ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နှစ်နာရီကြာ တွေ့ဆုံခဲ့သူ သူမ၏ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ပြီးသောသောကြာနေ့က မြန်မာနိုင်ငံသို့ ၅ရက် ခရီးစဉ် အပြီးတွင် မစ္စတာ ကင်တာနား၏ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက် ကို အပြည့်အဝ သဘောတူသည်ဟု ပြောပြခဲ့ ပါသည်။
ထိုထုတ်ပြန်ချက်တွင် မစ္စတာ ကင်တားနားက နိုင်ငံရေးယုံကြည်ချက်တွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ တို့ ပါဝင်ပါတ်သက်ခွင့်မရှိပဲ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုလုပ်ခွင့် ပေးခြင်းမရှိပဲ ကျင်းပမယ်ဆိုရင် စစ်အုပ်ချုပ်သူတွေ ကျင်းပမယ့် အဲဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ရဲ့ ပါတီခေါင်းဆောင်က မြန်မာ နိုင်ငံမှာ ၅ရက်ခရီးစဉ်ပြီးဆုံးတဲ့ သောကြာနေ့က မစ္စတာ ကင်တားနားရဲ့ စစ်အုပ်ချုပ်သူတွေကို ဝေဖန်ပြောဆို ခဲ့တာဟာ မှန်ကန်ပြီး ဆီလျှော်မှု ရှိတယ်လို့ ပြောခဲ့ပါတယ်” ဟု ပြန်လည် ပြောပြခဲ့ကြောင်း သိရပါသည်။
ဥိးဥာဏ်ဝင်းကပဲ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖေဖေါ်ဝါရီလါ ၁၃ ရက်နေ့က လွတ်မြောက် လာတဲ့ NLD ဒုဥက္ကဌ ဦးတင်ဦးဟာ သူရဲ့ တာဝန် ဝတ္တရားတွေကို နောက်ရက်မှာပဲ စတင်ထမ်းဆောင်ခဲ့တာနဲ့ ၊ NLD ရဲ့ အီးစီ ၁၁ ဦးကနေ ၂၀ဦးအထိ တိုးချဲ့မယ့် အစီအစဉ်ကိုလဲ အပေါ် ကျေနပ်အားရမိတယ်လို့ သူ့ကို ပြောပြ ခဲ့တယ်လို့ ဆိုပါတယ်။
ဦးဥာဏ်ဝင်းကပဲ NLD ပါတီဟာ အလုပ်အမှုဆောင် ၁၀၀နဲ့ ဗဟိုကော်မတီ ၂၀ ရှိမယ့် အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲစည်းရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
http://saffrontoward.blogspot.com/2010/02/blog-post_24.html
Wednesday, February 24, 2010
ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ် ထုတ်ပြန်ချက်ကို သဘောတူဟုပြော
စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
၁. ကွယ်လွန်သူ အတွင်းရေးမှုး ၂ ဟောင်းတင်ဦးရဲ့သား၊ မြို့တော်ဝန်ဟောင်း ဦးကိုလေးရဲ့သမက်ဟာ ဘိုးတော် ၏ သမီး ၀က်ပုပ်မ..သန္တာရွှေကို အပျော်ကြံတယ်လို့ တစ်ဖက်သပ်စွပ်စွဲပြီးကားနဲ့တိုက်သတ်ခဲ့ ပြီး မတော်တစ်ဆမှုပါ လို့အကြောင်းပြခဲ့တယ်။ ကံကောင်းထောက်မစွာ အသက်မဆုးံရှုးံခဲ့ရပေမယ့် အဖြစ်မှန် ကို ရေလုံနှုတ်ပိတ်ပြီး နိုင်ငံခြားရေးရုးံမှလည်း အလုပ်ဖြုတ်ခံရကာ ဒုက္ခိတဘဝနဲ့ အရိုးထုပ်နေရပါတယ်။
၂. စိမ်းလဲ့ကန်သာ၅လောင်းပြိုင်လူသတ်မှု ယနေ့ထိမဖော်ထုတ်နိုင်သေးပါဘူး။ သန္တာရွှေ ရဲ့ မင်္ဂလာပွဲ အတွက် မိုးကုပ်မြမောင် မိသားစုသာလျှင် ပိုင်ဆိုင်တဲ့ ဖိတ်ဖိတ်တောက် စိန်တွေ ဌား။ အရှက်မရှိ သူ့ ဟာလိုကြွား လောဘတက် ပြန်မပေးချင်တော့ မိသားစုတစ်စုလုံး အသေသတ်ပြီး.သတင်းအမှောင်ချပြီးတော့ မီဒီယာတွေ မေ့ပျောက် သွားအောင် လှည့်စားနေပါတယ်။ အမေရိကန်သံရုးံက CCTV မှတ်တမ်းခွေပေးခဲ့တော့ ဗိုလ်ချုပ် မောင်ဘို ကိုယ်တိုင်ပြည်ထဲရေးဝန်ကြီးရုးံမှာ လာသိမ်းသွားခဲ့ပါသတဲ့။ ဘာလို့လဲဆိုတော့အဲဒီအိမ်ထဲကို နောက်ဆုးံ ဝင်သွားတဲ့ ပါရာဒိုအနက်ရောင်ကားဟာ ကြိုင်သန်းရွှေရဲ့ကားဖြစ်နေလို့ပါတဲ့။
သာမန်လူတမ်းစားတွေဒီလိုရာဇဝတ်မှုမျိုးကျုးလွန်ချင်ပါတယ် ဆိုရင်တောင် ကျုးလွန်နိုင်လောက်တဲ့ လက်နက်အင်အားမရှိပါဘူး။ ဒါကြောင့်ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့် ကို စိတ်ကြွဆေးပြားတွေ ထုတ်လုပ် တာမိတော့ တရားရုးံတင်ဖို့နေနေသာ သာဖမ်း တောင်မဖမ်းရဲပါဘူး။ ဆေးသမားက သူတို့ထက်ကြမ်းတယ် ဖမ်းရဲဖမ်းကြည့် ၅ လောင်းပြိုင်ကိစ္စဖော်လိုက်မယ် ဆိုတာနဲ့သန်းရွှေကြီး အမြှီးကုပ်သွားရပါတယ်တဲ့။
၃. မေ ၃၀ ဒီပဲယင်းလူသတ်ပွဲကြီးကတော့ ကမ္ဘာသိမို့အထူးမပြောတော့ပါဘူး။ပုဂ္ဂိုလ် ရေးမနာလိုစိတ်ရယ် မိသားစု ကောင်းစားရေး အတွက် သန်းရွှေခြေကုန်ထုတ်ရမ်းခဲ့တဲ့ ရာဇ၀တ် ပွဲပါ။
၎. မကြာခင်ကမှဖြစ်သွားတဲ့နောက်တစ်ခုကတော့ 7 CORNER ဆိုတဲ့အတွင်းရေး မှုး ၁ တင်အောင်မြင့်ဦးသား နဲ့ စီမံကိန်းဝန်ကြီးစိုးသာ သာ တို့ပိုင်တဲ့ဆိုင် ကယိုးဒယားက စားဖိုမှုး၊ ကြိုးမဲ့အင်တာနက်တွေနဲ့ ရန်ကုန် လူငယ်တွေကြား ရေပန်းစားလာတော့စိန်မျောက်မျောက်က ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးခိုင်းတဲ့ထိမ နာလိုစိတ်ပြင်း တဲ့ မိသားစုတွေပါ။ မြေးကမရင့်ကျက်သေးလို့လုပ်တယ် ဆိုရင်တောင် သေခါနီး အဘိုးနဲ့အဖွားက မဆုးံမကြဘူး လား။ မြေးတစ်ယောက်ကိုတောင်နိုင်အောင် မအုပ်ထိမ်းနိုင်တဲ့အဘိုးက ၅၅ သန်းရှိတဲ့တိုင်းပြည်ကို အုပ်ချုပ်လို့ တိုင်းပြည်ပျက်တာ ဆန်းသလားဗျာ။
ခုလက်တလောစိန်မျောက်မျောက် အရူးရောဂါ နှာဘူးရောဂါ ထနေပြီး။နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းမှာတောင်ဝင် စွက်လာပြီ။ နေမြင့်လေ အရူးရင့်ဆိုသလို။ အောက်ကသတင်းလေး ဖတ်ကြည့်ကြပါအုးံ။
အနုပညာရှင်တစ်ယောက်ရဲ့တွေရဲ့ဓါတ်ပုံဖော်ပြခွင့်ကိုအဘိုးရဲ့အာဏာသုးံပြီးပိတ်ပင်တယ်ဆိုတော့ဒီနိုင်ငံဟာဘယ်အခြေနေရောက်နေပြီလဲ။ တရားတဲ့ဥပဒေဆိုတာကောရှိသေးရဲ့လား။
မကြာခင်မှာ ဒီထက်တဆင့်တက်ပြီးမနာလိုစိတ်နဲ့ အကောက်ကျစ်ဆုးံအောက်လမ်း ပေါင်းစုံနဲ့ စိုင်းစိုင်းကို တိုက်ခိုက်တော့မယ် ဆိုတာ မြေကြီး လက်ခက်မလွဲပါဘဲ။ ဘယ်ပုံဘယ်နည်းနဲ့ယုတ်မလဲရယ်။ ဘယ်တော့လည်း ဆိုတာကိုတော့ မကြာခင် အဖြေထွက်မှာပါ။
ဒီမိသားစုတစ်စုကြောင့် ၅၅ သန်းသော ပြည်သူတွေ မှီတင်းနေထိုင်တဲ့မြန်မာနိုင်ငံမှာ
အပြစ်မဲ့ ပြည်သူဘယ်လောက်သေခဲ့ရပြီးပြီလဲ၊
အပြစ် မဲ့ပြည်သူ ဘယ်လောက် ဘဝတွေပျက်ခဲ့ရပြီလဲ၊
အပြစ်မဲ့ပြည်သူ ဘယ်လောက် အကျဉ်းကျခဲ့ကြပြီးပြီလဲ၊
အပြစ်မဲ့ပြည်သူ မည်မျှငတ်ပြတ်ခဲ့ရပြီလဲ.
မိသားစုတွေ ဘယ်လောက်ငိုကြွေးနေရဆဲလဲ။
ဒါကြောင့်နောက်ထပ်ပြည်သူချစ်တဲ့အနုပညာရှင် တစ်ယောက်အကြောင်းမဲ့ မဆုးံရလေအောင် စိုင်းစိုင်းရေ သတိထားပါ၊
မြန်မာပြည်မှာ
ငရဲခွေးတွေလွတ်နေတယ် လို့သတိပေးလိုက်ပါရစေ။
ရန်နောင်
၂၄၊၀၂၊၂၀၁၀
မှတ်ချက်။။
စိန်မျောက်မျောက် အနေဖြင့် မိမိထက် အဆများစွာသာလွန်သော ငွေပေးဝယ်မရသော အာဏာဖြင့် ၀ယ်မရသော စိုင်းစိုင်း၏ ရုပ်ရည်သာခြင်း။ ကျော်ကြားခြင်း။ ပြည်သူချစ်ခင်ခြင်း။ ဂီတ အနူပညာ စမ်း။ မိန်းကလေး၏ အချစ် အားမနာလိုမရှုစိမ့်သည်မှာ..မြေကြီးလက်ခတ်မလွဲပါ။
မယားလိုချင်...လင်ကိုလှံနဲ့ ထိုးရိုး စကားပုံ အရ..ရနောင် မောင်မောင်တုတ်လို တဏှာထုတ် စိန်မျောက်မျောက်..မျက်ထောင့် နီနေပါ သည်။.ဆင်ရိုင်းလို မုန်ယိုနေပါသည်။ ရှက်ရမ်းရမ်း..အာဏာ ဖြင့် ဆင်ခိုးမလေးကို သိမ်းပိုက်ရန်ကြံနေသည်။ သူ၏ ရုပ်ကြမ်းကြီးဖြင့်...ရည်းစားဒါးမြ..လုပ်ချင်နေသည်။ အချစ်ကို ငွေပေးဝယ်မရ..စမ်းကို ငွေပေးဝယ်မရ။ သကောင့်သားလေးကဖြင့် မသိရှာ။
သူ ၏ ဘမျိုးဘိုးတူ အဖိုး၏ မိုက်မဲမှုကို အမွေရသည်။ အဖိုးက ဒေါ်အောင်ဆန်းစုကြည်ကို မိန်းမ တယောက် ငါနှိပ်ကွပ်ရင်ရမည် ဟုထင်သည်။ နှိပ်ကွပ်သည်။ ပြည်သူုက သူကြမ်းလေ..ဒေါ်အောင်ဆန်းစုကြည်ကို ပို ဂရုဏာသက်လေ။ သူ ရမ်းလေ..ကမ္ဘာ့တန်းဝင်..သူ၏ မိသားစု ၀င်များ.တသက်လုံး အိမ်မက်ထဲတောင် မမြင်ဖူးသည့် ဆုတံဆိပ် တွေ တခုပြီးတခု ချီးမြှင့်ခံရသည်။ စုန်းမကြီး မယ်အိုဇာ ဒေါ်ကြိုင်ကြိုင် ဖင်ဆောင့်လေသည်။ သန်းရွှေ သည် ပိုမို၍ လူဆိုးတန်းဝင်..လူယုတ်မာ ဖြစ်လေလေ ဖြစ်သည်.
ယခု ကြာကူလီ စိန်မျောက်မျောက်..လက်မ၀က် လက်တောက်လောက်ကလေးနှင့်..ပုဆိုးထဲက လက်သီး ထောင် တော့သည်။ ကောင်မလေးလှလာလေလေ..စိုင်းစိုင်းရဲ့ စမ်းထလေလေ..လူယုတ်မာသွေး က ကြွလာလေလေဖြစ်သည်။
သူ မသိသောအရာမှာ..စိုင်းစိုင်းကို သေအောင်သတ်နိုင်လျှင် သတ်နိုင်မည်ဖြစ်သော်လည်း.ကောင်မလေးအချစ်ကို သူဘယ်တော့မှ ကြောင်တောင်နှိုက်မရ မည်က သေချာသည်။
သေချာစဉ်းစား စိန်မျောက်မျောက်..ပြည်သူလက်မခံ၍ ဆာဒန်နှင့် သူသားတွေ မည်သို့  ပိုးလိုးပက်လက်သေပါသနည်း။
ကြာကူလီ ရနောင်မောင်မောင်တုတ် နောက်ဆုံးတွင်..မည်သို့ သေပါသနည်း။
ကျော်နေ၀င်း တို့  တောင် ပြုတ်ကျမှ မင်းက ဘာမို့ လည်း စိန်မျောက်မျောက်..တနေ့ ကျ သဘက်က သရဲကို ပြန်ခြောက်မှာပါ။
သတိထားဟေ့ ကိုယ်လူ..မင်း လူစဉ်မမီတဲ့  မင်းအဝှါ ကို ဒေါက်မပြုတ်စေချင်...ကြားလား..နောက်ဆုတ်..
စိုင်းစိုင်း..ကောင်မလေးကို ခု လွှတ်လိုက်...
အာဇာနည်
ဒီအကောင်ဘာကောင် သိချင် ဒီမှာဆက်ဖတ်
ဗမာပြည်မြေပုံအစစ် True Burma Map
တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့  သူ့ တို့ ကိုယ်ပိုင် နယ်မြေတွေအကြောင်းစဉ်းစားဖြစ်ရင်းနဲ့  ဗမာပြည်မြေပုံ ကို အစိတ်စိတ်အမွှာမွှာ လုပ်ကြည့်ဖြစ်ပါတယ် ။ သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရပြီးရင် ကတိအတိုင်း ပေးရမယ့်  လွတ်လပ်ရေးနယ်မြေတွေပါ။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့  ဗမာနဲ့ တိုင်းရင်းသား စည်လုံး ညီညွတ်စွာတိုက်ခိုက်နိုင်မှ ဗမာပြည်လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့လို့ ပါဘဲ ။ တကယ်တမ်း တိုင်းရင်းသား ပြည်နယ်ပေါင်းစုံနဲ့ တိုက်ခိုက် အောင်မြင်ပြီး ဗမာပြည်လွတ်လပ်ရေးရခဲ့ ပေမယ့် အာဏာရှင်နေ၀င်းရဲ့ စစ်တပ်အာဏာမက်မောမှုကြောင့်  ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိ ဟာ ပျက်ပြားခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့ ကာ ဗမာပြည် အစိုးရကို တော်လှန်တာ မဆန်းပါဘူး ၊ကလေးစကားနဲ့ ပြောရရင် မင်း ကတိမတည်တဲ့ ကောင် ငါချ မယ် ပေါ့။ တကယ်လို့ ဗမာပြည် တကယ်လွတ်လပ်ရေးရပြီး သစ္စာရှိစွာနဲ့ ပြည်နယ်တွေ ပေးခဲ့ မယ်ဆိုရင် ဤပုံအတိုင်းဗမာပြည်ဟာ ယ္ခုလိုတွေ့ မြင်ရမှာပါ။
သန်းရွှေကို ဒီအတိုင်းလွှတ်မထားကြဖို့  တိုက်တွန်းပါရစေ။
ခွေးညိုကြီးလွတ်နေသည်ပေါ့ဗျာ။
ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှလည်းဖြီးပါ ဦးအ၀ှါ
အတုအယောင် မြန်မာ မဖြစ်ရဟု ၀န်ကြီးချုပ် သိန်းစိန်ပြော
Wednesday, 24 February 2010 15:36 ကိုထွေး .
“မြန်မာသည် မြန်မာ ယောင်ဆောင် ထားသော တိုင်းတပါး အလိုတော်ရိ မဖြစ်စေရ”ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ကချင်ပြည်နယ် ခရီးစဉ်တွင် တိုက်တွန်း ပြောကြား လိုက်သည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဓာတ်ပံ - ရိုက်တာ)
ဗန်းမော်မြို့ မြို့တော်ခန်းမ၌ မြို့မိ မြိုဖများ၊ ခရိုင်နှင့် မြို့နယ် အဆင့်ရှိ ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များကို ယမန်နေ့က ယင်းသို့ ပြောကြား ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
တစုံတဦးကို ရည်ရွယ် ပြောဆိုခြင်း မရှိသော်လည်း ဗြိတိန် နိုင်ငံသား မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် သူများက ဆိုသည်။
ယင်းပြောကြားချက်သည် စစ်အစိုးရ၏ သဘောထားကို လှစ်ဟ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က သုံးသပ်သည်။
“ပြေလည်ချင်တဲ့ သဘော မရှိခြင်းကို ပြတာပဲ၊ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ နိုင်ငံရေး အင်အားစုတွေနဲ တတ်နိုင် သမျှ ပြေပြေလည်လည် ဖြစ်ဖို့ မရှိဘူး၊ တင်းတင်းမာမာပဲ ဆက်ဆံသွားမယ်၊ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုတာကို ပြလိုက်တဲ့ သဘောပဲ”ဟု ဦးဝင်းတင်က ပြောသည်။
အစိုးရပိုင် သတင်းစာများက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီကို အနောက်အုပ်စု ၏ သြဇာခံအဖြစ် မကြာခဏ ရှုတ်ချ ရေးသားမှုများ ရှိခဲ့သည်။
ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ အထိ ပြည်နယ်နှင့်တိုင်း များတွင်ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် ၁၆ ဦးနုတ်ထွက်သည့် သတင်းကို ရေးသား ဖော်ပြထားသည်။
NLDတည်ထောင်စဉ် ကတည်းက အစိုးရက ယင်းသို့ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခင်က နုတ်ထွက်သည့် စာရင်းကို အချိန်နှင့် အညီ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် နုတ်ထွက်သူများကို ပြစ်တင် ရှုတ်ချ ပြစ်ပယ်ခြင်း မပြု လုပ်သကဲ့သို့ ရန်သူကဲ့သို့လည်း သဘောမထားကြောင်း ဦးဝင်းတင် က ဆိုသည်။
ဦးဝင်းတင်က“ပါတီဝင်တွေနုတ်ထွက်တယ်ဆိုတာက နိုင်ငံရေး ကစားမှုသက်သက်ပဲ၊ ကျနော်တို့ ပါတီဟာ သူတို့ ထင်သလို ပါတီဝင်တွေ နုတ်ထွက်တာ နှစ် ၂၀လုံးလုံး ရှိလာခဲ့ပြီဗျာ၊ ဒီနေ့ ပါတီမှာ လူတယောက်မှတောင် ကျန်စရာ အကြောင်းမရှိတော့ဘူး၊ နုတ်ထွက်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ အယုံအကြည် မရှိဘူး”ဟု ပြောသည်။
NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေကလည်း“ငွေပေးလို့ပဲဖြစ်ဖြစ်၊ အတင်းအကျပ် လုပ်ခိုင်းလို့ပဲ ဖြစ်ဖြစ် လုပ်တာဖြစ်နိုင် တယ်၊ ဒါဟာ သွေးရိုးသားရိုး ကိစ္စ မဟုတ်ဘူး”ဟု ဆိုသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2668-2010-02-24-08-38-19
အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလားလို့ )
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ
တက်လူ/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ
ယခုနှစ် သုတစွယ်စုံစာပေဆုတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကို ရွေးချယ် ပေးသွား မည်ဖြစ်ကြောင်း စစ်အစိုးရပိုင်သတင်းစာတွင် ဖော်ပြသည်။
ယင်းစာအုပ်ကို တက္ကသိုလ်စိန်တင် ရေးသားခြင်းဖြစ်ပြီး သုတစွယ်စုံစာပေဆု ပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည်ဟု သိရသည်။
“ကျနော်လည်း ဒီနေ့မြန်မာ့အလင်းမှာ သုတစွယ်စုံစာပေဆုကို တွေ့လို့ ဒီနှစ် ဘယ်သူတွေကို ရွေးချယ်ထားလဲဆိုတာ သိချင်ဇောနဲ့ ဖတ်မိတယ်။ ဗိုလ်ချုပ်စာအုပ်ကို ဆုစာရင်းရဲ့ ထိပ်ဆုံးမှာ ဖော်ပြထားတာ တွေ့ရတယ်ဗျ။ သုတစွယ်စုံစာပေဆုကို ပြန်ကြားရေးဝန်ကြီးနဲ့ အလွန်ပနံသင့်တဲ့ ဒေါက်တာ တင်ထွန်းဦးက ပေးတာဖြစ်လို့ ဒီနှစ်မှာ ဒီစာအုပ်ကိုဆုပေးတာ တကယ့်ကို အံ့သြ၀မ်းမြောက်စရာပါပဲ” ဟု ပြည်တွင်းဝါရင့်သတင်းအယ်ဒီတာတဦးက ပြောသည်။
သုတစွယ်စုံ စာပေဆုပေးသည်မှာ ပဉ္စမမြောက်ဖြစ်ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သောစာအုပ် ပါဝင်လာသည့်အတွက် ပြည်တွင်းစာနယ်ဇင်းများက အံ့သြနေကြကြောင်း ရန်ကုန်အခြေစိုက် မီဒီယာများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ စာအုပ်အား ဆုပေးရန် ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက “ကျနော်တို့က ဆုရွေးချယ်ရေးအဖွဲ့ဖွဲ့ပြီးတော့ စနစ်တကျ ရွေးချယ်ပါတယ်။ ဘာလို့ ဒီစာအုပ်ကို ရွေးလဲဆိုတော့ ဒီစာအုပ်က အချက်အလက် ပြည့်စုံတယ်၊ နောက်အကြောင်းအရာက လေးနက်တယ်၊ နောက် မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းဆိုတော့ တနိုင်ငံလုံးနဲ့လည်း ဆိုင်တယ်၊ နောက်တချက်ကတော့ တင်ပြပုံကလည်း စနစ်ကျတယ်။ အဲဒီအချက် (၄) ချက်ကြောင့် ကျနော်တို့ရွေးတာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။
ဆုရွေးချယ်ရေးအဖွဲ့တွင် စာပေစာနယ်ဇင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ၀ါရင့်စာပေပညာရှင်ကြီးများ၊ စာပေဆုအလှူရှင်များ ပါဝင်ကြောင်း ၎င်းက ပြောသည်။
ယခုနှစ်ပေးသည့် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်အတွက် တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်း၊ စာပဒေသာဘာသာရပ်အတွက် ကိုကို(စက်မှုတက္ကသိုလ်) ၏ အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ၊ လူမှုစီးပွားဘာသာရပ်အတွက် ဒေါက်တာချစ်၏ လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ၊ ဘာသာပြန်ဘာသာရပ်အတွက် ကြည်မင်း၏ ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း၊ ရည်ညွှန်းစာပေဘာသာရပ်အတွက် ကျော်ဝင်း၏ စာအုပ်များဖြင့်နှစ်ပေါင်းများစွာ၊ လူငယ်စာပေဘာသာရပ်အတွက် ပါမောက္ခ ဒေါက်တာတင်စိုး၏ ဘာလဲဟဲ့ဒေါက်တာဘွဲ့၊ နိုင်ငံတကာရေးရာဘာသာရပ်အတွက် ရဲထွဋ်၏ သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန်၊ အသုံးချသိပ္ပံဘာသာရပ်အတွက် ဒေါက်တာစိုးလွင်၏ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ တို့ဖြစ်ကြကာ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းစာပေဆုများအတွက်၂၀၀၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သောစာအုပ်များကို အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုတဆုစီ အတွက် ငွေကျပ် (၃) သိန်းစီနှင့် တသက်တာစာပေဆုအတွက် ငွေကျပ် (၅) သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဆုပေးပွဲကို မတ်လ (၁) ရက် နေ့လယ် (၁) နာရီတွင် ကုန်သည်ကြီးများ ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သုတစွယ်စုံစာပေဆု၏ တသက်တာစာပေဆုများကို သိပ္ပံမှူးတင်၊ ပါရဂူ၊ မောင်ဆုရှင် (ကွယ်လွန်)၊ ဒေါက်တာခင်မောင်ညွန့်တို့ ရရှိခဲ့ဖူးကြကြောင်း သိရသည်။
http://www.khitpyaing.org/news/February%2010/23210b.php
စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
တေဇချေးတုံး ဓါတ်တိုင်လောက်အလုံးကြီးတော့မယ် ..အစားကြီးဖင်ဂေါင်းကျယ်..အီးအီးတုံးကြီးကြီးပါ တော့မယ်.
