
ကိုမောင်ရစ်(ယာစွန်) အား အမေရိကန် သမ္မတဘုရှ်၊ အခြား ဘလော့ဂါများနှင့်အတူ တွေ့ရစဉ်။ ဒီဇင်ဘာ ၁၀၊ ၂၀၀၈။
(ဓာတ်ပုံ-White House)12 December 2008
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့အနှစ် ၆၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်
အရေးနေ့မှာ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ကမ္ဘာ့နိုင်ငံတွေအတွက် New Media လို့ခေါ်တဲ့
ခေတ်သစ် ဒစ်ဂျစ်တယ်နည်းပညာတွေသုံးပြီးသတင်းဖြန့်ဝေပေးနေကြတဲ့ ဘလော့ဂါတွေ၊
အင်တာနက် သတင်းသမားတွေနဲ့ အမေရိကန်သမ္မတ ဘုရှ် တွေ့ဆုံခဲ့ပါတယ်။
အဲဒီလို ဗုဒ္ဓဟူးနေ့က သမ္မတဘုရှ် အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတဲ့အထဲမှာ မြန်မာ၊ တရုတ်၊
အီရန်၊ အီဂျစ်၊ ဘယ်လာရုစ်၊ ကျူးဘားနဲ့ ဗင်နီဇွဲလားတို့က အင်တာနက် သတင်းသမား
တွေ ပါပါတယ်။ အင်တာနက်ကြားခံသုံးပြီး မြန်မာနိုင်ငံဆိုင်ရာသတင်းတွေ တင်ပြပေး
နေတဲ့ အမေရိကန်က မိုးမခ အင်တာနက်သတင်းဝက်ဘ်ဆိုက် ဖန်တီးသူ ကိုမောင်ရစ်
လည်း သမ္မတဘုရှ်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတနဲ့ တွေ့ခဲ့စဉ်မှာ
မြန်မာနိုင်ငံအကြောင်း ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ သိရဖို့ မစုမြတ်မွန်က
ကိုမောင်ရစ်ကို ဆက်သွယ်ပြီး သမ္မတကို ဘာတွေပြောပြဖြစ်ခဲ့သလဲဆိုတာကို မေးတဲ့
အခါမှာ ကိုမောင်ရစ်က ခုလို စဖြေပါတယ်။
"အနှစ် ၆၀ လူ့အခွင့်အရေးနေ့မှာ ဒီဘက် ကမ္ဘာတခြမ်းက လူတွေက အနှစ် ၆၀ ပြည့်ပြီ
ဆိုပြီး အခမ်းအနားတွေ ကျင်းပနေကြတဲ့အချိန်မှာ ဟိုဘက်ကမ္ဘာတခြမ်းမှာရှိတဲ့
လူ့အခွင့်အရေး ဆိတ်သုဉ်းတဲ့နိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ထောင်ဒဏ် အနှစ်
၆၀၊ အနှစ် ၇၀ စသည်ဖြင့် ထောင်ဒဏ်နှစ်တွေ အများကြီးချပြီးတော့ လူ့အခွင့်အရေး
တောင်းဆိုတဲ့လူတွေကို နှိပ်စက်နေတယ်၊ ညှဉ်းပန်းနေတယ်၊ ထောင်ချနေတယ်၊ အဲဒီ
အကြောင်းတွေကို ကျနော့်အနေနဲ့ ထပ်လောင်းတင်ပြပြီး ပြောခဲ့ပါတယ်။
"ပြီးတော့ အခုအချိန်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုမရှိတဲ့ နိုင်ငံ
တခုအနေနဲ့ ဆက်ပြီးတော့ အခုလက်ရှိအစိုးရကရော၊ နောက်တက်လာမယ့် အမေ
ရိကန် အစိုးရကရော ဆက်ပြီး ထိရောက်တဲ့၊ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှု
တွေ ဆက်လုပ်ပေးပါ၊ အဲဒါတွေက လိုအပ်နေပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောခဲ့ပါ
တယ်။"
အဲဒီမှာ ကိုမောင်ရစ်ပြောတဲ့ ထိရောက်တဲ့၊ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ
လုပ်ပေးဖို့ တောင်းခဲ့တယ်ဆိုတော့ ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးလဲ ဆိုတာကို
ရော ရှင်းပြခဲ့ပါသလား။
"အဲဒီလိုမျိုး တိတိကျကျတော့ မပြောနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိတဲ့ အချိန်
တိုတိုအတွင်းမှာ သူအခုလုပ်နေတဲ့ လက်ရှိပေါ်လစီအရ အရေးယူဆောင်ရွက်နေတယ်။
အမေရိကန်နိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ဟာ
တွေကို ပြောဆိုတယ်၊ ဝေဖန်တယ်၊ ပြစ်တင်တယ်၊ ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေ
လုပ်တယ်၊ စသည်ဖြင့် ဒါတွေနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ ကျေးဇူးတင်ပါတယ်၊
ဒီ့ထက်ပိုပြီးထိရောက်အောင် တခြား နိုင်ငံတကာ အကူအညီနဲ့၊ အသိုင်းအ၀ိုင်းနဲ့ လုပ်ပါ၊
ဆက်ပြီးဆောင်ရွက်ပါလို့ပဲ ကျနော် ပြောနိုင်ပါတယ်။"
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကိုမောင်ရစ်က သမ္မတကို တင်ပြ
ခဲ့တဲ့အထဲမှာ ထောင်ဒဏ်နှစ်ရှည် ချခံရတာတို့၊ ဝေးတဲ့ထောင်တွေကို ပို့ခံရတာတို့
ပြောခဲ့တယ်ဆိုတော့ အဲဒီလိုပြောတဲ့အပေါ်မှာ သမ္မတအနေနဲ့ ဘယ်လိုမျိုးမှတ်ချက်
ပြန်ပေးပါသလဲ။
"သမ္မတအနေနဲ့ရော လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အစိုးရအဖွဲ့ဝင်
တွေအနေနဲ့ရော မြန်မာပြည်အရေးကိစ္စနဲ့ ပတ်သက်ပြီး အနီးကပ် အမြဲတမ်း လေ့လာ
စောင့်ကြည့်ပြီး နေတဲ့အတွက် သူတို့ဘာသာ သူတို့တောင်မှ ဒါတွေကို ထဲထဲဝင်ဝင်
နားလည်တယ်၊ သိတယ်ဆိုတဲ့သဘော ရှိပါတယ်။ သူတို့ဘာသာ စုံစမ်းသိရှိရတာအပြင်
ကျနော်က ဒါတွေကို ထပ်လောင်းပြီးတော့ အတည်ပြုပြောတာပေါ့။
"မြန်မာပြည်သူတွေအနေနဲ့ ဟုတ်ပါတယ်၊ ခင်ဗျားတို့ကြားနေရတဲ့ သတင်းတွေအတိုင်း
ပဲ ဒီလိုဒုက္ခရောက်နေရတယ်၊ ခံစားနေရတယ်ဆိုတဲ့ဟာကို ကျနော်က ထပ်လောင်းပြီး
ပြောကြားတဲ့အခါကြတော့ သူတို့ အခုလက်ရှိ လုပ်နေတဲ့အလုပ်တွေ၊ ဆောင်ရွက်နေတဲ့
ဟာတွေကို ဆက်ပြီးတော့ လုပ်ရမှာပဲ။ ရှေ့လာမယ့်အစိုးရကိုလည်း ဒီဟာတွေနဲ့
ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ၊ သတင်းတွေ၊ ဆက်ပေး
ရမှာပဲဆိုတဲ့ သဘောမျိုး သူက ပြောပါတယ်။"
တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင်တော့ လက်ရှိသမ္မတဘုရှ်ရဲ့ သက်တမ်းကလည်း
ရက်ပိုင်းပဲလိုတော့တယ်လို့ ပြောလို့ရပါတယ်။ အမေရိကန်မှာ သမ္မတသစ်က
တက်တော့မယ့်အခါကြတော့ လက်ရှိသမ္မတအနေနဲ့ အသစ်တက်လာမယ့် အမေရိကန်
အစိုးရကို မြန်မာနိုင်ငံပေါ်မှာထားတဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့
တိုက်တွန်းမယ်၊ ပြောပြမယ်ဆိုတာမျိုးရော လက်ရှိသမ္မတဘုရှ်က တစုံတရာ ပြောပါ
သလား။
"ပြောပါတယ်ခင်ဗျ။ သူ အဓိကပြောတာကတော့ လူ့အခွင့်အရေးဆိုတာက မွေးရာပါ၊
မွေးကတည်းက လူတိုင်းမှာ ပါပြီးသား အခွင့်အရေးဖြစ်တယ်။ ဘယ်သူကမှလည်း သူ့ကို
ရုပ်သိမ်းလို့၊ ထိန်းချုပ်လို့ မရဘူး။ ဒါ သူ့ရဲ့ ကိုယ်ပိုင် လူ့အခွင့်အရေးဖြစ်တယ်။ ဒီဟာနဲ့
ပတ်သက်ပြီး အခုလိုနိုင်ငံတွေမှာ ဆိတ်သုဉ်းနေတဲ့အတွက်ကြောင့် သူ့အနေနဲ့လည်း
သူတတ်နိုင်သလောက် ဆောင်ရွက်ခဲ့တယ်၊ အခု နောင်တက်လာမယ့် အစိုးရရော၊
သမ္မတကိုရော သူ့အနေနဲ့ ဒီဟာကို ဆက်ပြီးပြောသွားမယ်၊ တိုက်တွန်းသွားမယ် ဆိုတဲ့
ဟာမျိုး သူပြောပါတယ်။
"နိုင်ငံကြီးတနိုင်ငံ၊ ထိပ်တန်းမှာ သြဇာရှိတဲ့ နိုင်ငံတနိုင်ငံက သမ္မတတယောက်အနေနဲ့
အလေးအနက်ပြုပြီး နှစ် ၆၀ ပြည့်တဲ့ လူ့အခွင့်အရေးနေ့ကို သူလုပ်တယ်ဆိုတာက သူ
သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့်အချိန်မှာ ရှေ့ဆက်သွားမယ့်လူတွေ၊ တာဝန်ရှိတဲ့
ပုဂ္ဂိုလ်တွေ၊ အစိုးရတွေအနေနဲ့ ဘယ်လိုတွေ ဆက်ဆောင်ရွက်စေချင်တယ်၊ သူ့အနေနဲ့
ဒီဟာတွေကိုတော့ ဂရုစိုက်တယ်၊ ဆက်ပြီးတော့လည်း ဆောင်ရွက်သွားကြပါဆိုတဲ့
သဘောမျိုး ပြသတယ်လို့တော့ ကျနော်ယူဆပါတယ်။"
အမေရိကန်သမ္မတနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သူ မိုးမခ အင်တာနက်သတင်းဝက်ဘ်ဆိုက်
ဖန်တီးသူ ကိုမောင်ရစ် ပြောပြသွားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2008-12-12-voa2.cfm
Thursday, December 11, 2008
လူ့အခွင့်အရေး နှစ် ၆၀ ပြည့်နှစ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံနေရဆဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment