Saturday, May 31, 2008

သူခိုးက လူလူဟစ်တဲ့ကိစ္စ

မုန်တိုင်း ဒုက္ခသည်များအား ကယိဆယ်ရေး ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတွေက ပြည်တွင်း ပြည်ပ အကူအညီများနှင့် ဒုက္ခသည်တွေအပေါ် “မြန်မာနိုင်ငံအတွင်း အဆီးအတားမရှိ လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်ခွင့် Free Access ရမှ အကူအညီများ စို့စို့ပို့ပို့ ထပ်မံ ပေးအပ်မည်ဆိုသော အသံများကို ကြားရကြောင်း၊ ယင်း Free Access ဆိုသည့်စကားမှာ အိမ်ခြံဝင်းတံခါးမှ မီးဖိုချောင်တံခါးအထိ တံခါးအားလုံး ကိုဖွင့်ပေးမှ ကျေနပ်မည့် အဆင့်မျိုးအထိ ရောက်သွားနိုင်၍ စဉ်းစားရမည်ဖြစ်ကြောင်း” ဆိုပြီး ဝေဖန် ရေးသား ထား တယ်ဗျာ။

မုန်တိုင်းကြောင့် ပျက်စီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်အစိုးရ လိုအပ်ချက် ဒေါ်လာ ၁၁ ဘီလီယံခန့် တောင်းဆိုမေမဲ့ ဒေါ်လာသန်း ၁၅၀ ကျော်သာ ယခုညီလာခံက ၇တာမို့  အရေးပေါ် ၃ လစာ လိုတဲ့  ဒေါ်လာ ၂၀၁ သန်း ပမာဏ ကိုပင် မပြည့်မီဘူးလို့ အပြစ်တင်ပါတယ်။

၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဆူနာမီဘေးသင့်ခဲ့စဉ်တုန်းက ကမ္ဘာ့ဘဏ်က အရေးပေါ် ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်း ပေးပေမဲ့ အခု မြန်မာ အရေးကျ အကူအညီ မပေး၊ ငွေမချေးကြောင်းကိုလည်း ပြောတာပါ။ မြန်မာစစ်အစိုးရ လွန်ခဲ့တဲ့ ၁၀နှစ် ကတည်းက ချေးယူထားသော ချေးငွေများ ပြန်မဆပ်တာကြောင့် မချေးတာ ဖြစ်ကြောင်းကို လူလည်လုပ်ပြီးမရေးထားပါဘူး။

မရတဲ့ အခါမှ ကြီးကျယ်ပြီး “မြန်မာပြည်သူများအတွက်မူ နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုသည်မှာ မရ လျှင်လည်း မိမိတို့ ဘာသာ ရပ်တည်ထူမတ်နိုင်သူများ ဖြစ်ကြသည်။ လို့  “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြ ပေလိမ့်မည်” ဆောင်းပါးက အလှုရှင်အားလုံးကို စော်ကားလိုက်ပါတယ်။
မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းသားများအနေဖြင့် အရသာလည်းရှိ အာဟာရလည်းဖြစ်စေသော ငါး၊ ပုစွန်၊ ဟင်းသီးဟင်းရွက် များစားသုံး၍ အသက် ရှင်သန်နိုင်သည်ဟုလည်း ယင်း ဆောင်းပါးက ဆိုသည်။

အလားတူ အခြားစစ်အာဏာရှင်ဒေါက်တိုင် သတင်းစာတွင်လည်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်နေရသော ဒုက္ခသည်များကို လမ်းမပေါ်မှာ တောင်းယမ်းလက်ခံယူနေသော ယင်းဒုက္ခသည် များသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက် တ.ယ်လို့ စွပ်စွဲပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကိုလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လေ ဘေး ဒုက္ခ သည်များအား အကူအညီပေးရာတွင် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲထားပြန်သည်။ စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ သတင်း ထုတ်ပြန်ချက် အမှတ်(၈) တွင် ကူညီ လှူဒါန်း လိုသူများ ၎င်းတို့အဖွဲ့ထံတွင် အကူအညီတောင်းခံနိုင် ကြောင်းနှင့် လေဘေး ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရသည့် ဒေသများအထိ သွားရောက်လှူဒါန်းနိုင်ပါက ပိုမို ထိရောက်ကြောင်း ဖော်ပြထားပေမဲ့ သွားရောက်လိုသော နိုင်ငံခြားသားများအနေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်စာရယူရန်လိုအပ်ပါတယ်။
ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ကလည်း မေလ ၂၃ ရက် ရက်စွဲဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် INGO အဖွဲ့အစည်းများ လေဘေးသင့် ဒေသများသို့ သွားရောက်မည်ဆိုပါက ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ခရီးသွားလာခွင့် ရယူရမည်ဖြစ်ကြောင်း ကျေညာစာထုတ်ထားပါသည်။

ဧရာဝတီတိုင်းသို့ သွားရောက်ခဲ့သည့် ပြည်တွင်း အကူအညီကား အစီး ၂၀ ကျော်ကို လှိုင်သာယာမြို့နယ်အစပ်တွင် အာဏာပိုင်များက ဖမ်းဆီးပြီး ယာဉ်မောင်းနှင့်အတူ အင်းစိန် ဂျီတီအိုင် ကျောင်းဝန်း အတွင်းသို့ခေါ်ဆောင်သွားကြောင်း လေဘေး အကူအညီပေးခဲ့သူများ ကပြောဆိုသည်။ http://www.irrawaddy.org/bur/news2008/May/may_29b_08.htm

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်