နေပြည်တော် ၀န်ထမ်းများ မိသားစုစရိတ် မဖြေရှင်းနိုင်
အောင်ထက်/၂၇ ဧပြီ ၂ဝ၁ဝ
နေပြည်တော် တာဝန်ကျ ဌာနဆိုင်ရာ ၀န်ထမ်းအားလုံးနီးပါးခန့်သည် ရရှိလစာငွေနှင့် မိသားစုစရိတ် လောက်ငမှုမရှိသည့် ၀မ်းရေး ပြဿနာနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
အထူးသဖြင့် ၀န်ထမ်းများအား ပြင်ပစီးပွားရေးလုပ်ကိုင်ခွင့် ကန့်သတ်တားမြစ်ထားခြင်းကြောင့် ၀န်ထမ်းအများစု၏ မိသားစု စားဝတ်နေရေး ပိုမိုခက်ခဲရသည်ဟု နေပြည်တော်မှ ၀န်ထမ်းများက ပြောဆိုသည်။
နေအိမ်၊ ရေ၊ မီး အပြည့်အစုံ နအဖမှ စီစဉ်ဆောင်ရွက်ပေးထားသော်လည်း လုပ်ငန်းခွင်၌ ပျော်မွေ့ခြင်းမရှိဟု နေပြည်တော်တာဝန်ကျ ၀န် ထမ်းတို့က ဆိုကြသည်။
“မတတ်သာလို့သာ နေပြည်တော်မှာ လာနေရတာ။ မိဝေး၊ ဖဝေး ဘယ်သူမှ မနေချင်ကြဘူး။ ၀န်ထမ်း (၁၀၀) မှာ (၉၉) ယောက်က ရန်ကုန် ရုံးတွေမှာပဲ နေချင်ကြတယ်။ ဒီမှာ တယောက်မှ မပျော်ကြဘူး” ဟု ရုံးအမှတ် (၃၀) စက်မှု (၂) ၀န်ထမ်းတဦးက ပြောသည်။
ဌာနလုပ်ထုံးလုပ်နည်းများအရ စီမံကိန်းများ၊ စီးပွားရေးလုပ်ကွက်များကို ရန်ကုန်ရုံးချုပ်သို့တင်ပြရပြီး ညွှန်ချုပ်၊ ၀န်ကြီးအဆင့် ထောက်ခံ ချက်များကို နေပြည်တော်ရုံးအဖွဲ့များမှ ရယူကြရသည်။
ထို့အတွက် ရန်ကုန်ရုံးချုပ်အဖွဲ့သည် အပိုဝင်ငွေ ထိုက်သင့်သလောက်ရရှိကြပြီး နေပြည်တော်ရုံးအဖွဲ့သည် ၀န်ထမ်းလစာငွေ သက်သက် ဖြင့်သာ လတ်တလော ရပ်တည်နေကြရသည်ဟု သိရသည်။
ထို့ကြောင့် လစာနည်း ၀န်ထမ်းအချို့သည် အပ်ချုပ်ဆိုင်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မုန့်ပဲသရေစာများ ရောင်းချခြင်း စသည့် မိသားစု တပိုင်တနိုင် အလုပ်များကို မိမိတို့တိုက်ခန်းများအတွင်း သိုသိပ်လျှို့ဝှက်စွာ ခင်းကျင်းရောင်းချကာ ၀မ်းရေးအတွက် အပိုဝင်ငွေ ရှာကြ ရသည်။
အချို့ဝန်ထမ်းတို့က ဆိုင်ကယ်ဝယ်ယူကာ တနေ့ (၂,၅၀၀) ကျပ်ဖြင့် အငှားပေးထားခြင်း၊ ရုံးချိန်လွတ် ပြင်ပ၌ ဆိုင်ကယ်ကယ်ရီ အငှား လိုက်ခြင်းဖြင့် ၀မ်းရေးဖြေရှင်းနေရသည်ဟု ဘောဂသိဒ္ဓိရပ်ကွက်နေ ၀န်ထမ်းတို့က ပြောသည်။
ဗလသိဒ္ဓိရပ်ကွက်နေ ၀န်ထမ်းတဦးကမူ “မီးဖိုချောင်စရိတ် ခုမိအောင် အိမ်ခန်းထဲမှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ပါတယ်။ ၀န်ထမ်း အချင်းချင်း ထဲကပဲ ဌာနလူကြီးကို တိုင်လို့ ပိတ်ပေးလိုက်ရတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းက သာသနာရေးဝန်ကြီးမှ အလှစိုက် ပန်းပျိုးပင်များ စိုက်ပျိုးကာ ၎င်း၏ ရုံးတွင်း သာရေးနာရေးရန်ပုံငွေ ရရှိရန် ကြိုးစားခဲ့ဖူးသည်။
