Tuesday, November 2, 2010

လွိုင်ကော်မှာ နေဝင်မီးငြိမ်းထုတ်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ဒေသခံ စစ်တပ်က ပြီးခဲ့သည့်လ ၃၁ ရက်နေ့မှစ၍ နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်လိုက်သည်။

ကရင်နီတပ်မတော်က မြန်မာစစ်တပ်ကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းအပြီး စစ်သား ၄ ဦး သေဆုံးမှုနောက်ပိုင်း ညမထွက်ရအမိန့် ပေါ်ထွက်လာခြင်းဖြစ်သည်။

’’လူတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်ထွက်ခွင့် မပြုဘူး။ ရွာသားတွေက လယ်ထဲဆင်း အလုပ်လုပ်လို့ မရတော့လို့ အခက်အခဲ ရှိတာပေါ့’’ ဟု ပြည်တွင်းမှ ကရင်နီ သတင်းရပ်ကွက် တခုက ဆိုသည်။

မြို့ပေါ်ရှိ အင်တာနက် ကဖေးဆိုင်များကိုမူ ည ၈ နာရီခွဲအထိ ဖွင့်လှစ်ခွင့် ပြုထားသည်။ ယခင်က ည ၁ဝ-၁၁ နာရီအထိ ဖွင့်လှစ်ခွင့် ရခဲ့သည်။

လွိုင်ကော်အရှေ့ဘက် ၈ မိုင်ကွာ၊ နမ့်ပွန်ချောင်း အနောက်ဘက်ရှိ ခြေမြန်တပ်ရင်း ခမရ ၇၂ ကို ကရင်နီတပ်ဖွဲ့တဖွဲ့က ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးနှင့် ကရင်နီဘက်မှ တဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်။ ခလရ ၂၄၇ ကိုလည်း အောက်တိုဘာ ၁၆ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

ညမထွက်ရနှင့်ပတ်သက်၍ ကရင်နီဒေသတွင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များကို လူသားချင်းစာနာစွာ ကူညီနေသော ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ဒါရိုက်တာ သီဘူးက ’’အကြောင်းနှစ်ကြောင်းကြောင့် ဖြစ်နိုင်တယ်။ တခုက ရွေးကောက်ပွဲနီးလာလို့၊ နောက်တခုက အောက်တိုဘာ ၂၆ ရက်နေ့က ကရင်နီတပ်နဲ့ ဗမာတပ် တိုက်ပွဲဖြစ်တာကြောင့် ဖြစ်မယ်။ ဒီကာဖျူး ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိဘူး’’ ဟု မဇ္ဈိမကို ပြောသည်။

ရွာသားများသည် ဝေးလံသော အရပ်ရှိ လယ်များသို့ လုံခြုံရေးစိတ်မချရသဖြင့် မသွားရဲဘဲဖြစ်နေပြီး၊ စစ်တပ်က စိတ်ဆိုးနေကာ ရွာသားများကို ပစ်သတ်နိုင်သည်ဟု ကရင်နီ သတင်းရပ်ကွက်က ဆိုသည်။

ကရင်နီတပ်မတော်၏ နိုင်ငံရေးပါတီ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ထားရှိသည့် သဘောထားကို ကြေညာထားသည်။ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်၍ လွတ်လပ်မျှတမှုလည်း ရှိမည်မဟုတ်ဟု သူတို့က ပြောသည်။

KNPP ကို ၁၉၅၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်မတော် KNPLF နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်မတော် KNSO စသော အဖွဲ့များက နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းသွားပြီးနောက် စစ်အစိုးရကို ဆက်လက်တိုက်ခိုက်နေသည့် လက်နက်ကိုင် ကရင်နီတပ်မှာ KNPP တဖွဲ့သာ ကျန်ရှိတော့သည်။

KNPP က မြန်မာ့အရှေ့ဘက်ရှိ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ကရင်အမျိုးသားအစည်းအရုံးနှင့်၎င်း၊ အနောက်ဘက် ရခိုင်လွတ်မြောက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးတို့နှင့်၎င်း စစ်ရေးမဟာမိတ်ဖွဲ့ထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပြီးရင် သတ်ပြစ်လိုက်တဲ့ 

အပြည့်အစုံသတင်းဖတ်ရန်....

Boycott ၂၀၁၀ ရွေးကောက်ပွဲမြင်ကွင်း စာစောင် အတွဲ ၁၊ အမှတ် ၇

အပြည့်အစုံသတင်းဖတ်ရန်....

ဂီရိမုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေး ...မဲကလွဲပြီး



ဘကောင်း Tuesday, 02 November 2010 15:11
E-mail Print
“တမြို့လုံးက အမှိုက်ပုံကြီး လိုပါပဲ။ လမ်းတော်တော် များများကလည်း အပျက်အစီးတွေနဲ့ ပိတ်နေတုန်းပါပဲ”ဟု မြန်မာပြည် အနောက်ဘက် ရခိုင် ကမ်းရိုးတန်း ဂီရိမုန်တိုင်းသင့် မြို့နယ်များအနက် အဆိုးဝါးဆုံး ခံခဲ့ရသော မြေပုံမြို့နယ် အတွင်း မုန်တိုင်း ဒုက္ခသည်များအတွက် ဒေသခံ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလုပ်နေသူ ကိုထွန်းနိုင်က ဧရာဝတီသို့ ပြောပြသည်။

Giri-7“မုန်တိုင်းသင့်ပြည်သူတွေမှာ တာပေါ်လင်စနဲ့ဆန် အရေးပေါ်လိုအပ်နေပါတယ်”ဟု ကိုထွန်းနိုင်က ဆက်လက် ပြောကြား လိုက်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် လူတဦးစီအတွက် ဆန်နို့ဆီဘူး ၅ ဘူးခန့်သာ ကူညီပေးနိုင်သည်ဟုလည်း ဆိုသည်။

တနာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀(ကီလိုမီတာ ၁၉၀ )နှုန်းဖြင့် မုန်တိုင်းအဆင့် ၄ ရှိသော ဂီရိမုန်တိုင်း ရခိုင်ပြည်နယ်သို့ ပြင်းပြင်း ထန်ထန် ၀င်ရောက်တိုက်ခတ်ပြီးခဲ့သည်မှာ ၁၀ ရက်ခန့် ရှိခဲ့ပြီဖြစ်သည်။

အစိုးရ သတင်းရပ်ကွက်များကို ကိုးကား၍ ထုတ်ပြန်သော ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ မုန်တိုင်းကြောင့် သေဆုံးသူ ၄၅ ဦးအထိရှိပြီး အိမ်ခြေ ၁၅၀၀ လုံးဝ ပျက်စီးခဲ့ရသဖြင့် လူပေါင်း ၇၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည်ဟု သိရ သည်။

သို့သော် အစိုးရက လူအသေအပျောက်နှုန်းနှင့် ပျက်စီးမှုပမာဏကို လျှော့ပေါ့ပြောဆိုသောကြောင့် မုန်တိုင်းသင့်ပြည်သူများ အကူ အညီ လုံလောက်စွာ မရရှိကြကြောင်း၊ အစိုးရ သတင်းမီဒီယာများတွင် လူ ၂၇ ဦးသေဆုံးသည်ဟု ဖော်ပြသော်ငြား ကြာသပတေး နေ့ အထိ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးရသူပေါင်း လူ ၁၀၀ ထက်မနည်း ရှိကြောင်းလည်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များက ဧရာဝတီသို့ ပြောပြသည်။

ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ကျွန်းများရှိ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်များတွင် ထောင်သောင်းချီသော မုန်တိုင်းသင့်ပြည်သူများသည် ဘုန်းတော်ကြီးကျောင်းများနှင့် အရေးပေါ် တဲများတွင် ယခုအချိန်အထိ နေထိုင်နေရဆဲဖြစ်သည်ဟု ထိုအဖွဲ့များက ပြောဆိုသည်။

သွားလာရန် ခက်ခဲလှသည့် မုန်တိုင်းသင့်ကျွန်းများရှိ ဒုက္ခသည်များထံသို့ အကူအညီများ အရောက်ပို့မပေးနိုင်မည့် အရေးအတွက် စိုးရိမ်မှုများရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် အစိုးရက ဒေသခံသတင်းထောက်များကို ဓာတ်ပုံရိုက်ခွင့် မပြုခြင်းနှင့် သတင်းမီဒီယာများတွင် မုန်တိုင်းသတင်းကို ဖော်ပြသည်မှာ အင်မတန်နည်းကြောင်း ဒေသခံများက ပြောဆိုသည်။

“တရွာလုံး လုံးဝ ပျက်စီးသွားခဲ့တဲ့ ရွာတွေက လူတွေ မြို့ပေါ်မှာ အစားအသောက် ဝေပေးတာကို လာယူကြတယ်။ သောက်ရေ က လည်း တော်တော်ကိုရှားနေပြီ။ အနီးအနားတောင်ကုန်းတွေကိုသွားပြီး ၀ါးကျည်တောက်တွေနဲ့ ဦးပဉ္ဇင်းတို့ ရေသွားခပ်ကြရတယ်” ဟု မြေပုံမြို့နယ် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းတိုက်မှ သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

ရန်ကုန်ရှိ UNOCHA ရုံး အကြီးအကဲ Theierry Delbreuve က မုန်တိုင်းကြောင့် ဆားငန်ရေများ ၀င်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ တကာမှ အကူအညီပေးရေး လုပ်သားများ၊ ဒေသခံဝန်ထမ်းများ ပူးပေါင်း၍ မုန်တိုင်းသင့် ဒေသများ၌ ကူညီလုပ်ကိုင်လိုသည့် ဆန္ဒ ရှိကြောင်း ပြောကြားထားသည်။

“မုန်တိုင်းသင့်ပြည်သူတွေဆီကို အမေရိကန်ဒေါ်လာ၂သောင်းနဲ့ညီမျှတဲ့ ဆန်အကူအညီကျနော်တို့ ပေးခဲ့ပြီးပါပြီ၊ ဆန်အိတ် ၂၀၀ ပို့ပြီးပါပြီ။ နောက်ထပ် ဆန်အိတ် ၅၀၀ ထပ်ပို့ဖို့ရှိပါသေးတယ်”ဟု ရန်ကုန်အခြေစိုက် ရခိုင် သဟာယ အသင်း၏ တာဝန်ရှိသူ တဦး ကပြောပြသည်။

၂၀၀၈ ခုနှစ် မေလ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ပြည်သူလူထု ၁၃၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့စဉ် ဒေသခံ လူမှုရေးအဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်သကဲ့သို့ ယခုလည်း ပါဝင်လုပ်ကိုင်ကြ ခြင်းဖြစ်သည်။

လယ်လုပ်ငန်း၊ တံငါလုပ်ငန်းနှင့် အသက်မွေးမြူကြသော ရခိုင်ပြည်နယ် ကမ်းရိုးတန်းသားများအတွက် မုန်တိုင်းဟူသည်မှာ ဖြစ်ရိုး ဖြစ်စဉ်တခု ဖြစ်သော်လည်း အင်အားပြင်းထန်သော ဂီရိမုန်တိုင်းကြောင့် ရေမျက်နှာပြင် ၁၂ ပေ ခန့် မြင့်တက်လာခဲ့ပြီး ငါးဖမ်းပိုက် များနှင့် စိုက်ပျိုးသီးနှံများဆုံးရှုံးခဲ့ရသည့် ဒေသခံတချို့က ၎င်းတို့နေထိုင်ရာကို စွန့်ခွာရန်အထိ စဉ်းစားနေကြကြောင်း ကိုထွန်းနိုင် က ပြောသည်။

အစိုးရက အန်ဂျီအို အဖွဲ့များမှ နိုင်ငံခြားသားဝန်ထမ်းများကို မုန်တိုင်းသင့်ဒေသများဆီသို့ သွားရောက်ခွင့်မပြုဟူသော ပြောဆိုသံ များ ထွက်ပေါ်လာနေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အစိုးရက ၀င်ရောက်နှောင့်ယှက်ခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ပြောဆိုခြင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

“အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ လက်တွဲလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အခုအချိန် အထိတော့ ပြဿနာရယ်လို့ ဘာမှ မရှိသေးပါဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ တာဝန်ခံ ညှိနှိုင်းရေးမှူး ချမ်ဟွန်ချို က ပြောဆိုသည်။

သို့ရာတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် မုန်တိုင်းတိုက်ခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း နောက်ပိုင်း အပြင်ထန်ဆုံး သဘာဝဘေးအန္တရာယ် တခုလည်း ဖြစ်သည်။

ဂီရိမုန်တိုင်းတိုက်အပြီး ရက်အနည်းငယ်အကြာတွင် ရခိုင်ပြည်နယ်၏ အဓိကအင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် ရခိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(RNDP)က မုန်တိုင်းကြောင့် ပျက်စီးခဲ့သော မြို့နယ် ၃ မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် ရွေးကောက်ပွဲကောင်မရှင်သို့ စာရေးသား ပေးပို့ခဲ့သည်။ သို့သော် ယခုအချိန်အထိ မည်သို့သော တုံ့ပြန်မှု တစုံတရာ မရသေးကြောင်း သိရသည်။

“အခြေအနေတွက အရမ်းကို ဆိုးဝါးနေပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေလိုအပ်တဲ့ လူသားချင်းဆိုင်ရာစာနာမှု လိုအပ်ချက် တွေ ကို ကျနော်တို့ မဖြည့်ပြီးသေးခင် ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်လို့ မရပါဘူး၊ အစိုးရ အနေနဲ့ မုန်တိုင်းရဲ့အခြေအနေကို ပွင့်လင်းမြင်သာ ဆောင်ရွက်ပေးသင့်ပါတယ်”ဟု RNDP ပါတီ ဥက္ကဌ ဦးအေးမောင်က ပြောဆို သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရှင်ရှိနေသမျှ

နအဖ တပ်စခန်းကို ဒုတိယအကြိမ် ကရင်နီတပ် ဝင်တိုက်
စိုင်းဝမ်မိုင်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) - လွိုင်ကော်မြို့နယ်ရှိ မြန်မာ တပ်စခန်းကို ယခင်အပတ်က ကရင်နီတပ်များ ဝင်တိုက်ခဲ့ကြောင်း ၄င်းအဖွဲ့ အဆိုအရ သိရသည်။

လွိုင်ကော်အရှေ့ဘက် ၈ မိုင် (၁၃ ကီလိုမီတာ) ကွာ နမ့်ပွန်ချောင်း အနောက်ဖက် အမှတ် ၇၂ ခြေမြန်တပ်ရင်း တပ်စခန်းကို ကရင်နီတပ်ဖွဲ့များ အရင်အပတ် အင်္ဂါနေ့ကတိုက်ခဲ့သည် ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သတင်းရပ်ကွက်က မဇ္ဈိမ ကိုပြောသည်။

မြန်မာစစ်သား ၁၇ ဦးနှင့် ကရင်နီ တပ်သားတဦး တိုက်ပွဲတွင်း ကျဆုံးခဲ့ပြီး မြန်မာစစ်သား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ကေအန်ပီပီ ဘက်က ဆိုသည်။

အောက်တိုဘာ ၁၆ ရက်က လွိုင်ကော် ဒေါတမူးကြီးရွာရှိ အမှတ် ၂၄၇ ခြေလျင် တပ်ရင်းကိုလည်း ကရင်နီတပ်ဖွဲ့များ အလစ်ဝင်တိုက်ရာ မြန်မာစစ်သား ၄ ဦးကျဆုံးပြီး မြန်မာစစ်သားများထံမှ လက်နက်များကိုလည်း ကရင်နီတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။ ထိုတိုက်ပွဲအပြီး စစ်အစိုးရ တပ်များက ရွာသူကြီးနှင့် လက်ထောက်တဦးကို ဖမ်းဆီးခဲ့သည်။ ကျဆုံးသွားသူများ နှင့် ဆုံးရှုံးသွားသော လက်နက်များအတွက် လျော်ကြေးပေးရန် မြန်မာစစ်တပ်က ရွာသားများကို အမိန့်ပေးခဲ့သည်။

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများနှင့် ထိုတိုက်ခိုက်မှုများ ဆက်စပ်မှု ရှိမရှိ မဇ္ဈိမ က ကေအန်ပီပီ အဆင့်မြင့် အရာရှိတဦးကိုမေးမြန်းရာ ရွေးကောက်ပွဲနှင့် မဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

`မြန်မာစစ်တပ်ကို တိုက်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပါပြီ။ ဒါရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် ကျနော်တို့ တိုင်းရင်းသား အခွင့်အရေး တိုက်ပွဲက ဆက်ရှိနေမှာပါ´ဟု သူက ပြောကြားသည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနှင့် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲများသည် အတုအယောင်သာဖြစ်ပြီး လွတ်လပ်မျှတမည်လည်း မဟုတ်ဟု ကေအန်ပီပီ က ထပ်ပြောခဲ့သည်။

ကရင်နီ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ ဖြစ်ကြသော ကရင်နီ လူမျိုးပေါင်းစုံ လွတ်လပ်ရေး တပ်မတော် (KNPLF) နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်မတော် (KNSO) တို့ ဤရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပါတီ မထောင်ခဲ့ကြပါ။

ကေအန်ပီပီ ကို ကရင်နီ တပ်မတော်၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ၁၉၅၇ က တည်ထောင်ခဲ့သည်။ KNPLF နှင့် KNSO တို့ကို မြန်မာစစ်တပ် ကွပ်ကဲမှုအောက်က နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းဖွဲ့ခဲ့ပြီးနောက် ကေအန်ပီပီသာ မြန်မာ စစ်အစိုးရကို ဆက်တိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ကျန်ရှိသည်။

ဤအတောအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) စသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ကေအန်ပီပီ မဟာမိတ်ဖွဲ့ထားသည်။ ထိုင်းမြန်မာ နယ်စပ်က အင်အားကြီးမားသော အခြေခံစခန်းများကို ဤတိုင်းရင်းသား လက်နက်ကိုင်တပ်များက ဆက်ထိန်းထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 1, 2010

နအဖ ရွေးကောက်ပွဲ ကရင်ပြည်နယ်တွင် ဆန္ဒပြကြ



ကွယ်ကလူမှကူးယူဖော်ပြသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မဲမပေးရေး စာများ ရဲက လိုက်သိမ်း

သိန်းဇော် | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၃၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော်သော လက်ကမ်း စာစောင်များအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရန်ကုန်တိုင်း တောင်ဒဂုံမြို့၌ ယနေ့နံနက် ဖြန့်ဝေခဲ့ရာ ရဲက သိမ်းဆည်းကြောင်း လှုံ့ဆော်သူများက ပြောသည်။

’’စာရွက်တွေကို ပြည်သူတွေက တောင်းတဲ့အခါ ပေးတယ်။ ဖြန့်တဲ့စာရွက်တွေကို ရဲတွေက လိုက်သိမ်းတယ်။ ဒီနေ့ ဖြစ်တဲ့နေရာတွေကတော့ တောင်ဒဂုံ ၂ဝ ရပ်ကွက်၊နောက် ဘုန်းကြီးကျောင်းကွေ့မှာ တခါ။ စုစုပေါင်း တောင်ဒဂုံမှာ နှစ်ခါ ဖြစ်တယ်’’ ဟု တောင်ဒဂုံ NLD လူငယ်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ကိုညီညီက မဇ္ဈိမကို ပြောသည်။

တောင်ဒဂုံ ရဲစခန်းမှရဲများ၊ မြို့နယ်ကောင်စီဝင် စုစုပေါင်း ၄ဝ ကျော်က စာဖြန့်သူ တောင်ဒဂုံ NLD လူငယ် ၃ဝ ခန့်နောက်မှ လိုက်ပါလာကာ လက်ခံရယူသူများထံမှ ပြန်လည်သိမ်းခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ A4 side ၃ ခေါက်ချိုးအရွယ် လက်ကမ်းစာစောင်တွင် ရှေ့စာမျက်နှာ၌ ’’ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး’’ ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

အတွင်းစာမျက်နှာ၌ ’’အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျုးလွန်သူ ဖြစ်သည်’’ ဟု စာပိုဒ်ငယ်ဖြင့် ဖော်ပြထားသည်။

တားဆီးမှုများ ကြုံတွေ့ရသော်လည်း နောက်ရက်များတွင် ၎င်းတို့၏ လှုံ့ဆော်စာ ဖြန့်ဝေမှုကို ဆက်လက်ပြုလုပ်မည်ဟု တောင်ဒဂုံ လူငယ်များက ဆိုသည်။

တောင်ဒဂုံကဲ့သို့ပင် စမ်းချောင်းမြို့နယ်၌လည်း မဲမပေးရေး လှုပ်ရှားမှုကို NLD လူငယ်များက ပြုလုပ်ခဲ့ရာ ရဲက တားဆီးခဲ့သေးသည်။

’’ရဲက မလုပ်ရဘူး တားထားလို့ အိမ်တအိမ်မှာ ဝင်နေတယ်တဲ့။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ကြားတယ်။ NLD လူငယ်တွေ ပါတယ်၊ အပြင်က လူငယ်တွေလည်း ပါတယ်’’ ဟု NLD ဗဟို သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ တနာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

ယခုလ ၂၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ် မီးခွက်ဈေးလမ်းဆုံ၌ ဒေါ်စုပုံပါ တီရှပ်များ ဝတ်ဆင်ပြီး မဲမပေးရေး စာရွက်ဝေနေစဉ် NLD မြို့နယ်စည်းမှ ဦးချစ်လွင်ကို ၅ ထိပ် ရဲစခန်း၌ မြို့နယ် ရဲသတင်းတပ်ဖွဲနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးက ခေါ်ယူမေးမြန်းခဲ့သေးသည်။

“ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်တာလားဆိုပြီး ပြောတယ်။ ပြီးတော့ ခင်ဗျားကို ဘာလုပ်လို့ ရတယ်၊ ညာလုပ်လို့ ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ပြန်ပြောပြလို့ သိရတယ်” ဟု လှိုင်သာသာမြို့နယ် မြို့နယ်စည်း အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

၂၇ ရက်နေ့၌ပင် လှိုင်သာယာမြို့ ၁၉ ရပ်ကွက်အတွင်း NLD လူငယ်အဖွဲ့ဝင် ကိုထွေးမောင်က ရပ်ကွက်အတွင်း မဲမပေးရေး စာရွက်များ လိုက်ဝေစဉ် စည်းရုံးရေးဆင်းနေသည့် ကြံ့ခိုင်ရေး ပါတီဝင်စုများက တားမြစ်မှုများ ပြုခဲ့သေးသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်