တိုက်ပိတ်သူများစာရင်း အင်းစိန်ထောင်က ကြေညာ
E-mail
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 18:20 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရသူ နိုင်ငံရေး အကျဉ်းသားများ၏ အမည်စာရင်းကို ပြစ်မှု ဖြစ်ပွားပုံနှင့်တကွ ယခုလမှ စတင်ကာ ထောင်ဗူးဝတွင် ထုတ်ပြန် ကြေညာလာသည်။
နိုင်ငံရေး အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအကြား အခြေအတင် ခွန်းကြီးခွန်းငယ် ပြောဆိုကြသဖြင့် တိုက်ပိတ်ထားရခြင်းကို A4 side စာရွက်ပေါ်တွင် ကွန်ပြူတာ စာစီကာ အများမြင်သာနိုင်သည့် နေရာရှိ ကြော်ငြာဆိုင်းဘုတ်တွင် ကပ်ထားခြင်း ဖြစ်သည်။
“အရင်က တခါမှ မရေးဖူးဘူး။ ရန်ဖြစ်တယ် ဆိုရင်လည်း ရန်ဖြစ်တဲ့ စကာလုံး ၏သည် မရွေးပေါ့နော်။ ဆဲဆိုတဲ့ စကားလုံးတွေကိုပါ ရေးထားတယ်လေ။ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေကိုပါ ရေးထားတယ်။ ကွန်ပြူတာ စာရွက်နဲ့ ရုံးသုံးစာရွက်နဲ့ ဆဲတဲ့စကားလုံးတော့ မပြောတော့ဘူးပေါ့နော်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း မဥမ္မာက ပြောသည်။
ပြီးခဲ့သည့်လ ၂၄ ရက်နေ့က လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အခန်းအတွင်း အကျဉ်းထောင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်အေး၊ ဒေါ်သီတာဦးတို့က လာရောက် ရှာဖွေသည်ကို တာဝန်အရ လုပ်နေတာပါ ပြောဆိုပြီးနောက် တဦးနှင့်တဦး ခွန်းကြီးခွန်းငယ် ပြောဆိုသည့် စကားလုံးများကိုပါ ရေးသားထားသည်ဟု သူက ပြောသည်။
မစုစုနွေးကို ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထောင်စည်းကမ်း ဖောက်ဖျက်သဖြင့် ထောင်ဝင်စာ၊ ပါဆယ်ပေးခွင့်၊ ထောင်ဝင်စာ တွေ့ခွင့်များ ပိတ်လိုက်သည်ဟု ရေးသားထားသည်။
“အရင်တုန်းက သူတို့က ဒီလိုကိစ္စတွေကို ခိုးကြောင်ခိုးဝှက် လုပ်နေကြတယ်။ ဒီလို အသိပေးတာ မရှိဘူး၊ အခုဟာက ဂရုမစိုက်ဘူး။ ဒီလိုမျိုး လုပ်တယ်ဆိုတာကို ကျန်တဲ့လူတွေကိုပါ ဖွင့်ပြီး တိုက်လိုက်တဲ့ သဘောလို့ မြင်တယ်လေ” ဟု မဥမ္မာက ပြောသည်။
အကျဉ်းကျနေသူ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဉာဏ်လင်းအောင်သည် အင်းစိန်ထောင် ဝန်ထမ်းများနှင့် ငြင်းခုန်မှုများ ဖြစ်သဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ တိုက်ပိတ်ထားကြောင်းလည်း ဖော်ပြထားသည်။
အကျဉ်းကျ နိုင်ငံရေးသမားများ၏ အနက်ရောင်ပါသည့် ပုဆိုးများကို ထောင်အာဏာပိုင်များက သိမ်းယူရာမှ အခြေအတင် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ဗကသ ခေါင်းဆောင် (စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်) အား ထောင်စည်းကမ်း ဖောက်ဖျက်သည်ဟု ဆိုကာ ယခုလ ၅ ရက်နေ့မှစတင်ကာ ၁၈ ရက်နေ့အထိ တိုက်ပိတ်ခြင်း ဖြစ်သည်။
“ဒီရက်ပိုင်းမှာ ယောပုဆိုးအနက်တို့၊ အနက်ရောင် အင်္ကျီတွေ၊ အနက်နဲ့ ပတ်သက်တဲ့ အဲဒါတွေ ပြန်ပို့ခိုင်းတယ်။ သူက ဘာကြောင့် သိမ်းရတာလဲ ဆိုပြီးတော့ ထောင်ဝန်ထမ်းတွေနဲ့ အချင်းများကြတယ် ပြောတယ်။ ၁၄ ရက် ပိတ်ခံရတယ်” ဟု တရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
သူက “ဘာဖြစ်လို့ သိမ်းတယ်ဆိုတော့ အနက်ရောင်၊ နီညိုရောင်တွေလည်း ပါတယ်။ ဒါပေမဲ့ အနက်ရောင် ယောပုဆိုးမလို့ သိမ်းတယ်တော့ မဟုတ်ဘူး။ ယောလုံချည်တို့၊ ကချင်လုံချည်တို့ ဆိုတာက တိုင်းရင်းသား ဝတ်စုံတွေပဲလေ။ ပင်နီတိုက်ပုံ၊ အမျိုးသား ဝတ်စုံအနေနဲ့ ရှိထားတာကို နိုင်ငံရေးသမားမှ ဝတ်တာမှ မဟုတ်ဘဲ။ အန်ကယ်တို့ ယူဆတာက အစိုးရိမ် လွန်ပြီးတော့ အခုလို လိုက်သိမ်းတယ်လို့ ထင်တယ်” ဟု ဆက်ပြောသည်။
၂ဝဝ၇ ခုနှစ် သြဂုတ် ၂၈ ရက်နေ့တွင် ဗကသ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုဉာဏ်လင်းအောင်သည် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူ့အား ၂ဝဝ၈ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ပုန်းအောင်းနေသည့် နေရာမှ အာဏာပိုင်များက ဖမ်းဆီးပြီး ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ဖြင့် တရားစွဲဆိုထားသည်။
ပြီးခဲ့သည့် တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သူတဦးက “မနေ့က ယောပုဆိုးအနက်တွေ ပြန်ထုတ်ပေးတယ်၊ အားလုံးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရက်တွေ ၇ ဇူလိုင်တို့ ရှိတယ်မလား။ နိုင်ငံရေးသမား အားလုံးက တထည်နှစ်ထည် ပါတယ်လေ။ အထဲမှာ ဝတ်ခွင့် ရှိတယ်” ဟု ပြောသည်။
သူကလည်း လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ ကိုဉာဏ်လင်းအောင်နှင့် အခြားတဦးကို ထောင်ဝန်ထမ်းများနှင့် ရန်ဖြစ်သဖြင့် တိုက်ပိတ် ခံထားရသူများအဖြစ် အမည်စာရင်းကို ထောင်ပြင်ပတွင် ရေးသားထားသည်ဟု ပြောသည်။
ကိုဉာဏ်လင်းအောင်အား မရမ်းကုန်း တရားရုံးတွင် စွဲချက်တင်ထားကာ အမှု စစ်ဆေးခြင်း မပြုဘဲ ရုံးချိန်း ၆ ကြိမ်မျှ ပေးခဲ့ပြီးနောက် သူ နေထိုင်သည့်နေရာမှာ မရမ်းကုန်မြို့နယ်တွင် မဟုတ်သောကြောင့် တရားစီရင်ပိုင်ခွင့် မရှိသဖြင့် ယခုအခါ မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွှေ့လိုက်သည်။
အလားတူပင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဇော်ဇော်မင်းကိုလည်း ၁၄ ရက်ကြာ တိုက်ပိတ် ခံနေရကြောင်းနှင့် မည်သည့် အကြောင်းကြောင့် ယခုလို တိုက်ပိတ်ခြင်း ဖြစ်သည်ဟု မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
ကိုဇော်ဇော်မင်းသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အတူ ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ညက ပုန်းအောင်းနေသည့် နေရာတွင် ဖမ်းဆီးခံခဲ့ရသည်။ သူ့တွင် အဆုတ်ရောဂါ အခံရှိပြီး၊ သားဖြစ်သူ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကိုလည်း အာဏာပိုင်များက ဖမ်းဆီးကာ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။
Rest of your post
Thursday, July 10, 2008
သန်းရွှေ မင်းအလှည့်ကျမှ အင်္ဂတေ ကိုယ်တိုင်ကိုင်ပြီး မီးခြစ်ဆံ လောက်အပေါက် ဘဲ ဖောက်ထားပေးမယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
July
(303)
- Joint Statement of the ABMA, 88GS and ABFSU, July ...
- ၈၈ စစ်ကြောင်း ရဲ့ ကြေညာချက်
- သနားဒယ်......
- မင်း မတရားတာမလုပ်ရင်..ငါလာစရာမလိုဘူး နအဖ..မင်းကြော...
- သူခိုး နအဖ.မခေကြောင်း..ကမ္ဘာကသိပြီး ဆွမ်းကြီးလောင်း...
- ထိုင်းမြန်မာ နယ်စပ် မှ မဲလ..ဒုက္ခသည်စခန်း။
- သူ့ နှမပေး ယောက်ဖတွေ..လုပ်ချင်တာလုပ်..ဟုတ်နေတဲ့နအဖ..
- မေ့ပျောက်နိုင်ပါရိုးလား..8888
- ရခိုင်လူငယ်များ၏ ၈၈၈၈ အထိမ်းအမှတ်ပွဲ..အစီအစဉ်
- ဒီပဲယင်းအမှတ်တရ..ဂျပန်
- သွေးစွန်းပန်းပွင့်များ၏ နှစ် ၂၀ ပြည့် ဒဏ္ဍာရီ..
- မေ့မရဘူး..
- Amnesty International Report 2008
- The Olympics countdown – broken promises
- ရူးချင်ယောင်ဆောင်နေတဲ့ တရုပ်..
- နာဂစ်ရဲ့ အလွန်..
- ပီကင်းက အိုလံပစ်..သွေးစွန်းတဲ့ နှစ်၂၀၀၈..
- ခရီးဆုံးရောက်ပြီ..မိုင် ၃၀၀၀ ခရီးသည်။
- ဒေါင်းအိုးဝေ တွန်သံသာဖို့ ..လာကြ ဒို့ အရေးကြွေးကြေ...
- ကြိုင်ကြိုင် သောက်ဂရုမစိုက်တဲ့ မြန်မာခလေး..သူများေ...
- ခွေးတွေ ကြောက်လို့ ပြေးရတဲ့ လူတွေ ခွေးသေ၀က်သေ..သေက...
- မြန်မာသတင်း ဇူလိုင်လ ၃၀ ရက် ၂၀၀၈
- U NU Speech 1948 Jan 4
- စေ တ နာ မ မှန် သော တံ ခါး ပိတ် ခြင်း ။
- ဘုန်းဘုန်းတို့ နဲ့ တသွေးထည်းအတူ..
- ကနေဒါ ရောက် ဒေါင်းတွေ လည်း..နီပါတယ်ဗျို့ ။
- RED POSTER COMPIAGN (8888)
- ပိုက်ဆံထပ်တောင်းရန်..မျောက်ပွဲပြနေခြင်း
- ကဲ ဒို့  ဘိုးဘွားအမွေအနှစ်..ဒီတိုင်းဘဲ ရေတိမ်နစ်ခံ...
- ကဲ ဒို့  ဘိုးဘွားအမွေအနှစ်..ဒီတိုင်းဘဲ ရေတိမ်နစ်ခံ...
- ထိုင်းဝန်ကြီး ဟင်းချက်ကောင်းလို့  သူလာလည်မယ်တဲ့
- Responding t...
-်ပင်လုံစာချုပ် ၁၉၄၇..
- မေ့လို့ရမလား...သွေးစွန်းခဲ့တဲံ နေ့ ဆီ
- ဂျပန်ကနာဂစ်လေဘေး ရံပုံငွေပွဲ မှတ်တမ်းဓါတ်ပုံများ
- အစား ထိုးကုန်ပြီ။
- သူခိုးလက်ခံ သစ္စာဖောက်များကို ဖေါ်ထုတ်ခြင်း
- မီးလိုပြင်းထန်တဲ့ နှစ် ၂၀ ပြည့် ၈၈၈၈ အရေးတော်ပုံ
- ရွှေဂုံသားမို့ ရဲသလေဗျ
- သန်း ရွှေ ဟာ မြန် မာ နိုင် ငံ သား တစ် ယောက်၊ ( ဒါ ...
- တရားဝင်လိုင်စင်ရ..ဒေါ်လာသူခိုး .
- တိုင်ချင်ရင်..မတိုင်ခင် ဒါအရင်ဖတ်။
- ဘုရားဘုရား မနောက်နဲ့နော်..အရွေးတော့မခံပါရစေနဲ့ ဗျာ...
- လက်ချင်းချိတ်ဖို့ လိုပါပြီ
- ဂျပန်က နာဂစ် လေဘေးဒုက္ခသည်များ ရန်ပုံငွေ ဂီတဖျော်ြေ...
- ဒို့ သွေးစွန်းခဲ့တာ..အခု နှစ် (၂၀)
- ငြိမ်းချမ်းရေး ခရီးသည်။
- ကမ္ဘာကြေနိုင်ရိုးလား...
- အသံတွေ ကြားနေရပြီ။ နအဖ ကတော့ ခုထိ ရူးချင်ယောင်ဆောင...
- 8888 ကိုမမေ့ ကြစတမ်း
- ကျပ်ပြေးက အရှုပ်တော်ပုံများ အပိုင်း ( ၅)
- ဘယ်သူက စေတနာထား..ဘယ်သူကဟောက်စား လဲဟေ့
- ဖတ်သင့်ပါသော နေလဂျာနယ်
- Stand By Burma - Invitation for August 2, 2008
- ဂျပန်က ရံပုံငွေ ဂီတပွဲ
- အော် နှစ် ၂၀တောင်ရြှိပီ. 8888..အကျည်းတန်တဲ့နှစ်တွေ
- နယ်လ်ဆင်...မင်ဒဲလား..
- သတင်းစာများက ပြောတဲ့သမိုင်း
- ဗိုလ်မှုးဟောင်း အောင်လင်းထွဋ္ဋ်နှင့် တွေ့ဆုံခြင်း (DVB)
- တ နေ့  ခွဲ ကြ ရ မှာ ပါ ။
- ပေးပေး...ပေးပေး...ဒို့ ငွေတွေ ပြန်ပေး
- ရွှေ သတင်းစာစောင် vol:3 issue 4
- ဗမာ့အရေး..ဒို့ အရေးဟေ့ ဒို့ သွေးဗမာ..နီရဲပါ။
- ပေါချောင်ကောင်း မို့ တွယ်နေကြပြီ။
- ထိအောင် ပစ်စမ်းပါလား ဘိုးသကြား..
- (စက်ဘီးစီးပြီး လွတ်လပ်ရေးခရီးသွားကြစို့ )
- ဝါးတွေပွင့်နေတဲ့ မြေ..ငတ်ဘဲသေကြရတော့မှာလား.
- Free Daw Aung San Suu Kyi
- အခက် ပွေနေတဲ့ Asean
- ကွန်တိန်နာနဲ့ လူခိုးသွင်းတဲ့ကိစ္စ။
- ဂျပန်ရဲ့ အစီအစဉ်
- ၃၀၀၀ မိုင်ခရီးရှည်ချီတက် ရဲဘော် အာဇာနည်များ ခရီးတ...
- ကျောင်းကောင်း
- တချိန်တုန်းက ဧရာဝတီ
- ရုရှတွေ ဒို့မြေပေါ် မှာနအဖနဲ့ပေါင်း..ဘာတွေ လုပ်နေကြ...
- လူဆိုးတွေနဲ့ တိုင်ပင်တဲ့ လူယုတ်မာ။
- သွေးပျက်နေတဲ့ ဧရာဝတီက လယ်သမားများ.
- လှို့ ဝှက် ကယ်ဆယ်ရေး ခရီးစဉ်
- ရံပုံငွေ ပွဲမို့  အားပေးကြပါခင်ဗျ
- နော်ဝေးမှာ..လမ်းလျှောက်မဲ့သူများ..
- မြန်မာတွေ ပေါက်ကွဲကုန်ကြပြီ။ (မလေးရှား မြန်မာသံရုံ...
- ဂျပန် မြန်မာ ပြဿနာ..
- မြန်မာ့ သတင်း ဇူလိုင် ၂၃ ရက်၂၀၀၈
- သပိတ်မှောက်ကြမယ်..တရုတ် အိုလံပစ်
- ကူညီမဲ့သူတွေရှိရင်..
- သူလို လူ ဘယ်သူရှိသလဲ..ရဲရင်လက်ညှိုးထောင်.
- ဒို့ အားလုံးလိုအပ်နေတဲ့ အရာ
- နယူးယောက်သို့ မိုင် ၃၀ အကွာ
- ဒို့ ဗိုလ်ချုပ်၏ မြတ်သောဂုဏ်ရည်။
- နိဗ္ဖါန်ဈေးမှာအလှူကူ..သာဓုယူကြပါလော့
- အပျိုလိုချင်သော ခေါင်းညိမ့်တတ်တဲ့ ပုတ်သင်ညိုများ
- အကျဉ်းစံ နိုင်ငံရေးအကျဉ်းသမားများ
- မြန်မာ့သတင်း ဇူလိုင် ၂၂ ရက် ၂၀၀၈
- ဘော်လကန်ဒေသ၏ ဇာတ်သိမ်းသွားသော သားသတ်သမား
- Letter to the Secretary-General and Members of Sec...
- No title
- SummaryRest of your post
- ရခိုင် လွတ်မြောက်ရေးတပ် နဲ့ နအဖစစ်တပ် နဲ့တိုက်ပြွဲ...
- ငါ့လှေငါထိုး..ပဲခူးရောက်ရောက်
- နယူးယောက်မှ အာဇာနည်နေ့ လှုပ်ရှားမှု ၂၀၀၈
-
▼
July
(303)
No comments:
Post a Comment