေကြတာပါဘဲ ။ ( တစ်ဂါလန် ကို၂၅၀၀ နဲ့ ၆၀ ဆိုတော့၁၅၀.၀၀၀ ကုန်နေပြီ ။ ပေးထားတဲ့လခ ကတစ်သိန်း ။ သာမန် လက်ထောက်ကထိက ဆိုရင်၈၀.၀၀၀ဓါတ်ဆီ က.၁၅၀.၀၀၀ ကျနေတာလဲ စဉ်းစား ကြပါအုံး..ပညာရှိ ဗိုလ်ချုပ်မင်းများရယ် ။

တနေ့ ကပြည်ထဲရေးဝန်ကြီးငဥိးပြောလိုက်တာ ကိုယ့်ကိုယ်ကိုဘယ်လောက် အမြော်အမြင်နည်းပါးသလဲလှစ်ဟပြလိုက်တာပါဘဲ ။ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံတင်နေတယ် ။ တိုင်းတရားရုံးက ကြားနာနေတဲ့ အချိန်မှာမှ ငဦးကကြက်ဖမှန်းသိအောင် ထတွန်ပြလိုက်တာတွန်သံကလွဲသွာပြီးအော့်အီးအီးကတော် ဖြစ်သွားတယ်ဆိုတာဒါမျိုးဘဲ ။

ခေတ်မှီ ပါတယ်ဆိုပြိးအခွန်ကောက်တော့ဝင်ငွေကိုမစီစစ်ဘဲ ( စီစစ်ရန် မှာလဘ်စားမှု မှာ ကမ္ဘာ မှာ စံချိန် တင်ထားတဲ့နိုင်ငံ မှာတော့ သေသည်အထိ မဖြစ်နိင်ပါ ကမ္ဘာမှာဘီသုံးနိုင်ငံ( တစ်--BELARUS. နှစ်က - BURMA သုံးက- BANGLADESH )B နဲ့ စတဲ့သုံးနိင်ငံက ဗိုလ်စွဲထားပါတယ် ။

ဘင်ဂလာဒေ့ရှ့် က စစ်တပ်က( အချိန်တိုလေးအုပ်ချုပ်ပြိး.) အာဏာပြန်လွှဲပေးလိုက်ပြီိးကထဲကပြန် ထိန်းမတ်ပေးလိုက်လို့ အခု လတ်စားမှုတွေ လျှော့ပါးသွားပြိးစီပွားရေး အညွှန်းကိန်းတွေတရက်ထဲတင်ကို၂၅-% တက်လာတဲ့အထိစီးပွားရေးဥိးမော့လာပါပြီ ။ ကမ္ဘာ့ ဘဏ်ကပင်ချီးကြူး နေရပါပြီ ။ မကြာမှီ ကာလမှာဘင်င်္ဂလာဒေ့ရှ့် ဟာမြန်မာကို ကျော်ဖြတ်သွားပါတော့မယ် ။

ဆက်စပ်နေလို့သန်းရွှေ ဟာဒေါ်စုကိုသူ့ အသိုင်းအ၀ိုင်းမှာဒေါ်စု လို့ တောင် သုံးနှုးံ ခွင့် မခံပါဘူး။ သူ့ တပ်မှုးတွေထဲကသူ့ အရှေ့ ဆို ပြောဘွယ်ရာမရှိသူ့ ကွယ်ရာမှာတောင်ဒေါ်စု လို့သုံးနှုံးမိလို့ကတော့ပြုတ်ပြီသာမှတ်။ အဲဒီလောက် အာဃာတကြီးတာ ။ သူ့လူတွေ အားလုံးကသူ့ အကြိုက် ဒေါ်စုကို( ကုလားမ ကုလားမ ) နဲ့ ခေါ်ပြောသုံနှုံးကြရတာ ။

ဒါဟာကျေးဇူးရှင် သူ တသက်လုံးမှီခိုလုပ်ကိုင်စားခဲ့တဲ့ တပ်မတော်ကြီးကိုတည်ထောင်ပေးခဲ့တဲ့တပ်မတော်ရဲ့ ဖခင်ဗိုလ်ချုပ်ကိုအချိန်တိုင်း အချိန်တိုင်းတစက္ကန့် မလှပ် စော်ကားနေတာ ။ ဘယ်လောက် ငရဲကြီးမလဲ စဉ်းစားသာကြည့်ကြပါ ။ ဒေါ်စုဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်နဲ့  တထပ်ထည်းချွတ်စွပ်တူလှတဲ့သမီးကိုဗြောင်လိမ်ပြောဆိုနေတာကိုကငါဟာလူလိမ်ကြီး လေးဒေါင့်ကိုအ၀ိုင်းလို့ လိမ်ရဲတယ်ကွအဖြူကို အမဲလို့ ဗြောင်လိမ်ရဲတယ်ကွလို့ ပြနေတာပါဘဲ ။ ၀န်ခံနေတာပါဘဲ ။

ဒီကုသိုလ်ကံတွေ ကြောင့် သူ့ သမီးအရင်းခေါက်ခေါက် က ကုလားနဲ့ ကြာကူလီ ရိုက်ပြီးအမဲမှ မည်းတူးနေတာလေး မွေးလိုက် တယ်လေ ။ ပြည်သူ့ချဉ်ဖတ်စိန်မြောက်မြာက်ကိုတသက်လုံး တီဗွီ ပေါ်ပွဲထုတ်လာသမျှဒီအပနားလေးကြသူ့ လူတွေ ကြားထဲတောင် ချမပြရဲအောင်ဖြစ်နေတယ် ။

တခါ၂၀၀၄ -မှာခင်ညွန့် မပြုတ်သေးခင်ဘင်ဂလာဒေ့ရှ် ကိုတမကြီးလိုက်သွားပြိးနိုင်ငံပေါက်စကလေးကနေ မိန်းမအုပ်ချုပ်နေတဲ့နိုင်ငံ ဒီမိုကရေစီနိင်ငံကုလားမအုပ်ချုပ်နေတဲ့နိုင်ငံ ကနေဒေါ်လာသန်း-၄၀ ချေးငှားခဲ့ရတယ်လို့ ဗျာ ။ လူကြားမကောင်းလိုက်တာ ။ ဘင်္ဂလားဒေ့ရှ့်  ဆိုတာ ကမ္ဘာပတ်ငွေးချေးနေရတဲ့တိုင်းပြည်လူဦးရေအထူထပ်ဆုံးတိုင်းပြည်အဆင်းရဲဆုံးနိုင်ငံထဲမှာထိပ်က နေရာ ယူထားတဲ့တိုင်းပြည်ဒီမိုကရေစီနိုင်ငံမိန်းမ၀န်ကြီိးချုပ်ကုလားမစစ်စစ်ကြီိး ဆီကနေငွေချေးရတယ်လို့ဗျာ ။

တဆက်စပ်ထဲပြောချင်တာကတော့သူ့ သားထွန်းနိုင်ရွှေဟာ အခုဆရာဝန်တွေထက်ဝင်ငွေ အဆပေါင်းများစွာရရှိနေပါတယ် ။ လုပ်ငန်းများစွာ ရှိပါတယ် ။ လုပ်ငန်းတခုထဲကတင်( J-Donuts ) တခုထဲကတင်၂၀၀၄- ခုနစ်ကစလို့ သူ့ ကိုသုံးလတခါ(J-Donuts ) အမြတ်ငွေ( ၁၂၅-သိန်း ) ခွဲပေးရပါတယ် ။ ဒါတောင်အလုပ်အစုအစပ်ငွေ တိုးတာမပါသေးဘူးနော် ။ အမြတ်ငွေ သက်သက်ကို ခွဲပေးတာ။

J-Donuts မှာ လုပ်နေတဲ့ စာရေးမတွေ ကောင်းကောင်းသိပါတယ် ။ သူတို့ မှာစာရင်း၂-ခုလုပ်ထားရပါတယ် ။ ပေါ်တင်ပါ ။ တခုက အစိုးရကိုတင်ဘို့  စာရင်းအလိမ် ( အင် )တခုကဒါရိုက်တာတွေ စာရင်းမှန်ကို သိဘို့ ကြည့်ဘို့ ပါ ။ ငြင်းချင်ပါသလား..။

ဒီတော့ တနှစ်ကိုJ-Donuts ကနေတင်ဝင်ငွေသိန်း-၅၀၀ အသားတင်ရနေပါတယ် ။ အခုအခြေအနေတော့ မသိတော့ပါ ။သူနေတဲ့အိမ်မှာ ကအခန်းတိုင်းလေအေးစက်အကြီးစားတွေနဲ့  ။ မိးကလဲ၂၄-နာရီရတယ် ။ ပါဝါကလဲဗို့ အား ၂၂၀- အတိအတက်အကျမရှိ ။ အိမ်ဖေါ် အလုပ်သမားကတင် ငါးယောက်ရှိတာ ။ မီိးပျက်ရင်အရေးပေါ်သုံးဖို့ မီးစက်ကဟီနိုး( HINO ) - အင်ဂျင်နဲ့လုပ်ထားတဲ့မီးစက် အကြီးစား ဒါတောင် မီးပျက်ချိန်ရှိခဲ့ရင်တအိမ်လုံးရှိ လေအေးစက်တွေမသုံးဘူး။

အဲဒီတော့ သူ့ အိမ်မှာလျှပ်စစ်မိး သုံးစွဲတဲ့ပမာဏကသာမန် မီးမမှန်တဲ့ အိမ်ထက်အဆပေါင်း၂၀ မက.-၃၀ ပိုများပါတယ် ။ တနည်း မီတာယူနစ်ပေါင်းရာနဲ့ ချီသုံးစွဲနေပါတယ် ။
အဲလူကြီးသား ဆိုတော့တလတခါ မီတာကြေး သွင်းတော့ သမိုင်း၊မာလာမြိုင်၆--လမ်းမှာနေတဲ့ယောက်ဖ တ၀မ်းကွဲ ဦးကျော်လေးက သွင်းပေး ရတယ် ။ ဦးကျော်လေးကလဲ သူ့အိမ်ရဲ့ မီတာခ ကိုပါတပါထဲ သွင်းတာပေါ့။ သူ့အိမ်က( ၁၂-ပေ.+ ၃၀ ပေ ) သာရှိတဲ့ သစ်ပြားပါးပါးလေးနဲ့ ဆောက်ထားတဲ့ခနော်နီ ခနော်နဲ့ အိမ်ကလေး။ အိမ်ထဲမှာတီဗွီ အသေးလေးတလုံးပန်ကာလေးတလုံးမီးလာတုံး အပြေးတိုက်ရတဲ့ လျှပ်စစ်မီးပူတလုံး၊မီးလာတုံး အပြေးချက်ရတဲ့လျှပ်စစ်ထမင်းအိုးတလုံး။ မီးကလဲ တနေ့ မှ၆-နာရီလောက်လာတာ ။

ရီစရာကောင်းတာက.....ဦးကျော်လေးရဲ့ အိမ်အစုပ်ကလေးရဲ့  မီးမရတချက်ရတချက်အိမ်မီတာခကတလ ကို၂၅၀၀ - ကနေ ၃၅၀၀ လောက်ကျတယ် ။ ဗိုလ်ချုပ်မှုးကြိး သန်းရွှေရဲ့ သား ထွန်းနိုင်ရွှေ မီး၂၄-လေးနာရီအပြည့်ရနေတဲ့.အိမ်အကြီးကြီး၂၄-နာရီလုံးလုံး လေအေးစက်တွေဖွင့်ထားတဲ့အိမ်ကြီးရဲ့ မီတာခကလတိုင်းလတိုင်း( ၈၀ -ကျပ် ) ကျပ်ဘဲ ကျပါတယ်ခင်ဗျာ ။ ဒီလိုဘဲအဲဒီနားမှာနေတဲ့ ဗိုလ်ချုပ်ကြီးခင်မောင်သန်းတို့  တခြားဗိုလ်ချုပ်တွေဗိုလ်မှုးကြီးတွေအိမ်တွေကလဲမီတာဘယ်လောက်သုံးသုံး၈၀ ကနေ ၁၂၀ လောက်ဘဲ ကျတယ်ဆိုတော့ဒီလူတွေကို သူခိုးလို့ မသတ်မှတ်ရင် ဘယ်သူတွေကို သူခိုးလို့ ခေါ်မလဲ ။ မရှိလို့ ခိုးရသူကို သူခိုးခေါ်မလားရှိလျှက်နဲ့ တတ်နိုင်လျှက်နဲ့ ခိုးချင်စိတ်ကြိးနေသူကို သူခိုးခေါ်မလား။

ဟိုမရှိသူက အလုပ်ရှိရင် ၀င်ငွေရှိရင် မခိုးတော့ဘူးနော်အများစုက။

မယုံရင်သမိုင်းလျှပ်စစ်ရုံးက ၀န်ထမ်းတွေကို တိုးတိုးတိတ်တိတ် မေးခေါက်ကြည့်ကြပါလို့  ။သူတို့ တတွေကလဲဦးကျော်လေးလာရင် နောက်တတ်ကြတယ် ။ ဦးလေးရဲ့အိမ်ကတော်တော် ကြီးပုံရတယ်.ဒီအိမ်အကြီးကြီးတွေထက်ကို မီတာခ ပိုကျနေတယ်ဆိုဘဲ ။ ဗိုလ်ချုပ်မှုးကြီး တို့ ပြန်ကြားရေးဝန်ကြီးသချီးကျော်ဆန်းတို့ ငြင်းချင်ပါတယ်ဆိုရင်သမိုင်းကမီတာခ စာအုပ်အဟောင်းတွေကိုစာရင်းဟောင်းတွေကိုအရင်ဖျောကိဖျက် ကြပါအုံးလို့  ။ မဟုတ်ဘူးဆိုရင်ကျနော်ရဲ့  ပါးကို သေသည်အထီ ရိုက်ပါလာပြိးလည်စင်းခံရဲတယ် ။ အောင်ကြီိးလိုရေနံဆီ အပြောမဟုတ်ဘူး ။ စစ်သားမဟုတ်ဘူး အရပ်သားဒါပေမဲ့စစ်သားထက် စကားတည်တယ် ။ စစ်သားထက် ပြတ်သားတယ် ။ စစ်သားလို ပြေပြီးသား စကားကို မဖျက်ဘူး ။ ထွေးပြီးသား တံတွေးကို ပြန်မမြိုဘူး ။ဒီနေရာမှာ သတ္တိ ချင်းပြိုင်ရဲတယ် ။
အခွန်ကောက်ချင်ရင်တိုင်းပြည်အတွက်ပြောပါတယ်ကောက်ရမဲ့သူတွေတပုံကြီး ။ ကောက်သင့်သူတွေတပုံကြီး ။။ဦးဏှောက် ထုပ်သုံး ကြပါ ။

လှိုင်မြင့်

အပြည့်အစုံသတင်းဖတ်ရန်....

လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် ပြည်တွင်းက သတင်းထောက်တွေ ဘာပြန်ပြောကြသလဲ

မိုးမခသတင်း

မြန်မာနိုင်ငံလို သတင်းလွတ်လပ်ခွင့် မရှိပဲ သတင်းမီဒီယာသမားတွေကို အတိုက်အခံနိုင်ငံရေး သမားတွေလို သဘောထားပြီး စောင့်ကြည့်နေတဲ့ နိုင်ငံမှာ `လျှို့ဝှက်သတင်းထောက်´(ယူဂျေ - undercover journalist) အဖြစ်နဲ့ ရပ်တည်ရလုပ်ကိုင်ရတာ မလွယ်လှပါဘူး။ ထောင်နှုတ်ခမ်းနင်းပြီးလုပ်နေရတဲ့သဘောပဲ ဖြစ်နေပါတယ်။

အတိုက်ခံနိုင်ငံရေးသမားလို အပြစ်မရှိ အပြစ်ရှာဖမ်းတာ မဟုတ်ပေမယ့်တနေရာရာမှာ အစပေါ်သွားပြီဆိုရင်တော့ ချမ်းသာမပေးတော့ပဲ ထောင်နှစ်ရှည်ျခံရဖို့သေချာနေပါပြီ။ သတင်းမီဒီယာ သမားတွေ အနေနဲ့ အဲဒီလိုထောင်နှုတ်ခမ်းနင်းတဲ့ အလုပ်ကို ဘာကြောင့် လုပ်နေကြပါသလဲ။ မီဒီယာ ဆိုတာ ပြည်သူ့နားမျက်စေ့၊ ဖုံးကွယ်နေတဲ့ အဖြစ်အပျက်တွေ ဖိနှိပ်မှုတွေပေါ်ထွက်လာရင် ဖိနှိပ်မှု လျော့ပါးသွားမလား၊ စစ်အစိုးရအနေနဲ့ဆင်ခြင်နောက်တွန့်သွားမလား ဆိုတဲ့ရည်ရွယ်ချက်နဲ့ စွန့်စားလုပ်နေကြတာပါ။
ဒါပေမယ့် လျှို့ဝှက် သတင်းထောက် တယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့လုံခြုံရေးဆိုင်ရာ ဗဟုသုတ၊ စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်၊ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတို့ကို စေခိုင်းကြတဲ့ သတင်းဌါနများကလေ့ကျင့်သင်ကြားပေးကြဖို့ တိုက်တွန်းလိုပါတယ်။
ယခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဒီဗီဘီသတင်းထောက်တယောက်ကို ထောင်ဒဏ်အနှစ် ၂၀ကျော် ချမှတ်လိုက်တာ၊ နောက်ထပ်တယောက်ကို ၁၃နှစ်ချမှတ်လိုက်တာတွေဟာ ကြားရတဲ့သူတွေ အတွက် စိတ်မချမ်းသာစရာပါ။ သူတို့လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုမိုတောင်းဆိုဖို့လိုအပ်တာမှန်ပေမယ့် အဲဒီလို အဖြစ်အပျက်တွေ ခဏခဏ မဖြစ်ဖို့သက်ဆိုင်ရာ
သတင်းဌါနများ အနေနဲ့ ဂရုစိုက်ဆင်ခြင်ကြစေလိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ဝန်းကျင်က ဒီဗွီဘီ သတင်းဌါနမှ တာဝန်ရှိသူဦးခင်မောင်ဝင်းနဲ့ ဗီအိုအေ မြန်မာပိုင်းအင်တာဗျူးကို နားဆင်ပြီးနောက်ပြည်တွင်းမှ သတင်းထောက် အချို့က သူတို့ရဲ့ အမြင်တွေကို ယခုလိုထုတ်ဖေါ်ထားကြပါတယ်။

ပြည်တွင်း မှ သတင်းထောက် တဦးမှ -
ပြင်ပမီဒီယာတွေရဲ့ကဏ္ဍဟာ ဒီနိုင်ငံအတွက် အင်မတန်မှ အရေးပါတယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူး၊ ဒါကြောင့်မို့လဲ ဒီနိုင်ငံထဲမှာ
အဖမ်းဆီးခံရမယ့်အန္တရာယ်က ကင်းအောင် သတိဝီရိယထားပြီး ပြင်ပမီဒီယာတွေအတွက်လုပ်ဆောင်နေကြတဲ့ ၀ါရင့်သတင်းသမားတွေ အများကြီးရှိပါတယ်။ဒီလိုသတိဝီရိယထားခြင်းအားဖြင့် မိမိကိုယ်တိုင်ရဲ့လုံခြုံရေးအတွက်သာမကပဲပြင်ပမီဒီယာတွေကို မှီခိုအားထားကြတဲ့ ပြည်တွင်းကပရိသတ်တွေအတွက်ပါအလုပ်အကျွေး ပြုရာကြတယ်ဆိုတဲ့ စိတ်တခုနဲ့လုပ်နေကြသူတွေအများကြီးပါ၊
ဒါပေမယ့် ဒီနေ့ခန့်လိုက်တာနဲ့ဒီနေ့သတင်းထောက်စဖြစ်တဲ့ လူတိုင်းမှာ ဒီလိုသတိဝီရိယမျိုး ချက်ခြင်း ပါမလာနိုင်ပါဘူး၊ အတွေ့အကြုံ အလေ့အကျင့်ကွင်းဆင်းလုပ်ဆောင်မှုတွေတင်မကပဲ မွေးရာပါ အကင်းပါးဖျတ်လတ်မှုတွေရှိမှသာဒီလိုအန္တရာယ်စက်ကွင်းထဲကို ၀င်ဖို့အသင့်ဖြစ်ကြမှာပါ။
ဒီမိုကရက်တစ်မြန်မာအသံ (Democratic Voice of Burma) က တာဝန်ရှိပုဂ္ဂိုလ်ကိုယ်တိုင်ကိုယ်က ဖမ်းခံရမှာ သိသိကြီးနဲ့ သတင်း ထောက်တွေ ခန့်ထားတယ် ဆိုတော့ စစ်မြေပြင်ထဲကို မောင်းသူမဲ့လေယာဉ်တွေ လွှတ်လိုက်တာနဲ့တူမနေဘူးလား။ ဒီဗီဘီအနေနဲ့ သူတို့ရဲ့ ပြည်တွင်းသတင်းထောက်တွေကိုမောင်းသူမဲ့လေယာဉ်တွေလို့ သဘောမထားဘဲ အသက်သွေးခဲနဲ့ လူသားတွေ၊ အထူးသဖြင့်
လေ့ကျင့်သင်ကြားပေးဖို့ လိုနေသေးတဲ့ လူငယ်ခြေတက်ကလေးတွေလို သဘောထားပြီးအန္တရာယ်စက်ကွင်းထဲကို မ၀င်ခင် စခန်းသွင်းလေ့ကျင့်မှုမျိုးတွေကြိုတင်လုပ်ပေးသင့်တယ်လို့ ယူဆပါတယ်။
ဒါမှမဟုတ်ရင်တော့ ဒီဗီဘီက တာဝန်ရှိပုဂ္ဂိုလ်တွေကိုယ်တိုင်အန္တရာယ်စက်ကွင်းထဲကိုဝင်လာပြီး ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ
ရှိတယ်ဆိုတာကို လက်တွေ့ကျကျ လေ့လာနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်။

ဂျာနယ်သတင်းထောက် တယောက်ရဲ့အမြင်အဖမ်းခံရမယ်ဆိုတာ ကြိုသိပေမယ့် ကာကွယ်မှုထက် အဖမ်းခံရပြီးမှ ကမ္ဘာသိအောင်ပဲ
လုပ်နိုင်ပါတယ် ဆိုတဲ့စကားကတော့ ကိုယ့်လူကို ကိုယ်တာဝန်မယူနိုင်ဘူးဆိုတဲ့ သဘောပဲလို့ ယူဆပါတယ်။
နောက်ပြီး မီဒီယာဆေ့ဖ်တီးအတွက် ဘာမှကြိုတင်လုပ်ပေးမထားဘူးဆိုတာလည်းထင်ရှားပါတယ်။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ထောင်ဒဏ်တွေကနေအမြန်ဆုံးလွတ်လပ်လာအောင် ကြိုးစားမယ် ဆိုတော့ နိုင်ငံအဝေးကနေပြီး
ဘယ်လိုများလုပ်ပေးမှာလဲဆိုတာ သိချင်ပါတယ်။ ဂျာနယ်လစ်ဇင်ကို သိပြီး တိကျခိုင်မာတဲ့ သတင်းတွေဖြစ်ဖို့နဲ့လုံခြုံရေးယူတတ်ဖို့ဆိုတာ အချိန်ပေး သင်ယူမှရတယ် ဆိုတာရယ်ကိုယ့်ဌာနအတွက်လုပ်ပေးနေတဲ့ သတင်းသမားကို ဘယ်လိုအတတ်ပညာတွေ သင်ပေးထားသလဲ၊
ဘယ်လိုလုံခြုံမှုမျိုး ပေးထားသလဲ ဆိုတာ ပြန်စဉ်းစားစေချင်ပါတယ်။ဗီဒီယိုကင်မရာခလုတ်ကို နှိပ်တတ်ရုံနဲ့ ဗီဂျေမဖြစ်နိုင်ဘူး ဆိုတာကို
လည်းပြောပြချင်ပါတယ်။လုံခြုံမှုဆိုတဲ့အထဲမှာ အရေးပေါ်လိုအပ်လာရင်သုံးဖို့ နည်းပညာအထောက်အကူနဲ့ အသုံးစရိတ်တွေ လည်း ပါဝင်ပါတယ်။

ပြည်တွင်းမှ ဖရီးလန့်စ် သတင်းထောက်တဦး
အပြင်က ဒီလုပ်ငန်းကို ညွှန်ကြားသူတွေအနေနဲ့ အတွင်းကလုံခြုံရေး၊ သတိပြုရမယ့်အချက်တွေကို သိရှိအောင် ကြိုးစားသင့်ပြီး
ကိုယ့်သတင်းထောက်တွေကို အမြဲတမ်း သတိပေး၊ အကြံပေးဖို့ တိုက်တွန်းပါတယ်။
Undercover အနေနဲ့ လုပ်နေတဲ့ သတင်းထောက်ဖြစ်တဲ့အတွက် သူတို့ဟာလုံခြုံရေးအနေအထားအရ လုပ်ဖေါ်ကိုင်ဖက် တဦး နှစ်ဦး ၀န်းကျင်ကလွဲရင်အခြားသတင်းထောက်တွေနဲ့ ထိတွေ့ခွင့်ရှိမှာ မဟုတ်ပါဘူး။အဲဒီအချက်က လုံခြုံရေးနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ အခြားသူတွေရဲ့အတွေ့အကြုံတွေကို ရရှိဖို့အခွင့်အလမ်း နည်းသွားပါတယ်။ ဒါကြောင့်မိခင်သတင်းဌာနအနေနဲ့ အဲဒီ အခြေအနေတွေကို အမြဲတမ်း ဖြည့်ဆည်းပေးဖို့ပိုတာဝန်ရှိလာပါတယ်။
သတင်းထောက်တွေရဲ့ လုံခြုံရေးကို သူတို့ကိုယ်တိုင် တာဝန်ယူရတယ် ဆိုတာလက်တွေ့အခြေအနေပါ။ ဒါပေမယ့် အဲလိုကိုယ့်လုံခြုံရေးကို မိမိဘာသာစောင့်ထိန်းနိုင်အောင် လေ့ကျင့်သင်ကြားပေးရမှာက မိခင်သတင်းဌာနတာဝန်လို့မြင်ပါတယ်။ အကျအဆုံး အနည်းဆုံး ဖြစ်အောင် လုပ်သင့်တယ်လို့မြင်ပါတယ်။ မကြာခဏ အဖမ်းခံရပြီး သူရဲကောင်ွးေ မွေးထုတ်တာမျိုးဆိုရင်တော့
သိပ်မသင့်တော်ဘူး လို့မြင်ပါတယ်။

ဖရီးလန့်စ် တဦး
“ကျနော်တို့သတင်းထောက်တွေ ဒါမျိုးအဖမ်းခံရမယ်ဆိုတာ ကျနော်ကတော့ယူဆထားပြီးသားပါ။” လို့ဆိုရင် ဒီလိုအန္တရာယ်မျိုးကို
အတတ်နိုင်ဆုံးရှောင်ရှားနိုင်အောင် ပါးစပ်ကနေ ကိုယ့်လုံခြုံရေးကိုကိုယ်သတိထားကြဆိုပြီး ၀တ်ကျေတမ်းကျေပြောနေရုံနဲ့ မလုံလောက်ပါဘူး။ အတွေ့အကြုံနုနယ်သေးတဲ့ သတင်းထောက်တွေအတွက် ဘယ်ဟာက သူတို့ကိုအန္တရာယ်ရှိစေနိုင်တယ်၊ အဲလိုအနေအထားမျိုးမှာ ဘယ်လိုအကာအကွယ်တွေယူပြီး လှုပ်ရှားသင့်တယ်ဆိုတာကို သိနိုင်ဖို့ဆိုတာမလွယ်လှပါဘူး။
ပြည်ပသတင်းဌာနတွေနဲ့ ချိတ်ဆက်လုပ်နေကြတဲ့ အတွေ့အကြုံမရှိသေးတဲ့သတင်းထောက်အတွက် သတင်းစာပညာကို စနစ်တကျ သင်တန်းပေးဖို့ လိုအပ်သလိုသူတို့တတွေ ဘေးကင်းရေးအတွက်လည်း စနစ်တကျ သင်တန်းတွေပေးပြီးတော့မှလုပ်ငန်းခွင်ထဲ ၀င်ခိုင်းဖို့ သင့်ပါတယ်။ နောက်ပြီး သတင်းထောက်တွေကို စီမံခန့်ခွဲနေရတဲ့သူတွေ ကိုယ်တိုင်ကလည်း
သူတို့အောက်က သတင်းထောက်တွေကို ဘေးမဖြစ်စေဖို့အစဉ်မပြတ်ဂရုစိုက်ပေးနေဖို့လိုအပ်ပါတယ်။
ကိုယ်နဲ့နှိုင်းစာပြီး သတင်းထောက်တွေရဲ့ အန္တရာယ်ကိုကာကွယ်ပေးဖို့သင့်ပါတယ်။ အဓိကပြောချင်တာက အဖမ်းခံရပြီးမှ နိုင်ငံတကာက
သိသွားအောင် လုပ်နေတာထက်၊ အဖမ်းခံမထိအောင် အစကတည်းက ကြိုတင်ကာကွယ်မှုတွေလုပ်ပေးဖို့လိုအပ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘုရားပျားစွဲ ကြုံ၇မဲ့ မင်းပြောင်းမင်းလွဲ

နေပြည်တော်ရွှေတိဂုံပုံတူစေတီစနေထောင့်တွင် တောကြီးပျားများ အုံဖွဲ့နေရာမှ အသိုက်ပြောင်းစဉ် ဘုရားဖူးအချို့ ပျားတုတ်ခံရ
30/01/2010

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ဒုတိယအပတ်က နေပြည်တော်ရှိရွှေတိဂုံပုံတူစေတီတော်ကြီး၏ အတွင်းပိုင်း စနေထောင့်တွင် တောကြီးများ
အုံဖွဲ့နေထိုင်လျက်ရှိရာမှ ဗုဒ္ဓဟူးထောင်သို့ ပြောင်းရွှေ့ရာ ဘုရားဖူးလာသူများအား ပျားများက အန္တရာယ်ပေးသဖြင့် ဘုရားဖူးများ
ဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုပါသည်။
ပျားအုံဖွဲ့တည်နေမှုမှာ မည်မျှကြာနေသည်ဟု မပြောနိုင်သော်လည်း ယင်းပျားမှာ အုံပြောင်းရွှေ့မှု ပြုလုပ်သည့်ညနေစောင်းတွေ ဘုရားဖူးများအားအန္တရာယ်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပျားများအန္တရာယ်ကြောင့် ဘုရားကြီးအား ခေတ္တပိတ်ထားခဲ့ရကြောင်း မျက်မြင်ဘုရားဖူးများက အတည်ပြုခဲ့ကြပြီး တောကြီးပျားများ အန္တရာယ်ကြောင့် နေပြည်တော်နေ ဘုရားဖူး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ံ

http://www.wanna23.com/

အပြည့်အစုံသတင်းဖတ်ရန်....

The Voice Weekly Joural Monday, February 1 - 7 , 2010

The Voice 6-13

အပြည့်အစုံသတင်းဖတ်ရန်....

တရားခံ ဘယ်သူလည်းဟေ့ ( ဘူလေးလည်း.? ဗုံးခွဲတာ)

တကယ့်ဗုံးခွဲတရားခံက ဘယ်သူတွေလဲ?
~~~~~~~~~~~~~~~~~~~~~~~~
01/30/2010
ပန်းချီ-ဒီဇိုင်း ကိုမျိုး
ယခုတလော န အ ဖ သတင်းမီဒီယာတွေမှာ ဗုံးဖောက်ခွဲမှုသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြနေတာကို တွေ့နေရပါသည်။
၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ န အ ဖ ဟာ ကိုယ့်ဗုံးကိုယ်ဖောက် နိုင်ငံတကာနဲ့ ပြည်သူတွေကို လိမ်လည် မျက်လှည့်ပြဖို့ ကြိုးစားနေပြီး ၂၀၁၀ မှာအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောဆိုချက်နဲ့ NLD ရဲ့ရွှေဂုံတိုင်ကြေငြာချက်ကြောင့် အကျပ်ရိုက်နေတဲ့ နအဖ ဟာ ဟိုနေရာဗုံးဖောက်ပြ ဒီနေရာဗုံးဖောက်ပြနဲ့ ပြည်သူတွေကို ခြိမ်းခြောက်လျှက် အကောက်ကြံဖို့ ကြိုးစားနေကြပါတော့သည်။

ဒေသဆိုင်ရာတပ်ရင်းတချို့ကို လျှိ့ဝှက်ညွန့်ကြားမှုများပြုလုပ်ထားပြီး ဖောက်ခွဲရေးတာဝန်ကျ သူတစ်ဦးကို နယ်မြေရဲစခန်းမှ လက်နှက်နှင့်အတူ ဖမ်းဆီးရမှိသော်လည်း မည်သို့မျှအရေးယူ ဆောင်ရွက်ခွင့် မရပဲ အဆိုပါသူအား ၄င်းတို့၏တပ်ရင်းမှ လာရောက်ခေါ်ဆောင်သွားပြီး ပြင်ပ မီဒီယာများသို့ မပေါက်ကြားစေရန် အထူးညွန့်ကြားထားကြောင်းသိရပါသည်။

ဒါကြောင့် န အ ဖ ရဲ့ကောက်ကျစ် ရက်စက် ယုတ်ပတ်တဲ့ ဥာဏ် နီ ဥာဏ်နက် တွေကို ၅၅သန်း ကျော်ရှိ ပြည်သူလူထုက သတိရှိရန် ရန်အထူးလိုအပ်နေပြီး အခုလည်းပဲ မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြန်ပါသည်။ ဒါတွေဟာလည်း န အ ဖ လက်ပါးစေတို့ရဲ့ လက်ချက်ဖြစ်နိုင်ကြောင်းကိုလည်း အပြစ်ရပ်အဖွဲများ ခန့်မှန်းကြပါသည်။

ဘာပဲဖြစ်ဖြစ် နအဖ ခွေးယုတ်တွေကတော့ ဥာဏ်နီဥာဏ်နက် သုံးပြီးအကောက်ကြံနေကြပါပြီပြည်သူ့ ခေါင်းဆောင်ကြီးတွေအားလုံး သတိရှိရန်အထူးလိုအပ်နေပါတော့သည်။

ဗုံးဖောက်ခွဲတဲ့ တကယ့်တရားခံတွေရဲ့ ကိုယ်ရေးအကျဉ်းကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်....





http://www.yeyintnge.com/2010/01/blog-post_8163.html

အပြည့်အစုံသတင်းဖတ်ရန်....

ဟီးရိုးမှ ဇီးရိုးသို့

Hero to Zero-1
thanks Ko Yeyint
http://www.yeyintnge.com/2010/01/blog-post_30.html

အပြည့်အစုံသတင်းဖတ်ရန်....

NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်ပြန်

Utf-8''Instruction of NLD to Form CC_Jan10

အပြည့်အစုံသတင်းဖတ်ရန်....

ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်

တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော
(မျက်လုံးလည်းဖွင့် နားလေးလည်းစွင့်ပါ ဦး ကချင်ကြီးရယ် အနှစ် ၆၀ ကျော်ပြီးသဘောပေါက်)
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၅၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းရင်းသားလူမျိုးများ တန်းတူရေးကို စစ်အစိုးရဘက်က လက်ခံလျှင် လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်မည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO က နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ယနေ့ တွေ့ဆုံရာတွင် ထပ်မံပြောဆိုလိုက်ပြန်သည်။

နအဖ အနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးကို လက်ခံပါက KIO သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုအပ်ဘဲ တော်လှန်ရေးကိုပင် စွန့်လွှတ်မည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ ရုံးတွင် တွေ့ဆုံကြရာ၌ KIO က ယခုလို ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤပြောဆိုချက်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ရည်ညွှန်း၍ ပြောဆိုခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် KIO အဖွဲ့ ဥက္ကဋ္ဌ ဦးဇောင်းခရား၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂေါင်ရီဇော်ဆိုင်း၊ အဖွဲ့ဝင် ၇ ဦးတို့ ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ တနာရီခန့်ကြာ ဆွေးနွေးခဲ့ကြသည်။

“ဒီနေ့ တနာရီလောက် ကြာပါတယ်။ ဗိုလ်ချုပ်ရဲမြင့်တို့ တိုင်းမှူးတို့နဲ့ သွားတွေ့ပါတယ်။ KIO က ၉ ယောက်ပါ” ဟု မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ်ထဲတွင် ၎င်းတို့အကြား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း KIO ရုံးက ဆိုသည်။

တွေ့ဆုံပွဲတွင် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကမူ နယ်ခြားစောင့်တပ် BGF ပြောင်းလဲဖွဲ့စည်းရန်ကိုသာ ပြန်လည်ပြောဆိုခဲ့သည်။

မြောက်ပိုင်းတိုင်း - မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO ကိုယ်စားလှယ်တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၁ဝ ကြိမ်မြောက် တွေ့ဆုံခဲ့စဉ်ကလည်း နယ်ခြားစောင့်တပ်အရေး မည်သည့်အဖြေမျှ မရရှိခဲ့သဖြင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ယခုလို ထပ်မံဆွေးနွေးခြင်းလည်း ဖြစ်သည်။

KIO က တိုင်းရင်းသား လူမျိုးများ တန်းတူရေး တောင်းဆိုချက်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တင်ပြခဲ့သော်လည်း ယနေ့ထိ တုံ့ပြန်ခြင်း မရှိသေးကြောင်း ကချင်အရာရှိက ဆိုသည်။

ထို့ပြင် KIO အဖွဲ့အတွင်းရှိ ဌာနတချို့ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIO က တင်ပြခဲ့သည်ကိုလည်း တိုင်းမှူးက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ကြောင်း သိရသည်။

KIO က အဖွဲ့၏ လက်နက်ကိုင်တပ် KIA ကို ကချင်ဒေသလုံခြုံရေးတပ် - KRGF အဖြစ် ပြည်နယ်အစိုးရ လက်အောက်တွင် ဖွဲ့စည်းလိုကြောင်းလည်း တင်ပြထားသည်။

နှစ်ဖက်ကိုယ်စားလှယ်များအကြား ယခုကဲ့သို့ သဘောတူညီမှုမရသေးသည့် အချိန်တွင် ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲနှင့် ကချင်ရိုးရာ မနောပွဲတော်ကို မြစ်ကြီးနားမြို့နယ် အင်ဂျန်းယန် နယ်မြေရှိ KIA တပ်မဟာ ၁ နယ်မြေတွင် လာမည့်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဟု KIO က ထုတ်ဖော်ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ် နမ္မတီးဒေသရှိ KIA တပ်ရင်း ၁၁ တွင်လည်း စစ်အစိုးရနှင့် KIO အဖွဲ့က အပစ်ခတ်ရပ်စဲခဲ့သည့် ၁၆ နှစ်ပြည့် အခမ်းအနားနှင့် တိုင်းရင်းသားပေါင်စုံ ပါဝင်သည့် ချစ်ကြည်ရေး မနောပွဲကို လာမည့်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည်ဟုလည်း ဆိုသည်။

အဆိုပါ ချစ်ကြည်ရေး မနောပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မြို့မှ တိုင်းရင်းသားများ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များသာမက ပြည်နယ်တွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် KIO က နအဖ စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော ခံစားချက်တွေ သတင်းပုတ်တွေ

အထွေထွေအကြပ်အတည်းများကြောင့် ရဲအရာရှိတဦး ပြည်ပသို့ တိမ်းရှောင်လာ
Friday, 29 January 2010 18:54 ရိုးမ ၃
စားဝတ်နေရေးကြပ်တည်းမှုနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်များလျော့နည်းလာသည့်အခြေအနေများကြောင့် ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း အထက်အာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်အဆင့်ဆင့်ကို လိုက်လံအကောင်ထည်ဖော် ဆောင်ရွက်ပေးနေရခြင်းနှင့် မိသားစု စားဝတ်နေရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့် အခြေအနေကြောင့် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်က ပြောသည်။

“စားဝတ်နေရေး အဆင်မပြေဘူး၊ ကျနော်တို့က နေ့မအားညမအား လိုက်လံလုပ်နေရတာ၊ မိသားစုအတွက် ဘာမှ ပြန်မကြည့်နိုင်ဘူး၊ သူတို့ ခိုင်းတာကိုဘဲ လုပ်နေရတာ၊ ရဲနဲ့မဆိုင်တဲ့အလုပ်တွေဆိုတာ မရှိသလောက် လိုက်လုပ်နေရတယ်၊ အဲဒါတွေကြောင့် အခုလိုထွက်လာရတာ” ဟု ပြောသည်။

တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ရဲအရာရှိတယောက်အနေဖြင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်ခဲများစွာကြုံတွေ့ခဲ့ရကြောင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိသည့်အခြေအနေများကို ၎င်းကဆက်ပြောသည်။

“ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျနော်တို့အထက်အရာရှိဆီ လာပြောတာတို့ဘာတို့ဆိုရင် အကြောင်းပြပြီး ပြန်လွှတ်လိုက်ရတာတွေရှိတယ်၊ တိုင်းမှူးအမ တယောက် ရှေးဟောင်း ပစ္စည်းသယ်လာတာ မိတာလည်း ပြန်လွှတ်ရတာတွေရှိတယ်၊ အဓိက ကတော့ စစ်တပ်အာဏာပိုင်တွေပေါ့၊ ကျနော်တို့က ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆက်ဆံရာမှာ တခုခုဖြစ်ရင် ကျနော်တို့အရေးယူခံရတယ်၊ ပြဿနာ မဖြစ်အောင်ကို ရှောင်တိမ်းနေရတာ အကုန်လုံးကို ကြောက်နေရတာ” ဟု ပြောသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲတပ်သားအဆင့်မှ ဒုရဲအုပ်အဆင့်အထိ (၁၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံမြို့တွင် ဒုရဲအုပ်တာဝန် (၅) နှစ်ခန့် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် မိသားစုများစားဝတ်နေရေးအခြေအနေနှင့်ပတ်သက်၍ “ကျနော်က လခ (၃၆,၀၀၀) ရတယ်၊ ကလေးနှစ်ယောက်ရှိတယ်၊ အခြားအဆင့်တွေဆို ပိုခက်ခဲတာပေါ့၊ တပ်ဖွဲ့ဝင်အမျိုးသမီးတွေက အပြင်မှာ ရရာအလုပ် လုပ်ရတယ်၊ အကျင့်ပျက်ခြစားမှုတွေကတော့ ရှိပါတယ်၊ တာဝန်ပေးထားတဲ့သူတွေကတော့ သူတို့ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ လစဉ်ငွေကောက်ခံပြီး ဖြေရှင်းနေရာတာ၊ နှစ်လုံး၊ သုံးလုံး၊ တလုံးပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် စစ်တပ်နှင့် ရဲဝန်ထမ်းများအနေဖြင့် အထက်အာဏာပိုင်အချို့သာ စီးပွားရေး ပြေလည်ပြီး အောက်ခြေအဆင့်ဝန်ထမ်းများမှာ စားဝတ်နေရေးကြပ်တည်းမှုနှင့် အခြားဖိနှိပ်မှု မျိုးစုံကို ခံစားနေရလျှက်ရှိသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြားကောင်းသေးလား ရွာသားတို့ 

တပ်တွင်းရံပုံငွေ အုတ်ဖို ရေ၀င်၍ ရွာသားများဒဏ်ငွေပေးဆောင်ရ
သောကြာနေ့၊ 29 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်
E-mail Print
စစ်တပ်နွေစပါးစိုက်ပျိုးရေးအဖွဲ့ လယ်ရေသွင်းစဉ် ၎င်းတို့၏တပ်တွင်းရံပုံငွေ အုတ်ဖိုထဲရေ၀င်သွားသဖြင့် အနီး အနားရွာသားများထံမှ လျော်ကြေးပြန်တောင်းကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

“အုတ်ဖိုလဲစစ်တပ်ရဲ့အုတ်ဖိုဘဲ၊ နွေစပါးလုပ်တာလဲသူတို့တွေဘဲ။ မဆီမဆိုင်နဲ့ ရွာသားတွေဆီက လျော်ကြေး တောင်း တယ်၊ အားလုံးပေါင်းစုပေါင်းပြီးတော့ ကျပ် ၅ သိန်းကျော် ပေးလိုက်ရတယ်။ လုံးဝမတရားဘူးဗျာ”- ဟုမိုင်းပြင်းမြို့ ခံတဦးကပြောပါသည်။

ယခုလ ဆန်းပိုင်း၌ မိုင်းပြင်းမြို့အခြေစိုက် ခမရ ၅၂၈ တပ်တွင်း ရန်ပုံငွေ အုတ်လုပ်ငန်းခွင်အနီး၊ နွေစပါး စိုက်ပျိုး ရေးအဖွဲ့က လယ်ရေဖြည့်စဉ် အုတ်ဖိုအတွင်း ရေလျှံဝင်သွား၍ အုတ်ခဲအလုံး ၁၅၀ ကျော် (ကာလတန်ဖိုး ၇၅၀၀ ကျပ်) ပျက်ဆီးဆုံးရှုံးသွားခြင်းအပေါ်လျော်ကြေးအဖြစ် ဒေသခံများထံ တအိမ်ထောင်ကျပ် ၁၅၀၀ သုံးရက်အတွင်းပေးသွင်းရန် ဆင့်ဆိုသည်။

“ကျနော်တို့အုပ်စုက ၁၃ ရွာရှိတယ်။ တချို့ရွာက ၁၀ အိမ် ၁၅ အိမ်၊ အကြီးဆုံးရွာက ဟောင်ကန်ရွာမ အိမ်ခြေ ၁၀၀ ကျော်တယ်။ အိမ်ခြေ ၆၀ လောက်ရှိတဲ့ ယန်းပြင်းရွာက ဒုတိယအကြီးဆုံး၊ တအိမ် ၁၅၀၀ ကျပ် မပေးမနေ ရဆိုတော့ ဒီလ ၃ ရက်နေ့ကတည်းက အားလုံးစုပေးလိုက်ပြီ” - တာချီလိတ်ရောက် မိုင်းပြင်းဒေသခံဟောင်ကန်ရွာသားတဦး ကပြောပါသည်။

ခမရ ၅၂၈ တပ်၏တပ်တွင်းရံပုံငွေ အုတ်လုပ်ငန်း၊ နွေစပါး/မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် လယ် နှင့် မြေနေရာအား ဒေသခံများထံမှသိမ်းယူထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိုင်းပြင်းလေယာဉ်ကွင်းအတွက် လယ်မြေဧကပေါင်း ၁၀၀ ကျော်လည်း ဒေသခံများ၏ လယ်များကိုသိမ်းယူထားခြင်းဖြစ်ကြောင်း၊ လေယာဉ် ပြေးလမ်းအတွက်ကျောက်ကြမ်း ခင်းထားသည်မှာ ၃ နှစ်ရှိပြီဖြစ်သော်လည်း ယခုထိလေယဉ်ဆင်းတက်ခြင်း မရှိကြောင်း - မြို့ခံများကပြော၏။

မိုင်းပြင်းမြို့ မြောက်ဘက် တမိုင်အကွာ ဟောင်ကန် ကျေးရွာအုပ်စုတွင် ယန်းပြင်းရွာ၊ ယန်းခေ၊ ၀မ့်မွန်း၊ ၀မ့်ကန်၊ စံပြရွာ(၀မ့်ကောင်းမိုက်ခီ့)၊ ၀မ့်မက်၊ လွန်းစိုင်း(ဟောင်ကန်ရွာမ)၊ ဟိုခို၊ ဟွေ့စင်း၊ ၀မ့်မိုင်(၀မ့်ကောင်း) ၀မ်နောင်နှင့် ၀မ့်မိုင်နှိုင်းယုံ့ ဟူ၍ရှိ၏။ ဒေသခံများမှာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုကြသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 29, 2010

ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ

မြင့်မောင် | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာအကျဉ်းထောင်များတွင် ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦး ရှိနေပြီး၊ လုံလောက်စွာ စောင့်ရှောက်မှုပေးရန် လိုအပ်နေကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ပြောသည်။

“လုံလောက်တဲ့ ဆေးဝါးကုသမှု မရကြဘူး။ တချို့ထောင်တွေမှာ ထောင်ဆရာဝန် မရှိဘူး။ ခန္တီးထောင်မှာရှိတဲ့ အကျဉ်းသား အတော်များများ ငှက်ဖျားရောဂါ ခံစားနေရတယ်။ အကျဉ်းသား တော်တော်များများ ငှက်ဖျားရောဂါ ရှိတယ်။ ရောဂါရှိတဲ့သူတွေ အချိန်မီ ဆေးဝါးကုသမှုမရဘဲ နောက်ကျတဲ့အတွက် ရောဂါဝေဒနာကို မခံစားသင့်ဘဲ ခံစားနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အကျဉ်းထောင်တွေထဲမှာ အကြောဆိုင်းလာတွေ ရှိသလို၊ မျက်စိ မကောင်းတဲ့ အကျဉ်းသားတွေ များလာတယ်'' ဟု AAPP-B တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

နိုင်ငံရေး အကျဉ်းသား၏ မိသားစုဝင်တဦးက “ကျန်မာရေး စောင့်ရှောက်မှုကတော့ သူတို့အနေနဲ့ ခရီးသွားဟန်လွဲ လောက်ပဲ ရှိတယ်။ ကမ္ဘာက ပြောမှာစိုးလို့ လုပ်နေတာလောက်ပဲ ရှိတယ်။ ဒီလောက်ထိ ဖိဖိစီးစီး လုပ်ပေးတာမျိုး မရှိပါဘူး။ စောင့်ရှောက်တာမျိုး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံတင်ဖို့ ခွဲစိတ်ရမယ့် လူနာဆိုရင်လည်း ခွဲစိတ်ရမယ့် အခြေအနေထက် တအားဆိုးဝါးနေတဲ့ အခြေအနေမျိုးကျမှ ဆေးရုံတင်ပေးတယ်” ဟု ပြောသည်။

ထောင်ဒဏ် ၆၅ နှစ်စီဖြင့် နိုင်ငံ့ အစွန်အဖျား ဒေသများတွင် အကျဉ်းကျနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင် (ပူတာအိုထောင်၊ ကချင်ပြည်နယ်) သည် သွေးတိုး၊ နှလုံးရောင်နှင့် အဆစ်အမြစ် ကိုက်ခဲသည့် ရောဂါ ခံစားနေရပြီး၊ ကိုကိုကြီး (မိုင်းဆတ်ထောင်၊ ရှမ်းပြည်နယ်) မှာ အသည်းရောင် အသားဝါ B ပိုးနှင့်အတူ အကျိတ်အဖုများ ထွက်နေကာ ရာသီဥတုအေးသဖြင့် ဝေဒနာများ ခံစားနေရကြောင်း AAPP-B ထံမှ သိရှိရသည်။

ထောင်ဒဏ် ၆၅ နှစ်ဖြင့်ပင် ပူတာအိုထောင်တွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေသဖြင့် မကြာသေးခင်က ECG (နှလုံးခုန်နှုန်းကို စမ်းသပ်သည့် ကိရိယာ) စစ်ဆေးကြည့်ရာ အစက်အပြောက် ၃ ခု တွေ့ရှိခဲ့ပြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမျိုးမင်းမှာလည်း ထိပ်ကပ်နာ ရောဂါ ခံစားနေရသည်။

အလားတူ ၂ဝဝ၇ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ မြရိပ်ညိုဟိုတယ်ရှေ့၌ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲမှုဖြင့် ထောင်ဒဏ် ၈ နှစ်ဖြင့် ပူတာအိုထောင်တွင် ပြစ်ဒဏ်ကျနေရသည့် ကိုဘိုဘိုဝင်းလှိုင်သည် ပြီးခဲ့သည့်လအတွင်း လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခဲ့သော်လည်း လိုအပ်ပါက ဆေးရုံတင်ရမည် ဆိုလျှင် ထောင်အာဏာပိုင်များထံ ရက်သတ္တတပတ်ခန့် အချိန်ယူတင်ပြရကြောင်း ယခုလ ၂၆ ရက်နေ့တွင် ထောင်ဝင်စာ တွေ့ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်မီမီလှိုင်က ပြောသည်။

သူက “ဘိုဘိုဝင်းလှိုင်ကိုလည်း ၃ ရက်နဲ့ ဆေးရုံက ဆင်းခိုင်းတာတွေ ရှိတယ်။ တကယ်လို့ ဒီလူနာက သွေးလွန်သွားရင် ဆေးရုံကို ချက်ချင်း လာပို့နိုင်မလားလို့ မေးတော့ တပတ်လောက်မှ၊ အထက်ကို စာတင်ပြီးမှ အချိန်ယူရမယ်လို့ ပြောတော့ ဆရာဝန်က သက်သာတဲ့ အချိန်မှ ဆင်းပေးလိုက်တယ်။ တခါလုပ်ပေးဖို့ဆိုရင် ၇ ရက်၊ ၈ ရက် အချိန်ယူပြီးတော့မှ အထက်ကို စာတင်ရတာတွေ ရှိတယ်” ဟု ပြောသည်။

ကိုဘိုဘိုလှိုင်ဝင်း လတ်တလော ခံစားနေရသည့် ငှက်ဖျားနှင့် နှလုံးရောဂါအတွက် ဆေးဝါးလိုအပ်နေသဖြင့် မိခင်က ဆေးဝယ်ပေးခဲ့ရသည်။

ပူတာအိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးခန့်ရှိရာ ၎င်းတို့ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်က တလလျှင် တကြိမ်မျှသာ ကျန်းမာရေး အခြေအနေကို လာရောက် စစ်ဆေးပေးကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့ အုတ်ဖိုထောင်တွင် ထောင်ဒဏ် ၁၀၄ နှစ် ကျခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ - ဗကသ (အထက်ဗမာပြည်) ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မင်းယုကို၏ ကျန်းမာရေး အခြေအနေမှာလည်း ဆိုးရွားနေကာ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်၏ နှလုံးသွေးကြောကျဉ်းရောဂါ ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း AAPP-B က ပြောဆိုသည်။

မြန်မာတနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားများမှာမူ ၂၁၀၀ ကျော်ရှိကြောင်း AAPP-B စာရင်းများက ဆိုထားသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။) http://www.mizzimaburmese.com/news/inside-burma/4695-2010-01-29-12-43-21.html

အပြည့်အစုံသတင်းဖတ်ရန်....

AAPP Political Prisoner Review (Annual Report 2009)

Annual Report 2009_final

အပြည့်အစုံသတင်းဖတ်ရန်....

နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..

ဆရာဝန်များအတွက် ၀င်ငွေခွန် တရားမျှတ စေချင်

မနက်စောစောစီးစီး ဂျူတီထွက်ခါနီးမှာ ကြားလိုက်တဲ့ သတင်းက အရေးကြီးလူနာတွေနဲ့ တညလုံးပင်ပန်းနေတဲ့ ကျမကို ပိုလို့ အမောဆို့သွားစေပါတယ်။

“အမရေ ၀န်ကြီးက specialist အဆင့်ကနေစပြီး ၀င်ငွေခွန် ၁၅ သိန်း ဆောင်ရမယ်ဆိုပြီး ၀န်ကြီးပြောတယ်လို့ သတင်းတွေထွက်နေတယ် အမ” လို့ အစချီပြီး ပြောလာတဲ့ ကျမရဲ့ AS ဆရာဝန်လေးရဲ့ စကားတွေက ရင်ကိုနင့်သွားတာပဲ။
ဝန်ကြီးကပြောတယ်တဲ့လေ။

တနှစ်ကို ၁၅ သိန်းတဲ့။ ၀င်ငွေခွန်တဲ့။
ဝန်ကြီးကပြောတယ်တဲ့လေ။ ကျမတို့လို Specialist (အထူးကုဆရာဝန်) တွေဟာ တနေ့တော့ အနည်းဆုံး လူနာ ၅ ယောက် ကြည့်ရလိမ့်မယ်။ အဲ့ဒီ လူနာတယောက်ကို အနည်းဆုံး ၂၀၀၀ ကျပ်ရလိမ့်မယ်။ အဲ့ဒီတော့ တနေ့ကိုဖြင့် ဘယ်လောက်ရမယ်။ တလကိုဖြင့် ဘယ်လောက်ရမယ်။ ဒါဆို တနှစ်တော့ ဒီလောက် ဆောင်နိုင်တယ်ဆိုပြီး လုပ်မလို့တဲ့လေ။

အဲ့ဒီအခွန်ကိစ္စက order သာ စာနဲ့ပေနဲ့ အတည်ပြု မထွက်သေးတာ ကျမတို့ ဆရာဝန်လောကထဲတော့ တော်တော်ကို သိနေကြပါသတဲ့။

ကျမတို့မှာ တလောကမှ လစာတိုးတယ်ဆိုလို့ ပျော်ရနိုး၊ လစာတိုးတဲ့သတင်းကြောင့် ကုန်ဈေးနှုန်းတွေတက်လို့ စိတ်ညစ်ရနိုးဖြစ်နေတာ အခု ဒီသတင်းကြားတော့ တွေးစရာလေးတွေ အများကြီးဖြစ်လာပါတယ်။

အော် မစဉ်းမစား လုပ်လည်း လုပ်ရက်ပါပေ့။ ဒီ ၁၅ သိန်းဆိုတာ မြို့ကြီးပြကြီးက ဆရာဝန်တွေအတွက်တော့ မထောင်းတာလှပေမယ့် နယ်စွန်နယ်ဖျားမှာ လုပ်နေရတဲ့ ဆရာဝန်တွေအဖို့ကတော့ စိတ်ပင်ပန်းစရာ တခုပါပဲ။

သူတို့ပြောပြောနေတဲ့ ပီတီကိုစားအားရှိပါ၏ ဆိုတဲ့စကား။ နယ်စွန်နယ်ဖျားက ဆရာဝန်တွေခမျာ သူတို့ပြောသလိုပဲ တကယ်ကို အပိုဝင်ငွေ မရှိ၊ ပီတီပဲ စားပြီး အသက်ရှင် ရပ်တည်နေကြရတာကို ၀န်ကြီး မသိလေရော့သလား။

မြို့ကြီးပြကြီးတွေမှာ နေနေပေမယ့် ရတဲ့လစာ၊ အပြင်ဆေးခန်းထိုင်တဲ့ လစာလေးနဲ့ မိုးထိနေတဲ့ ကုန်ဈေးနှုန်းကြားက သားသမီးတွေ နေရေးစားရေး အဆင်ပြေအောင် ရုန်းကန်နေရတဲ့ ဆရာဝန်တွေလည်း တပုံတပင်ပါ။

အသပြာဆရာဝန် မဟုတ်တဲ့ စေတနာ ဆရာဝန်တွေ အများကြီးပါ။

ကားတ၀ီဝီ စီးနေတဲ့ ဆရာဝန်တွေဆိုတာ လက်ချိုးရေလို့ ရသလို စက်ဘီးအစုတ်ကလေး၊ ဆိုင်ကယ်အစုတ်ကလေး ဖွတ်ချက်ဖွတ်ချက်နဲ့ စီးနေတဲ့၊ ခြေလျင်လျှောက်၊ လိုင်းကားစီးပြီး အလုပ်တက်၊ ဆေးခန်းသွားနေတဲ့ ဆရာဝန်တွေကိုရော မျက်စိထဲ မမြင်ကြတော့ဘူးလား။

ကျမနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက ပြောတယ်။

“၀န်ကြီးက GP ကောင်းတဲ့ ရန်ကုန်၊ မန္တလေးလို့ မြို့ကြီးပြကြီးကနေ မပြောင်းရ မရွှေ့ရအောင် သူ့ကို လာလာ ကန်တော့နေတဲ့သူတွေ၊ လာကန်တော့နေတဲ့ တန်ဖိုးတွေကို တွက်ပြီး အဲ့လိုလုပ်ရင် ရမယ်ထင်ပြီး ပြောတာနေမှာပေါ့” တဲ့။

အော် .. သူများဌာနတွေဆိုရင် .. ငါတို့ လူကြီးက ဘယ်လိုကောင်းတယ် ဘယ်လိုမျိုး ကိုယ့်လူတွေ ပြန်ကြည့်တယ်နဲ့ ကြားနေရတယ်။

အခုငါတို့ ကျန်းမာရေး ၀န်ကြီးကတော့ ကိုယ့်ဝန်ကြီးဌာနကို ပြန်ကြည့်တာ၊ ကိုယ့်လက်အောက်ဝန်ထမ်းတွေအကျိုးကို ကြည့်တာ မရှိပဲနဲ့ ကိုယ့်လူကိုယ် ပြန်သတ်နေတာပဲ ဆိုပြီး သူက ညည်းညူနေပါတယ်။

သူများဌာနတွေက ဘယ်လိုဆိုတာ ကျမ မသိပါဘူး။ ကျမ အခုအချိန်မှာ နားလည်တာကတော့ ကျမတို့ ၀န်ထမ်းတွေရဲ့ ဘ၀ဟာ အဖက်ဖက်ကနေ အမျိုးမျိုးသော ဖိအားတွေခံစားနေရတဲ့အပြင် စီးပွားရေး ပြေလည်မှုရှိလာမယ်ကြံလိုက်တာနဲ့ တဖက်ကလည်း မတရားတဲ့ အခွန်အတုပ်ကိစ္စတွေဖြစ်လာ၊ ကုန်ဈေးနှုန်းက မြင့်လာနဲ့ ဆီပူထဲ ထည့်လှိမ့်ခံရတဲ့ ဆီးဖြူသီးလိုပါပဲရှင်။

လစာတိုးလို့ အဆင်ပြေလာမယ်မှတ်တယ် ကုန်သည်တွေက ကုန်ဈေးနှုန်းတွေ မြှင့်ပလိုက်တယ်။ တိုးပေးမယ့် လစာကဖြင့် ဘယ်နေမှန်းမသိသေးဘူး။

သူများတကာ ဘ၀တွေ အဆင်ပြေပြေနဲ့ နေရတာကို အမျိုးမျိုး ခက်ခဲအောင် တမင်တကာများ ရည်ရွယ်လုပ်နေတာများလားရှင်။
အခုတခါ လာပြန်ပေါ့ ၀င်ငွေခွန်တဲ့။ တရားမျှတစွာ ကောက်မယ်ဆိုရင်တော့ မပြောလိုပါဘူး။ အခုက အကုန်လုံးက ဒီနှုန်းချည်းသာဆိုရင် …

ဆရာဝန်တိုင်း ချမ်းသာနေကြတာမှ မဟုတ်တာရှင် …

ဒေါက်တာ မန္တလာ

မူရင်း - http://anyarnwaytamarmyay.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

အရက်လုံခြုံရေးနဲ့ မြန်မာပြည်

မကြာသေးခင် ရက်ပိုင်းအတွင်းက ပြည်တွင်းက မိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူကအနုပညာ အသိုင်းအဝိုင်း က ဖြစ်ပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပါ။ အဲသည့်အထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်းက ပိုများပါတယ်။ မြန်မာပြည်မှာ အရက်တွေဘယ်လို ချက်သလဲ ဘယ်လိုသိုလှောင်သလဲ ဘယ်လိုဖြန့်ဖြူး ရောင်းချသလဲ စသဖြင့် စုံနဖာစီ ပြောဆိုဆွေးနွေး ဖြစ်ကြပါတယ်။ အရက်အကြောင်း ပြောဖြစ်သွားတာ ကလဲ ဒီလိုပါ။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း အရွယ်မတိုင်ခင် အရက်နဲ့ အသက်ဆုံးရှုံး ခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ပိုများ လာတဲ့ အကြောင်း၊ ဒါ့အပြင် စောစောစီးစီး ကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်း အရွယ်ကောင်း စာပေနဲ့ အနုပညာသည်များ အကြောင်းကို ပြောရင်း ပြော ရင်းနဲ့ အရက်စက်ရုံတွေ အရက်ကို ဘယ်လို ချက်ကြသလဲ ဆိုတာကနေ စတယ်လို့ ဆိုရင် လည်း မမှားပါဘူး။

မိတ်ဆွေက သူရဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ တခါက ကိစ္စတခုနဲ့ ဆက်စပ်လို့ အရက်ချက်စက်ရုံ တခုကို ရောက် သွားပါတယ်တဲ့။ ပထမဆုံး တွေ့ရတာကတော့ အရက်ချက်စက်ရုံဟာ လယ်ကွင်းထဲမှာ ဖြစ်သလို ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်ပါတယ်တဲ့။ အရက်စက်ရုံရဲ့ အပြင်ဘက်မှာတော့ မိုးရွာအစို နေပူအခြောက် အပုံလိုက်ကြီး ထားထား တဲ့ ထန်းလျှက်ပုံကြီး ရှိနေတာကို မြင်ရပါတယ်။ ယင်ကောင်တွေ တလောင်းလောင်း ဖြစ်နေသလို ထန်းလျှက်ပုတ်နံ့ လိုလို အနံ့ကြီးကိုလဲ ရှုနေရပါတယ်။ နောက်မြင်ကွင်း တခုကတော့ အရက်ချက် စက်ရုံကို ဓာတ်မြေသြဇာ လာရောင်းတဲ့ လှည်း တန်းကြီးက မျက်စေ့တဆုံး ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ အိတ်တွေကျတော့ မိုးရွာရင် မိုးစိုမှာစိုးလို့ အမိုးအကာနဲ့ ထားပါသတဲ့။

အရက်ချက်တဲ့ စက်ရုံအတွင်းဖက်ကို ဝင်ကြည့်တဲ့အခါမှာ အလွန်စိတ်ပျက်စရာ မြင်ကွင်းကတော့ အရက်ဆီ ပေါင်းခံနေတဲ့ ဧရာမ သံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာ အိတ်တွေဖွင့်ပြီး ဖြောကနဲဖြောကနဲ လောင်း ထဲ့ နေတာပါဘဲ။ ဓာတ်မြေသြဇာ ဆိုတာ စိုက်ပျိုးရေး အတွက်သုံးတဲ့ ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မဲ့ အရက်ကို ချက်တဲ့နေရာမှာ ပေါပေါလောလော သုံးနေတယ်ဆိုတာ ဘယ်လိုမှ ကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက်ရုံက တာဝန်ရှိတဲ့သူကတော့ သူတို့ စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ် လောက် ကောင်းကြောင်း ဘယ်လောက်ပြင်းအား ရှိကြောင်း ရှင်းပြနေ ပါသေးတယ်။ အဲသလို ထုတ်လုပ် လိုက်တဲ့ ပြင်းအားမြင့် အရက်ဆီကို ဈေးကွက်မတင်ခင် ဂိုဒေါင်ထဲမှာ နှစ်လလောက် ထားရပါတယ်။ အရက်မှာ ပါနေတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေ အခိုးပြန်သွားစေဖို့ အတွက်ဖြစ်ပါတယ်။ နှစ်လပြည့် သွားတဲ့ အခါကျမှ ရေငါးဆ ရောပြီး ပုလင်းသွတ် တံဆိပ်လှလှလေးတွေ ကပ်တဲ့ အလုပ်တွေ လုပ်ရပါတယ်။ အဲဒါတွေ ပြီးရင်တော့ ဆိုင်တင်ရောင်းရုံဘဲလို့ ဆိုပါတယ်။ သို့သော် ဈေးကွက်တောင်းဆိုမှုက မြင့်မားနေတဲ့ အတွက် အရက်ဆီကို ဂိုဒေါင်ထဲမှာ ဘယ်တော့မှ နှစ်လကြာအောင် အထိ မထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲကို တင်သွင်းလေ့ ရှိတယ်လို့လဲ သိရပြန်ပါတယ်။

အဲသလို အရက်မျိုးတွေကို သုံးလေးနှစ် ဆက်တိုက်သောက်နေတဲ့ သူတွေဟာ အသဲနဲ့ ပတ်သက်ပြီး ရောဂါတခုခု ရကြပါတယ်။ အဓိကတော့ ဓာတ်မြေသြဇာကို သုံးတဲ့အတွက်ကြောင့်ပါ။ ဓာတ်မြေသြဇာဆိုတာ အက်စစ် တမျိုးပါ။ လိုအပ်တာထက် ပိုသုံးရင် စပါးပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအား ရှိပါတယ်။ အနုပညာသည် လောကမှာ တချို့သော အရွယ်ကောင်း လူလတ်ပိုင်း တွေဟာ မနက်ကိုးနာရီ ဆယ်နာရီလောက် ကထဲက စသောက်ကြပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကို ရပ်ပါတယ်။ အဲသလို အရက်မျိုးတွေကို မနက်ကထဲက သောက်သူတွေဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ သေဆုံးကြပါတယ်။ တလောက နာမည်ကြီး စာပေသမားတဦး အရွယ်ကောင်းတုန်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒါလဲ အဲသလို အရက်မျိုးတွေကို ဆက်တိုက်သောက်လို့ ဖြစ်တာလို့ မိတ်ဆွေက ရှင်းပြပါတယ်။

ကျနော်တို့နိုင်ငံက စာပေလောကနဲ့ အနုပညာသည်လောကမှာ အရက်သောက်တာ အဆန်းမဟုတ်ပါဘူး။ အတော်များ များ သောက်တတ် ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဟိုခေတ်တုံးကဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ "ဘရန်ဒီတခွက်ဆိုတဲ့" ဟာသ ဝတ္ထု တိုနဲ့ စာပေလောကထဲ စရောက်ခဲ့တယ်လို့ ကြားဘူးပါတယ်။ အရက်အကြောင်း လူကြိုက်အောင် အဖွဲ့အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာက တောင် "ကိုဆွေ လူငယ်တွေ အရက်မသောက် သောက်တတ် အောင် သင်ပေးသလို ဖြစ်နေတယ်" လို့ ထောက်ပြဆုံးမခဲ့ ဘူးပါတယ်။ ထားပါတော့။ ဆိုလိုချင်တာက ဒီလိုပါ။ ဆရာ သော်တာဆွေဟာ ငယ်ရွယ်စဉ်က အရက်သောက်ကြမ်းခဲ့ တယ်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေ ခဲ့ ပါဘူး။ အသက်ကြီးမှ ဆုံးသွားခဲ့တာပါ။ ဆရာသော်တာဆွေတို့နဲ့ ခေတ်ပြိုင် နာမည်ကြီး စာရေးဆရာတဦး အရက်ကြောင့် စောစောစီးစီး ကွယ်လွန်ခဲ့တာ ရှိဖူးပါတယ်။ အရက်မူးနေတုန်း အင်းလျား ကန်မှာ ရေနစ်ပြီး ဆုံးသွားခဲ့တာပါ။ အဲသည့်ခေတ်တုံးက အရက်တွေက သတ်မှတ်ထားတဲ့ နည်းစနစ်တွေ အတိုင်း ချက်လုပ်ခဲ့တဲ့ အရက်များ ဖြစ်နိုင်ပါတယ်။ ဓာမြေသြဇာတွေ လှိုင်လှိုင်ထည့်ပြီးချက်ခဲ့တဲ့ အရက်တွေတော့ ဖြစ်ဟန် မတူပါဘူး။ တချိန်တုံးက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ်နဲ့ ဘီအီးဒီစီိလို့ ခေါ်တဲ့ အရက်ဖြူတွေ ဖြစ်ပါတယ်။ တင်လဲဖြူတို့ အိုးဘရမ်ဒီတို့ မော့ဝီစကီတို့လည်း ထုတ်လုပ်ခဲ့ပါ သေးတယ်။ အရက်သောက်တာများရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ သို့သော် အဲသည့် အရက်တွေကို ထုတ်လုပ်တဲ့ ခေတ်တုန်းက သတ်မှတ်ထားတဲ့ အဆင့်အတန်း စံချိန်အတိုင်း ထုတ်လုပ်ခဲ့ကြတာ မို့လို့ နဲနဲတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါတယ်။

တခြားတိုင်းပြည်တွေမှာ အရက်ချက်တဲ့အခါ စနစ်တကျ ချက်ကြပါတယ်။ အဲသလို စနစ်ကျဖို့ကိုလည်း စောင့် ကြည့်နေတဲ့ တာဝန်ရှိ အဖွဲ့အစည်းများလည်း ရှိပါတယ်။ ဆိုလိုချင်တာကတော့ food security လို့ခေါ်တဲ့ စားသုံးကုန်လုံခြုံရေးကို အမြဲ မျက်ချေမပြတ် စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ရှိနေပါတယ်။ ဥပမာ တခုလောက် တင်ပြရရင် စကော့တလန်မှာ နာမည်ကြီး စကော့ဝီစကီများ ချက်ပါတယ်။ ချက်တဲ့အခါမှာလည်း အုပ်စပါးတို့ ဘာလီစပါးတို့ကို သုံးပါတယ်။ ဓာတုဗေဒပစ္စည်းများ မသုံးပါ။ မသုံးရပါ။ ဓာတုဗေဒ ပစ္စည်းလို့ ပြောရမဲ့ဟာ တခုကတော့ "ယိစ်" လို့ခေါ်တဲ့ တဆးတမျိုး ဖြစ်ပါတယ်။ အဲသည့် ယိစ်ကလည်း တကယ်ဆိုရင် သဘာဝဓာတု ပစ္စည်းပါ။ သဘာဝမှို တမျိုးပါ။ ပြီးတော့ အလွန်သန့်ရှင်းတဲ့ သန့်စင်ထားတဲ့ မိုးရေကိုအသုံးပြုပြီး ချက်ပါတယ်။ ကြုံရာရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်းက ရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်း မပြုပါဘူး။ မြန်မာပြည် မှာလို ဓာတ်မြေသြဇာတွေထဲ့ပြီး ချက်လို့ကတော့ တရားစွဲခံရလို့ အလျှော်တွေ ပေးရတာများလွန်းလို့ ကုမ္ပဏီ ပြုတ်ပြီး ထောင်တောင် ကျပါဦးမယ်။ မြန်မာပြည်မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက်ရင် လွယ်လွယ်နဲ့ ရနေပါတယ်။ အရက်ကို စည်းစနစ်တကျ ချက်မချက်ဆိုတာကို စောင့်ကြည့်တဲ့ စနစ်ဇယား မရှိတော့ ချက်ချင်သလို ချက်နေကြတာပါ။ အဲသလို အရက်မျိုးတွေကို နေ့တဓူဝ သောက်နေမှတော့ ရောဂါရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာ မဆန်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေတောင် အသက်ငါးဆယ် ကျော်တန်း လောက် ဖြစ်လာရင် အသည်းကို ထိခိုက်လာတာများလို့ သူများထက်အရင် သွားရဖို့ များပါတယ်။

မြန်မာပြည်မှာ အရက်တွေက အရည်အသွေးလည်း မမှန် အဆိပ်အတောက် တွေကလည်း အများအပြား အရက်ထဲမှာ ကျန်နေသေးတော့ အရက်သောက်များရင် အသက်တိုတာ အမှန်ပါဘဲ။ အရက်အကြောင်း နဲနဲလောက် ဇာချဲ့ပြောချင် ပါသေးတယ်။ စကော့တလန်က ထုတ်လိုက်တဲ့ ဝီစကီများအကြောင်းပါ။ သာမန် ဈေးနှုန်းနဲ့ ရောင်းချတဲ့ ဝီစကီများဟာ စက်ရုံက ထုတ်ပြီးတာနဲ့ သစ်သားစည်ကြီး တွေမှာထဲ့ပါတယ်။ ပုလင်း မသွတ်သေးပါဘူး။ အဲသည့် စည်ကြီးတွေကို တနှစ်လောက် ဂိုဒေါင်ထဲမှာ သိမ်းထားပါတယ်။ အရက်ကို ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝအတိုင်း ချက်တာတောင် အရက်ထဲမှာ လူကိုအန္တရာယ် ဖြစ်စေတဲ့ toxic လို့ခေါ်တဲ့ အဆိပ်ဓာတ်တွေ ကျန်ရှိနေပါသေးတယ်။ အဲဒါတွေ လျှော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲသည့် အဆိပ်ဓာတ်များဟာ တဖြည်းဖြည်းနဲ့ အငွေ့ပျံပြီး လေထုထဲကို ရောက်သွားပါတယ်။ သို့သော် အရက်မှန်သမျှ ဈေးပေါသည် ဖြစ်စေ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ ဓာတ်ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး တနှစ်လောက် သိမ်းထားရပါတယ်။ ဒါကြောင့်မို့ သစ်သား စည်ကြီးတွေထဲမှာ နှစ်ကြာကြာ သိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေ ပိုလျှော့သွားပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီး လာပါတယ်။ ပုလင်းသွပ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေဟာ လေထုထဲကို အငွေ့ပျံပြီး မတက်နိုင်တော့လို့ပါ။ ဒါကြောင့် စကော့တလန်က ထုတ်လုပ်တဲ့ ဝီစကီတွေမှာ (၁၂) နှစ်အထိ ကြာအောင် သစ်သားစည်ကြီးတွေထဲမှာ သိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေက ဈေးပိုပေးရတာ ဖြစ်ပါတယ်။ တခါ အမျိုးအစား အပေါ်မူတည်ပြီး (၁၂) နှစ်၊ (၁၆) နှစ်၊ (၁၈) နှစ်၊ (၂ဝ) နှစ်၊ (၂၅)နှစ် စသဖြင့် ရှိကြပါတယ်။

အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေလျှော့ပါးသထက် လျှော့ပါးလာလို့ သောက်တဲ့အခါမှာ လူကိုဥပါဒ် ပေး တဲ့နှုန်း လျှော့လာပါတယ်။ သို့သော် သက်တမ်းရင့် အရက်ဆိုပြီး သောက်ခြင်သလို သောက်နေရင်လည်း အသည်းရောဂါ ဖြစ်ပါ တယ်။ ရောဂါမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ။ ဝီစကီထက် အဆိပ်အတောက်နည်းတဲ့ အရက်က ဗော့ဒကာလို့ ခေါ်တဲ့ အရက်ဖြစ်ပါတယ်။ ရုရှား၊ ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှားခွဲထွက် နိုင်ငံများမှာ ထုတ်လုပ်ပါတယ်။ သို့သော် ရောင်းအားအပေါ် မူတည်ပြီး လွယ်လွယ်ချက် ဈေးပေါပေါနဲ့ ရောင်း ကြလို့ အခု ရုရှားနိုင်ငံမှာ ဗော့ဒကာ အပေါစား သောက်ကြတဲ့ သူများ အထူးသဖြင့် ဆင်းရဲတဲ့သူများ အသက် (၅ဝ) ကျော်ကျော်မှာ သေဆုံးတဲ့နှုန်း များလာနေတယ်လို့ ဆိုပါတယ်။ အရက်သေစာထဲမှာ အဆိပ်အတောက် အနဲဆုံးကတော့ ဝိုင်အရက် ဖြစ်ပါတယ်။ သို့သော် ဝိုင်အရက်ဟာ အနောက်နိုင်ငံများ တင်သွင်းတာမို့ အရှေ့ တိုင်းနိုင်ငံများမှာ ဈေးကြီးပါတယ်။ ဆင်းရဲသူများ ဝယ်ယူသောက်သုံးဖို့ မတတ်နိုင်ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေမဲ သူ့ကိုလည်း စိတ်ကြိုက်သောက်ချင်သလို သောက်ရင်တော့ လူကို အန္တရာယ် ဖြစ်စေပါတယ်။

အုပ်ချုပ်သူ စစ်အစိုးရဟာ မြန်မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက်စက်ရုံတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အာဏာပိုင်တွေက ပိုက်ဆံရတိုင်း ဒီအတိုင်းလွှတ်ထားတော့ နောက်ဆုံးမှာ စားသုံးတဲ့ သူတွေ ဒုက္ခရောက် ရပါတယ်။ စားသောက်ကုန် လုပ်ငန်းအားလုံးကို စနစ်တကျ ဖြစ်လာစေဖို့ နည်းနာတွေ၊ ဥပဒေသတွေ ရှိဖို့လိုနေပါပြီ။ တလောတုံးကလည်း လဖက်တွေမှာ ဆိုးဆေးတွေ ပါတယ်ဆိုပြီး လက်ဖက် တံဆိပ်တော်တော်များများ ရောင်းချခွင့် အပိတ် ခံရပါတယ်။ နောက်တော့ ငါးပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။ အရက်ကိစ္စကိုတော့ စစ်အစိုးရက ဘာမှ မပြောဘဲ အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက်ကုမ္ပဏီတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ ဆွေမျိုး တွေ ရှယ်ယာပါထားလို့ဘဲ ဖြစ်နိုင် ပါတယ်။ အရက်နဲ့ သေခဲ့ရတဲ့ စာပေနဲ့ အနုပညာ လောကက လူလတ်ပိုင်း အရွယ် ကောင်းတွေကို ပမာထားပြောရတာကတော့ မြင်လွယ်အောင် သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက်စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်းတွေနဲ့ ချက်တဲ့ စိတ်မချရတဲ့ အရက်ဆိုးတွေကို သောက်သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တနှစ်တနှစ် ဘယ်လောက်သေနေရ တယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ အရက်ရောင်းချခြင်းဟာ တော်တော်လေး ဖွံ့ဖြိုးလာတာနေတာ အမှန်ပါဘဲ။ သို့သော် စိတ်ချရပြီး စနစ် တကျ ရှိတဲ့ အရက်ချက်လုပ်ခြင်း မဖွံ့ဖြိုးသေးဘူး ဆိုတာကိုလည်း မြင်နေရပါတယ်။ သို့သော် တဖက်မှာ ကြည့်လိုက်ပြန် တော့လည်း ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်းတွေကို သုံးပြီး အမြန်ချက် အမြန်ရောင်းတဲ့ နေရာမှာတော့ စကော့တလန် က ဝီစကီချက် သူတွေတောင် လိုက်မမှီအောင် တိုးတက်ဖွံ့ဖြိုးနေပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၅ ရက် ဇန်နဝါရီလ ၂ဝ၁ဝ ခုနှစ်
http://www.mizzimaburmese.com/edop/songpa/4656-2010-01-25-09-35-30.html

အပြည့်အစုံသတင်းဖတ်ရန်....

အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ




မီးပျက်ခြင်းနှင့် မြန်မာပြည် ဆိုပါလျှင် တစ်ကမ္ဘာလုံးက သိပြီးသားဖြစ်နေပါပြီ ။ မြန်မာလူမျိုးများအတွက်ကလည်း တစ်ထောင့်တစ်ည ပုံပြင်ကဲ့သို့ ပင် ပြောလို့ ပင် မဆုံးနိုင်သော မရိုးနိုင်သည့်
ဇတ်လမ်းကြီးတစ်ပုဒ်ပါပဲ ။ စစ်အစိုးရ အဆက်ဆက် ပြောလာလိုက်ကြတဲ့ ဒီပုံပြင်ကြီးက (န.အ.ဖ) လက်ထက်မှာ အဆိုးဝါးဆုံးဖြစ်နေရပါပြီ ။ အလွန် ကတိသစ္စာမဲ့သော ၊ အပြောနှင့်အလုပ်မညီသော ၊
ယောကျာင်္းမပီသသော ၊ စစ်သားများ အဆက်ဆက် ပေးလိုက်တဲ့ ကတိတွေ ။ ဘယ်တော့မှ မတည်ပါဘူး ။
အခုစစ်အုပ်စုက အဆိုးဆုံး ။ သတင်းစာဆိုတာ ….အတင်းအဖျင်းနဲ့ ၊ ကြော်ငြာမျှ လောက်သာပါတော့သည် ။
အငှားဗိုက်နှင့်ဓါးထိုးခံခိုင်းသော သတင်းမကျ အတင်းမကျ အဖျင်းမကျ ကောလဟလ ဆန်ဆန် သတင်းမျိုးကိုတော့ ( အငှားဗိုက် ) ဂျာနယ်တွေမှာ ဖေါ်ပြစေပါတယ် ။ အဲဒါကို ယုံရမှာလား ?မယုံရဘူးလား?
ဒီမေးခွန်းကို ဘယ်သူဖြေနိုင်သလဲ ။ တပ်မတော်အစိုးရ လို့  တမျိုး ၊ နိုင်ငံတော်အစိုးရ လို့  တဖုံ ။ ကိုယ့်ကိုယ်ကိုယ် အမျိုးမျိုး အမွှန်းတင်နေပြီး ။ သတ္တိမရှိတဲ့ မိန်းမရှာ စစ်သားတွေဟာ ၊ တယ်လီဖုံးတွေ bill
တိုးကောက်မယ်ဆိုတာတောင် ၊ ကောလဟလ ဆန်ဆန် ဂျာနယ်ကနေ ပြောခိုင်းတယ် ။ ၂၀၀၈ ခုနှစ်မှာ မြန်မာ
တစ်နိုင်ငံလုံး မီးထိန်ထိန် လင်းတော့မယ်ဆိုပြီး ၊ ဂျာနယ်တွေကို ပြောခိုင်းခဲ့ဘူးသေးတယ် ။ မီးက တကယ်မလာခဲ့ဘူး ။ သူတို့ ကပြောမယ်လေ အဲဒါဂျာနယ်ကပြောတာ ။ သတင်းစာကပြောတာ မဟုတ်လို့ 
တရားဝင်မဟုတ်ဘူး ဆိုပြီးပေါ့ ။ အဲဒီလို ( အခြောက် ) ( gay ) ဆန်ဆန် ပြုမူပုံတွေအကြောင်းကလည်း ၊ ပြည်သူတွေအကြားမှာ ရေပန်းစား နေတဲ့ ဗိုလ်ချုပ်တွေအကြောင်း ခေတ်အမီဆုံး စကားတွေပါပဲ ။

အခု၂၀၁၀ ခုနှစ်ရောက်လာပြီ ။ ၂၀၀၈ ကတည်းက တပြည်လုံးမီးထိန်ထိန်လင်းမယ်ဆိုတဲ့ ၊ မိန်းမလျာ တွေရဲ့ 
ကတိစကားတွေဟာ ဘာမှဖြစ်မလာခဲ့ပါဘူး ၊ သဲထဲကို သေးပေါက်ရင်တောင် အမြှုပ် ကလေးလောက်တော့ တင်ကျန်ဦးမယ် ။ သူတို့ စကားတွေက ဘာမှအဖတ်မတင် အရည်မရ ။
အခုတော့ မှောင်နက်မဲမဲထဲမှာ ပြဿနာ အကျိုးဆက်တွေ တလှေကြီးပါပဲ ။မီးတွေက ပျက်မယ်ဆိုပြီး ပြောထားတဲ့ အချိန်တွေမှာပျက်ပါတယ် ။ လာမယ်လို့ ပြောတဲ့ အချိန်တွေမှာ မလာပါဘူး ။ ခဏလောက် အလာပြပြီး ပြန်ပြီး ဖျက်လိုက်ပါတယ် ။ ငါးမိနစ် ဆယ်မိနစ်လာတာရှိသလို ၊ တစ်မိနစ်ပြည့်အောင် မလာသေးပဲ ဖျက်လိုက်တဲ့အခါတွေလည်း ရှိပါတယ် ။ ရေမော်တာကို မီးအလာမှာ အပြေးအလွှား ဖွင့်လိုက်ရပေမဲ့ ချက်ချင်းပဲ ပြန်ပျက်သွားလို့  မပိတ်လိုက်ရတာကြောင့် နောက်တခါမီးအလာမှာ မော်တာကပြန်လည်တာကို မသိလိုက်ပဲ မီးအားကျတာနဲ့ ကြုံလို့  မော်တာလောင်သွားတာတွေ ၊ ပိုက်ထဲမှာရေမရှိပဲ လည်နေပြီး လောင်သွားတာတွေ ၊မီးမလာပဲနေရာက လာလိုက်တဲ့မီးဆောင့်ပြီး ရှော့ဖြစ်ရာကမီးလောင်တာတွေ ။ မီးမလာတဲ့ထဲမှာ ဖယောင်းတိုင်နဲ့ စာကျက်ရင်း မီးလောင်ရတာမျိုး ၊ မီးမလာပေမဲ့ အလုပ်ဖြစ်အောင်လုပ်နေရတဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေ ၊ စားသောက်ဆိုင်တွေ ၊ သင်တန်းကျောင်းတွေ ၊ အင်တာနက်ကဖေးတွေ
မှာသုံးရတဲ့ လောင်စာဆီတွေအတွက် ကုန်ကျရတာတင်မကသေးပါဘူး ၊မီးကိုအမီပြုပြီး စီးပွါးရေးလုပ်နေရတဲ့ ၊ လုပ်ငန်းရှင်တွေရဲ့  စီးပွါးရေးခက်ခဲမှုတွေကတိုးသထက်တိုးလို့ လာနေတော့တာပါပဲ ၊ အဆိုးဆုံးထဲက တခုကတော့ မီးမလာလို့ ၊ လာလိုက်ပျက်လိုက်ဖြစ်နေလို့ ၊ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျောင်းသူ ကျောင်းသားတွေ ကို အမှောင်ကို ကြိုက် ၊ မှောင်မှထွက်လာတတ်တဲ့ ၊ခေတ်အမီ ဆုံး ၊ နောက်ဆုံးပေါ်
ခြင်ပုန်းတွေကြောင့် စာမေးပွဲတွေနီးနေတဲ့အချိန်မှာ ရရှိခံစားလာကြရတဲ့ ၊ (သွေးလွန်တုပ်ကွေး )
ရောဂါနဲ့ ဆေးရုံတွေမှာ ကလေးတွေ တပုံကြီး တင်ထားရတာပါပဲ ။ အခုဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးဟာ
ဟိုစဉ်ကဖြစ်ခဲ့ကြဘူးတဲ့ သွေးလွန်တုပ်ကွေးများနှင့်မတူလို့  ။ sign တွေမတူတဲ့ အဖြစ်တွေကြောင့် ၊ တလောဆီက ၀မ်းနည်းဖွယ် သေဆုံးရတဲ့ သေဆုံးမှုတွေ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေမှာဖြစ်ခဲ့ရပြီ ။
ဓါးစာခံဖြစ်သွားရတဲ့ ဆရာဝန်ကြီးတွေအတွက်လည်းနစ်နာသလို ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆုံးရှုံးမှုတွေ
လည်းဖြစ်ခဲ့ရတယ် ။ မီးမရှိလို့ ၊ မီးမလာလို့ … နောက်ဆက်တွဲတွေကို ဖြစ်စေခဲ့တာ .. ဘယ်သူတွေလဲ ။
လူတိုင်း ခံစား သိရှိမှာပါ ။ အထက်တက်ဖို့ နေပါအုံးဗျာ ။ အောက်ကဟာလေးလုံအောင်ဖုံးပါဦး ။
အပြောကတော့ ( ငအောပဲ ) ။ ဘာမှဖြစ်မလာတဲ့ ( ဂျီပုန်း ..စစ်သား ) တွေရဲ့ အလိမ်အညာစကားတွေဟာ
မြန်မာပြည်သူတွေမှာ မဖေါ်ပြနိုင်တဲ့ အကျိုးဆက်များကို ဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်ဆဲ ဖြစ်လာဦးမှာပါပဲ ။
စည်းမရှိ ကမ်းမရှိ ညာချင်တိုင်းညာ လိမ်ချင်တိုင်းလိမ် ၊ အဲဒီလို ပါးစပ်တွေနဲ့ စစ်သားတွေက ၊ ကမ္ဘာပေါ်မှာ
လုံးဝမကြားဘူးသေးတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ဦးမယ်တဲ့ဗျာ ။
စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ ( နေပါဦး ) ။ စည်းကမ်းမဲ့ တဲ့ ကိုယ့်ပါးစပ်တွေ အရင်ပြင်ပါဦး ။
စည်းမဲ့ကမ်းမဲ့ ပြောချင်ရာပြော ၊ လုပ်ချင်ရာတွေကို ၊ အရှက်မရှိ မတရားသဖြင့် လုပ်ကြဦးမဲ့…….
၂၀၁၀ ဆိုတာ လူတိုင်းသိတဲ့ ၊ ပြည်သူတွေအတွက် ဖြစ်လာဦးမဲ့ အကုသိုလ်အကျိုးဆက်တွေပါပဲ ။
လူမှုရေး ၊ စီးပွါးရေး ၊ ပညာရေး ၊ ကျန်းမာရေး ….အလုံးစုံကျဆင်းနေရခြင်းရဲ့ အကြောင်းရင်းကိုစစ်လိုက်တော့၊
စစ်သားပီပီ ကတိမတည်ခဲ့ကြခြင်းရဲ့  အကျိုးဆက်တွေပါပဲ ။ (စည်းကမ်းမဲ့ပါးစပ်တွေကြောင့်ပါပဲ)။
အ ဘ ယ ။။


အပြည့်အစုံသတင်းဖတ်ရန်....

Thursday, January 28, 2010

မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လုံသေး

29 January 2010

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတာ နိုင်ငံတကာက သံသယ ရှိနေဆဲ ဖြစ်ပေမဲ့ လောလောဆယ် အထောက်အထားတွေအရ အခိုင်အမာ မပြောနိုင်သေးဘူးလို့ နိုင်ငံတကာ သုတေသန အဖွဲ့တခုက ပြောကြားလိုက်ပါတယ်။ ISIS ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ ရေးသားချက်တွေကို အမေရိကန် အစိုးရက မလေ့လာ ရသေးပေမဲ့ နျူကလီးယား လက်နက် ပျံ့နှံ့မယ့် အရေးကိုတော့ စိုးရိမ်ကြောင်း မြန်မာစစ်အစိုးရကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ISIS ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက် ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ဒီနေ့ ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ နျူကလီးယားစက်ရုံ တည်ဆောက်ရေး ဖြစ်တယ်ဆိုတဲ့ မန္တလေးမြို့နားက မြင်ကွင်းတွေကို ညွှန်းဆိုထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ ဘာများပြောစရာရှိလဲလို့ မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မေးမြန်းခဲ့ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ (Philip Crowley) ကတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေမှာ နျူကလီးယား ပျံ့နှံ့တဲ့ကိစ္စအပေါ် စိုးရိမ်မကင်းကြောင်း ထည့်သွင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအစီရင်ခံစာကို သူတို့ မလေ့လာရသေးဘူးလို့ ဖြေသွားပါတယ်။

ISIS ရဲ့ Burma Nuclear Ambition ဆိုတဲ့ အစီရင်ခံစာမှာ အဓိက ဖော်ပြထားချက်ကတော့ မြန်မာအစိုးရက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံမှုတွေအရ ဒါဟာ နျူကလီးယားကိစ္စ ဒါမှမဟုတ် ဒုံးနဲ့ပတ်သက်ပြီး အဆင့်မြင့် နည်းပညာပိုင်းအရ ပတ်သက်မှုတွေ ရှိနိုင်တယ်လို့ နိုင်ငံတကာက သံသယရှိနေတဲ့ ကိစ္စကို သေချာ ပြန်လည်စိစစ် သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ ရထားတဲ့ အချက်အလက်တွေကို ဆန်းစစ်ကြည့်တော့ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို လျှို့ဝှက် တည်ဆောက်နေတယ်ဆိုတာ၊ နျူကလီးယားနဲ့ ပတ်သက်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မပြနိုင်ဘူးလို့ ဆိုပါတယ်။

တလောက သတင်းတွေမှာ ပေါ်ထွက်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ပေါင်းပြီး မြန်မာနိုင်ငံမှာ လိုဏ်ခေါင်း တူးဖော်တဲ့ ဓာတ်ပုံတွေ၊ နျူကလီးယား ဓာတ်ပေါင်းဖို ဖြစ်တယ်လို့ ယူဆရတဲ့ ကောင်းကင်ဂြိုဟ်တုက ရိုက်ယူထားတဲ့ အဆောက်အဦးပုံတွေကို သေချာ စိစစ်ကြည့်တဲ့ အခါမှာတော့ ဒါဟာ နျူကလီးယားစက်ရုံနဲ့ မပတ်သက်ဘဲ ရေလှောင်တမံလုပ်ငန်းနဲ့ ဆိုင်တဲ့ ပုံတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ရှိနေတဲ့ နောက်အမြင်တခုကတော့ မြောက်ကိုရီးယား နျူကလီးယား လက်နက် အစီအစဉ်အတွက် လိုအပ်နေတဲ့ ပစ္စည်းတချို့ကို မြန်မာနိုင်ငံကတဆင့် ၀ယ်ယူပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။ မြောက်ကိုရီးယား ယူရေနီယံ သန့်စင်ရေး လုပ်ငန်းအတွက် တဆီးအချို့ကို မြန်မာနိုင်ငံကတဆင့် မြောက်ကိုရီးယားကို ရောက်ရှိနေတယ်လို့ ယူဆစရာရှိတယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဟာ ပွင့်လင်းမှုမရှိတဲ့ အစိုးရ ဖြစ်တာမို့ ဒီအချက်အလက်တွေကို ခိုင်လုံအောင် စုံစမ်းစစ်ဆေးဖို့တော့ ခက်ခဲတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်နွယ်တယ်ဆိုတဲ့ လိုဏ်ခေါင်းတွေကို သတင်းဌာနတွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စစ်အရာရှိဟောင်း တဦးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်းတဦးကိုတော့ မကြာခင်ကဘဲ မြန်မာစစ်အစိုးရက သေဒဏ် အပြစ်ပေးခဲ့ပါတယ်။ http://www.voanews.com/burmese/2010-01-29-voa3.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ဘုရားရိုက်မည့် နွားငမိုက်များသို့ …


ဇာဂနာ
အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။

(ဇာဂနာ့ဝက်ဘ်ဆိုက်မှ ...)

(ကိုဇာဂနာရဲ့ ၄၉ နှစ်ပြည့် မွေးနေ့ သို့ )

အပြည့်အစုံသတင်းဖတ်ရန်....

နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သံသယဖြစ်ကြောင်း ပြောဆို....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဟု သံသယဖြစ်မိကြောင်း ပြောဆိုတယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ နေ့လည်(၁)နာရီ မှ(၃)နာရီခွဲ အထိ (၂)နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရတဲ့ ကိစ္စ၊ နောက်ပြည်ထဲရေးဝန်ကြီး ပြောတဲ့ကိစ္စနဲ့ အဖွဲ့ချုပ်ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်.....။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်နေတာ တဝက်တပျက်မှာ စည်ပင်က တဝက်တပျက်မှာ ရပ်ဆိုင်းခိုင်းပါတယ်......။ ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်တယ်....။ အဲ့ဒီကိစ္စအတွက် လာမယ့် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ တရားရုံးမှာပြန်ပြီး သဘောထားတင်ပြရမှာပါ....။ အဲ့ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ .....

ဒီနေအိမ်ပြင်ဆင်ခွင့်ရဖို့ အတွက်စည်ပင်မှာ ပြင်ဆင်ခွင့်တောင်းပြီးမှ ပြင်ဆင်ခဲ့တာပါ။ နောက်အကျိုးအကြောင်း ဘာမှမသိရပဲ ပြင်ဆင်ခွင့်တားမြစ်ခဲ့တယ်...။ နောက်အခု ဦးအောင်ဆန်းဦးက တရားရုံးမှာ တားဝရမ်းလျှောက်ထားတယ်.... ဒါတွေကို ခြုံငုံစဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်လို့ ပြောပါတယ်...။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ယခုတဖန် ဦးအောင်ဆန်းဦးမှ နေအိမ်ပြင်ဆင်မှုရပ်ဆိုင်းပေးဖို့ တရားရုံးမှာ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ အတွက် တရားရုံးမှ တားဝရမ်းထုတ်ခြင်းဖြစ်ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည် နေအိမ်အခြေအနေနဲ့ ပတ်သတ်ပြီး ဆက်လက်ပြောဆိုရာမှာ " အိမ်ကတဝက်တပျက် တို့လို့တန်းလန်းဆိုတော့ ပစ္စည်းတွေက ဟိုနားပုံ ဒီနားပုံပေါ့ ..... အပေါ်ထပ်မှာ မျက်နှာကျက်ကျောက်ပြားတွေ ခွာထားတယ် အိမ်ခေါင်မိုးတွေက ဟောင်းနွမ်းနေတော့ အောက်ကနေကြည့်ရင် အလင်းရောင်တွေ မြင်နေရတာပေါ့.... အိမ်ကဟောင်းနွမ်းနေတော့ နေရာတိုင်းမှာပြင်ဆင်ဖို့ လုပ်ထားရတာလေ ... တဝက်တပျက်နဲ့ ရပ်ဆိုင်းလိုက်ရတော့ နေရထိုင်ရတာ အဆင်မပြေဘူးလို့ အန်ကယ်မြင်တယ်... ဒေါ်အောင်ဆန်းစုကြည်ကတော့ နေထိုင်ရတာနဲ့ပတ်သတ်ပြီး ဘာမှမပြောပါဘူး"

ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ နိုဝင်ဘာလမှာ လွှတ်ပေးမယ် ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ....
........ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားချက် တကယ်မှန်ခဲ့မယ်ဆိုရင် ဒါဟာမတရားတဲ့ ပြောကြားချက်ဖြစ်တယ်.. နိုင်ငံတော်တရားရုံးချုပ်မှာ ပြင်ဆင်ဖို့တင်ထားချိန်မှာ ဒီလိုပြောကြားချက်က တရားဥပဒေကို လွှမ်းမိုးတဲ့ သဘော သက်ရောက်နေတယ်လို့ ပြောဆိုပါတယ်....

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့မှာ မြို့တော်ခန်းမမှာကျင်းပတဲ့ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား ဒီနှစ်နိုဝင်ဘာလမှာ လွတ်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ပါတီအရေးကိစ္စများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်......။

သတင်း...ဒီမိုဝေယံ
http://www.demowaiyan.co.cc/2010/01/blog-post_29.html

အပြည့်အစုံသတင်းဖတ်ရန်....

မွှေးလွန်းသည့်ပန်း (သို့) MAI

Summary
ဒီရက်ပိုင်းမှာ သတင်း တစ်ပုဒ်က အရမ်းမွှေးကြိုင်နေပါလား ? MAI လေကြောင်းလိုင်းက ၀န်ဆောင်မှုတွေ အရမ်းကောင်းနေတယ် ဆိုပဲ။ မနေ့ကဖော်ဝပ်မေးလ်ရောက်လာတော့ ဖတ်လိုက်တာ ကျွန်တော်တို့ ညီအကိုတော် ဒီစလုံးကနေခွင့်နဲ့ မြန်မာပြည် ပြန်တာလေ ( မြန်မာ အင်တာနေရှင်နယ် အဲယားဝေး )လေယာဉ်ပျံ ကြီးနဲ့ပေါ့။


ဘာပဲပြောပြော အိမ်အပြန်လမ်းမှာ ဘယ်သူမဆို ပျော်တပြုံးပြုံး နဲ့နေမှာပေါ့။ လေယာဉ်ကြီးစီးပြီး၊ လေဆိပ်မှာစောင့်နေမယ့် မိသားစု ၀င် တွေမြင်ယောင်ရင်း၊ လေယာဉ်မယ် ချောချောလေး ငမ်းရင်းနဲ့... ကဲ ဘယ်လောက်တောင်ပျော်ရွှင်ဖွယ် ကောင်းတဲ့ အိမ်ပြန်ခရီးလည်း ?
ပျော်ရွှင်ဖွယ် ခရီးစဉ်ကို စတင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ရန်ကုန်လေဆိပ် ရောက်တဲ့ အချိန်ပဲ။ လ၀က ဖြတ်မယ်။ ပြီးရင် ပစ္စည်းရွေးမယ်။ဟိုမှန်တစ်ဘက်ခြမ်းက မိသားစုတွေက လက်တပြပြနဲ့ ကိုယ်တွေကလည်း အပြင်မြန်မြန် ရောက်ချင်နေပြီလေ။ ပြဿနာက ပစ္စည်းရွေးတဲ့ နေရာမှာ စတာပဲ။

ငါ့အိတ် ဘယ်မှာလည်း ? ငါ့အိတ် ဘယ်မှာလည်းနဲ့ ရှာနေတဲ့သူတွေတော်တော်များတယ်။ ပစ္စည်းရွေးတဲ့နေရာမှာ လည်နေတဲ့ ရထား ကြီးကခေါင်းမူးနေရောပေါ့။ အိတ်တွေက တော်တော် များများ ပါမလာကြဘူး။ အဲတာနဲ့ MAIကောင်တာမှာ သွားမေးကြတော့ ပစ္စည်း တွေ စင်္ကာပူမှာ လေယာဉ် သယ်ဆောင်နိုင်တဲ့အလေးချိန်ထက် ကျော်လွန်နေလို့ ချန်ထားခဲ့ရတာတဲ့ နောက်တစ်ပတ် သောကြာ လေ
ယာဉ်နဲ့ ပါလာလိမ့်မယ်တဲ့။ အဲ့ဒီတော့မှာ လာရွေးကြပါတဲ့ ခင်ဗျး)

အဲဒီမှာ ကျွန်တော်တို့ ကိုယ်တော်က မန္တလေးထိ ပြန်ရမှာလေ ရန်ကုန်မှာ ဘယ်လိုလုပ်စောင့်နေရမှာတုန်း ? ကိုယ်က မြန်မာပြည်ကို ခွင့်နဲ့ ပြန်လာတဲ့ ကာလဟာအင်မတန် တန်ဖိုးရှိတဲ့ ကာလပါ။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ စိတ်အနှောင့်အယှက်မဖြစ်ချင်လို့ ထင်ပါ့ ဆရာက မန္တလေး ပြန်သွားတာ။ ချိန်းထားတဲ့ ရက်ပြန်လာရွေးတော့ ဆရာသမားအိတ်က ပျောက်သွားပါပြီတဲ့ ခင်ဗျာ....

အဲမှာ ရုပ်လုံးကပေါ်တော့မယ် MAI ရုပ်လုံးပေါ့။ ဒီပစ္စည်း ပျောက်တဲ့ပြဿနာကို လေကြောင်းလိုင်းက လျှော်ကြေး ပေးပါ့မယ်။ ( အိတ် တစ်လုံးကိုအမေရိကန် ဒေါ်လာ 200 တဲ့ ခင်ဗျ ) ။ ပြီးတော့ MAI စာရွက်မှာ ဤ ဖြစ်ပြီးကိစ္စသည် လေကြောင်းလိုင်း တာဝန် မဟုတ်ကြောင်း လက်မှတ် ရေးထိုးပေးရမယ်တဲ့ခင်ဗျ။ ဒါဟာ ဘာလည်း စော်ကား တာ လား ? ပမာမခန့် လုပ်တာလား ?
အထင်သေးတာလား ? အိတ်တစ်လုံးကို U$ 200 လို့ သတ်မှတ်ရအောင် အိတ်အတွင်းပါပစ္စည်းကို သူတို့တွေ သိကြလို့လား ? ပြန်လည် အစားထိုး မရနိုင်တဲ့အရာမျိုးဆိုရင် လေကြောင်းလိုင်းက ဘယ်လို တာဝန်ယူပေးမှာလည်း ?

ဒီကိစ္စဟာ လေကြောင်းလိုင်းကို အားပေးတဲ့ ခရီးသည်ကို စော်ကားတာပဲ။ အိတ်တစ်လုံးကို U$ 200 တန်ဖိုး ဖြတ်တာကလည်း LEVI'S
တစ်ထည်တောင်မှ U$ 200 ကျော်တယ် ဆိုတာ သိထားစေချင်တယ်။ နိုင်ငံခြားပြန်တစ်ယောက် သယ်ယူသွားတဲ့ အိတ်တန်ဖိုးကို အကြမ်းအားဖြင့်တော့ခန့်မှန်းနိုင်ကြမှာပါ။ ထားလိုက်ပါတော့ အသေးစိတ်တွေ ပြောမနေတော့ပါဘူး။

ဒါနဲ့ လေကြောင်းလိုင်းက လက်မှတ်ထိုးခိုင်းတော့ ဆရာက ဘယ်ထိုးပါ့မလည်း။ လူကိုများ တော်တော်အတယ် ထင်နေကြလား မသိဘူး လေကြောင်းလိုင်း ၀န်ထမ်းတွေက။ ဆရာသမားက ပြန်ပြောလိုက်ပါတယ် ခင်ဗျားတို့ တာဝန်ပျက်ကွက်မှု၊ ခင်ဗျားတို့
လုံခြုံ စိတ်ချမှု မရှိတဲ့ လေကြောင်း ၀န်ဆောင်မှု၊ တာဝန်ကိစ္စ အ၀၀တွေကို ဒီ US $ 200 နဲ့ ပါးစပ်ပိတ်မယ်။ လျှော်ကြေးပေးမယ်ပေါ့တဲ့။ ( ကြည့်စမ်းပါဦးခရီးသည်တွေကို စော်ကားချက် )

ဆရာသမားကတော့ ခင်ဗျားတို့ ပေးတဲ့ ငွေလည်း မယူဘူး။ ပျောက်သွားတဲ့ပစ္စည်းကိုလည်း ရေစက်ချလိုက်မယ်။ ပြီးတော့ ဒီကိစ္စ ကိုလည်းအများသိအောင်လည်း ဖွင့်ချရမယ် လို့ပြောပြီး စင်္ကာပူ ပြန်လာတာပေါ့။ဟိုကလည်း အဲလို့ လုပ်မယ်ပြောတော့ နည်းနည်း တော့ ဖြုံသွားမယ် ထင်ပါ့မလုပ်ပါနဲ့ ဘာညာ လိုက်တောင်းပန်ပေမယ့် ဆရာသမားက ရင်နာနေပြီ လှည့်ကိုမကြည့်တော့ပါဘူး။ ကိစ္စတွေက ပြီးခဲ့ပြီလေ။( အထက်ပါ အကြောင်း အရာနှင့် တွေ့ဆုံခဲ့သူသည် ယခု လက်ရှိ စင်္ကာပူတွင်နေထိုင်နေပါသည် )

ကျန်ပါသေးတယ်ဗျာ ... ကျွန်တော်တို့ လုပ်ငန်းခွင်တူ ညီအကိုပြန်စဉ်တုန်းကလည်း ရန်ကုန်တွင် ပစ္စည်းပါမလာ နောက်နေ့တွေမှ လေဆိပ်တွင်သွားရောက်ရွေးယူရပါသည်။ ခွင့်ပြည့်လို့ စင်္ကာပူ ပြန်လာသည့်ခရီးစဉ်တွင်လည်း ပစ္စည်းက ရန်ကုန်တွင် ကျန်ရစ်၊ နောက်နေ့တွင်မှ အိမ်လိပ်စာအတိုင်း လာရောက်ပို့ပေးသည်။ အဲ ကွာတယ်နော် ရန်ကုန်မှာကျတော့ကိုယ်တိုင်ရွေးယူ။ စင်္ကာပူ မှာကျတော့ အိမ်လိုက်ပို့တယ်။ စာဖတ်သူတွေနည်းနည်းတွေး ကြည့်ကြနော် ဘာတွေကွာတာလည်းလို့ ?

နောက်တစ်ယောက်ကတော့ ကျွန်တော့် အရင်းနှီးဆုံးမိတ်ဆွေ ခွင့်နဲ့ပြန်တာပါပဲ။ စင်္ကာပူ ပြန်မယ့်ရက်စွဲကို ကွန်ဖမ်း လှမ်းလုပ်တာ ဖုန်းနဲ့
ရန်ကုန်က MAI လေကြောင်းရုံးကိုပေါ့။ ဆက်ဆံရေး တော်တော် ပြေပြစ်တာပဲတဲ့။ နာမည်ပြော ဖုန်းနံပါတ်ပြော ဂွပ် တန်းချလိုက် တာပဲတဲ့ စကားပြောခွက်ကို။ တော်တော်လေးကို ယဉ်ကျေးတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပဲဗျ နော်.... ဘယ်လို
လုပ်ပြီး အဆင့်မြင့် သယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းမှာအလုပ်ရနေပါလိမ့်။ လမ်းဘေး ဈေးသည်လောက်တောင် ဆက်ဆံရေး မကောင်းပါလား။

အထက်ပါ အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တဲ့ သူတွေက ကျွန်တော်နဲ့ သိကျွမ်းတဲ့သူတွေကြီးပါပဲ အသေးစိတ် ရက်စွဲ လေကြောင်း အမှတ်စဉ် သိချင်ရင် လည်းရှိပါတယ်လို့။

ကဲအခု ကျွန်တော့် အမြင်ကို နည်းနည်းတော့ ရေးမယ်ဗျာ....
ကျွန်တော်တို့ ခရီးသည် တစ်ဦးမှာ သယ်ယူလို့ ရနိုင်တဲ့ အလေးချိန်၊လေကြောင်းလိုင်းက ခွင့်ပြုတဲ့ အလေးချိန် အတိုင်းပဲ ကျွန်တော်တို့
သယ်ယူခွင့် ရှိတာနော်။ ဒါဆို ပစ္စည်းအလေးချိန် မနိုင်လိျု့န်ရစ်ခဲ့ရတယ်ဆိုတာ ဘာကြောင့်လည်း ? သေချာတာ တစ်ခုကတော့ သပြေနုနဲ့
ရဲရင့်ကပဲ လေကြောင်းလိုင်းကို အခက်အခဲ ဖြစ်စေတာ နေပါလိမ့်မယ်.။

ပြီးတော့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရန်ကုန်အနေနဲ့က ကိုယ်တိုင် လေဆိပ်ဂိုဒေါင်မှာ သွားရောက် ထုတ်ယူရပြီး၊ စင်္ကာပူ နိုင်ငံမှာ ကြတော့ ဘာလို့အိမ်တိုင်ယာယောက် လာပို့ပေးရတာလည်း ?
အဲဒီလို ပစ္စည်းတွေ ကျန်ရစ်ခဲ့မယ် ပျောက်ရှခဲ့မယ်ဆိုရင်လေကြောင်းလိုင်းကို အားပေးသူ ခရီးသည်တွေ အနေနဲ့ ရှေ့ဆက်ပြီး....
ရှေ့ဆက်ပြီး.......

ယခင်ကဆိုလျှင် သေတ္တာထဲမှ ပစ္စည်းများအနှိုက်ခံရရုံသာ ယခုကတော့သေတ္တအလုံးလိုက်ပါ အပျောက်ရိုက်နေကြသလော...ဝန်ထမ်းများ ဒီလောက်တောင်ကိုယ်ကျင်တရားပျက်ပြားနေကြသည်မှာမည်သူ့ တွင်တာဝန်ရှိပါသနည်း....

မှတ်ချက်။http://datacarrier.blogspot.com/မှမျှဝေဖေါ်ပြသည်
ကိုဝဏ္ဍက လက်တို့ တဲ့သတင်းပါ

အပြည့်အစုံသတင်းဖတ်ရန်....

လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိမ်းခြောက်ထား

ကို(၂)/ ဇန်န၀ါရီ ၂၇၊ ၂၀၁၀
ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်း စခန်းထိုင်သည့် စစ်အစိုးရတပ် ခလရ ၁၂ သည် ရွာသားများအား လုပ်အားပေးစေခိုင်းမှုများ ပြုလုပ်နေပြီး သတင်းပေါက်ကြားမှုများ ရှိပါက ကျေးရွာများအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောပါသည်။

ခလရ ၁၂ တပ်ရင်းသည် ယခုနှစ် တပ်အပြောင်းအလဲ လုပ်ချိန်၌ ဒီမောဆိုမြို့နယ်အတွင်း အခြေစိုက်သော ခလရ ၂၉၅ တပ်ရင်းဖြင့် အစားထိုး ရောက်ရှိလာသည့်တပ် ဖြစ်သည်။

“သူတို့ လာနေတဲ့ တပ်အားလုံးလိုလိုက ခြိမ်းခြောက်ပြီး ပြောတာပဲ။ တပ်တွင်း လုံခြုံရေး တစုံတရာ ထိခိုက်လာမယ်ဆိုရင် ခင်ဗျားတို့ရွာ မီးလောင်စေရမယ်။ ရွာမရှိစေရဘူး” ဟု ဒေါတမကြီးကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ပြောသည်။

ကျေးရွာသူ၊သားများမှ နေ့စဉ်အလိုက် တပ်၏ လိုအပ်မှုများကို ဖြည့်စည်းပေးနေရပြီး သစ်၊ ၀ါးများခုတ်ခြင်း၊ ထင်းပို့ခိုင်းခြင်း၊ ရေခပ် ခိုင်းခြင်းများ၊ တပ်ခြံစည်းရိုး ကာခိုင်းခြင်းများ၊ ဆက်သွယ်ရေးမြောင်း တူးခိုင်းခြင်းများ လုပ်ပေးနေကြရသည်ဟု ဆိုသည်။

“ထင်းကို တလတကြိမ် နွားလှည်းနဲ့ လာပေးရတယ်။ တရွာကို နွားလှည်း ၃ စီးနဲ့ တင်လာပေးရတယ်။ ရေကိုတော့ ပုံမှန်တရက်ကို ၂ ပုံး တင်လာပေးရတယ်။ မိန်းခလေးရော ယောက်ျားလေးပါပေါ့။ အကုန်ခေါ်တယ်။ လုပ်နိုင်တဲ့ လူတွေ အကုန်လုံးကို ခေါ်လာတယ်” ဟု ဒေါတမကျေးရွာအုပ်စုမှ ရွာသားတဦးက ဆက်ပြောသည်။

ခလရ ၁၂သည် ကျေးရွာများ၏ အိမ်မွှေးတရိစ္ဆာများကိုလည်း ခွင့်တောင်းခြင်း မရှိပဲ သတ်စားသည်ဟု ဒေါတမကျေးရွာအုပ်စုထဲမှ အခြား ရွာသားတဦးကလည်း ပြောဆိုသည်။

၎င်းက “ကျနော်တို့ရဲ့ အိမ်မွှေးတရိစ္ဆာကိုလည်း ပစ်သတ်စားနေတယ်။ ၀က်ကို ပစ်သတ်လို့ မသေပဲ ဒဏ်ရာနဲ့ ပိုင်ရှင်ထံ ပြန်ရောက်လာတဲ့ ၀က်တော့ ကျနော်တို့ ရွာမှာ ၂ ကောင် ရှိပြီ။ ကြက်၊ ၀က်တွေကို ခိုးကြောင်ခိုးဝှက်နဲ့ သတ်စားနေတာ ရှိတယ်” ဟု ပြောသည်။

ယခုလို တပ်၏ လိုအပ်ချက်များ ဖြည့်စည်းပေးနေရ၍ ဒေသခံရွာသားများသည် အလုပ်အကိုင်ပျက်ပြီး မိသားစု စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြသည်ဟု ဆိုသည်။

ခလရ ၁၂ တပ်ကို ပုံမှန်လုပ်အားပေးနေရသော ရွာများမှာ ဒေါတမကြီးကျေးရွာအုပ်စုတွင်းရှိ ဒေါတမကြီး၊ ဒေါညေခူ၊ ဒေါဆော်ကလဲ၊ ဒေါဆော်ဖျ၊ ဒေါကော့နှင့် ဒေါတရှရွာတို့ ဖြစ်ကြသည်။

စစ်အစိုးရသည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံတို့အကြား အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ လွတ်လပ်စွာ တိုင်ကြားမှုများနှင့် ပတ်သက်သည့် စာချုပ်လွှာကို (IL0)နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် သက်တမ်းတိုးခြင်းသည် တတိယအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။

အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လယ်ယာ အိမ်ယာမြေများ သိမ်းယူမှု၊ ကလေးစစ်သားအဖြစ် အသုံးပြုမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဆက်လက်ကျူးလွန်နေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးစောင့် ကြည့် လေ့လာရေးအဖွဲ့က ပြောဆိုထားသည်။
http://www.ktimes.org/thatin/1-latest-news/546-2010-01-27-14-23-45.html

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်