ကိုဝိုင်း/ ၁၁ ဒီဇင်ဘာ ၂၀၀၈ 
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အာရှတိုက်ရှိဆင် အကောင်ရေ (၂၅၀) ခန့်ကို မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမ၀င်ရောင်းချခဲ့ကြောင်း၊ အများစုကို နိုင်ငံခြားသား တောင်တက်ခရီးသွားလုပ်ငန်းအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ဖြစ်ကြောင်း တောရိုင်း တိရစ္ဆာန်ရောင်းဝယ်မှုစောင့်ကြည့်ရေးအဖွဲ့ (TRAFFIC) ၏ ယမန်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
ထို့အပြင် TRAFFIC အဖွဲ့က မြန်မာနိုင်ငံအတွင်း၌ ရန်ကုန်၊ မန္တလေး၊ ကျိုက်ထို၊ တောင်ကြီး၊ ပဲခူး၊ မင်းတုန်း၊ မြစ်ကြီးနား၊ မုန်းလား၊ ဘုရားသုံးဆူ၊ တာချီလိတ်အပါအ၀င် ဈေးကွက် (၁၄) ခုနှင့် ထိုင်းနှင့် တရုတ်နိုင်ငံအတွင်း နယ်စပ်ဈေးကွက် (၃)
ခုတို့ကို လေ့လာခဲ့ရာ ဆင်စွယ် အစိတ်အပိုင်းနှင့်ပြုလုပ်ထားသော ပစ္စည်း (၉,၀၀၀) ကျော်နှင့် ဆင်စွယ်အရိုင်း (၁၆) ချောင်းကို တွေ့ရှိရသောကြောင့် မြန်မာနိုင်ငံ၌ ဆင်စွယ်တရားမ၀င် ရောင်းဝယ် ရေးလုပ်ငန်းသည်လည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။ ရောင်းချသူများက ပုံမှန်အားဖြင့် ဆင်စွယ်နှင့် ဆင်ခန္ဓာအစိတ်အပိုင်းကို ၀ယ်လိုသူများ မြင်တွေ့နိုင်ရန် ပေါ်ပေါ်ထင်ထင်ပြသထားကြလေ့ရှိသည်။
သက်ရှိဆင်၊ ဆင်စွယ်နှင့် ဆင်ခန္ဓာအစိတ်အပိုင်းများကို မြန်မာနိုင်ငံမှ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တရားမ၀င် ရောင်းချနေခြင်းသည် သက်ဆိုင်ရာ ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာတောရိုင်းတိရစ္ဆာန် ကာကွယ်ရေးသဘောတူညီမှု (CITES) ကို ချိုးဖောက်သည်မှာ ထင်ရှားကြောင်း TRAFFIC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
TRAFFIC အဖွဲ့ လုပ်ငန်းစဉ်ချမှတ်ရေး အကြီးတန်းအရာရှိ Chris Shepherd က ယခု အစီရင်ခံစာသည် မြန်မာနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများတွင် ဥပဒေစိုးမိုးရေး အရေးတကြီးလိုအပ်နေပြီး၊ နိုင်ငံတကာ သဘောတူညီချက်အပါအ၀င် ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေများကိုလည်း လေးစားမှုမရှိသည်ကို ပြသနေကြောင်း ပြောသည်။
“ဆင်အမနှင့် အရွယ်မရောက်သေးတဲ့ ဆင်ပေါက်ကလေးတွေကို အဓိကထားပြီး ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားခရီးသွား လုပ်ငန်းတွေ တောင်တက်ခရီးစဉ်လုပ်ငန်းတွေမှာ အသုံးပြုဖို့ ၀ယ်ချင်နေတာပါ၊ ပြီးတော့ ကျနော်တို့ သုတေသနလုပ်ငန်းတွေ လုပ်တဲ့အခါမှာ အဲဒီ ဆင်စွယ်နဲ့ ဆင်တွေကို တရား မ၀င်ရောင်းဝယ်နေကြတဲ့နေရာမှာ အဂတိလိုက်စားမှုတွေ ပါဝင်ပတ်သက်နေတာကိုလည်း” ဟု Chris Shepherd ကပြောသည်။
မြန်မာနှင့် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များထံမှ နယ်စပ်ဖြတ်ကျော် ဆင်အရောင်းအ၀ယ်လုပ်ငန်းနှင့် ပတ်သက်၍ CITES (နိုင်ငံတကာတောရိုင်းတိရစ္ဆာန်ကာကွယ်ရေးသဘောတူညီမှု) ကို သေချာစေရေးဆောင်ရွက်နေသူများသို့ အစီရင်ခံ တင်ပြခြင်းများမရှိသော်လည်း မြန်မာနိုင်ငံ အချို့ဒေသများမှ ဆင်များပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ကုန်သည်များကို မေးမြန်းစစ်ဆေးမှုများရှိခဲ့သည်။
“ဆင်တွေပျောက်ဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာရယ်၊ ဆင်စွယ်နဲ့ ဆင်ခန္ဓာ အစိတ်အပိုင်းတွေကို ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာ ရောင်းချလာတာကို ကြည့်ခြင်းအားဖြင့် ဒီတရားမ၀င်ရောင်းဝယ်မှုဟာ မြန်မာနိုင်ငံက အာရှဆင်တွေအတွက် အန္တရာယ်ကျရောက်နေပြီဆိုတာ သိသာထင်ရှားနေပါတယ်” ဟု အစီရင်ခံစာကို ပူးတွဲရေးသားသူ Vincent Nijman ကပြောသည်။ အရှေ့တောင်အာရှနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် ဆင်ကောင်ရေအများဆုံးပိုင်ဆိုင်ထားပြီး ပျမ်းမျှကောင်ရေ (၄) ထောင်နှင့် (၅) ထောင်အကြားရှိသည်ဟု အဆိုပါ အစီရင်ခံစာကဖော်ပြသည်။
ယခုအစီရင်ခံစာထွက်ပေါ်လာပြီးနောက် ဆင်နှင့် ဆင်စွယ်တရားမ၀င်ရောင်းဝယ်မှုလုပ်ငန်းများကို နှိမ်နင်းနိုင်ရန် မြန်မာအာဏာပိုင်များအနေဖြင့် အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံမှ ဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်ရှိသူများနှင့် နီးကပ်စွာ အတူတကွ လုပ်ဆောင်ရန် တိရစ္ဆာန်ရောင်းဝယ်မှုစောင့်ကြည့်ရေးအဖွဲ့ (TRAFFIC) နှင့် အခြားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ကြီးဖြစ်သည့် (WWF) တို့က တောင်းဆိုလိုက်သည်။
အာရှဆင်ဆိုင်ရာကျွမ်းကျင်သူများအုပ်စု (IUCN) ၏ တွဲဖက်ဥက္ကဋ္ဌ Ajay Desai ကလည်း “မြန်မာနိုင်ငံဟာ အာရှ ဆင်အများ ဆုံးရှိပြီး အရေးကြီးတဲ့အနေအထားမှာ ရှိနေပါပြီ၊ အဲဒီဆင်တွေကို အခုလို တရားမ၀င် ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့အတွက် အဲဒီမှာ ရှိတဲ့ဆင်တွေ မျိုးပြုန်းတော့မယ့် အန္တရာယ်ကျရောက်လာနိုင်ပါတယ်။ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ကလည်း ဆင်တွေရဲ့ လုပ်အားကို အသုံးချနေတဲ့ မူဝါဒတွေကို အရေးတကြီး ပြန်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေ ရောင်းဝယ်နေတာကိုလည်း ဥပဒေပြဋ္ဌာန်းပြီး ရပ်သွားအောင် လုပ်ဖို့လိုနေပါတယ်” ဟုပြောသည်။
မြန်မာနှင့် ထိုင်းအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒေသအတွင်း တောရိုင်းတိရစ္ဆာန်တရားမ၀င်ရောင်းဝယ်မှုကို ကာကွယ် တားဆီးရန် ရည်ရွယ်၍ ASEAN Wildlife Enforcement Network (ASEAN-WEN) ကို ၂၀၀၅ ခုတွင် တည်ထောင်ခဲ့ကြသည်။
Thursday, December 11, 2008
မြန်မာဆင်များ မျိုးပြုန်းမည့်အန္တရာယ်ရင်ဆိုင်နေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment