ကိုအေးလွင်အဖွဲ့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ
သဲသဲ၊ မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008 16:12 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ အတိုက်အခံအများစုက ကန့်ကွက်ထားသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် စစ်အစိုးရလိုလားသော ကိုအေးလွင် ဦးဆောင်သော အဖွဲ့က ပြင်ဆင်မှု ပြုနေသည်။
စစ်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒများကို အားပေးထောက်ခံလေ့ရှိသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့က စစ်အစိုးရ၏ လမ်းပြမြေပုံအရသွားမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမှာ ဖြစ်သည်။
''ပါတီနာမည်တော့ မရွေးရသေးဘူး။ ကျနော်တို့ ပြင်ဆင်နေပါတယ်။ အစိုးရကနေ ပါတီဥပဒေ ထုတ်ပြန်ရင်လာရင် အဆင်သင့်
ဖြစ်အောင်ပါ'' ဟု ကိုအေးလွင်က မဇ္ဈိမကို ပြောဆိုသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ ထိုအဖွဲ့သည် နိုင်ငံရေး စည်းရုံး လှုပ်ရှားမှုများကို ပြုလုပ်လာရာ ယခုအခါ ရန်ကုန်တိုင်း အပါအ၀င် မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များအထိ လှည့်လည် စည်းရုံးခဲ့ပြီး ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ စာနယ်ဇင်းသမားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
"ပြည်သူကြားထဲမှာ ကျနော်တို့နဲ့ အမြင်တူတဲ့သူတွေကို နိုင်ငံရေးအရ ပါဝင်လာအောင် ဆောင်ရွက်လာတာ အခု ရန်ကုန် အပါအ၀င် တိုင်း ၆ ခုနဲ့ ပြည်နယ် ၃ ခု ရှိသွားပြီ" ဟု ကိုအေးလွင်က ပြောသည်။
၁၉၈၈ ခုနှစ်က ပါတီစုံ ဒီမိုကရေစီသို့ ပြောင်းလဲရန် နိုင်ငံအ၀ှမ်းလမ်းပေါ် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေသည့် တက္ကသိုလ် ကျောင်းသားများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် စက်မှုတက္ကသိုလ် ကျောင်းသားတဦးဖြစ်သည့် ကိုအေးလွင်သည်လည်း ဦးဆောင် ပါဝင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိက အတိုက်အခံ အင်အားစုများနှင့် ခေါင်းဆောင်များကို ဝေဖန်သူ ဖြစ်လာခဲ့သည်၊
ထို့အပြင် သူ၏အဖွဲ့သည် အမေရိကန်နှင့် ဥရောပ၏ စစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက် ခံထားရသော်လည်း ပါလီမန်ခေါ်ယူခွင့် မရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် ဒီမိုကရေစီ အင်အားစုများက စစ်အစိုးရက တကျော့ပြန် ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံပယ်ချထားသည်။
"သူတို့ဘာသာလုပ်တဲ့ သဘောပဲ။ အန်ကယ်တို့အနေနဲ့ စည်းရုံးရေးဆင်းဖို့ ဆန္ဒမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး။ နအဖ အာဏာပိုင်တွေအနေနဲ့ တရားဝင် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာ မလုပ်ဘူး၊ အပေးအယူ မလုပ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် ရွေးကောက်ကို ၀င်ဖို့ စဉ်းစားမယ်။ ဘာတွေပြင်မှာလဲ၊ ဘယ်လို့ ပြင်မှာလဲ ဆိုတဲ့အပေါ်မှာ ပြန်စဉ်းစားမယ်" ဟု စီအာပီပီမှ ဦးအေးသာအောင်က ပြောသည်။
မကွေးတိုင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးကတော့ လက်ရှိ အခြေခံဥပဒေသည် လူသတ်လိုင်စင်ပေးသည့် ဥပဒေဟု ပြောလိုက်သည်။
"ဒီအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ၀င်လိုက်မယ်ဆိုရင် လူသတ်လိုင်စင်ပေးတဲ့ ဥပဒေ ဖြစ်နေတယ်။ ကိုယ့်ကို သတ်ပါလို့ ပြောနေတဲ့ အတိုင်းပဲ။ ဒါကြောင့် ဒီဟာကို လုံးဝ လက်မခံဘူး။ အန်တီတို့က အခြေခံ ဥပဒေမှာထဲက ဆန့်ကျင်ခဲ့တာ အခုလည်း ဆန့်ကျင်အုံးမယ်" ဟု သူက ပြောသည်။
"နိုင်ငံရေး လုပ်စားသူတွေနဲ့ နိုင်ငံရေးကို တကယ်လုပ်တဲ့ လူတွေက တကယ့်ကို ကွာတယ်။ အခု ရွေးကောက်ပွဲကို ဘာကြောင့်မို့ ၀င်ရမှာလဲ။ ၉၀ ခုနှစ် ရွေးကောက်ပွဲ နိုင်တာတောင်မှ လွှဲမပေးတဲ့ ကိစ္စပဲ။ အခုတခါ အန်အယ်ဒီ ၀င်ပြိုင်လို့ နိုင်ရင်လည်း အန်အယ်ဒီ မရဘူး။ ဒီအခြေခံဥပဒေအတိုင်း ၀င်ပြိုင်မယ် ဆိုရင်လည်း ဘယ်နိုင်ငံရေးသမားကောင်း ဖြစ်မလဲ။ ကိုယ်တိုင်းပြည်ကို သေတွင်းထဲပို့တာနဲ့ အတူတူပဲ။ နဂိုမှ မသေမရှင် ဖြစ်နေတဲ့ဟာကို သတ်ပစ်လိုက်တာနဲ့ တူနေတယ်" ဟု သူက ဆက်ပြောသည်။
အဆင့် ၇ ရပ်ဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းခြင်းဟု စစ်အစိုးရက ပြောဆိုထားချက်တွင် ရွေးကောက်ပွဲလုပ်ရေးအတွက် ဥပဒေပြု ပြဌာန်းချက်မှာ အစောဆုံးအားဖြင့် ယခု လကုန်ပိုင်းတွင် ထွက်ရှိလာလိမ့်မည်ဟု ပြည်တွင်း နိုင်ငံရေးသမားများက မျှော်လင့်ထားကြသည်၊
Tuesday, December 16, 2008
အာဏာရူးခြင်သေးတဲ့ အေးလွင်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment