.jpg)
အမလေးဗျာ...ရင်ခုန်..ရင်တုန်မဲ့ အစား အော့အန်ချင်လာပြီဗျို့  လှချက်က..အဲလေ..၀ချက်ကတော့ ကမ်းကုန်ပါတယ် မိုက်ချက်ကတော့ ပြောချင်ဘူးဗျ..ပြောချင်ဘူး..
Sunday, May 2, 2010
ဖော်ပွဲ ချွတ်ပွဲ..ဒိန်းတပ်တပ်..
Saturday, May 1, 2010
"ဗိုလ်ချုပ်ပြောတဲ့ တပ်မတော် ဆိုသည့်စကားသုံးလုံး"

ဓါတ်ပုံ http://maukha.files.wordpress.com/2009/02/general-aung-san.jpg မှပါ
ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းဧ။် ပြည်သူတရပ်လုံးနှင့်စစ်သားတိုင်း သိသင့်တဲ့ မိန့်ခွန်းဖြစ်ပါတယ်။
'ဗိုလ်ချုပ်ပြောတဲ့ တပ်မတော် ဆိုသည့်စကားသုံးလုံး' လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနဲ့သစ္စာရှိလျင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။
ဗမာနိုင်ငံတော်စစ်ကျောင်းမှ ၁၃၀၄-၁၃၀၅ ခုနှစ် အတွက်ဗမာ့တပ်မတော် ဗိုလ်သင်တန်း ပြီးဆုံးသွား၍ကျောင်းဆင်းပွဲနှင့် ဘွဲ့နှင်းသဘင် ပွဲ အခမ်းအနားကို ၁၉၄၄ ခု မတ်လ ၁၃ ရက်နေ့ကကျင်းပရာ ထိုဘွဲ့နှင်းသဘင် အခမ်းအနားသို့ ဗမာနိုင်ငံတော် စစ်သေနာပတိချုပ်ကြီး စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၊ ပညာ ကျန်းမာ စည်ပင်ရေး ဌာန ၀န်ကြီးဦးလှမင်း၊ ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်နေ၀င်း၊ ဗိုလ်မှုးကြီးစင်္ကြာ၊ ဗိုလ်မှုးကြီးရန်နိုင်၊ ဗိုလ်မှုးလရောင်၊ နီပွန်ဦးစီးမှုး လက်ဖတင်နင် ဂျင်နရယ်နာက၊ အကြံပေး အရာရှိချုပ် မေဂျာ ဂျင်နရယ်ဆာဝါမိုတို၊ စစ်ကျောင်းအုပ်ကြီး ဗိုလ်မှုးဇေယျနှင့် စစ်ဘက်မှအရာရှိများ တက်ရောက်ကြသည်။
၎င်းအခမ်းအနားပွဲ၌ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်း
ရဲဘော်တို့...
ယနေ့ ရဲဘော်တို့ အခု အချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် အဆင့်အတန်းကို ခံယူကြရတော့မယ်။
ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများသာဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့ အပေါ်မှာမရှိကြသေးဘူး။
ယနေ့ ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီးသီး၊ ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနှင့် တပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့်ဖြစ်သွားကြပြီ၊ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင့်ငံနှင့် ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာစရာအချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့အခုဗမာနိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံဖြစ်တယ်။
တို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံး ရဲ့အတွက် ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလဲ ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ထားရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစု အတွက် တည်ထောင်ထား တာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံး အတွက်ဖြစ်တယ်။
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ်မဟုတ်၊ နိုင်ငံနှင့် အမျိုးကို ကာကွယ်စောင့် ရှောက်ဖို့ နိုင်ငံနှင့်လူမျိုးကို မြှင့်တင်ပေးဖို့ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနှင့်လူမျိုး၏ သစ္စ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်းကလို တခြားနိုင်ငံ တခြားလူမျိုးကို သစ္စ္စုာစောင့်တာမဟုတ်ဘူး၊ အဲဒီလိုသစ္စ္စုာဟာ ၀တ်ကြေတန်းကြေစောင့်တဲ့ သစ္စ္စုာဖြစ်တယ်။ အခုဆို ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စ္စုာစောင့်ရမယ်၊ ဒါကြောင့် ငါတို့စောင့်တဲ့ သစ္စ္စုာဟာ တကယ့်သစ္စ္စုာ ဖြစ်ရမယ်၊ အပေါ်ယံသာဖြစ်တဲ့ သစ္စ္စုာမဖြစ်ရဘူး။ ဘယ်လိုစောင့်ရမလဲ ယခုအခါ အကြီးအမ-းအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ၊ အဲဒီကိုယ်စား နိုင်ငံနှင့် အမျိုးကို သစ္စ္စုာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနှင့်ကိုယ့်အမျိုးကို သစ္စ္စုာစောင့်တာပဲ၊
ဒီတော့... ရဲဘော်တို့ ...
မေးစရာ စကားရှိတယ်။ တကယ်လို့ ဒီအကြီးအမှုးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင် တဲ့ အကြီးအမှုးဟာ ကြာကြာမနေ နိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာဘဲ၊ ရာဇ၀င်မှာ ကြည့်လို့ရှိယင် ဘယ်လောက် ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ၊ ဒီလိုမတရားတဲ့ အကြီး အမှုးရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှုး တယောက်က ၀တ္တရားနှင့် မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုး အကျိုးနှင့်မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊မကျ၊ တရား၊မတရား၊ နိုင်ငံနှင့်အမျိုး မှာ အကျိုးရှိ၊မရှိကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအ မှူးကိုဖြစ်စေ တခြားအကြီးအမှုး တယောက်ယောက် ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲက ဖြစ်ဖြစ် အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေး ကစပြီး အားလုံး ရဲဘော်တွေ ထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျော်အမြင်ရှိတယ်လို့ တွေ့တာနှင့် တပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံးကြိုးစားကြပါ၊ တော်အောင်ကြိုးစားကြပါ။
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံတော်အတွက် အမျိုးမျိုး အနစ်နာခံဘူး တဲ့လူရှိတယ်၊ ငါတို့သိတာ လဲရှိတယ်၊ မသိတာလဲရှိတယ်၊ သို့သော်လဲ ရှေးကသာဒီလို အနစ်နာခံပြီး အလုပ်မလုပ် ယင် ဘယ်သူမှမ တိုးတက်နိုင်ဘူး၊ အကယ်၍ အခုလဲအလုပ်လုပ်တယ် ရှေးကလဲ အနစ် နာခံဘူးတယ်ဆိုယင် ဒီလိုလူမျိုးဟာ လူများတကာထက်တိုး တက်မှာ အမှန်ပဲ၊ ကနေ့ဆိုင် ရာလူကြီးတွေ မသိသေးလို့ မတိုးတက်သေးယင် နောက်တနေ့ တိုးတက်မှာပဲ တကယ်တော်တဲ့လူဟာ ဘယ်သူမှ နိမ်ထားလို့ မရပါဘူး၊ ကိုယ့်ကိုယ်ကိုလဲ သိဒ္ဓိတင် နေစရာမလိုဘူး၊ လူကြီးတွေ၊ သူကြီးတွေကိုလဲ မျက်နှာလုပ်စရာ မလိုပါ ဘူး၊ ဒါပေမယ့် နီပွန်က ပြန်လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးကအနစ်နာခံဘူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်ကောင်းမလုပ်ယင် ဘယ်သူမှတိုးတက်မှာ မဟုတ်ဘူး၊ ဒီပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမဲ့ ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျ အခုကျုပ် ပြောခဲ့တဲ့ စနစ်က တဆံချည်မျ ခွာမသွားဘူး၊ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင် တယ်၊ ဒါက ရာထူးအဆင့်အတန်း တိုးတက်တာနှင့် ပတ်သက်ပြီး ရဲဘော်တို့သိဖို့ ပြောပြခြင်းပဲ။
တခြားမှာကြားလိုတဲ့ အချက်ကတော့ ပြောနေကျစကားပဲ၊ ဒါပေမဲ့ထက်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောပြ လိုက်အုံးမယ်၊ ငါတို့ စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသား တွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်းခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ၊
ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန်နှိမ် ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး၊ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော် လဲ မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ၊ အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေ ပဲ၊ အားရှိတဲ့အခါ အားနည်းတဲ့ လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်၊ အားနည်းတဲ့ လူတွေကလဲ အားနည်းတဲ့အခါ တုန်းတော့ အားကြီးနေတဲ့လူကို လက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ် ပြောကြတယ်၊ မိမိတို့ကိုယ် တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာရောက်တဲ့ အခါကြတော့ အရင်တုန်းက ပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ၊ ဒါထုံးစံအတိုင်းပဲ၊
ငါတို့က ဒီလိုမဟုတ်၊ အားနည်းတဲ့ အခါလဲ အားကြီးတဲ့လူကို မတရားယင်မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့လူကို မတရား မလုပ်ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်၊ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ်တယ်လို့ ပြောတာပဲ၊ နိုင်ငံဟာ ဘာလဲ နိုင်ငံဟာ အမျိုးပဲ၊ အမျိုးဟာ ဘာလဲ၊ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှု ကို ဘယ်အခါမဆို ထမ်းမယ်ဆိုတဲ့ လူအားလုံးပဲ၊ ဒီနေရာမှာ လူမျိုးရေး တရားအစစ်ကို ပြောပြချင်တယ်။
လူမျိုးရေးတရားဆိုတာ ဘာလဲ၊ ကိုယ့်အမျိုးသာချစ်ပြီး၊ ဒီပြင်လူမျိုးတွေကို မုန်းတာဟာ လူမျိုးရေး တရားပဲလား၊ မဟုတ်ဘူး၊ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီပြင်လူမျိုး ကိုလဲ မုန်းဖို့မလိုဘူး၊ သို့သော်လဲ ကိုယ့်အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ်၊ အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက် နှိမ်နင်းရမှာပေါ့၊ ဒါက ငါတို့ အမျိုးရဲ့ ရန်သူအဖြစ်ဖြင့်သာ နှိမ်နှင်းခြင်းဖြစ်တယ်၊ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါဆိုပြီး နှိမ်နှင်းတာ မဟုတ်ဘူး၊ ရာဇ၀င်ကို ကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်း တိုက်တဲ့အခါ တိုက်ကြရမှာပေါ့၊ ဒါပေမဲ့ တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေး လို့ထင်တာ တထစ်ချမှားတယ်၊ ကျုပ်တို့ဟာ မဆိုင်တဲ့ဟာ အခြားလူမျိုးတွေကို မုန်းဖို့ မလိုဘူး၊ ကျုပ်တို့ နိုင်ငံအတွင်းမှာလဲ တိုင်းရင်းသား အချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ၊ စသည်ဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားရဘူး၊ ငါတို့ဟာ အမှန်နဲ့အတူ၊ ဟုတ်တာနှင့်မဟုတ်တာ ခွဲခြားသိရမယ်၊ လူမျိုးရေးတရား ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အမှန် တရားကို ယူတက်ကြရမယ်၊ ဒါက လူမျိုးရေးတရားနဲ့ ပတ်သက်ပြီး ကျုပ်မှာချင်တာပဲ။
ဇာတိမာန် ကောင်းကောင်း ထားတက်ကြအောင် လုပ်ကြပါ၊ ကိုယ့်နိုင်ငံကို ချစ်ပါ၊ ဗမာတွေဟာ လူဖျင်း တွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရအောင် မလုပ်ပါနှင့် ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ၊ အဲဒါ ကျုပ်လူမျိုးရေး တရားနှင့် ပတ်သက်ပြီး မှာချင်တာပဲ။
နောက်မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်ပြီ၊ လူကြီးဆိုတာဘာလဲ အသက်ကြီးတာကို ဆိုလိုတာလား၊ မဟုတ်ဘူး၊ အသက်မကြီးပေမဲ့ လုပ်တဲ့အလုပ်ကြီး ယင်လူကြီးပဲ၊ အခုငါတို့ ရဲဘော်တို့အလုပ်ဟာ ငါတို့နိုင်ငံလွတ်လပ်ရေး၊ ငါတို့နိုင်ငံရဲ့ အချုပ်အချာ အာဏာ၊ ဒါတွေကို ငါတို့ရဲ့ ရင်မြေကထုတ်လုပ်ပြီး ကာကွယ်ဖို့ပဲ၊ ဒီထက်ကြီးတဲ့ အလုပ်ရှိနိုင်ပါအုံးမလား၊ မရှိနိုင်ဘူး၊
ဒါကြောင့် ငါတို့ဟာ လူကြီးစိတ် ပေါက်ကြရ မယ်၊ အစစ အရာရာ ဆင်ခြင်တက်ရမယ်၊ ကောင်းသည် တော်သည်၊ ဟုတ်သည် မဟုတ်သည်ကိုဆင် ခြင် တိုင်းထွာနိုင်ရမယ်၊ အခုငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်၊ ဘေးကလူတွေလာပြော တိုင်း အရမ်းမယုံကြည်နှင့် စူးစမ်းဆင်ခြင် ပြီးမှယုံကြည်ရမယ်၊ ငါတို့ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အ ကျယ်ဖြစ် မယ့် ကိစ္စဆိုယင် ငါတို့ရှောင်ရမယ်၊ ဘယ်လိုဘေးကလူက ဗိုလ်ကြီးရဲ့ ဘာကြီး ရဲ့နဲ့လာ မြှောက် ပေးပေး ငါတို့မပါရဘူး၊ ၀တ္တရားနဲ့ ငါတို့တော့ မဆိုင်ဘူး၊ ဒါပေမယ့်ကောင်းတဲ့ကိစ္စ၊ တရားတဲ့ ကိစ္စ၊ လူများကျေးဇူးတင်မယ့် ကိစ္စဆိုယင် ကိုယ်နှင့်မဆိုင်ဘူးဆိုပြီး လျစ်လျူ မရှုပါနှင့် ကူညီပေးကြပါ၊ ဆွေမျိုးကိစ္စ၊ မိတ်ဆွေကိစ္စတွေဟာ ကိုယ့်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနှင့်။