သို့သော် နေပြည်တော် နယ်စပ်စည်ပင်မှ တားမြစ်ခဲ့ခြင်းကြောင့် ၀န်ကြီးဌာန အ၀င်လမ်း၊ ပျိုးပင်စိုက်ပျိုးထားရှိရန် အဆောက်အအုံ ဆောက်လုပ်စရိတ် သိန်း (၂၀) ကျော် ဆုံးရှုံးခံရသည်ဟု ယင်းဌာန ၀န်ထမ်းများက ပြောသည်။
“၂၀၀၆ ခုနှစ် ရောက်စကဆို ရေမီးအပြည့်အစုံ၊ အိမ်ခန်းအသင့်ပေါ့။ အခု ရန်ကုန်နှုန်းထားအတိုင်း လျှပ်စစ်မီတာခ ကောက်ခံတာ (၆) လကျော်သွားပြီ။ မကြာခင် ရေဖိုး၊ အိမ်ခန်းလခတွေ ကောက်လာနိုင်တယ်။ နောက်ပြီး နေပြည်တော် သောက်ရေက မသန့်တော့ ရေ သန့်ဘူး ၀ယ်သုံးကြရတယ်။ စားသောက်ကုန်တွေက ရန်ကုန်ထက် ဈေးမြင့်တယ်။ ဈေးသွား၊ ကျောင်းသွား လိုင်းကား၊ ဆိုင်ကယ်ကယ်ရီ စီးရတယ်။ အဲလို အသုံးစရိတ် ထွက်ငွေတွေများနေတော့ လစာနဲ့ ဘယ်လောက်တော့မှာလဲ” ဟု ဧက (၅၀၀) သာသနာရေးဝန်ထမ်းတ ဦးက ပြောသည်။
ရုံးအမှတ် (၃၅) ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ထမ်းတဦးကလည်း “၀န်ထမ်းအများစု ကျပ်တည်းကြတယ်။ ကျမဆို လစာနည်း ၀န်ထမ်း လည်းဖြစ်၊ အပိုဝင်ငွေလည်း မရှိ၊ အိမ်ထောင်သည်လည်း ဖြစ်ပြန်ဆိုတော့ ခုလို ရုံးက ပြန်တာနဲ့ မုန့်တီအသုပ် ရောင်းနေရတယ်။ ဌာန လူကြီးက နားလည်မှုနဲ့ ခွင့်ပြုထားပေမယ့် သူတို့ပိတ်ခိုင်းရင် ပိတ်ပေးရမယ်” ဟု ပြောသည်။
ရုံးအမှတ် (၂၈) သစ်တောဝန်ထမ်း၏ ဇနီးဖြစ်သူက “ကျမက မူကြိုစာပြနေတာ အဆင်ပြေတယ်။ ၀န်ထမ်းတွေက သားသမီးငယ်တွေကို ရုံးခေါ်သွားလို့မသင့်ဘူး။ ဒီတော့ ကျမတို့မူကြိုကို ကလေးတွေ အပ်ခဲ့ရတယ်။ အမျိုးသားရဲ့ ဌာနလူကြီးက ခုထိတော့ မတားမြစ်သေး ဘူး” ဟု ရှင်းပြသည်။
လက်ရှိတွင် နေပြည်တော် တာဝန်ကျ ငယ်ရွယ်သူဝန်ထမ်းများသည် ၀န်ထမ်းရရှိ လစာငွေနှင့် မိသားစုသုံးစွဲငွေ မညီမျှမှုကြောင့် နုတ်ထွက် ရန် ၀န်မလေးကြသော်လည်း လုပ်သက်ရင့် သက်ကြီးဝန်ထမ်းများအနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ရန် သင့် မသင့် ဆုံးဖြတ်ရ ခက်ခဲနေသည်ဟု သိရသည်။
http://www.khitpyaing.org/news/April2010/27410a.php
Tuesday, April 27, 2010
force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏာပိုင်များ လာဘ်စားမှု များပြားနေ
Tuesday, 27 April 2010 12:00 ကောင်းမြတ်ကျော် .
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗုံးဖောက်ခွဲမှုများနှင့် ကျေးရွာအာဏာပိုင်များမှလည်း ငွေကြေးကောက်ခံ လာဘ်စားမှုများ များပြားနေကြောင်း ဒေသခံရွာသာတဦးက ပြောသည်။
“(၁၀-၂-၁၀) ရက်နေ့၊ ည (၇း၃၀) လောက်က စေတီကုန်းအုပ်စု၊ ဆုံးပင်ချောင်းရွာက ကိုဖိုးလုံးဆိုသူက ရွာနဲ့ ၁၀ မိုင် ဝေးတဲ့ Asia World Company ကျောက်ထုတ်လုပ်ရေးစခန်းကနေပြီး ဗုံးကို ယူလာတယ်။ ပြီးတော့ ရွာလယ်မှာ ခွဲလိုက်ပါတယ်။ ဗုံးမခွဲခင်ကတော့ ရွာကို အသိပေးထားတယ်လို့ တခြားသူတွေ ပြောတာပဲ။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ ခွဲတာလဲတော့ မသိဘူး” ဟု အဆိုပါ ရွာသားက ပြောသည်။
ကိုဖိုးလုံးသည် အဆိုပါ ကျောက်ထုတ်လုပ်ရေးစခန်းမှ အလုပ်သမားတဦးဖြစ်ပြီး ထိုသို့ ဖောက်ခွဲရာတွင် တရွားတည်းနေ ဒေါ်ခွေးမဆို သူ၏ ခြေထောက်နှစ်ဖက်စလုံးတွင် ဗုံးစများ ထိမှန်သွားခဲ့ကြောင်း သူက ဆက်ပြောသည်။
“စေတီကုန်းအုပ်စု ဥက္ကဌ ဦးခိုင်မောင် ကိုဖိုးလုံးနဲ့ Asia World Company တို့ကို ဒဏ်ငွေ ကျပ် ၂ သိန်း ရိုက်ပြီး ဒီကိစ္စကို ဖျောက်ထား လိုက်တယ်။ ဒါပေမယ့် ဒီငွေတွေကို ဒေါ်ခွေးမကို တပြားမှ မပေးဘူး၊ ဒါကို မကျေနပ်လို့ ဒေါ်ခွေးမနဲ့ ရွားသားတချို့က မယကနဲ့ မြို့နယ် မှူးတွေဆီ တိုင်ထားတာလည်း အခုထိ ဘာအရေးယူမှုမှ မရှိသေးဘူး” ဟု ပြောသည်။
ထို့အပြင် ကျေးရွာအုပ်စုဥက္ကဌ ဦးခိုင်မောင်၊ စာရေးနှင့် တိုင်းဗဟို အမှတ် (၅) စစ်သင်တန်းကျောင်းမှ အရာရှိများ ပူးပေါင်း၍ အခြား ငွေကြေးကောက်ခံ လာဘ်စားမှုများလည်း ရှိနေကြောင်း သိရသည်။
ထို့သို့ ငွေကြေးကောက်ခံ လာဘ်စားမှုများတွင် (၁၇-၃-၁၀) ရက်နေ့မှစ၍ ပြည်သူ့စစ်သင်တန်းကြေးဟုဆိုကာ တအိမ်ထောင်ကို ၁၅၀၀ ကျပ်နှင့် (၈-၄-၁၀) ရက်နေ့မှစတင်၍ အိမ်ထောင်စုစာရွက်တရွက်ကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချကောက်ခံခြင်းများလည်း ပါဝင် ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၇၂ အုပ်စု ရှိကြောင်း ဒေသခံရွာသားက ဆက်လက်ပြောဆိုသွားခဲ့သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=536:2010-04-27-05-02-50&catid=41:2008-09-21-07-44-45&Itemid=124
ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသား အားလုံးပိုင်တဲ့ ငွေတွေ
သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းရန် ERI တောင်းဆို
ဘစောတင် Tuesday, April 27, 2010 .ရတနာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးတွင် မြန်မာစစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီ များ၏ ငွေပေးချေမှု ဘဏ္ဍာရေးဆိုင်ရာများကို လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးရန် Earth Right International(ERI)အဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။
ERI က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT)တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ယင်းကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။
