Wednesday, June 25, 2008

ခလေးစိတ်မကုန်သေးတဲ့ ထိုင်းဝန်ကြီးချုပ်..


ထိုင်းလွတ်တော်ထဲ..အရေးကြီးတာတွေ ဆွေးနွေးနေတုန်း..ဂရုစိုက်နားမထောင်ဘဲ..စက္ကူရုပ်ချိုးနေတဲ့ နအဖတို့ ရဲ့ အချစ်တော်..ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျဟာ ပါခင်ဗျာ။ နိုင်ငံတော်ကိုတိုးတက်အောင်လုပ်ရန်ဆန္ဒမရှိ။ နအဖ အကောင် တွေ အလည်လာတဲ့အခါ ထမင်းချက်တမ်းက လည်း ကစားသေးတယ်ဗျ။ ဖားကလည်း မတရားဖားသေး။ မြန်မာနိင်ငံစစ်အစိုးရအတွက်ခုခံကာကွယ်ပေးနေမှု နဲ့လည်း မြန်မာစစ်အုပ်စုကို အတိုက်အခံပြုနေတဲ့ အင်အားစုတွေက မျက်မုန်းကျိုးနေတာပေါ့။

သူက ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတပ်ဆင် ဘက်ကနေ ကို ခုခံကာကွယ်ပေးနေတယ်။ ဒါ ကြောင့် သူ့အစိုးရကို ထိုင်း အတိုက်အခံ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးအင်အားစုတွေက အပြင်းအထန်ဝေဖန်ရှုံချ ရာထူးကနေနှုတ်ထွက်ပေးဖို့ကိုလည်း ဆန္ဒပြနေကြတယ်။

ဒါပေမဲ့ မျက်နှာပြောင်ကြီးကတော့ ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်း လွှတ်တော်/ပါလီမန်အစည်းအဝေးမှာ အတိုက်အခံနှင့်အစိုးရ အမတ်တွေအကြား အခြေအတင် အရေးကြီးဆွေးနွေးမူ့တွေပြုလုပ်နေစဉ်မှာ..၀န်ကြီးချုပ် မင်းဟာ လွှတ်တော် ခန်းမအတွင်းမှာ စက္ကူရုပ်ချိုးနေပါတယ်တဲ့ဗျာ။ နအဖ သူငယ်ချင်း..နအဖလို့ ပါဘဲဗျို့ ။

အခုတော့ဝဋ္ဋ်လည်ပြီ။။ ထိုင်းပြည်သူတွေ က အကြောင်းသိပြီး အာဖျံရွီး ၀န်ကြီးချုပ် မကြိုက်ဘူး...ခင်ဗျားဆင်းပါတဲ့ ဗျို့  ။ boycott လုပ်နေကြလို့  အကျိုးနည်းပြီး သောက်ဂွ ဖြစ်နေလေရဲ့။
ဓါတ်ပုံ ကိုမိုးသီးဘလော့မှ ကျေးဇုးပြုပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်