Tuesday, December 16, 2008

အကုန်သေလည်း အေးတာဘဲ

ခလရ ၂၀ မှ စစ်ကားတစီး တိမ်းမှောက် စစ်သား ၅ ဦး ဒဏ်ရာရ

12/16/2008

မင်းအောင် (နိရဉ္စရာ) စစ်တွေမြို့ အခြေစိုက် ခလရ ၂၀ မှ စစ်ကား တစီး ရှေ့တန်းမှ အပြန်တွင် တိမ်းမှောက်သွားသဖြင့် အနည်းဆုံး စစ်သား ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ စစ်ကားမှာ ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၁၉ အနီး ကုန်းမြင့်မှ အဆင်းတွင် စနေနေ့က တိမ်းမှောက် သွားခြင်း ဖြစ်ကြောင်း မျက်မြင် တဦးက ပြောသည်။

သူက “မကွေးတိုင်း မဒန်းမှ အမ်းသို့ အပြန် ရှေ့ဆုံးက မောင်းနှင်းလာတဲ့ကား ဘရိတ် ပေါက်သွားပြီး တိမ်းမှောက် သွားတာ ဖြစ်ပါတယ်။ အနီးအနားက လူတွေ ကားထဲမှာ ညှပ်ပါသွားတဲ့ စစ်သားတွေကို မနည်းဆွဲထုတ်ရပါတယ်” ဟု ပြောသည်။

ဒဏ်ရာ ရရှိသူများထဲတွင် ဒုတကြပ်တဦး ပါဝင်ပြီင်္း ကျန် ၄ ဦး မှာ သာမန် စစ်သားများ ဖြစ်ကြသည်။

အဆိုပါ တပ်ရင်းမှာ ကရင်ပြည်နယ် စစ်ဆင်ရေး အပြီး စစ်တွေ တပ်ရင်းသို့ ပြန်စဉ် ကားတိမ်းမှောက်သွားခြင်း ဖြစ်သည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်