Monday, November 29, 2010
.ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
Supyae Sandar ၏ FACEBOOK စာမျက်နှာမှ
မဆလ စစ်အာဏာရှင် ခေတ် ကာလကတွင် သာမန်စစ်ဗိုလ် တစ်ယောက်အနေဖြင့် နိုင်ငံခြား သို့ ပညာတော်သင် သွားရောက် ဖို့ရာမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနှင့် အဆင်ပြေခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သင်တန်းသွားတက်ရ ဖို့ကို အရာရှိ တော်တော်များများက ကျားကုပ်ကျားခဲ ကြိုးစားသင်ယူ ဖြေဆိုခဲ့ကြ ရပြီး ရှားရှားပါးပါး မြန်မာ့ တပ်မတော် တစ်ခုလုံးအ နေဖြင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး (ဗိုလ်မှူးသန်းအောင်နဲ့ ဗိုလ်မှူးမြငြိမ်း) သာ ရွေးချယ်ခံရကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ ဖူးပါတယ်။
.
၁၉၈၈ နောက်ပိုင်းမှာ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားခဲ့သော တပ်မတော် အရာရှိများ ရှိခဲ့သော်လည်း ညွှန်ကြားရေးမှူးရုံးများနှင့် ပညာသည် တပ်ဖွဲ့များသာ ဥပမာ - (တင့်ကား၊ သံချပ်ကာ၊ အမြောက်၊ ဆက်သွယ်ရေး၊ ရေတပ်၊ လေတပ်) စတဲ့ တပ်များမှ အရာရှိများ သာ သွားရောက်ခဲ့ရပြီး သာမန်ခြေလျင် တပ်က အရာရှိများအဖို့ အခွင့်အလမ်း နည်းပါးသေးကြောင်း တွေ့ရပါတယ်။ သို့ရာတွင် ရုရှား နိုင်ငံသို့ သွားရောက် ပညာတော်သင်ရမည့် အစီအစဉ် စတင်ချိန်မှာတော့ စစ်တက္ကသိုလ် ကျောင်းဆင်းချိန်မှစပြီး သာမန် ခြေလျင်တပ် မှာ တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘဲ အရာရှိထောင်နဲ့ချီကာ နိုင်ငံခြားသို့ ဆက်လက် ပညာဆည်းပူးနိုင်ရန် သွားရောက်ခွင့် အခြေအနေ ရှိလာပါတယ်။ ပညာ တော်သင် အရာရှိတစ်ဦးရဲ့ လစာကို ဒေါ်လာငွေဖြင့် ပေးသလို အဆင့်မြင့် နည်းပညာ အပါအ၀င် နျူကလီးယား ပညာရပ်ထိ သင်ယူဖို့ ရှိတာမို့ တပ်မတော် အရာရှိတိုင်း လှုပ်လှုပ်ရွရွနဲ့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ လစာငွေတွေ ပြည်တွင်းမှာ ရုတ်တရက် အဆပေါင်းများစွာ တိုးပေးလိုက်မှုကြောင့် လက်တွေ့နယ်ပယ်မှာ နိုင်ငံခြား ပညာတော် သင်တွေဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရ ကြောင်း သိခဲ့ရပါတယ်။
ထို့အပြင် ရုရှားသို့ သွားရောက် ပညာသင်ကြားသူများမှာ စောစီးစွာ ချောင်ထိုးခံရသူများ၊ အစတေးခံရသူများ ဖြစ်သွားပုံတွေ၊ ရုရှား ပညာတော်သင် အဖွဲ့တွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပုံတွေ၊ ရုရှား ပညာတော်သင် သွားသူများမှာ ကျီးလန့်စာစားနှင့် နေထိုင်ပြီး ပညာသင်ယူနေကြပုံတွေ၊ စစ်အာဏာရှင်တွေဟာ ရုရှားမှာ နျူကလီးယား ပညာရပ်ကို သွားသင်ခိုင်းပြီး ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံစည်နေမှုအား သုံးသပ်ထားပုံတွေမှာ အလွန်သေသပ်လှပသော လှည့်စားမှူတစ်ခု ဖြစ်နိုင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်နိုင်ပါတယ်။
“ရုရှားသို့ ပညာတော်သင် သွားခြင်း” ဆိုတဲ့ ဝေါဟာရတစ်ခုဟာနှောင်းပိုင်း စစ်တက္ကသိုလ်တွင် အတော်လေးကို ခေတ်စားလာခဲ့ပါတယ်။ ကိုယ့်ရဲ့ ဘယ် Guardian ကဖြင့် ရုရှားကို ရောက်သွားပြီ၊ ဘယ်သူကဖြင့် သွားရတော့မည်၊ စသဖြင့် စသဖြင့် အားကျစဖွယ် ကြားသိခဲ့ရ ပြောပြရင်း အထင်ကြီးခဲ့ကြမည်မှာ အလွန်သေချာပါသည်။အတော်လည်း ရူးသွပ်မိကြမည်ဆိုတာထင်ရှားပါသည်။ ၎င်းအတွက်ပင် စာကိုလည်း ပိုကြိုးစားကြမည် ဟုလဲထင်မိပါသည်။ သူတို့ အတွေးများတွင်တော့ စစ်ဗိုလ်ဘ၀နှင့် နိုင်ငံခြားပညာတော်သင် သွားရပါက အဘယ်မျှ ဂုဏ်ယူစရာ ကောင်းလှမည်နည်းပေါ့။
ရုရှား ပညာတော်သင် သွားရမည့် အရာရှိငယ်များသည် ပြင်ဦးလွင် (စစ်တက္ကသိုလ် စာပေ - ၂) ၌ ရုရှား ဘာသာစကားအား (၇) လ သင်ကြား ခဲ့ကြရပါသည်။ မနက် (၈) နာရီမှ (၁၁) နာရီအထိ စာသင်၊ ပြီးလျင် ဟင်းကောင်းထမင်းကောင်းများစားသောက် ပြီးလျင်
12 နာရီမှ 2 နာရီ အထိသင်၊ ကျန်အချိန်များမှာ အရာရှိငယ်များ၏ ကိုယ်ပိုင်အချိန်များဖြစ်သည်။ကိုယ့် ရီစစ်(ဘာသာစကား) ဆရာမနှင့် ပိုင်လျှင်ပိုင်သလို အတန်းမတက်လဲ အဆင်ပြေကြပါတယ်။၎င်းတို့ အနေနှင့် ရုရှား သွားမည့်ရက်ကိုသာ သက်တောင့်သက်သာ လက်ချိုးပြီး စောင့်နေရုံ ဖြစ်ပါတယ်။
ရုရှားရောက် အကိုတော်အရာရှိများသည် ငါးစားသာမြင်၍ ငါးမျှားချိတ် မမြင်ဆိုသော အဖြစ်မျိုးဖြစ်နေသည်ကို
သတိမထားမိကြပေ။“သိပ္ပံနှင့် သုတေသနတပ်” အား ဖွဲ့စည်းလိုက်ကာ ရုရှားမှ ပြန်ရောက်လာသော အရာရှိများအား ၎င်းတပ်အတွင်းသို့ သွတ်သွင်းလိုက်သည့် လုပ်ရပ်သည် တပ်မတော်မှ စောစီးစွာ အရပ်ဘက်သို့ အပို့ခံရသော အရာရှိငယ်များဘ၀သို့ ရောက်ခြင်းမလှ ရောက်ခဲ့ရပါတော့တယ်။ အသုံးချခံ အစတေးခံ ဘ၀များသို့ ရောက်ရှိခဲ့ကြ ရပါတော့တယ်။
သို့ရာတွင် ထူးခြားသည်ကား ၎င်းရုရှားပညာတော်သင် အဖွဲ့များတွင် လူကြီးသား သမီးများ ပါဝင်မလာခြင်းပင် ဖြစ်ပါတယ်။ သာမာန်အရာရှိများ ငမ်းငမ်းတက် သွားချင်လှသော ရုရှားအား အဘယ်ကြောင့် လူကြီးသားသမီးများ မသွားချင်ရသနည်း၊ နောက်ကွယ် မှာ ဘာတွေ မြုပ်ကွက်ရှိနေသနည်း။ မေးခွန်းပေါင်းများစွာ မေးစရာ ဖြစ်လာပါတယ်။ လူကြီးသားသမီး ဆိုသူများသည် ရုရှားပြန်များအား ဂုတ်ခွစီးဖို့ အာဏာပိုင် နေရာများဆီသို့ ချီတက်သွားကြပြီဆိုတာ မသိကြလေရော့လား အကိုတော်တို့ရယ်။
ရုရှားရောက် အရာရှိများ အနေနှင့် ၎င်းတို့ အဓိကထား စဉ်းစားရမည့် အချက်များကို မေ့နေဟန်တူပါတယ်။
“ဒီ နျူကလီးယား ပညာရပ်ကို သင်ကြားနေရတာ ဘာအကျိုးအမြတ် အတွက်လဲ? "
“လျှပ်စစ်မီး ဖောဖောသီသီ သုံးနိုင်အောင်လို့လား?”
“နျူကလီးယား လက်နက်တွေထုတ်ပြီး ကမ္ဘာ့ Super Power နိုင်ငံတစ်ခု ဖြစ်ချင်လို့လား”
လျှပ်စစ်မီး ထုတ်လုပ်ဖို့ဆိုရင်တော့ သူများနိုင်ငံသွားပြီး နျူကလီးယား ပညာရပ်ကို သွား သင်နေစရာ မလိုပါ။ ကိုယ့်နိုင်ငံမှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့တောင် နှစ်ပေါင်း ၂၀၀ လောက် လျှပ်စစ်မီးပေးလို့ ရပါတယ်။ အဲဒီ သယံဇာတတွေကိုတော့ တခြားနိုင်ငံတွေကို ရောင်း ပြီး နျူကလီးယား ပညာရပ်က လျှပ်စစ်မီးအတွက် စက်မှုထွန်းကားဖို့အတွက် သွား သင်နေရတာပါ ဆိုရင်တော့ ဒါ အကြောင်းပြ ချက် သက်သက်သာ ဖြစ်နေပါလိမ့်မည်။ လုံးဝ မခိုင်လုံပါ။ လက်မခံနိုင်ပါ။
ဒါဖြင့် ဘာကြောင့် ရုရှားကို နျူကလီးယား ပညာရပ် သွားသင်နေရတာလဲ? ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ ကမ္ဘာမှာ Super Power နိုင်ငံ တစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံနေတာကို တွေ့ရပါလိမ့်မယ်။ မေးလိုက်ချင်ပါသေးတယ် အကိုတော်အရာရှိတို့ရယ်
(၁) နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့အတွက် မြန်မာပြည်မှာ စီးပွားရေး အဆောက် အအုံတွေ ခိုင်မာနေပြီလား?
(၂)နိုင်ငံခြားဝင်ငွေတွေ ဒလဟော ရနေပြီလား?
(၃)ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားတွေ သိပ်ကိုမြင့်မားနေပြီလား?
(၄)မြန်မာပြည်သူတွေရဲ့တစ်ဦးချင်း ၀င်ငွေတွေ မြင့်မား ခိုင်မာနေပြီလား?
အဲ့ဒါတွေတောင်မှ ဝေလာဝေးတဲ့ အခြေအနေတွေမှာ နျူကလီးယားSuper Power နိုင်ငံတစ်ခုဖြစ်ဖို့ လုပ်နေပါတယ်ဆိုတဲ့
ကိစ္စရပ်တွေဟာ ၀ မရှိပဲ ၀ိ လုပ်နေတာတွေချည်းပါပဲ။
အဲ့ဒါတွေ မပြီးပြည့်စုံပဲနဲ့ နျူကလီးယား လက်နက်ကိုချည်း ထုတ်ဖို့ ကြိုးစားနေမယ်ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်သွားလိမ့်မည်မှာ လူပြိန်းတောင် သိ နေပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ အကုန်လုံး အဲဒီနျူကလီးယား စီမံကိန်းထဲမှာ နစ်မြုပ်သွားမှာ အသေအချာပင် ဖြစ်ပါတယ်။ နောက်တစ်ခုက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး မြန်မာပြည်ကြီး အထီးကျန် ဆန်သွားမှာ သမိုင်းဗီလိန် ဖြစ်သွားမှာကိုရော မစိုးရိမ်ကြဘူး လားဟု မေးစမ်းချင်ပါတယ်။ တကယ့်ကို တိုင်းပြည်အပေါ် ချစ်ကြစမ်းစေချင်ပါသည်။
အဲဒီတော့ ရုရှားရောက် အရာရှိများအနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်။ကမ္ဘာမှာ လူမိုက်လုပ်ချင်သလား၊ မြန်မာပြည်သူတွေ ချမ်းချမ်း သာသာနဲ့ လူတန်းစေ့ နေနိုင်တာကို မြင်ချင်သလားဆိုတာ စဉ်းစားတတ်မည်ဟု ထင်ပါတယ်။ပြည်သူတွေ ချမ်းချမ်းသာသာနဲ့ စိုပြေနေ တာကို အရင်မြင်ချင်တယ်။ အဲ့ဒီလို အဆင့်ကို ရောက်ပြီးမှ နျူကလီးယား ကိစ္စကို ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား”???
စိတ်ကူးယဉ် နျူကလီးယား နည်းစနစ်တွေ အတွက် ငွေကြေးအကုန်ခံမဲ့အစား အဆင့်မြင့် နည်းစနစ်တွေနဲ့ မော်တော်ကား ထုတ်လုပ်တဲ့ နည်းပညာ တွေဝယ်မယ်၊ စက်ရုံတွေထောင်မယ်၊ လေယာဉ်တွေကို ထုတ်လုပ်မယ်ဆိုရင် ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အ လမ်း တွေ ပေါ်မလာဘူးလား ။နျူကလီးယား ထုတ်ဖို့ချည်း အတင်းစိုင်းပြင်းနေတော့ မြန်မာပြည်ကြီး ဆင်းရဲသထက် ဆင်းရဲသွားမှာ မြေကြီး လက်ခတ် မလွဲပါပဲ၊ အဲဒီ နျူကလီးယား ထုတ်လုပ်ဖို့ စီမံကိန်းအတွက် ကုန်ကျငွေဟာ လေယာဉ်စက်ရုံ အခု တစ်ရာ မက တည် ဆောက်တဲ့ အားနဲ့ သွားညီနေပါတယ်။
ဒါလဲ နျူကလီးယားကို( ရ - မရ ) ဆိုတာ မသေချာပါ။ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်က ကိုယ့်နိုင်ငံရဲ့  ရေနံတွေ တွင်းထွက်တွေ ကို အလကားနီးနီး ရောင်းပေးနေရပါတယ်။ မိအေးက နာပြီးရင်းနာနေရတဲ့ အဖြစ်မျိုးကို သိကြစေချင်ပါတယ်။ လူပြိန်းတောင် နားလည် နိုင်ပါတယ်။ အဲဒီတော့ ရုရှား ပညာတော်သင် အကိုတော်များအနေနှင့် ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ ပြည်သူတွေ ကောင်းကျိုး အတွက် လား၊ စစ်တပ် ခေါင်းကြီးပိုင်းတစ်စုရဲ့ တန်ခိုးအာဏာ ကြီးထွားရေး အတွက်လားဆိုတာ ပြန်စဉ်းစားကြပါလို့ ပြောကြားချင် ပါတယ် ။
“တပ်မတော်သည် ပြည်သူအတွက်” ဆိုတဲ့ ခံယူချက်လေး အခြေခံပြီး စဉ်းစားခဲ့မယ်ဆိုရင်တော့ အကိုတော်များအနေနှင့် အဖြေတစ်ခု တော့ ထွက်လာပါလိမ့်မည်။
ပြည်သူ့အတွက်လို့ မစဉ်းစားရင် တိုင်းပြည်အတွက် ဆိုတာလည်း စဉ်းစားတတ်မှာ မဟုတ်ပါ။ အဲဒီ တိုင်းပြည်ထဲမှာ ပြည်သူထဲမှာ ကိုယ့် ရဲ့ မိဘ၊ ဆွေမျိုး မောင်နှမ၊ သူငယ်ချင်း ရောင်းရင်း၊ ယုတ်စွအဆုံး ကိုယ့်ရဲ့ မျိုးဆက်သစ် ရင်သွေးလေးတွေလည်း ပါလာဦးမှာမို့ ကိုယ့်ကိုယ်ကိုတော့ လေးစားကြပြီး မှန်ကန်မြင့်မြတ်တဲ့ အတွေးအခေါ် အယူအဆတွေ မွေးကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။
အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားကပညာတော်တွေဟာ နျူကလီးယားအတတ် ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။
တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။...............................
(ရုရှားရောက် အကိုတော်အရာရှိများအတွက် အမှတ်တရ ရေးသားလိုက်ပါကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို အမှန်တစ်ကယ် သယ်ပိုးရွက်ဆောင်နိုင်သော သားကောင်းဇာနည်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ၏ ။)
ညီမလေးစုပြည့်မှ..လက်ဆောင်

သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
နအဖ စစ်အုပ်စု လောက်ကောင် ငါးမင်းဆွေကို ချီးထုပ်လက်ဆောင်များ သွားပေးကြချင်ရင်
ငါးမင်းဆွေ (ဦးမင်းဆွေ) ဖုန်း - ၅၂၇၇၆၇၊ ၀၉ ၈၇၁၈၀၈၀
ငါးမင်းဆွေ (လိပ်စာ): တိုက် ၁၄၊ အခန်း ၁၆ လှိုင်မြင့်မိုရ်အိမ်ရာ လှိုင်မြို့နယ်၊ ရန်ကုန်
ငါးမင်းဆွေ: ငါးမင်းဆွေ (ဦးမင်းဆွေ) ၁၀/သဖ၇ (နိုင်) ၀၄၃၈၀၅
ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
မသေချာမရောရာဘဲ..ဟိုလူပါ ဒီလူပါ ဟုတ်ဖူး မှားတွားတယ် ဘွာတေးဘွာတေးလုပ်နေ . ထားခဲ့သူ စစ်သားကဖြင့် အိမ်ပြန်အိပ်တာ တရေးရနေပြီ
အင်တာနက်ဆိုင် ဗုံးအတွက် တခြား ၂ ဦးကို ပြောင်းလဲ သံသယဖြစ်

ယခု ပြင်ဆင် ထုတ်ပြန်သည့်ပုံ
မိုးမခအထောက်တော်၊ ရန်ကုန် မှ
မြန်မာရဲတွေများ အတော် တော်တယ်နော်။ မကောင်းသူထိပ် ကောင်းသူထိပ်ဘဲ။ တွေ့ရာလူဆွဲတယ်။
ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ (ကြံဖွတ်လွှတ်တော်)
လွှတ်တော်တွင်း ပြောဆိုခွင့် ကန့်သတ်အမိန့် ၂၀၀၈ ဖွဲ့စည်းပုံ မလေးစားဟု ဥပဒေပညာရှင် ဝေဖန်
By မသိင်္ဂီထိုက် တနင်္ဂနွေ, 28 နိုဝင်ဘာ 2010
ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခေါ်ယူမယ့် လွှတ်တော်ထဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ စစ်အစိုးရ မူဝါဒတွေကို ထိပါး ပြောဆိုတာတွေ၊ နိုင်ငံတော် လုံခြုံရေး ထိခိုက်စေတဲ့ အပြောအဆိုတွေ အပါအ၀င် လွှတ်တော်တွင်း ဆန္ဒပြတာတွေ မလုပ်ရဆိုပြီး ကန့်သတ်လိုက်တဲ့အပေါ် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေက တုံ့ပြန် ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထား ပါတယ်။
ရွေးကောက်ပွဲအပြီး ရက် ၉၀ အတွင်း ခေါ်ယူမယ့် လွှတ်တော်အသီးသီးမှာ အနိုင်ရ လွှတ်တော်အမတ်တွေက လက်ရှိ အစိုးရ မူဝါဒတွေကို ထိပါးပြောဆိုတာ၊ နိုင်ငံတော် လုံခြုံရေးကို ထိပါးပြောဆိုတာ၊ နောက် လွှတ်တော်တွင်း ဆန္ဒပြတာတွေ လုပ်ရင် ထောင်ဒဏ် ၂ နှစ် ကျခံရမယ်လို့ စစ်အစိုရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုးပြီး အမိန့်ပြန်တမ်းတစောင် ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန် လိုက်တယ်လို့ AP သတင်းက ဖော်ပြလိုက်ပါတယ်။
လွှတ်တော် ဥပဒေတွေကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ခေါ်ပြီးမှ ချမှတ်လေ့ ရှိပေမဲ့ အခုပေါ်လာမယ့် လွှတ်တော်မှာ တော့ လွှတ်တော်မခေါ်ခင် ဒီဥပဒေတွေကို စစ်အစိုးရက ထုတ်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီး ဦးသိန်းညွန့်က ပြောပါတယ်။
“၇၄ တုန်းကတော့ ၇၄ လွှတ်တော်ခေါ်ပြီးရင် အခြေခံဥပဒေနဲ့ ဆက်နွယ်တဲ့ ဥပဒေတွေ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းတာပေါ့။ အခု ၂၀၁၀ မှာကတော့ အခြေခံဥပဒေမှာ ပုဒ်မ ၄၄၃ ဆိုတာ အခြေခံဥပဒေ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေကို SPDC က ဆောင်ရွက်တာဟာ ဒီအခြေခံဥပဒေက ဆောင်ရွက်တယ်လို့ မှတ်ယူရမယ်လို့ ပြဋ္ဌာန်းထားတယ်။ အဲဒါကြောင့် အဲဒီဥပဒေတွေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက လွှတ်တော်အစည်းအဝေး မခေါ်ခင် ပြဋ္ဌာန်းလိမ့်မယ်လို့ ထင်တယ်။”
လွှတ်တော်မှာ ကျင့်သုံးရမယ့် ဥပဒေကို လွှတ်တော်မခေါ်ခင် ထုတ်ပြန်တာက တရားမ၀င်ဘူးလို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးမျိုးက ဆိုပါတယ်။
“လွှတ်တော်ဥပဒေဆိုတာ ၂၀၀၈၊ ၂၀၁၀ မှာ သူတို့က ပြည်ထောင်စုလွှတ်တော် ခေါ်မှသာလျှင် ၂၀၀၈ က အတည်ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်ကသာလျှင် အဆင့်ဆင့် ဥပဒေ ပြဋ္ဌာန်းရဦးမယ်။ အဲဒီပြဋ္ဌာန်းပြီးမှသာလျှင် လွှတ်တော်ထဲမှာ ကျင့်သုံးလို့ရတယ် ဥပဒေကို။ အခုကတည်းက ပြဋ္ဌာန်းပြီး အခုကတည်းက ကျင့်သုံးမယ်ဆိုတာ ဥပဒေကို မလေးမစား လုပ်တာလည်း ဖြစ်တယ်။”
ရွေးကာက်ပွဲ အနိုင်ရ စစ်တွေမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကတော့ လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်က ၂၀၀၈ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးသား ဖြစ်တယ်လို့ အခုလို ပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ မှာလည်း လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ ပုဒ်မတွေ ပါပါတယ်။ အခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ မူရင်း ပထမ မူလကိုး။ အခြေခံဥပဒေ ဘောင်ထဲမှာပါတဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်တို့၊ ငြင်းခုံခွင့်တို့၊ တင်ပြခွင့်တို့ ဆိုတာလည်း လူတဦးချင်းရဲ့ လူ့အခွင့်အရေးတွေပါ။ အဲဒါတွေကို ပြည်ထောင်စု လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့မှာ ဆွေးနွေး ငြင်းခုံခွင့်တော့ ရှိကြရမှာပဲလေ။ အဲဒါကို ဘောင် ဘယ်လိုကန့်သတ်ထားသလဲလို့ ကျနော်တို့လည်း မသိရသေးတော့ အသေးစိတ်တော့ ပြန်ပြီး ရှင်းပြဖို့ ခက်ပါလိမ့်မယ်။”
နိုင်ငံရေးပါတီတခု အနေနဲ့ရော တိုင်းရင်းသား လွှတ်တော်အမတ်တဦး အနေနဲ့ပါ တိုင်းပြည်စည်းလုံးမှု ပြိုကွဲအောင် ဘယ်သူ တဦးတယောက်ကမှ လုပ်ဆောင်လိုမှာ မဟုတ်သလို အခုဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကိစ္စ အပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် လိုအပ်တာတွေကို ဆွေးနွေး အဖြေရှာလိုကြသူတွေပါလို့ ဒေါက်တာ အေးမောင်က ထည့်ပြောပါတယ်။
စစ်အစိုးရခေါင်းဆောင်က လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် ပိတ်ပင်လိုက်တာကလည်း လူ့အခွင့်အရေး ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ရှေ့နေများ ကောင်စီက ဦးမျိုးက ဆိုပါတယ်။
“Freedom of Expression ဆိုတာ ရှိတယ်။ Freedom of Expression ဆိုတာ အပြင်မှာလည်း ရှိတယ်၊ လွှတ်တော်ထဲမှာလည်း ရှိတယ်။ အဲဒီ Freedom of Expression က လူ့အခွင့်အရေး ကြေညာချက် ၁၉ မှာ ပါတယ်။ Article 19 လို့ ခေါ်ပါတယ်။ အဲဒီ Article 19 ကို ချိုးဖောက်လိုက်တာလည်း ဖြစ်တယ်ဗျ။ အပြင်မှာ လူတိုင်းကို ပေးရမယ့် လူ့အခွင့်အရေးကိုတောင်မှ လွှတ်တော်ထဲမှာ မရဘူးဆိုရင် အဲဒီလွှတ်တော်က ဘယ်လောက်အထိ ကျဉ်းမြောင်း ကျပ်တည်းသွားမလဲဆိုတာ အခုကတည်းက ကြိုပြီး မြင်နိုင်တာပေါ့ခင်ဗျာ။”
ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ခေါ်မယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဋ္ဌာန်းထား ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်မယ်၊ လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် အတိုင်းအတာ တခုအထိ ရလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တချို့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွှတ်တော် မခေါ်ခင်မှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ပြောခွင့် ဆိုခွင့်ကို ကြိုတင် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/myanmar-parliament-110934339.html
ဆေးလိပ်မသောက်ရ။ ကွမ်းတံတွေးမထွေးရ။ နံရံကို ရှုးရှူမပန်းရ ဆိုတဲ့အပြင် မြန်မာနိုင်ငံလွှတ်တော်ထဲမှာ ဆိုင်းဘုတ်တခု တိုးလာပြီဗျ။ လွှတ်တော်အမတ် ပါးစပ်မဟရ။ စကား မပြောရ။
သူတို့ လိုတဲ့ အရည်အချင်းနဲ့  ဆို ပုတ်သင်ညိုတောင် နောက် ၄၀ လွှတ်တော်အမတ် ၀င်ရွေးလို့ ရနေပါပကော။ ခေါင်းညိတ်တတ်ရန်သာ လိုသည်။ စကား ပြောတတ်ရန်မလို။

Subscribe to:
Posts (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)