နောက်ပြီးမှာချင်တာက ပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကိုအထင်မကြီးကြပါနှင့်၊ ဒီမှာ သင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့၊ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး၊ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦးပဲဖြစ်ဖြစ် တိုးတက်မှုဟာ လက်ရှိ အခြေ အနေနှင့် အားမရပဲ တင်းမတိမ်ပဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတက်မှု ဖြစ်နိုင်တယ်ဆိုတာ ရာဇ၀င်သမိုင်းတွေက ကောင်းကောင်းပြ သထားတယ်၊ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားကြည့်လဲ သိနိုင်တာပဲ၊ ဒါကြောင့်ဘယ်ဟာကိုမှ လှေနံဓားထစ် မယူဆပါနဲ့ အထင်မကြီးပါနဲ့၊ ဒီထက်တိုးတက်အောင် လုပ်ကြပါ၊ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ၊ ကျုပ်မှာလဲ ချို့ယွင်း ချက် တွေ ရှိတာပဲ၊ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ်တခု ရဲဘော်တို့ကို ကတိပြုမယ်၊ နိုင်ငံနှင့်အမျိုး အကျိုးနှင့်သစ္စာ ကိုကျုပ်ဘယ်တော့မှ မဖောက်၊ ရဲဘော်တို့ထဲကဖြစ်ဖြစ်၊ ဒီပြင်ကဖြစ်ဖြစ် ကျုပ်ထက် တော်တဲ့လူ ထွက်ပြနိုင်ပါစေ၊ ကျုပ်ဖယ် ပေးဖို့ အသင့်ပဲ။
နောက်ဆုံး တခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ် ဆိုတဲ့စိတ် မထားကြဖို့ပဲ၊ ဒီနိုင်ငံမှာဖြစ်ဖြစ် ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့လူ ရှိကြတာ မဟုတ်ဘူး၊ တခြား စစ်သားမ ဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလဲရှိတာပဲ၊အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ် သဘောထားကို ပြောင်းကြရမယ်၊
သို့ပေမဲ့ တခုနားလည်စေချင်တယ်၊ ကျုပ်ဟာ စစ်တပ်ကိုမတရားနှိမ်မယ်၊ လူလည်လုပ်မယ်၊ စစ်တပ်ရဲ့ အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ်အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။
ယနေ့ ဒီမှာပြောတာတွေအားလုံး စစ်သားတွေ သိပါစေ၊ သိအောင်ပြောပြကြပါ၊ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
ဗိုလ်ချုပ်အောင်ဆန်း
မှတ်ချက်..
ဆရာ စစ်ကိုင်းဟန်တင်၏ ဗိုလ်ချုပ်အောင်ဆန်း၏ရှားပါးမိန့်ခွန်းများ စာအုပ်မှ ကောက်နုတ်တင်ပြထားခြင်းဖြစ် သည်။ ဗမာတမျိုးသားလုံးနှင့် ဗမာ့တပ်မတော်သားတိုင်း သိသင့်၊ လေးစားလိုက်နာ ကျင့်သုံးသင့်တဲ့ ဗမာ့လွတ် လပ်ရေးဖခင် ဗိုလ်ချုပ်အောင် ဆန်း ၏ လမ်းညွှန်ချက်များအား သားလေးသား ( ဘုရားသား၊ ကျောင်းသား၊ တိုင်းသူ ပြည်သား၊ စစ်သား) ညီညွတ်ဖို့ အထူးလိုအပ်နေသော ယခုလိုအချိန်ကာလ၌ အားလုံး တပေါင်းတစည်း တည်းဖြစ်ရန် ရည်သန်ပြီး မျဝေလိုက်ရခြင်းဖြစ်ပါသည်။ ဖြစ်နိုင်သမျ အမြန်ဆုံးနှင့်အများဆုံး စစ်သားများအ တွင်း ပြန့်နှံ့ပြီး ပြည်သူချစ်သော ပြည်သူ့ စစ်သားများအဖြစ် ကူးပြောင်းပြီး၊ ပြည်သူလူထုနှင့်အတူ စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်နိုင်စွမ်းသော ပြည်ချစ်စစ်သားများ ပေါ်ထွက်စေရန် ရည်သန်လျက်...
မင်းနိုင်
မှတ်ချက်..
အဲဒီ ဗိုလ်သင်တန်း ဆင်းတဲ့အချိန်မှာ..ကျနော့တို့ ရဲ့ အချစ်တော်ကြီး.ချုပ်ချုပ်ကြီးက အသက် ၁၁ နှစ်..ဘဲရှိပါသေးတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းကျန်စား..လယ်ထဲ ကျွဲကျောင်းသွား.လယ်ထဲရွံ့ ခူး..လောက်စလုံးလုံး..ပုဆိုးဂွင်းသိုင်းနဲ့  အပင်ပေါ်တက် .ဌက်ဥနှိုက်..၀က်မြေစာဥတူး..၀က်စာစဉ်းနေရ တာမို့ ..စစ်ဗိုလ်သင်တန်းကျောင်းရဲ့မိန့် ခွန်း..နားထောင်ဖူးဟန်မတူလိုက်ပါဘူးခင်ဗျာ..အခု..ကိုမင်းနိုင်ရှာဖွေတင်ပြပေးတာကျေးဇူးပါ ဖတ်မိသူများလည်း..ချုပ်ချုပ်ကြီူးနဲ့ တကွ..ပြည်သူ့ တပ်မတော်သားဖြစ်လိုသူတွေကို..ဆက်လက်ဖြန့် ချီပေးပါခင်ဗျား..
ချုပ်ချုပ်ကြီးမိန့် ခွန်းရေးပေးတဲ့သူအနေနဲ့လည်း ဒီလို နှလုံးရည် လက်ရုံးရည်ရှိတဲ့ မိန့် ခွန်းမျိုး ပြော တတ် အောင် ကြိုးစားပေးနိုင်ပါစေလို့  ဆန္ဒပြုပါတယ်။
ချုပ်ချုပ်ကြီးရဲ့ မိန့် ခွန်းက ဘယ်လောက်အနှစ်သာရရှိပါသလည်းဆိုရင်..
ရဲဘော်တို့  ဒီနေ့ ဟာထူးမြတ်တဲ့ရက် ဖြစ်တယ်..ဘာလို့ လည်းဆိုတော့ ရဲဘော်တို့ ဟာ ရဲဘော်တို့  ဖြစ်နေလို့ပါဘဲ တဲ့ ခင်များ..
ချုပ်ချုပ်ကြီးရေ...တကဲ့ပြည်သူ့ တပ်မတော်သားဖြစ်လိုရင်..ဒီမိန့် ခွန်းအရင်ဖတ်ပါ..ရှက်တတ်ရင်...လေသင်ဓုန်းအဖြတ်ခံပြီး ဘုံးကနဲ သေလို့ ရနေပါပြီဗျို့ ..
အာဇာနည်များ..
နှလုံးသားနဲ့ ခံစားကြည့်ပါ။
စခန်းတွေထဲမှာ နှစ်ရှည် နေထိုင်နေကြရတဲ့ ဒုက္ခသည် သန်းနဲ့ချီရှိ 01 May 2010
ကမ္ဘာပေါ်က စစ်ဘေးစစ်ဒဏ်နဲ့ တခြား အကြောင်းအမျိုးမျိုးတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ၁၂ သန်း လောက် ရှိနေပြီးတော့ အဲဒီအထဲက ၇ သန်းလောက်ဟာ ဒုက္ခသည်စခန်းတွေထဲမှာပဲ ၁၀ နှစ်ကျော်မက နေနေကြရပါတယ်။ သူတို့ဟာ တခြားသူတွေလို ပြင်ပမှာ နေထိုင်ရပ်တည် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခွင့်တွေ ပိတ်ပင်ခံထားရပြီးတော့ ဒုက္ခသည်စခန်း တွေအ တွင်းမှာပဲ နှစ်ပေါင်းများစွာ သောင်တင်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ခြမ်းက တိုင်းရင်းသား ဒုက္ခသည်တွေဆို ရင်လည်း ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေအတွင်းမှာ အနှစ် ၂၀ လောက် နေထိုင်နေကြရတဲ့အကြောင်းကိုတော့ နော်ရှိုးက တင်ပြ ထားပါတယ်။
ကမ္ဘာတ၀ှမ်းမှာ စစ်ဘေးနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် မိမိရပ်ရွာ တိုင်းပြည်ကနေ ပြည်ပကို ထွက်ပြေးခိုလုံနေရသူတွေကို နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက အသက်ရှင်နေထိုင်နိုင်ဖို့ ကူညီထောက်ပံ့ ပေးထားပေမဲ့ တကယ်လို့ သူတို့ကို လက်ခံတဲ့နိုင်ငံက ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် မရေးထိုး ထားဘူးဆိုရင် သူတို့ဟာ သာမန် လုပ်ကိုင် စားသောက်ခွင့်၊ စခန်းအပြင်ထွက်ပြီး လှုပ်ရှားသွားလာခွင့်တွေ ပိတ်ပင်တာ ခံရပါတယ်။ ဌာနေကိုပြန်ရအောင်လည်း တိုင်းပြည်က မငြိမ်းချမ်းသေး၊ တတိယနိုင်ငံသွားခွင့်ကလည်း မရသေးသ၍ သူတို့ဟာ ဒုက္ခသည်စခန်းထဲ နှစ်ရှည်လများ ပိတ်မိနေတဲ့ အနာဂတ်မဲ့သလိုဘ၀ထဲ ရောက်ခဲ့ကြရပါတယ်။
မကြာခင်ကမှ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်ရောက်လာတဲ့ ဖလဲမယ် ရဲ့ မိဘတွေဆိုရင် ကယားပြည်ကနေ ထွက်ပြေးလာ ပြီး ဒုက္ခသည်စခန်းထဲ ၂၅ နှစ်လောက်နေခဲ့ရတာပါ။
"ထိုင်းမှာတော့ မွေးတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းထဲမှာပဲ မွေးတော့ ကျမတို့မှာ ဘာမှ အာမခံချက် မရှိဘူး။ အဲဒီတော့ သူများတွေက မေးကြတယ်၊ ကျမကို ဘာလူမျိုးလဲပေါ့ ဘာနိုင်ငံသားလဲ မေးတော့ ကျမလည်း ဖြေခွင့်မရှိဘူးဖြစ်နေတယ်။"
ဖလဲမယ် လိုပဲ မြန်မာနိုင်ငံအရှေ့ခြမ်းတကြော ပြည်တွင်းစစ်တွေကြောင့် ၁၉၈၄ ခုနှစ်လောက်ကစပြီး တိုင်းရင်းသား ဒုက္ခသည်တွေ သိမ်းနဲ့ချီ ထိုင်းဘက်ကို ဒီကနေ့အထိ ထွက်ပြေးရောက်ရှိနေကြဆဲ ဖြစ်ပါတယ်။ တော်တော်များများက တတိယနိုင်ငံကို သွားရောက် အခြေချနေပြီဖြစ်ပေမဲ့ တချို့ဆိုရင် ဒီကနေ့အထိ ဒုက္ခသည်စခန်းထဲမှာပဲ မျိုးဆက်တဆက်မက သောင်တင်နေကြဆဲပါ။
"ကျမတို့ဘ၀ကိုက ပိတ်သွားသလိုမျိုး ဖြစ်သွားတယ်။ တက်လမ်းမရှိတော့ဘူး ဖြစ်နေတယ်။ အဲဒီမှာ တသက်လုံး နေရတော့မယ့်ပုံစံ ဖြစ်နေတယ်။ ဆိုတော့ စိတ်ထဲမှာ မပြောတော့ဘူး၊ အဲဒီမှာ မနေချင်ဘူးဖြစ်နေတယ်။"
အခုလို ဒုက္ခသည်တွေ ဌာနေကိုလည်း မပြန်နိုင်၊ ပုံမှန် ဘ၀ကိုလည်း တည်ဆောက်ခွင့် မရဘဲနဲ့ ဒုက္ခသည်စခန်းတွေထဲမှာပဲ လှောင်အိမ် ထဲ ပိတ်မိနေတဲ့ဘ၀နဲ့ နှစ်ရှည်လများ နေလာတဲ့အခါ သူတို့ရဲ့ စိတ်ဓါတ်ရေးရာကိုလည်း ထိခိုက်စေသလို လူမှုရေး ပြဿနာတွေလည်း ဖြစ်ပေါ်စေပါတယ်။
"ဒုက္ခသည်စခန်းထဲမှာ လူတွေက နေ့လည်နေ့ခင်းဆို အိပ်ကြတယ်။ လုပ်စရာ အလုပ်အကိုင်ကလည်း မယ်မယ်ရရ မရှိပါဘူး။ အိမ်တွင်း အကြမ်းဖက် ရိုက်နှက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း အများကြီး တွေ့ရပါတယ်။ တော်တော်များများဟာ မူးယစ်ဆေးဝါး အရက်သေစာ အလွဲသုံးစားပြုမှုတွေနဲ့ တနေ့ပြီးတနေ့ ကုန်ဆုံးနေကြရတာပါ။"
ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒုက္ခသည်အခွင့်အရေးများဆိုင်ရာ ပြဌာန်းချက်အရ ဒုက္ခသည်တွေကို ပုံမှန် လုပ်ကိုင် စားသောက်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ပေးရမှာဖြစ်သလို ငြိမ်းချမ်းမှုမရှိဘဲ ဌာနေကို အတင်းပြန်ပို့လို့လည်း မရပါဘူး။ ဒါကို ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က လက်မှတ်မရေးထိုးသေးတာကြောင့် အဲဒီမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ အလုပ်လုပ်ကိုင်ခွင့်နဲ့ ပုံမှန်ဘ၀ တည်ဆောက်ခွင့်ကို ပိတ်ပင်ခံထားရတာပါ။ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကတော့ ဒါကို လက်မှတ်ရေးထိုးထား တာ ကြောင့် ဒုက္ခသည်တွေကို ခေါ်ယူပြီး အမြဲတမ်း အခြေချနေထိုင်ခွင့် ပေးနေတာဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-05-01-voa6.cfm
ခွေးရိုးက ဟင်းအိုးအားမနာ ကတိမတည်တဲ့ မိစ္ဆာတွေက အသံကောင်းဟစ်နေကြပေါ့
ရွေးကောက်ပွဲ အဖျက်သမား တိုက်ဖျက်ရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
ခက်ထန် Saturday, May 01, 2010
စစ်ခွေးမိစ္ဆာ ကောက်ပွဲ အဖျက်သမား တိုက်ဖျက်ရန် စစ်ခွေးမိစ္ဆာချုပ်မှူးကြီး တိုက်တွန်း -
“အဖျက်သမားဆိုပေမယ့် တကယ်က သူတို့ လုပ်နေတဲ့ နိုင်ငံရေးပြဿနာတွေပါ၊ သူတပါးကို ပိတ်ပင်ချင်တာနဲ့ သူတို့ဘာသာ တက်တဲ့ ပြဿနာကို အလုပ်သမား လူထုနဲ့ လှည့်တိုက်ပေးတာပဲ၊ အလုပ်သမားကို ပြန် ခိုင်းတာ”
ပြည်တွင်း ပြည်ပ အဖျက်သမားများကို မြန်မာအလုပ်သမားကြီးများက တိုက်ဖျက်ပေးကြရန်နှင့် ၎င်းတို့၏ မူဝါဒများ အောင်မြင်ရေး ဆောင်ရွက်ကြရန် စစ်အစိုးရ ခေါင်းဆောင်၏ တိုက်တွန်းချက်ကို အတိုက်အခံနှင့် သုံးသပ်သူများက ဝေဖန် လိုက်သည်။
ယနေ့ထုတ် စစ်အစိုးရသတင်းစာပါ ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာတွင် အဖျက်သမားများနှင့် တိုင်းတပါး၏ စွက်ဖက် နှောင့်ယှက်မှု၊ သွေးခွဲသပ်လျှိုမှုတို့ကို တွန်းလှန်တိုက်ဖျက်သွားကြရန်နှင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် (၇) ရပ် အောင်မြင်စွာ အကောင်အထည် ပေါ်စေရန် လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် အလုပ်သမားထုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်တွန်းထားခြင်းဖြစ်သည်။
ပေါ်ပေါက်နေသော ပြဿနာများသည် စစ်အစိုးရ၏ လုပ်ရပ်ကြောင့်သာဖြစ်ပြီး လူထုနှင့် မသက်ဆိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန်သည်။
“အဖျက်သမားဆိုပေမယ့် တကယ်က သူတို့ လုပ်နေတဲ့ နိုင်ငံရေးပြဿနာတွေပါ၊ သူတပါးကို ပိတ်ပင်ချင်တာနဲ့ သူတို့ဘာသာ တက်တဲ့ ပြဿနာကို အလုပ်သမား လူထုနဲ့ လှည့်တိုက်ပေးတာပဲ၊ အလုပ်သမားကို ပြန် ခိုင်းတာ”ဟု ဦးဝင်းတင်က ဧရာဝတီ သို့ ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် အညီ ရွေးကောက်ပွဲများ ကျင်းပတော့မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကိုလည်း ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုသည်။
ပြည်တွင်းမှ အမျိုးသမီး ဂျာနယ်လစ်တဦးက“သူတို့ ဘာပြောပြော လူတွေက ဘယ်တုန်းက အကောင်းမြင်ကြဖူးလို့လဲ၊ သူတို့ ပြောတာကို ဘယ်သူမှ ဂရုစိုက်ပြီး မဖတ်ဘူး၊ အနှစ်၂၀ ရှိပြီ၊ သူတို့လည်း ပြောချင်တာပြော၊ လူတွေကလည်း ဘယ်တုန်းကမှ မယုံဘူး”ဟု ပြောသည်။
ပြည်တွင်းတွင် နိုင်ငံတကာ အဆင့်မီ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကြီးများ ပေါ်ထွန်းလာ၍ အလုပ်အကိုင် အခွင့် အလမ်း ပိုမိုရရှိကြပါမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုသည်။
နိုင်ငံခြား အရင်းအနှီးများ ဖိတ်ခေါ်လုပ်ကိုင်စေခြင်းသည် နိုင်ငံ၏ သယံဇာတ ပစ္စည်းများကို ရောင်းစားခြင်း ဖြစ်ရုံသာမက လူထု၏ လုပ်အားကိုပါ ဈေးပေါပေါဖြင့် ရောင်းစားခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။
NLD ၏ ကမ္ဘာ့အလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက်တွင် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမား အခွင့်အရေးများ ပိုမို ဆိုးဝါးလာသည်ဟု ဖော်ပြထားသည်။
၂၀၁၀ နှစ်ဆန်းပိုင်းမှစတင်၍ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ရွှေပြည်သာစက်မှုဇုန်များတွင် အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
အလုပ်သမားများ၏ ရသင့်ရထိုက်သော လစာတောင်းဆိုရာတွင်ပင် စစ်အစိုးရက ပြေလည်ရန် ကြားဝင် ဆောင်ရွက်ပေးခြင်း မရှိခဲ့ဘဲ ရဲနှင့် မီးသတ်တပ်ဖွဲ့များကိုသာ စေလွှတ် ခြိမ်းခြောက်ခဲ့သည်ဟု ဦးဝင်းတင်က ထောက်ပြသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတွင် ရောက်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများသည်လည်း ဘဝအာမခံချက်မရှိဘဲ လုပ်အားခ မညီမျှမှုများ ခံစားနေရသည်ဟု NLD ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
တချိန်တည်းတွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန်ကလည်း နိုင်ငံတဝန်းမှ ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်များ အနေဖြင့် အနာဂတ်ကို ဦးဆောင်နိုင်မည့် ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးချယ်ပါဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှစ်ပတ်လည် အစည်းအဝေး၌ ပြောကြားကြောင်း ယနေ့ထုတ် သတင်းစာတွင်ပင် ဖော်ပြ ထားသည်။
ဦးသိန်းစိန်သည် မကြာမီက မှတ်ပုံတင်ရန် လျှောက်ထားသည့် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ”ကို ဦးဆောင် မည့်သူ ဖြစ်သည်။
ပြည်တွင်းမှ ဂျာနယ်လစ် တဦးကမူ“လက်ရှိမှာ လုပ်ပိုင်ခွင့်၊ ငွေကြေး စတဲ့ ရွေးကောက်ပွဲအတွက် အသုံးချနိုင်စရာ နည်းလမ်း တွေအကုန်လုံးကို လက်ထဲမှာ အင်နဲ့အားနဲ့ ရှိနေတာက သူတို့ပဲရှိတယ်လေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာကို မျှော်လင့်လို့ မလွယ်ဘူး၊ တစ်ပါတီ ဒီမိုကရေစီ လွှတ်တော်ကြီး ဖြစ်လာမယ်ထင်တာပါပဲ”ဟု ပြောဆိုသည်။Rest of your post
ကွဲပြန်ပြီတဲ့ဗျို့ 
ပဲခူးတိုင်း ကျောက်တံခါးမှာ ဗုံးပေါက်ကွဲ
01 May 2010
ပဲခူးတိုင်း ကျောက်တံခါးမြို့ပေါ်က စက်မှုလယ်ယာဝင်းထဲမှာ သောကြာနေ့ညတုန်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အခုချိန်ထိလူအသေ အပျောက် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာတွေထဲက ဒါဟာ နောက်ဆုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ကျောက်တံခါး မြို့နယ် စက်မှုလယ်ယာဝင်းအတွင်း သောကြာနေ့ည ၁၀ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း မြို့ခံ တဦးက ဗွီအိုအေကို ပြောပြပါတယ်။
"မနေ့က ၃၀ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ ကျောက်တံခါးမြို့ရဲ့ မြောက်ဘက် အမှတ် (၇၀) စက်မှုလယ်ယာပေါ့။ စက်မှုလယ်ယာ ဆို တာ လယ်ထွန်စက်စခန်းပါ။ အဲဒီစက်မှုလယ်ယာဝင်းထဲမှာ ရှိတဲ့ လယ်ထွန်စက်ကြီးအောက်မှာ ထောင်ထားတဲ့ ဗုံးကွဲတာ။ ၁၀ နာရီခွဲမှာ ကွဲတယ်။ ကွဲတော့ အချိန်က လူသွားလူလာလည်း မရှိတော့ဘူးလေ။ နောက်ပြီးတော့ ဒီဝင်းထဲမှာ စက်တွေပဲထားတာဆိုတော့ လူအ ထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ဒီစက်ကြီးနဲ့ အပေါ်က အမိုးနဲ့တော့ ပျက်စီးသွားတာပေါ့။ အဲဒါပြီးတော့မှ နောက် အချိန်အတော်လေး ကြာ ပြီးသွားတော့ ခုနကဖြစ်သွားတဲ့နေရာနဲ့ ကိုက် ၇၀ ၀န်းကျင်လောက်မှာ မြေပြင်ပေါ်မှာပဲ နောက်တလုံး ထပ်ကွဲတယ်။ အဲဒါလည်း လူ အ ထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ပေါက်ကွဲမှုဖြစ်သွားတဲ့ အနေအထားကိုပဲ သိရသေးတယ်လေ။ ကျန်တာကတော့ဗျာ ခေါ်ယူစစ်ဆေး မေး မြန်းမှုတို့ကတော့ အခုချိန်အထိတော့ မကြားသေးဘူးခင်ဗျ။"
အခုချိန်ထိတော့ ဒီပေါက်ကွဲမှုကြောင့် အသေအပျောက် ရှိတယ်လို့ မကြားရသေးဘူးလို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ အနှံ့အပြား ဗုံးပေါက်ကွဲမှုတွေ အနှံ့အပြား ဖြစ်ပေါ်နေတာမို့ လူထုအကြား ထင်ယောင်ထင်မှား ပြောဆိုမှုတွေ ကလည်း အမျိုးမျိုး ထွက် ပေါ်နေတယ်လို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြပါတယ်။
"ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ စဉ်စားကြည့်တာက ဒီအချိန်မှာ ကျနော်တို့က သတင်းဌာနတွေကလည်း ကြားနေရတယ်ဗျ။ အဲဒီ လို ဗုံးကွဲတာတွေ ကြားနေရတယ်။ အချိန်ကလည်း တိုက်ဆိုင်နေတယ်လေ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖို့ကြိုးစားနေတဲ့အချိန်၊ နောက်တ ခုက သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းမှု မရတဲ့အချိန် တင်းမာနေတဲ့အချိန်ပေါ့နော်။ ဒီလို အချိန်မျိုးတွေမှာ အခုလို ဒီနယ်ဘက်ပေါ့နော်။ ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါးနယ် ဘက်မှာ ဗုံးကွဲတယ်ဆိုတော့ ဒီနယ်ဘက်က လူတွေကတော့ စိုးရိမ်တာပေါ့။ နောက်တခုက ဒီလို ဗုံးကွဲတယ်ဆိုရင် နီးစပ်ရာလူတွေကို ခေါ်ပြီးတော့ စစ်ဆေးတာတို့ ကလည်း ရှိတော့ မဆိုင်သူတွေအနေနဲ့လည်း စိတ်ညစ်ရတာပေါ့ဗျာ။"
အထူးသဖြင့်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စစ်အစိုးရက ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြတ်နေ့တုန်းက ရန်ကုန် ကန်တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာတော့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ စစ်အစိုးရက တရားဝင် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီပေါက် ကွဲမှုဟာ လူ အသေအပျောက် အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့က ရဲစခန်းအတွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ရဲအရာရှိတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Copy from www.voanews.com
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)


