Wednesday, December 1, 2010
ခြိမ်းခြောက်တာလား
ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲလုပ်တဲ့နေရာမှာ အကြမ်းဖက်မှုတွေ လုပ်မယ်လို့ကြားထားကြောင်း ပြည်တွင်းကနေ သတင်းပေးပို့ လာပါတယ်။
အဲဒီနေရာတွေကို မသွားဖို့ တပ်ချုပ်ကြီး သန်းရွှေရဲ့ မြေးက သူ့သူငယ်ချင်းတွေကို လိုက်ပြီးသတိပေးနေတယ်လို့ သိရပါတယ်။ ခြိမ်း ခြောက်နေတာလား၊ တကယ်လား ဆိုတာကတော့ ဆက်လက် စုံစမ်းနေတုန်းပါပဲ။ ၂၀၀၅ ခုနှစ်တုန်းကလည်း အဲဒီလိုကြားပြီး ဗုံးခွဲခဲ့တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်ဖို့ တပ်ချုပ်ကြီးက သီဟသူရ တင်အောင်မြင့်ဦးကို တာဝန်ပေးထားတယ်လို့လည်းကြားရပါတယ်။ အရင်တုန်းကတော့ ဦးအောင်သောင်းကို တာဝန်ပေးထားတာပါ။
ဧရာဝတီ Blog

တစ်တုံး စား၍ မသိ ဘယ်သူ့ မှာအပြစ်ရှိသနည်း
ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ
သန်းထိုက်ဦး Wednesday, 01 December 2010 16:55 .နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန် လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။
အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိ သူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။
“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ် တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွား တယ်”ဟု ၎င်းက ဆိုသည်။
အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLAတပ်ဖွဲ့ဝင်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။
စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။
ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ် ပွားနေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။
ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက် ထား ပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။
ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေးလာသလဲဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေး ထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေး ကြောင်း သိရသည်။
နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ်ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူး ဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲလုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး လှုပ်ရှား နေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီထောက်ပံ့ပေးထားကြောင်း သိရ သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထား ခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။
ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်း ချုပ်ထားကြောင်း သိရသည်။
“နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေး ပြီး ညှိ နှိုင်းဖို့ လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေ သရွေ့ ကာလ ပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။
http://www.irrawaddymedia.com/bur/index.php/news/5107-2010-12-01-09-56-56

Subscribe to:
Posts (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)