ERI ကိုယ်စားလှယ်ဖြစ်သူ ကိုနိုင်ထူးက“မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားရေနံကုမ္ပဏီတွေက ပြုလုပ်တဲ့ ငွေကြေးပေးချေမှုတွေ အပါအ၀င် နိုင်ငံရဲ့ သယံဇာတတွေကနေရရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ အသေးစိပ် အချက် အလက်တွေကို သိခွင့်ရှိပါတယ်၊ မြန်မာနိုင်ငံမှာ လာရောက် အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီတွေအနေနဲ့ စစ် အစိုးရ ကို ပေးချေနေတဲ့ ငွေကြေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း လူထုကို အသိပေးလာမယ်လို့ မျှော်လင့် ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ တနင်္သာရီတိုင်းရှိ ရတနာ သဘာဝ ဓာတ်ငွေ့တူးဖော်ရေးနှင့် ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်း တွင် ပြင်သစ် ကုမ္ပဏီ TOTAL, အမေရိကန်က CHEVRON နှင့် ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီကြီးများ ပါဝင် လုပ်ကိုင်နေကြကြောင်း၊ ယင်း ရတနာသဘာဝ ဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းကို ၁၉၉၂ ခုနှစ်က စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ERI ၏ ယနေ့ထုတ်ပြန်ချက်ထဲတွင်“မြန်မာစစ်အစိုးရသည် TOTAL, CHEVRON, PTTEP များထံမှ သဘာဝ ဓာတ်ငွေ့ရောင်းချငွေ ဒေါ် လာ ဘီလျံပေါင်းများစွာကို ရရှိပြီးဖြစ်သည်။ ယင်းငွေများကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးမှုများကို ဥပေက္ခာ ပြုနိုင်ခဲ့သည်။ စီးပွားရေး ဒဏ်ခတ်မှုများ ကို မမှုဘဲနေနိုင်ခဲ့သည်။ အရှေ့ တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ မှ ရရှိသည့် ၀င်ငွေများကို မီးမောင်းထိုးပြနိုင်ခြင်းဖြင့် အနာဂတ် မြန်မာနိုင်ငံ တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုပေမည်။ အလားတူ တိုင်းပြည်မှ ထွက်ရှိသော သဘာဝ အရင်းအမြစ် သယံဇာတ များကို စနစ်တကျ စီမံခန့် ခွဲရန်လိုအပ်သည်”ဟု စသည်ဖြင့် ဖော်ပြပါရှိသည်။
၂၀၀၉ ခုနှစ် တနှစ်တည်းတွင်ပင် စစ်အစိုးရသည် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ တဆင့် ထိုင်းကိုရောင်းချ ရာမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ရရှိမည်ဟု ERI က ခန့်မှန်း ပြောဆိုသည်။
ယင်းငွေများကို နိုင်ငံဖွံ့ ဖြိုးတိုးတက်မှု၊ လူမှုရေး ကယ်ဆယ်ရေးတို့ အတွက် သုံးစွဲခြင်းမရှိဘဲ စင်္ကာပူနိုင်ငံရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ ဘဏ် စာရင်းများသို့သာ ရောက်ရှိသွားသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းဖောက်လုပ်စဉ်က အဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းနှင့် အခြားလူမှုရေးဆိုင်ရာ ချိုးဖောက်မှု များစွာရှိခဲ့ကြောင်း သတင်းများတွင် ရေးသား ဖော်ပြသည်။
“နာဂစ် သဘာဝ ကပ်ဘေးဆိုက်တုန်းက စစ်အစိုးရဟာ ဒီကရတဲ့ပိုက်ဆံတွေကို တပြားမှ မသုံးခဲ့ဘူး၊ အလား တူ ချင်းပြည်နယ်မှာ အငတ် ဘေးဆိုက်တော့လည်း ဘာမှ ထုတ်မသုံးဘူး”ဟု ကိုနိုင်ထူးက ထောက်ပြသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် ရှင်းလင်းပြောဆိုသည့် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် လည်း“ဒီမှာ လုပ်နေတဲ့ ကုမ္ပဏီတွေက သူတို့ ပေးရတဲ့ ငွေကြေးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ကြေညာဖို့  မလွဲမသွေလိုပါတယ်၊ ပြည်သူတွေက လည်း ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်၊ ဒါမှသာ မြန်မာ နိုင်ငံသားတွေအနေနဲ့ သဘာဝဓာတ်ငွေ့ ကရတဲ့ ပိုက်ဆံတွေကို ဘယ်မှာသုံး နေသလဲ၊ ဘာလုပ်နေသလဲ ဆိုတာကို စောင့်ကြည့်လေ့လာနိုင်မယ်၊ အဲဒီအချက်အလက်တွေကို အခြေခံပြီး စစ်အစိုးရကို တာဝန်ယူဖို့ တောင်းဆိုလာနိုင်မယ်”ဟုပြောသည်။
ERI အဖွဲ့ မှ တောင်းဆိုသော ယင်း ထုတ်ပြန်ကြေညာချက်ကို အလုပ်သမား သမဂ္ဂများ၊ တတ်သိပညာရှင် များ၊ နော်ဝေး နိုင်ငံ ၀န် ကြီး ချုပ် ဟောင်း၊ အိုင်ယာလန် သမ္မတဟောင်းနှင့် မြန်မာ အဖွဲ့ အစည်းများ စုစုပေါင်း (၁၁၆) ဖွဲ့ က ထောက်ခံလက်မှတ်ထိုး ထားကြသည်။
သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများအတွက် ပေးဆောင်ရသော ငွေကြေးများကို ထုတ်ပြန်ကြေညာခြင်းမှာ သက်ဆိုင်ရာ နိုင်ငံများ ကုမ္ပဏီ များအတွက် တာဝန်ကြီးသော အလုပ်တခုမဟုတ်ကြောင်း ERI ကိုယ်စားလှယ် တဦးဖြစ်သူ Mathew Smith ကဆိုသည်။
“သက်ဆိုင်ရာ ကုမ္ပဏီတွေ အစိုးရတွေအနေဖြင့် ရေနံ သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် ပေးချေရတဲ့ ငွေ စာရင်းကို ပွင့်ပွင့်လင်းလင်း တင်ပြတာဟာ ဘာမှ အပန်းကြီးတဲ့အလုပ်မဟုတ်ပါဘူး၊ လုပ်ငန်းစဉ်ကြီးရဲ့ အင်မတန် မှ သေးငယ်တဲ့ အစိတ်အပိုင်း ကလေး သာဖြစ် တယ်၊ ဒီကိစ္စအတွက် အကျောက်အကန် ငြင်းဆန် ပြောဆိုနေ စရာ လိုမယ်မထင်ပါဘူး”ဟု ၎င်း က ပြောသည်။
ယခုတောင်းဆို တိုက်တွန်းချက်များကို သက်ဆိုင်ရာ အစိုးရများ၊ ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက် လိမ္မည် ဟု ERI က ယုံကြည် ကြောင်း၊ အကယ်၍ ပွင့်လင်းမြင်သာသော ထုတ်ဖော်ကြေညာချက်များကို မပြုလုပ်ပါ က အောင်မြင်မှုရသည်အထိ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3058----eri-
စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင့် တိုင်းပြည်ကို အပြောင်တုတ်မဲ့ပါတီ..
ဝန်ကြီးချုပ် သိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ နိုင်ငံရေးပါတီ ထောင်ပြီ
ရန်ပိုင် Tuesday, April 27, 2010 .စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)ကို လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဖွဲ့စည်းမည့် ပါတီတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြံ့ဖွံ့နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
အပြည့်အစုံသတင်းဖတ်ရန်....
လူကြားကောင်းရုံ အရေခြုံသီလ..
ရှမ်းပြည်မှာတော့..လူသတ် နေကြပြီးမှ အော် ကိုးပါးသီလတဲ့..ဗျာ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း
ကိုထွေး Tuesday, April 27, 2010 .ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ၉ ပါးသီလကိုခံယူ ဆောက်တည်ခြင်းသည် အဓိကအားဖြင့် ယတြာ ချေခြင်း ဖြစ်ကြောင်း သံဃာတော်များက ဆိုသည်။
နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အတွင်းရှိ သာသနာ့ မဟာ ဗိမာန်တော်၌ ယမန်နေ့က ကျင်းပသည့် ဆရာတော်ကြီးများနှင့် ဘွဲခံ ဆရာတော်များကို ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ယင်းသို့ ဆောက်တည်ခြင်းဖြစ်ကြောင်း အစိုးရပိုင် သတင်းစာ များတွင် ယနေ့ ရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အတွင်းရှိ သာသနာ့ မဟာ ဗိမာန် တော်၌ ယမန်နေ့က ဆရာတော် သံဃာတော်ကြီးများကို လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ်နေစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)
၉ ပါး သီလတွင် မေတ္တာပွားများမူ ကျင့်သုံးခြင်း ဟူသော အချက်တခုသာ ၈ ပါး သီလထက်ပိုကြောင်း၊ ၉ ပါးသီလကို ရဟန်း သံဃာ သီလရှင်မှလွဲ၍ အားလုံးစောင့်ထိန်းနိုင်ကြောင်း၊ တရားရိပ်သာများ၌ ရက်ရှည် တရားအားထုတ်သော ယောဂီများက အဓိကထား ကျင့်သုံး စောင့်ထိန်းကြကြောင်း ရန်ကုန်မြို့ရှိ ဓမ္မာစရိယ သံဃာတော် တပါးက ရှင်းပြသည်။
မလေးရှား သံဃာ့ ဥသျှောင်အဖွဲ့ အတွင်းရေးမှူး ဦးဥဇ္ဇောတက“သူတို့လုပ်ချင်တဲ့ အဓိပ္ပာယ်ကဘာလဲ ဆိုတော့ ၉ ဂဏန်းကို အဓိကယူထားတယ်၊ တကမ်းတမ်း သတ္တ၀ါတွေ အပေါ်မှာ မေတ္တာထားစေချင်လို့ လုပ်တာ မဟုတ်ဘူး၊ အဲဒီရည်ရွယ်ချက်နဲ့ ဆောက်တည်တာမဟုတ်ဘူး၊ ဗေဒင်ဆရာက ၉ ပါးသီလဆောက်တည်ရမယ် ပြောလိုက်တာကို လိုက်လုပ်တာဖြစ်မှာပါ” ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည် နက္ခတ်ဗေဒင်လက္ခဏာ ယုံကြည်မှုလွန်ကဲရုံမက မိသားစု ဆွေမျိုးများအကြား ထီးသုံး၊ နန်းသုံးစကားများကို ပြောဆို ခေါ်ဝေါ်သုံးစွဲကြသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
သုတေသန သရုပ်ပြ အဘိဓာန်တွင် ၉ ပါးသီလကို စကြာမင်းနှင့် မိဖုရားကြီးများ သားတော် သမီးတော် ဆွေးတော်မျိုးတော် တိုင်းသူ ပြည်သား တို့က စောင့်ထိန်းသော သီလဖြစ်ကြောင်းရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကိုလည်း ဗေဒင်အလိုအရ “ဆင်ဖြူတော်” ဟု ခေါ်ဝေါ်နေရကြောင်း သိရသည်။
သံဃာ့ တပ်ပေါင်းစု နိုင်ငံခြားရေးရာ တာဝန်ခံ အရှင် ဣစရိယက“ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့က ပတ္တနိက္ကုဇ္ဇန ကံထိုက် ထား တယ်၊ သံဃာတော်တွေကို ပြန်လည်ပြီးတော့ တောင်းပန်ခဲ့တာ မရှိတဲ့ အတွက် သာသနာတော်ကနေ ဒဏ်ခတ်ပြီးတော့ ကြဉ် ထားတဲ့ အတွက်ကြောင့် အခုလိုမျိုး သံဃာတော်တွေဆီမှာ သီလခံယူတာ ဆောက်တည်လုပ်လို့မရဘူး၊ အဲသလိုလုပ်ခဲ့ရင် သူတို့ ပိုပြီးတော့ အပြစ်ကြီးသွားတယ်”ဟု ပြောသည်။
ပတ္တနိက္ကုဇ္ဇန ကံထိုက် ထားသည့်အတွက် သံဃာတော်များကို ပြန်လည် တောင်းပန်၍ သံဃာတော်များက ကျေအေးပြီးမှ သာလျှင် သီလ ပြန်လည်ဆောက်တည်၍ ရကြောင်း၊ ယင်းသို့မဟုတ်ဘဲ အမိန့် အာဏာဖြင့် လုပ်ချင်ရာ လုပ်ပါက သာသနာကို စော်ကားရာ ရောက်သည့်အတွက် ပိုမိုကြီးလေးသည့် အပြစ်ဒဏ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ပြည်ပရောက် သံဃာတော်တပါးက“သူတို့က အယောင်ဆောင်တွေပါ၊ ပါးစပ်က ဘုရားဘုရား လက်က ကားရားကားရား ဆိုတဲ့ စကားပုံ အတိုင်းလေ၊ တကယ့် တကယ်ကျတော့ ဘာမှ မဟုတ်ဘူး၊ ဘုန်းကြီးတွေကို သတ်ဖို့ပဲသိတယ်”ဟု ဆိုသည်။
ဧပြီလ ၁၇ ရက်နေ့တွင် ဆရာတော် သံဃာတော်များသည် ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဝန်းကျင် လည့်လည်၍ ပရိတ် တရားတော်များ ရွတ်ပွား သရာဇ္ဈာယ်တော်မူကြပြီး သာသနာရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်အောင်ကိုနှင့် တာဝန်ရှိသူများက ရဟတ်ယာဉ်ပေါ်မှ ပရိတ်ရေများဖြင့် ဖျန်းပက်ပေးကြကာ မေတ္တာ ပို့သခဲ့ကြောင်း သိရသည်။
စစ်အစိုးရအနေဖြင့် သတင်းစာများတွင် ဘာသာရေး ဆိုင်ရာနှင့် ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်နေကြောင်း ဖော်ပြ နေသော်လည်း သံဃာတော်များ ဦးဆောင်ခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ လှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် သံဃာတော် ၂၅၃ ပါးခန့် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3052-2010-04-27-08-50-40
အခုမှ ဖုံးမရပေါ်ပြီ
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲ
ဧရာဝတီ Tuesday, April 27, 2010 .ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ယနေ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ အနည်းဆုံး ၄ ဦးခန့် ဒဏ်ရာရကြောင်း သိရသည်။
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံး ၃ လုံးပေါက်ပြီး လူလေးယောက် ဒဏ်ရာရကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူ တဦးက ပြောသည်ဟု အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သောက်ရေခပ်(၂) ရေအားလျှပ်စစ် စီမံကိန်းကို ကြည့်ရှု စစ်ဆေးနေစဉ်(ဓာတ်ပုံ - မြန်မာ့ အလင်း)
ယင်း သောက်ရေခပ် ဆည်စီမံကိန်းသည် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သီးခြား တာဝန်ယူလုပ်ကိုင်လျက် ရှိပြီး မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်သော စိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေနိုင်သည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။
သောက်ရေခပ် ဆည်ဆောက်လုပ်ရေးကို အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်နှင့် မင်းအနော်ရထာ အုပ်စု ကုမ္ပဏီ လီမိတက် တို့က တာဝန်ယူထားပြီး B.O.T (တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်း စနစ်) ဖြင့် လက်ခံတည်ဆောက်ရန် သဘောတူထား ခြင်း ဖြစ်ကြောင်း Eleven Media Group ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
မေခ နှင့် မေလိခ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဒေသ နေရာ ၄ ခုတွင် ဧပြီ ၁၇ ရက်နေ့ကလည်း ပေါက်ကွဲမှုများ ဖြစ်ခဲ့ရာ အဆောက်အအုံနှင့် ယာဉ်များ ပျက်စီးခဲ့ပြီး လူတဦး ဒဏ်ရာရခဲ့သည်။
ဧပြီလ ၁၅ ရက်၊ သင်္ကြန်အတက်နေ့တွင်လည်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲ မှုကြောင့် ၁၀ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။ http://www.irrawaddy.org/bur/index.php/news/1-news/3057-2010-04-27-12-17-00
လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစုတ်တွေဝေဦးမယ်..
