18 December 2008
ကမ္ဘာတ၀န်းမှာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ နဂိုကတည်းက
မှ စီးပွားရေး ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး ပြဿနာတွေနဲ့
ရင်ဆိုင်နေကြရတာပါ။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာ၊ ၀င်ငွေနိမ့်ကျတဲ့
အခြေအနေမျိုးတွေ ရှိနေရတဲ့ အခြေအနေမှာ အခုလို ကမ္ဘာနဲ့အ၀န်း စီးပွားရေး
ကျဆင်းမှုတွေနဲ့ ကြုံနေရလို့ မြန်မာနိုင်ငံသားတွေကြား ညည်းညူသံတွေကိုလည်း
ကြားနေရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြားမှာ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမျိုးမှာ အခြေ
အနေတွေက ပိုလို့ဆိုးနေတယ်လို့ ပြောဆိုနေကြတာပါ။ အလုပ်အကိုင် အခွင့်အလမ်း
နည်းပါးတာ၊ စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ခွင့်မရှိတာ
စတဲ့ အခြေအနေတွေအောက်မှာ မြန်မာနိုင်ငံသားတွေ ခြိုးခြံချွေတာရင်းနဲ့ နိစ္စဓူဝ ဘဝ
တွေကို ဖြတ်သန်းနေကြရတာပါ။ ရန်ကုန်မြို့ခံတယောက် ပြောပြတာကတော့ …
"ကျပ်တည်းတယ်ဆိုတာ အခု ကျနော်တို့ဆီက ထွက်ကုန်တွေကအစ ဈေးတွေ တအား
ကျနေတယ်။ ဥပမာ နိုင်ငံခြားကိုတင်ရတဲ့ ငါးဆိုရင် ဈေးတွေကျနေလို့ ကန်သမားတွေ
အဆင်မပြေဘူး။ ကန်သမားတွေ အဆင်မပြေတော့ သူတို့ကို မှီခိုနေရတဲ့ ကျန်တဲ့
မိသားစုတွေ အကုန်လုံးလည်း အဆင်မပြေတော့ဘူး။ အဲလိုတွေပေါ့၊ ကျနော်တို့ကြုံရတဲ့
အပိုင်းမှာတော့။
"ဈေးကျတယ်ဆိုပေမယ့်လည်း ကျနော်တို့မှာ ၀ယ်စားနိုင်တဲ့အင်အား မရှိဘူး။ ခြိုးခြံရ
တာလည်း အကုန်ပဲ။ ဒီမှာက အကုန်လုံးက ရှားပါးနေတာလေ။ နေရာတကာ အကုန်ပဲ။
စားတာသောက်တာလည်း အရင်တုန်းက တထောင်လောက်နဲ့စားရင် အခု ခုနှစ်ရာ
လောက်နဲ့ ဖြစ်အောင်စားရတယ်။ ၀င်ငွေက တအားနည်းတဲ့အခါကြတော့ ဒီပိုက်ဆံနဲ့
ချိန်ပြီးတော့သုံးရတာပေါ့။ ဘာပဲပြောပြော အဆင်မပြေတာတော့ အမှန်ပဲ။"
ဒီလို ညည်းညူနေကြပေမယ့်လည်း မြန်မာစစ်အစိုးရ သတင်းစာထဲမှာတော့ ကမ္ဘာ့
စီးပွားရေး အကျပ်အတည်းက မြန်မာနိုင်ငံကို ထိခိုက်မှုမရှိဘူး၊ အခြေအနေတွေဟာ
တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်ဆိုပြီး ဖော်ပြနေပါတယ်။ အမေရိကန်နိုင်ငံက စလိုက်