ကျပ်ငွေ ဘီလီယံ (၃၀၀) ထက်မနည်း ဦးတေဇ ရမည်
မျိုးဝင်းဇော်/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ
(၅) သိန်းတန် စီဒီအမ်အေဖုန်းကို ရန်ကုန်တမြို့တည်း၌ပင် အလုံးရေ (၅) သိန်းအထိ ထူးကုမ္ပဏီလက်အောက်ခံ အီလိုက်တက် (Elite) ကုမ္ပဏီက ရောင်းချခွင့် ရရှိမည်ဖြစ်သဖြင့် အကျိုးအမြတ်အားဖြင့် ကျပ်ငွေ ဘီလီယံပေါင်း (၃၀၀) ကျော်ထက်မနည်း ရရှိသွားမည်ဖြစ်သည်။
ဆင်းကတ် (၅) သိန်း ရောင်းချခွင့်ရခြင်းသည် တန်ဖိုးအားဖြင့် ကျပ်ငွေ ဘီလီယံ (၂၅ဝ) နှင့် ညီမျှကြောင်း၊ အထိုင်ဖုန်း တလုံးလျှင် ကျပ် (၅) သောင်းမှ (၁) သိန်းကြား ရှိသည့်အတွက် အနည်းဆုံး ကျပ်ငွေ (၂၅) ဘီလီယံဖိုးရှိကြောင်း၊ နောက်ထပ် တယ်လီဖုန်းပြောခများ လစဉ်ရမှာလည်း ရှိနေသေးကြောင်း ရန်ကုန်မြို့ခံ မိုဘိုင်းဖုန်း အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောကြားသည်။
“ထူးကုမ္ပဏီက ဒီဆက်သွယ်ရေးလုပ်ငန်းကို ဘယ်လောက်အထိ လုပ်ခွင့်ရသလဲဆိုရင် စီဒီအမ်အေ ဆင်းကတ်တွေကို သူတို့ဆိုင်ကနေပဲ ထုတ်ပေးတယ်။ အဲဒီ ဆင်းကတ်တွေနဲ့ သုံးမယ့် အထိုင်ဖုန်းတွေ၊ လက်ကိုင်ဖုန်းတွေကိုလည်း တရုတ်ကုမ္ပဏီတခုနဲ့ ရတနာပုံဆိုင်ဘာ စီးတီးထဲမှာပဲ တပ်ဆင်ထုတ်လုပ်ပြီး သူတို့ပဲ ရောင်းတယ်။ ဒါတင်မက တယ်လီဖုန်း ပြောဆိုခ ပရီပေးကတ်တွေကိုလည်း ခုအချိန်ကနေစ သူတို့ကုမ္ပဏီက ပဲ ရောင်းချသွားလိမ့်မယ်။ ဆိုတော့ အမြတ်အစွန်း အလွန်ကြီးတဲ့လုပ်ငန်းကို အစအဆုံး လုပ်ခွင့်ရတာပဲ။ အခြား ဘယ်သူ မှ ဒါမျိုးလုပ်ခွင့်မရဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါကိစ္စ အီလိုက်တက် ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့ကုမ္ပဏီက ချပေးနေသည့် (၈ဝဝ) မဂ္ဂါဟက်စ် စီဒီအမ်အေ ဖုန်းများ ကို ယခင်က ရန်ကုန်တွင် (၁) သိန်း၊ မန္တလေးတွင် (၅) သောင်း လျာထားသော်လည်း ယခုနောက်ပိုင်း လိုသလောက် ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း၊ စီဒီအမ်အေ (၄၅ဝ) မဂ္ဂါဟပ်စ် ဖုန်းများကိုမူ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်း (၉) ခုတွင် ချပေးမည်ဖြစ်ပြီး အလုံးရေ (၅) သိန်းပင် ကျော်သွားနိုင်ကြောင်း အတည်ပြုပြောဆိုသည်။
ကျပ် (၅) သိန်းတန် စီဒီအမ်အေ (၈၀၀) မဂ္ဂါဟက်စ် ဖုန်းများကို ရန်ကုန်မြို့တွင် ယခင်သတ်မှတ်ထားသောအလုံးရေ (၁) သိန်းမှ (၅) သိန်းအထိ တိုးချဲ့ငှားရမ်း တပ်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မန္တလေးတွင်လည်း ထပ်မံတိုးမြှင့် ချထားသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီလအတွင်း ထုတ်ဝေသော အပတ်စဉ်ထုတ် ပြည်တွင်း သတင်း ဂျာနယ်များတွင် ဖော်ပြသည်။
ယခုကဲ့သို့ ရောင်းချခွင့်ပေးလိုက်ခြင်းသည် စစ်အစိုးရလက်ထက် တန်ဖိုးပမာဏ အကြီးမားဆုံး လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း မရမ်းကုန်းအိပ်ခ်ျချိန်းမှ ဆက်သွယ်ရေးအင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “လက်ရှိ တနိုင်ငံလုံး သုံးနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ (၄၅ဝ)၊ တီဒီအမ်အေ မိုဘိုင်းဖုန်း အားလုံးပေါင်းရင် အလုံးပေါင်း (၄၈ဝ,ဝဝဝ) ပဲရှိတယ်။ ထူးကုမ္ပဏီကိုတော့ စီဒီအမ်အေ (၈ဝဝ) အထိုင်ဖုန်းနဲ့ (၄၅ဝ) မဂ္ဂါဟက်စ်ဖုန်း (၅) သိန်းအထိ ထုတ်ရောင်းခွင့်ပေး လိုက် တော့ ဒါဟာ တန်ဖိုးအကြီးမားဆုံး လုပ်ပိုင်ခွင့်ပေးတာလို့ ပြောနိုင်ပြီ” ဟု ဆိုသည်။
နအဖစစ်အစိုးရသည် ၂ဝဝ၉ ခု သြဂုတ်လ (၁၇) ရက်မှစပြီး အစိုးရကသာ လုပ်ကိုင်နိုင်သည့် အင်တာနက်အပါအဝင် ဆက်သွယ်ရေး လုပ်ငန်းများကို ရတနာပုံ တယ်လီပို့ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပြုခဲ့ပြီး အဆိုပါ ရတနာပုံ တယ်လီပို့ကုမ္ပဏီထဲတွင် ထူးကုမ္ပဏီသည် ဦး ဆောင်ကုမ္ပဏီအဖြစ် ပါဝင်သည့်အတွက် ယခုကဲ့သို့ (၈ဝဝ) မဂ္ဂါဟပ်စ် စီဒီအမ်အေ တယ်လီဖုန်း ချပေးရေးလုပ်ငန်းကို လက်ဝါး ကြီးအုပ် လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။
လွန်ခဲ့သည့် (၃) နှစ် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု ပြင်းထန်နေချိန် ရန်ကုန် ကုန်သည်ကြီးများဟိုတယ်တွင် ပြုလုပ်သည့် အဲပုဂံ နှစ်ပတ်လည် ပွဲတခုတွင် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက ၎င်းသည် နိုင်ငံတကာ သူဌေးကြီးများကဲ့သို့ ငွေရလွယ်သည့် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ပြီး ချမ်းသာလာသူ မဟုတ်ကြောင်း၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းကိုသာ ရိုးရိုးသားသား လုပ်ကိုင်သူဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
ယခုအချိန်တွင်မူ နိုင်ငံတကာမှာထက် ဆိုးသည့် ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ် လုပ်ကိုင်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမားများအကြား ဝေဖန်နေကြသည်။
မြန်မာ့ဆက်သွယ်ရေးဌာနက ထုတ်ပြန်သည့် စာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် လက်လှည့်နှင့် အော်တိုတယ်လီဖုန်း အလုံးရေ (၄) သိန်းခွဲနီးပါး၊ မိုဘိုင်းဖုန်းအလုံးရေ (၄) သိန်း (၈) သောင်းကျော် ချထားပြီးဖြစ်ကြောင်း၊ ၂ဝ၁ဝ -၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်မှာ အော်တိုတယ်လီဖုန်း အလုံး (၄) သောင်းကျော်နှင့် မိုဘိုင်းဖုန်း အလုံးပေါင်း (၁) သိန်း (၃) သောင်း တပ်ဆင်ပေးရန်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
http://www.khitpyaing.org/news/February%2010/23210e.php
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)

.jpg)