ယခုလကုန်တွင် ၀န်ထမ်းများ လစာတိုးဦးမည်ဟု သတင်းထွက်ပေါ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၄၊ ၂၀၁၀
အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများအား ယခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး ပေါ်ကြွယ်စရိတ် ခေါင်းစဉ်ဖြင့် ကျပ် ၂သောင်းခံ စား ခွင့်ပြုပြီး ၄လအကြာ ဧပြီလကုန်တွင် လစာထပ်မံ တိုးမြှင့်ပေးမည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ရန်ကုန်မြို့ရှိ အရပ်ဘက် အစိုးရအရာရှိ တဦး၏ ပြောကြားချက်အရ ယခုထပ်မံတိုးပေးမည့် ပမာဏမှာလည်း ကျပ် ၂သောင်းအနည်းဆုံး ရှိမည်ဖြစ်ပြီး အားလုံး တပြေးညီ ခံစားခွင့်ရှိမည် သို့မဟုတ် ရာထူးအဆင့်အလိုက် အနည်းအများ ကွာခြားမည်ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးဟု ပြောဆိုသည်။
ယခုကဲ့သို့ လစာထပ်မံ တိုးမြှင့်ပေးမည့် ရည်ရွယ်ချက်သည် လာမည့်ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများ နအဖ ကျောထောက်နောက်ခံပြုမည့် ပါတီကို မဲပေးရန် ရည်ရွယ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောဆိုသည်။ ထိုသို့လစာတိုးပေးရန် အ တွက် အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်ကို မည်သို့ရှာကြံမည်ကို မသိရှိရသေးသော်လည်း ယခုနှစ်ပိုင်းတွင် လုပ်ငန်း အသေးစားနှင့် အ လတ် စားများ အပေါ်ချမှတ်သည့် ၀င်ငွေခွန်များမှာ အဆနှင့်ချီမြင့်တက် သွားခဲ့ပြီး သာမန် ရေခဲစက်သေး လုပ်ငန်းအား တနှစ်လျင် အ ခွန်ငွေ ၂၅သိန်းထမ်းဆောင်ရန် ချမှတ်ခဲ့ပြီး လွန်ခဲ့သော ၅နှစ်ကနှင့်စာလျင် ၁၀ ဆ၀န်းကျင် မြင့်တက်လာသည့် သဘောလည်း ဖြစ်သည်။
ထို့အတူ ယခုနှစ်ပိုင်းအတွင်း ကုန်ပစ္စည်းရောင်းဝယ်ခွန်၊ စားသောက်ကုန်များ ရောင်းချခြင်းအပေါ် စားသုံးခွန် ကောက်ခံခြင်း၊ ပြည် တွင်းနှင့် ပြည်ပ အရက် ဘီယာများ ရောင်းချခြင်းအပေါ် တပုလင်းချင်း ကုန်သွယ်ခွန် ပေးဆောင်စေရန် ခေါင်းစဉ်သစ်များ ဖေါ်ဆောင်ပြီး ကောက်ခံလျက် ရှိရာကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်လာ စေသည့် အကြောင်းတစ်ရပ်အဖြစ် လုပ်ငန်းရှင်များက ရှုမြင်လျက်ရှိကြသည်။
၂၀၁၀ နှစ်စ လစာမတိုးမီ ယမန်နှစ် ကုန်ခါနီးတွင် ငါးထောင်တန် အသစ်ကို စတင်ထုတ်ဝေ သုံးစွဲခဲ့ပြီး ၇လအကြာတွင် ယခုလို လစာထပ်မံ တိုးမြင့်မည့် သတင်းများထွက် ပေါ်လာခြင်းဖြစ်သည်
http://moemaka.com/index.php?option=com_content&task=view&id=6289&Itemid=1
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)