2010-12-27 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည်. ကွယ်လွန်တဲ့ ၂၂ နှစ်မြောက်နေ့အဖြစ် ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူခဲ့ကြောင်း သိရပါတယ်။
(Archive)
ဒေါ်ခင်ကြည်နှင့် သားသမီးများဖြစ်သည့် အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစုကြည်
ကွယ်လွန်သူ မိခင်ကြီးအတွက် ရွှေတောင်တန်း သာသနာ့ရိပ်သာနဲ့ ချမ်းမြေ့ရိပ်သာကျောင်းက ဆရာတော် သံဃာတော် စုစုပေါင်း ဆယ်ပါးကို မနက် ၁၀ နာရီခွဲမှာ ဆွမ်းကပ်လှူခဲ့ပါတယ်။
ဒါ့အပြင် တခြား ဘာသာပေါင်းစုံက သာသနာပြု ပုဂ္ဂိုလ်တွေကလည်း ဒေါ်ခင်ကြည်အတွက် ဆုတောင်းပွဲ တရပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပဲ ဒီကနေ့ နေ့ခင်း တနာရီခွဲမှာ ကျင်းပခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
"သိက္ခာတော်ရ ဆရာတော် ဒေါက်တာအာသာ ကိုလေးနဲ့ ခရစ်ယာန်အဖွဲ့၊ ဦးခင်မောင်ရွှေ ဦးဆောင်တဲ့ ခရစ်ယာန်အဖွဲ့၊ သိက္ခာတော်ရ ဆရာကြီး ရဂျီ ဦးဆောင်တဲ့ ရိုမင်ကက်သလစ် ဆုတောင်းအဖွဲ့၊ အစ္စလာန် ဓမ္မဗိမာန်က ဦးအေးလွင်နဲ့ အဖွဲ့၊ ဦးလှအောင် ဦးဆောင်တဲ့ ဟိန္ဒူ ဘာသာရေးအဖွဲ့တို့က မိခင်ကြီး ဒေါ်ခင်ကြည်အတွက် အလှည့်ကျ ဆုတောင်းကြပါတယ်"
ဆွေမျိုးသားချင်းတွေနဲ့ ဘာသာရေး ပုဂ္ဂိုလ်တွေရဲ့ မေတ္တာရပ်ခံချက်အရ ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီးရဲ့ ကျေးဇူးတရားတွေကို အနည်းငယ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကနေ့ အလှူပွဲကို NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ရောက်ခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတိဂုံဘုရားအနီး ကန်တော်မင်မှာရှိတဲ့ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို သွားရောက်ပြီး ဂါရ၀ ပြုခဲ့ကြောင်း သိရပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reservedRest of your post
Tuesday, December 28, 2010
ဒေါ်ခင်ကြည် အတွက် ဒေါ်အောင်ဆန်းစုကြည် ဆွမ်းကပ်
ဒေါ်အောင်ဆန်းစုကြည် ကိုဘဲ ထိုင်အားကိုးလို့ မရဘူးလေ ပင်လုံစိတ်ဓါတ်ဆိုတာအကုန်လုံးနဲ့ ဆိုင်တယ်။
ဒေါ်စု၏ ဒုတိယပင်လုံ ရည်မှန်းချက်မပီပြင်သေးဟု သျှမ်းပြည်ခေါင်းဆောင်အချို့ပြောဆို
Tuesday, 28 December 2010 18:48 သျှမ်းသံတော်ဆင့်
ယမန်နေ့ ထိုင်းနယ်စပ်တနေရာတွင် ကျင်းပသည့် သျှမ်းပြည်ကွန်ဂရက် EC အစည်းအဝေး၌ တိုင်းရင်းသား ခေါင်းဆောင်အချို့က ဒေါ်အောင်ဆန်းစုကြည်ပြောသော ၂၁ ရာစု (ဒုတိယ) ပင်လုံညီလာခံ၏ နိုင်ငံရေး ရည်မှန်းချက် အတိအကျ မသိရသေးသဖြင့် ပါဝင် ထောက်ခံသင့် မသင့် ဆွေးနွေးခဲ့ကြကြောင်းတက်ရောက်သူတဦးက ပြောပြသည်။
“ပအိုဝ်းခေါင်းဆောင် ခွန်ဥက္ကာ၊ ပလောင်အမျိုးသား ခေါင်းဆောင် မိုင်အိုက်ဖုန်း၊ လားဟူအမျိုးသားခေါင်းဆောင် ဂျဖိုးလုံနဲ့ သျှမ်း ထဲက စ၀်လောင်ဆိုင်တို့ တက်ရောက် ကြတယ်။ ဒေါ်စုရဲ့ ဒုတိယပင်လုံ ရည်မှန်းချက်တိတိကျကျ မသိရသေးတော့ ကောင်းကောင်း လေ့လာသုံးသပ်ဖို့ လိုအပ်တယ်ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု အမည်မဖော်လိုသည့် တက်ရောက်သူအမျိုးသားတဦးက ပြောသည်။
ဥပဒေပညာရှင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ခွန်ဥက္ကာက ပထမပင်လုံတွင်သီးခြားကိုယ့်နယ်မြေကိုယ့်အုပ်ချုပ်ရေး နှင့် ကိုယ် ဖြစ်နေခဲ့သောတောင်တန်းဒေသမှ ချင်း၊ ကချင်၊ သျှမ်း နှင့် ထိုစဉ်က မွန်၊ ရခိုင်၊ ကရင် အပါအ၀င် ဗမာပြည် ယာယီအစိုးရကို ကိုယ်စားပြုသော ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်လက်မှတ်ရေးထိုးကြသည့် ၁၉၄၇ ပင်လုံညီလာခံ ဖြစ်၏။ တိုင်းရင်းသားများ အကြား ဆွေးနွေးပွဲမဟုတ်၊ သီးခြားနယ်မြေ ပြည်ထောင်များအကြား ပြုလုပ် သည့် ညီလာခံဖြစ်၏။ တက်ရောက်သူခေါင်းဆောင် ကိုယ်စား လှယ်များ၌ အာဏာအပ်နှင်းခံရမှု Mandate ရှိသဖြင့် တရားဝင်ညီလာခံနှင့်တရားဝင်သဘောတူညီ
ဆုံးဖြတ်ချက်များ လည်း တရားဥပဒေနှင့်အညီ Legitimate ဖြစ်ခဲ့သည်။ ယခုပြောဆိုသည့် ဒုတိယပင်လုံညီလာခံကို လက်တွေ့အကောင်ဖေါ် ရာတွင် ကိုယ်စားပြုမှု တရားဝင်လုပ်ပိုင်ခွင့် Mandate ရပုဂ္ဂိုလ်များရှိနိုင်မည်လော၊ Legitimacy ရှိရန် မည်သို့လုပ်ဆောင်မည်နည်း စသည့်အချက်များထည့်ဝင် စဉ်းစားသင့်ကြောင်း - ဆွေးနွေးကြသည်ဟုဆို၏။
ဒေါ်အောင်ဆန်းစုကြည်ပြောသည့် ၂၁ ရာစု ပင်လုံမှာ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်သစ်နှင့် ယှဉ်ပြိုင်ဖို့ မဟုတ်ဟု ဆိုပြန်သဖြင့် ၄င်း၏ လက်ရှိဦးတည်ချက်အပေါ် အချက် ၃ ချက်ဖြင့် ခန့်မှန်းနိုင်ကြောင်း ခွန်ဥက္ကာက ထောက်ပြသည်။
“ပထမပင်လုံညီလာခံမှာတော့ ရည်မှန်းချက်က ၂ ချက် ။ (၁) အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ဖို့၊ (၂) ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ ဖြစ်တယ်။ အခု ဒုတိယပင်လုံကျတော့ ခုချိန်ထိရည်မှန်းချက်မပီပြင်သေး တာတွေ့ရတယ်။ ဒါပေမယ့် အချက် ၃ ချက်ခန့်မှန်းလို့ရတယ်။ (၁) ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဆီက သဘောထား တွေတုန့်ပြန်လာမှာကိုကောက်ယူစုဆောင်းဖို့။ (၂) ကာလကြာမြင့်စွာနားလည်မှုကွဲ စိတ်ဝမ်းကွဲနေကြတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြားအမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်အောင် ဒိုင်ယာလော့ခ်တခုဖြစ်လာဖို့။(၃) တိုင်းရင်းသားတိုင်းရဲ့ တန်းတူရေး နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ဆီဦးတည်ဖို့ မထုတ်ဖော်နိုင်သေးတဲ့ ၀ှက်ဖဲတချပ်ရှိသေးလားဆိုတာ မျှော်လင့်စရာပေါ့” - ဟု သုံးသပ်ပြသည်။
မည်သို့ပင်ဆိုစေ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်စုမျိုးတည်ဆောက်လိုသောဆန္ဒရှိသူ ဒေါ်အောင်ဆန်းစု ကြည် အား မိမိတို့အနေဖြင့် အမြဲတမ်းထောက်ခံကြောင်း ခွန်ဥက္ကာကဆက်ပြောသည်။
“တဖက်တလမ်းကလည်း ပထမပင်လုံညီလာခံဆုံးဖြတ်ချက်က အကောင်အထည်မဖော်နိုင်လို့ ဒုတိယပင်လုံနဲ့ အကောင်အထည် ဖော်ဖို့ ဒေါ်စုကြိုးစားချင်နေတာဖြစ်ကောင်းဖြစ်မယ်လို့လဲ ဆွေးနွေးပွဲတက်တဲ့တခြား ခေါင်းဆောင်တွေ သုံးသပ်ကြတယ်”- ဟု ပြောသည်။
ဒုတိယပင်လုံညီလာခံနှင့်ပါတ်သက်၍ - အိုင်တီနည်းပညာထွန်းကားသည့် ယနေ့ခေတ်တွင်ပြည်တွင်းပြည်ပအဖွဲ့ အစည်းများ၊ ခေါင်းဆောင်များ ဆက်သွယ်ပူးပေါင်း/အမြင်ဖလှယ် ဆန္ဒပေးလာကြမည်ဆိုပါစို့။အာဏာအပ်နှင်းခြင်း ခံရသူ Mandate ရ တရား ၀င် ကိုယ်စားလှယ်များပါဝင်နိုင်ပြီး တရားဥပဒေနှင့်အညီ Legitimate ဖြစ်သည့် သဘောတူညီဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် လော ဟူသည့် အချက်များအပေါ် အဓိကစဉ်းစားရမည်ဖြစ်ကြောင်း ခေါင်းဆောင်များဆွေးနွေးခဲ့ကြသည်။Rest of your post
မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘ၀ ကျရောက်
12/28/2010....ရခိုင်ပြည်သူများက မရဏ မီးရထားလမ်းဟု ခေါ်ဆို သမုတ်ထားသော စစ်တွေ- အမ်း မီးရထားလမ်း ဖေါက်လုပ်နေမူကြောင့် ဒေသခံ ပြည်သူများမှာ သူတို့ပိုင် လယ်မြေများကို လက်လွတ် ဆုံးရှုံးနေကြရကြောင်း သိရသည်။
Apuk-Wa-Buter
အမည်မဖေါ်လိုသူ ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တဦးက သူ့တွင် ဘိုးဘွားလက်ကတည်းက ပိုင်ဆိုင်လာခဲ့သော လယ် ၆ ဧကတွင် ၃ ဧကမှာ ရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားကြောင်း သူက ယခုကဲ့သို့ ပြောဆိုသည်။
“ မိဖ လက်ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်။ ၆ ကမှာ ရထားလမ်းကြောင်း ၃ ဧက ဆုံးရှံးသွားပါတယ်။ တပြားတချပ်မှ လျော်ကြေး မပေးသလို လယ်လည်း အစား မပေးပါဘူး။ ဘာမှ လျော်ကြေး မပေးတဲ့ အပြင် မိမိလယ်မြေကို ဖြတ်ပြီး ရထားလမ်းဖေါက်မယ်ဆိုတာကိုလည်း အကြောင်းကြားတာ မရှိပါဘူး။ လယ်ကွင်းပေါ်မှာ အလံနီ တိုင်လေးတွေ စိုက်ထူထားတာကို မြင်ပီးမှ ငါ့လယ်ကို သူတို့ရထားလမ်း ဖြတ်ဖေါက်တော့မယ်ဆိုတာကို သိရပါတယ်။” ဟု ပြောသည်။
ယခု အခါ စစ်တွေမှ အမ်းထိ ဖေါက်လုပ်နေသော ရထားလမ်းကို အပိုင်းလိုက် တစ်ခုပြီး တစ်ခု ဖေါက်လုပ်နေရာ ဒီဇင်္ဘာလဆန်းမှ စတင်ပြီး ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ခြမ်းတွင် ဖေါက်လုပ်နေကြောင်း သိရသည်။
ယခုကဲ့သို့ လယ်မြေများကို လျော်ကြေး တစုံတရာ မပေးဘဲ ဖြတ်ဖေါက်သဖြင့် ကျောက်တော်မြို့နယ်မှ လမ်းမတော်၊ သရက်တပင်၊ ညောင်ချောင်း၊ ဒေါင်းတောင်ယိုးစသည့် ကျေးရွာများမှ လယ်သမားများ အနေဖြင့် ၎င်းတို့ပိုင် လယ်မြေများကို ဆုံးရှုံးနေကြရသည်။
၎င်းပြင် ရထားဖေါက်လုပ်သည့် ကုမ္ပဏီများမှ ဒေသခံ ရခိုင်လယ်သမားများကို နိုင်ထက်စီးနှင်း ပြုလုပ်မူများလည်း ရှိနေကြောင်း သူက ပြောသည်။
“ လယ်တွေက စပါးရိတ်သိမ်းလို့ မပီးသေးဘူး။ ဒါကို သုံးရက်နဲ့ အပီးရိတ်ရမယ်။ မရိတ်ရင် အကုန်လုံးကို မြေတူးစက်တွေနဲ့ ဖြိုတူးပစ်မယ်ဆိုပီး ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။ အခု ကျွန်တော်တို့ ဒေသမှာ စပါးရိတ် အလုပ်သမားတွေ အရမ်းရှားပါတယ်။ ဒါပြင် တချို့ စပါးတွေဆိုရင် မိုးတွေရွာထားခဲ့တဲ့ အတွက် မခြောက်ဘဲ ဖြစ်နေတယ်။ သူတို့က ခုလို အမိန့်ထုတ်တော့ မပီး ပီးအောင်ရိတ်ရပါတယ်။ ကျွန်တော်တို့ ဒေသမှာ စစ်တပ်က လူထုတွေကို မတရား အနိုင်ကျင့်ထားတွေ ရှိတဲ့ အတွက် ဘယ်သူကမှ ပြန်မပြော ရဲကြဘဲ ဖြစ်နေပါတယ်။ အကုန်လုံး ခေါင်းငုံ့ခံနေကြရပါတယ်။”
Railroad
၎င်းပြင် ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် လယ်သမား တစ်ဦးကလည်း လယ်မြေများ ဆုံးရှုံးသွားသဖြင့် အသက်ရှင်လိုစိတ် မရှိဘဲ မြန်မြန်သေဖို့ ဆုတောင်းနေကြောင်း နိရဉ္စရာသို့ ပြောသည်။
“ဦးလေးမှာ လယ်သုံးဧက ရှိပါတယ်။ ရထားလမ်းဖေါက်တော့ တဧကခွဲပါသွားခဲ့ပါတယ်။ ကျန်တဲ့ တဧကခွဲနဲ့ မိသားစု ၆ ဦး ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရတော့ပါဘူး။ ဘယ်နေ့ သေမင်းခေါ်မလဲဆိုတာကိုဘဲ မျှော်နေပါတယ်။ အရင်သေရင် အရင်ဝဋ်ကျွတ်တယ်လို့ဘဲ အောက်မေ့မိပါတယ်။”
ယခုကဲ့သို့ လယ်မြေများကို လက်လွတ်ဆုံးရှုံးနေကြသူများမှာ ကျောက်တော်မြို့နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ ရထားလမ်း ဖြတ်သန်းရာ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်း မြို့နယ် တိုင်းတွင် ဖြစ်ကြောင်း သိရသည်။
အမည်မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးကလည်း လက်ရှိ ဖေါက်လုပ်နေသော ရထားလမ်းကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် လယ်ဧက ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီး အဆိုပါ လယ်မြေများအတွက် အာဏာပိုင်များက တစုံတရာ လျော်ကြေး မရကြောင်း ပြောကြားသည်။
ယခုကဲ့သို့ ရထားလမ်းကြောင့် လယ်ယာမြေများ ဆုံးရှုံးနေသည့် အပြင် ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များလည်း အကြီးအကျယ် ပျက်စီးနေသဖြင့် ယခု ဖေါက်လုပ်နေသော ရထားလမ်းကို “ မရဏ ရထားလမ်း” ဟု ဒေသခံ ရခိုင်များက ခေါ်ဆိုနေကြကြောင်း သိရသည်။
ယခင်ကဖေါက်လုပ်ခဲ့သော စစ်တွေ- ရန်ကုန် ကားလမ်း ဖေါက်လုပ်တုန်းကလည်း ရခိုင်လယ်သမားများ အနေဖြင့် လျော်ကြေး တစုံတရာ မရဘဲ လယ်မြေများကို ဆုံးရှံးခဲ့ရသလို အသစ်တပ်စွဲလာသော စစ်တပ် တပ်ရင်း ၆၀ နီးပါးကလည်း ရခိုင်တောင်သူလယ်သမားများပိုင် လယ်မြေဧက အမြောက်အမြားကို စစ်တပ်ပိုင် အဖြစ် သိမ်းပိုက်ထားကြောင်း သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post
KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး
သန်းထိုက်ဦး Monday, 27 December 2010 16:39--ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့က ခြုံခို တိုက် ခိုက် ခဲ့သောကြောင့် နအဖဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။
KNPP400
စစ်ရေးပြ အခမ်းအနားတခုတွင် တွေ့ရသည့် KNPP တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ- burmaelection2010.com)
“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြောလို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ်တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော်တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။
တိုက်ပွဲကြောင့် ၃ ဦး ကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု သတင်းမရသေးကြောင်း ၎င်း က ဆက်ပြောသည်။
သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလပ်တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရသော နအဖ တပ်ရင်း အမည်နှင့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအဖွဲ့၏ ကုမ္ပဏီကိုမှု မသိရှိရသေးပေ။ သို့သော် ယင်း ဒေသတ၀ိုက်တွင် နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၄၂၈နှင့် တပ်ရင်း ၅၃၀ တို့က လှုပ်ရှားနေကြောင်း သိရ သည်။
နအဖ စစ်အစိုးရ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဘော်လခဲမြို့နယ် ရွာသစ် အနီးရှိ သံလွင်မြစ်ပေါ်တွင် တည်
ဆောက်ရန် စီစဉ်ထားသည်ဟု KNPP တပ်ဖွဲ့ဝင်များက သတင်းရရှိထားကြောင်း ခူးဦးရယ်က ဆိုသည်။
ရေကာတာ တည်ဆောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ခြင်းရှိသကဲ့သို့ ကျေးရွာ အနီး တ၀ိုက်တွင်လည်း ရေလွှမ်း မိုးမှုများ ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“အနီးအနားမှာ ရှိတဲ့ ဒေသတွေမှာလည်း ရေလွှမ်းမိုးနိုင်ဖွယ် ရှိတယ်၊ ဒါ့အပြင်ကို ကျနော်တို့ သားရဲ တိရစ္ဆာန်တွေ သေဆုံး
ပျက်စီး နိုင်တဲ့ အခြေအနေတွေရှိတယ် ဆိုတော့ ဆုံးရှုံးမှုတွေ ပိုပြီးများမယ့် အခြေအနေရှိပါတယ်”ဟု ခူးဦးရယ်က ပြောသည်။
အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင်ရှိသော ပွန်ချောင်းတံတား အနီးတွင် KNPP တပ် နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း တံတား ပျက်စီးသွားခဲ့ သည်။
KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီ တရပ်ကိုလည်း နိုဝင်ဘာ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။
ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။Rest of your post
ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံမှုအပြီး နိုင်ငံရေး နိုးကြားတက်ကြွသော လူငယ်များအကြား ဆက်သွယ်ရေး ကွန်ယက်တခုကို ဖွဲ့စည်းလိုက်သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲ၌ အလွှာစုံမှ လူငယ် ၂ဝဝ ကျော်က ကွန်ယက်ဖွဲ့ရန် သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် လူငယ်များနှင့် တွေ့ဆုံပွဲကို အင်္ဂါနေ့ ဒီဇင်ဘာ ၂၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ပြုလုပ်ရာ နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ တံခါးပိတ် ဆွေးနွေးပွဲသို့ လူငယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
“
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် လူငယ်များနှင့် တွေ့ဆုံပွဲကို အင်္ဂါနေ့ ဒီဇင်ဘာ ၂၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ပြုလုပ်ရာ နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ တံခါးပိတ် ဆွေးနွေးပွဲသို့ လူငယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။အန်တီစုနဲ့အကြားမှာရော၊ လူငယ်အချင်းချင်း
ကြားမှာရော ဘယ်သူက ဘာလုပ်ချင်လဲ၊ ဘာလိုချင်လဲ၊ ဘာပေးချင်လဲ ဆိုတာတွေ ဆက်သွယ်ကြဖို့ပေါ့။ တချို့လူငယ်တွေက အဖွဲ့တွေ ရှိကြတယ်။ အချင်းချင်း အချိတ်အဆက် မရှိကြဘူးလို့ ပြောကြတယ်။ အဲဒါကို အန်တီက ဒါကတော့ ချက်ချင်းစီစဉ်လို့ရတယ်ဆိုပြီး စီစဉ်လိုက်တာ” ဟု အစည်းအဝေး တက်ရောက်သူ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
ကွန်ယက်မှတဆင့် NLD အပါအဝင် လူငယ်ထုအကြား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးလုပ်ကိုင်ရန်နှင့် NLD က ခေါ်ယူပြုလုပ်မည့် အစည်းအဝေးများ ဖိတ်ခေါ်သည့်အခါ ထိုကွန်ယက်မှပင် ဆက်သွယ်သွားမည်ဟု သူက ဆိုသည်။
လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ တံခါးပိတ် ဆွေးနွေးခဲ့ကြရာ လှိုင်သာယာ စက်မှုဇုန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် စက်ရုံအလုပ်သမ မသီတာက အလုပ်ရှင်၏ ဖိနှိပ်ခေါင်းပုံဖြတ်မှုနှင့် ကျန်းမာရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်း လူငယ်များက ၎င်းတို့လုပ်ငန်းခွင်၌ ကြုံတွေ့ရသည့် အာဏာပိုင်များ၏ အကျင့်ပျက်မှု၊ တာဝန်မဲ့မှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယ ပင်လုံညီလာခံနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား၊ လူငယ်များ နိုင်ငံရေးနှင့် ပတ်သက်ရာတွင် ကြောက်သည့် စိတ်ကို မည်သို့ကျော်လွှားသင့်ကြောင်းနှင့် နိုင်ငံရေးလှုပ်ရှားသူများအပေါ် စစ်အစိုးရ ဖိနှိပ်မှုများကို မည်ကဲ့သို့ ရင်ဆိုင်တုံ့ပြန်သင့်ကြောင်းအပြင် အကြမ်းဖက် တော်လှန်မှုများအကြောင်းနှင့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထားများကို ဒေါ်အောင်ဆန်းစုကြည်ထံ မေးမြန်းခဲ့သည်။
“လူငယ်တွေရှိမှ အနာဂတ် လုံခြုံမှုရမှာပါ။ လူငယ်တွေက တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ရမယ်။ တိုင်းပြည်အတွက် တာဝန်ရှိတယ်လို့ သိနေရင် ကျမတို့ စိတ်ချရပြီပဲ။ အဲဒီလိုသာ အခြေအနေ မရှိခဲ့ရင်တော့ မနက်ဖြန် ဒီမိုကရေစီ ရရင်တောင် စိတ်ချရမယ့် အခြေအနေမျိုး ရှိမှာ မဟုတ်ဘူးတဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်သည့် လူငယ်တဦးက ပြောသည်။Rest of your post
ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို
မျိုးသိဏ်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာပြည်၌ ဒေါ်အောင်ဆန်းစုကြည် သတင်းများနှင့် အင်တာဗျူးများကို ထိန်းချုပ်ခြင်း မလုပ်ဘဲ ဖော်ပြခွင့်ပြုရန် ပါကစ္စတန် သတင်းဖောင်ဒေးရှင်း Pakistan Press Foundation - PPF က တောင်းဆိုလိုက်သည်။
စာပေစိစစ်ရေးနှင့် ပုံနှိပ်မှတ်ပုံတင်ဌာန (ဆင်ဆာဘုတ်) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သတင်းများကို ပြန်လည် သုံးသပ်ရန်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ပေးရန် ယခုလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပေးပို့ကာ PPF က တောင်းဆိုခြင်း ဖြစ်သည်။
“ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး အထိန်းချုပ်ခံရဆုံး နိုင်ငံတခုဖြစ်တယ်။ အာဏာပိုင်တွေအနေနဲ့ ဒီလို တင်းကျပ်ချုပ်ကိုင်မှုကို ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်” ဟု PPF အထွေထွေ အတွင်းရေးမှူး မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက မဇ္ဈိမကို ပြောသည်။
ယခုလအတွင်း ပြည်သူ့ခေတ်နှင့် ဗီးနပ်စ် အပါအဝင် ပြည်တွင်းဂျာနယ်အချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိကာ ဓာတ်ပုံနှင့်တကွ အင်တာဗျူး စာမူကြမ်းများကို ဆင်ဆာဘုတ်အဖွဲ့သို့ ပုံနှိပ်ထုတ်ဝေခွင့် တင်ခဲ့ရာ ဆိုင်းငံ့ဟူ၍ သတ်မှတ်ခံခဲ့ရသည်။
“ဆိုင်းငံ့ဆိုပေမယ့် အချိန်ကာလ မရှိဘူး။ ဖြုတ်ခိုင်းတဲ့ သဘောပဲ။ ထုံးစံက စိစစ်ရေးက “ဆိုင်းငံ့” ဆိုရင် သတင်းကို ပုံစံပြန်ပြောင်းပြီး ရေးရတယ်။ ခပ်ပျော့ပျော့လေးဖြစ်သွားအောင် ဗားရှင်းပြောင်းပြီး ပြန်တင်ကြည့်။ ဒါမှ မရဘူးဆိုရင် အဲ့ဒီသတင်း သုံးလို့မရတော့ဘူး” ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ရှင်းပြသည်။
ပါကစ္စတန်သည် အာဏာရှင်စနစ်အောက်မှ ၂ဝဝ၈ ဖေဖော်ဝါရီလကမှ လွတ်မြောက်လာခဲ့သော်လည်း စစ်အုပ်ချုပ်မှု လက်အောက်၌ နေစဉ်ကတည်းက သတင်းမီဒီယာ လွတ်လပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင်မူ အလွန်အမင်း တင်းကျပ်ထားသဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် နှောင့်နှေးဦးမည်ဖြစ်ကြောင်း မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက ပြောသည်။
“ဒီချုပ်ကိုင်ထားမှုတွေကို ပြောင်းလဲပစ်မှ ဒီမိုကရေစီနိုင်ငံဆိုတဲ့ ဘက်ကို ဦးလှည့်နိုင်မှာပါ” ဟု သူက ဆိုသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် နိုင်ငံတကာအဆင့် စံနှုန်းများဖြင့် မလုပ်ခဲ့ဘဲ၊ လက်ရှိလည်း ပြောင်းလဲမှု လမ်းကြောင်းပေါ် ရောက်ပြီဟု မထင်ကြောင်း သူက ဆက်ပြောသည်။
ဆင်ဆာဘုတ်သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်စဉ်က သတင်းနှင့် ဓာတ်ပုံများ ဖော်ပြခဲ့သည့် သတင်းဂျာနယ် ၇ စောင် အပါအဝင် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ပိတ်ခဲ့သေးသည်။ ထိုအထဲမှ အချို့ကို ၂ ပတ်စီနှင့် အချို့ကိုမူ တပတ်စီ ပိတ်ခဲ့သေးသည်။
ထိုအထဲမှ ဒေါ်အောင်ဆန်းစုကြည်သတင်း ဖော်ပြရာ၌ အချပ်ပိုအဖြစ် ဖော်ပြခြင်း၊ ဓာတ်ပုံများကို သတ်မှတ်သည့် အရွယ်ထက် ကြီး၍ ဖော်ပြသဖြင့် စည်းကမ်းနှင့် မညီဟုဆိုကာ 7Days နှင့် The Voice ကို တပတ်စီ ပိတ်ပင်ခဲ့သည်။
PPF ကို ၁၉၆၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး သတင်းမီဒီယာဖွံ့ဖြိုးရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် IFEX အပါအဝင် နိုင်ငံတကာ သတင်းအဖွဲ့အစည်း အများအပြားနှင့် ပူးပေါင်းဆောင်ရွက်နေသည်။Rest of your post
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)