တဲ့ ဘဏ္ဍာရေးပြဿနာတွေဟာ ကမ္ဘာတ၀န်းကို ရိုက်ခတ်ခဲ့လို့ ပြဿနာတွေနဲ့ ကြုံနေ
ရပေမယ့် မြန်မာနိုင်ငံကတော့ အပြုံးမပျက်ပါဘဲဆိုပြီး အခန်းဆက်ဆောင်းပါးတွေနဲ့
ဖော်ပြနေတာပါ။ မြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေတွေဟာ တကယ်ပဲ တည်ငြိမ်မှု
တွေ ရှိနေပါသလား၊ နောက်ထပ် ရန်ကုန်မြို့ခံတယောက် ပြောပြတာကတော့ …
"ပြည်တွင်းမှာတော့ အလုပ်က သိပ်မဖြစ်ဘူး။ အလုပ်တွေက လူလျှော့တာတို့၊
ထပ်မခေါ်တာတို့ ရှိတဲ့အခါကြတော့ ဘယ်လိုလုပ် စီးပွားရေးက ကောင်းတယ်လို့ ဆိုလို့
ရမလဲ။ ဘွဲ့ရပြီးတောင်မှ အခွင့်အရေးက အရမ်းနည်းနေတယ်၊ အလုပ်တခုရဖို့ကို။
အခြေအနေကတော့ အခုဟာက ရှိတဲ့ဟာလေးနဲ့ ဆက်နေတဲ့သဘောပဲ။ ဘယ်အချိန်
ပေါက်ကွဲထွက်လာမလဲဆိုတာ မသိနိုင်တဲ့အခြေအနေမှာ ရောက်နေတယ်။
"အခုလက်ရှိအခြေအနေကို အကုန်လုံးက စိတ်ညစ်နေတဲ့သဘောမှာ ရှိတယ်။ အခုချိန်
ကစပြီး နည်းနည်းသိသာလာပြီ။ တဖြည်ဖြည်းနဲ့ ပိုဆိုးသွားမယ့် အခြေအနေတော့
ရှိတယ်။ တချို့ ဒီစီးပွားရေးဂယက်နဲ့ မထိခိုက်တဲ့လူတွေတော့ ရှိကောင်းရှိမယ်၊
ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့။
"အခုဟာ ခရီးသွားဖို့တောင် လူတွေက အရေးကြီးတဲ့ကိစ္စလောက်ပဲ ထွက်တော့တယ်။
အတတ်နိုင်ဆုံး လျှော့ချထားတဲ့သဘော ရှိတယ်။ အရောင်းအ၀ယ်တွေကတော့
ပါးတာပေါ့။ လူတွေက စားသောက်ဆိုင်တွေ ဘာတွေ သိပ်မလာတော့ဘူး။"
ဒီလိုပဲ အစိုးရရဲ့ သတင်းစာတွေထဲမှာ မြန်မာနိုင်ငံက အခြေအနေတွေဟာ တည်တည်
ငြိမ်ငြိမ်ပါပဲလို့ ရေးသားနေသလို ဒီကနေ့လည်း ဆက်လက်ဖော်ပြရာမှာ ပြီးခဲ့တဲ့ မေလ
ထဲတုန်းက နာဂစ်ဆိုင်ကလုန်းဘေးဒဏ် ခံခဲ့ရတာကိုတောင် ပြည်တွင်းအားနဲ့ စုပေါင်း
ဖြေရှင်းလို့ ပြေလည်သွားရပါတယ်ဆိုပြီး ပြောခဲ့တာပါ။ လေမုန်တိုင်းဒဏ် အဆိုးရွားဆုံး
ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတွေ
ပြောကြတာကတော့ ဒီလိုမဟုတ်ပါဘူး။
"စီးပွားရေးက အကုန်ထိတာပေါ့။ ကျနော်တို့မြို့ပေါ်မှာလုပ်တဲ့ အလုပ်တွေအားလုံး
လည်း ထမင်းစားရရုံလောက်ကို တော်တော်ကြိုးစားနေရတယ်။ အလုပ်အကိုင် အခွင့်
အလမ်းတွေလည်း ဘာမှမရှိပါဘူး။ တကယ့်လယ်သမား၊ တကယ့်ရေလုပ်သားတချို့
ဒီအတိုင်းပဲ၊ သူတို့ဆီမှာ မြို့ပေါ်တက်ဖို့ လမ်းစရိတ်မရှိတဲ့လူတွေက ဘာပိုက် ဘာလှေမှ
ရမှာမဟုတ်ဘူး။ တော်တော်နည်းပါးပါတယ်၊ ကျနော်တို့ဆီမှာ။
"လူတယောက်က လက်ဖက်ရည်ဆိုင်ဖွင့်ရင် အကုန် လက်ဖက်ရည်ဆိုင်၊ ကွမ်းဆိုင်
ထွက်မယ်ဆိုရင် အကုန် ကွမ်းဆိုင်။ အဲလိုပေါ့။ အလုပ်အကိုင် အခွင့်အလမ်းနည်းတော့
အကုန်စုပြုံနေကြတယ်။ လူတယောက် ကောက်ညှင်းပေါင်းရောင်းရင် အကုန်
ကောက်ညှင်းပေါင်း။ သီးခြား အခွင့်အလမ်းတွေ မရှိဘူးလေ။ မရှိတော့ လူတွေက
အလုပ်တခုထဲမှာ ပြုံပြီးတော့ လုပ်ကြရတာပေါ့။
"ကျနော်တို့ နာဂစ်ဒေသမှာ အခုနောက်ပိုင်းဆိုရင် သားငါးရှာတာကအစ တော်တော်
အခက်အခဲတွေ့တယ်။ ဆန်စပါးဖြစ်ထွန်းမှုကလည်း အားလုံးပေါင်းရင် လယ်ဧက ၄၀%
လောက်ပဲ စိုက်နိုင်တယ်။ အဲဒီထဲမှာမှ ပါးပါးလျားလျားပဲ ဖြစ်ထွန်းတယ်။ နဂိုက
လယ်တကွက်ကို ၇၀၊ ၈၀ ထွက်တဲ့ နေရာတွေမှာ အခု ရိပ်ပြီးစ လယ်တကွက်မှာ စပါး
၃၀၊ ၃၅၊ ၄၀ အဲဒီလောက်ပဲရတယ်။ ရတဲ့အထဲမှာတောင် ဆန်မအောင်တဲ့စပါးတွေ
တွေ့ရတယ်။ အများကြီးပေါ့။ မျိုးစပါးဖိုးကြေရုံပဲ။ အလုပ်သမားခ ရှုံးတာပေါ့။ ဟန်ချက်
ညီညီ မဖွံ့ဖြိုးပါဘူး။"
တကယ်တော့ မြန်မာစစ်အစိုးရက တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်လို့
အချက်အလက်တွေ၊ သတင်းတွေ ထုတ်ပြန်ရာမှာ အားနည်းချက်တွေ ရှိလေ့ရှိပါတယ်။
မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ ပတ်သက်လို့ ဆိုရင်လည်းပဲ ၁၀%
ကျော်အထိရှိတယ်လို့ ထုတ်ပြန်ပြောဆိုလေ့ ရှိပေမယ့်လည်း တကယ့်လက်တွေ့မှာ
တော့ ဒီထက်အများကြီး လျော့နည်းစရာရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) လို
အဖွဲ့အစည်းတွေက ပြောဆိုထားတာပါ။ အခုနောက်ဆုံး ADB ရဲ့ ၂၀၀၈ ခုနှစ် စီးပွား
ရေးခန့်မှန်းချက် အရဆိုရင်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုနဲ့ ပတ်သက်လို့
စိုးရိမ်စရာ အခြေအနေတွေ ရှိနေဦးမယ်ဆိုပြီး ပြောဆိုထားပါတယ
http://www.voanews.com/burmese/2008-12-18-voa6.cfm
Thursday, December 18, 2008
ကမ္ဘာ့စီးပွားရေး အကျပ်အတည်း မြန်မာပြည်သူတွေကို ရိုက်ခတ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment