Sunday, December 14, 2008

အတိုက်အခံဒီမိုကရက်တစ်ပါတီမှ အဘီဆစ် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရ


Dec 15 08

ထိုင်းနိုင်ငံ အစိုးရအိမ်တော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ချိုင်ချစ်ဒ်ချော့ဘ်က ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်အသစ်အဖြစ် အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်ဖြစ်သူ အဘီဆစ်ဘက်ဂျီဗာအား ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ ဗြိတိန်နိုင်ငံဖွား အဘီဆစ်သည် မဲအရေအတွက် (၂၃၅)မဲအထိ ရရှိခဲ့ခြင်းနှင့်အတူ (၁၉၈)မဲသာရသော ပရာချာပရိုနော့ခ်ကို ဖြတ်ကျော်အသာရခဲ့သည်။ အိမ်တော်အစည်းအဝေးက ယခုရလဒ်အား အတည်ပြု ကြေညာပြီးနောက် အောင်မြင်စွာ ရုတ်သိမ်းသွားခဲ့သည်။ ဒီဇင်ဘာလ (၁၅)ရက်နေ့ မနက်ပိုင်းတွင် အဘီဆစ်တစ်ယောက် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီဆိုသော သတင်းမှာ ထိုင်းတစ်နိုင်ငံလုံး ပြန့်နှံ့သွားခဲ့သည်။ နိုင်ငံရေး အကဲခတ်များက သက်ဆင်၏ သြဇာခံအစိုးရမျှသာဖြစ်ကြောင်း စွပ်စွဲချက်များနှင့် အပြင်းအထန် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည့် ဆွန်ချိုင်းလက်ထက်ကဲ့သို့ နိုင်ငံရေး ရှုပ်ထွေးမှုများ ယခုအချိန်တွင် ချုပ်ငြိမ်းသွားရန် မျှော်လင့်လျက်ရှိကြသည်။ နယူးကာဆယ်လ်တွင် ထိုင်းမိဘနှစ်ပါးမှ မွေးဖွားခဲ့သူ အဘီဆစ်သည် အသက်(၄၄)နှစ်ရှိပြီဖြစ်ပြီး အီတွန်နှင့် အောက်စ်ဖို့ဒ်တို့တွင် ပညာသင်ကြားခဲ့သည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အာဏာအား ယာယီထိန်းသိမ်းထားသည့် ဆွန်ချိုင်း၏ (PPP)ပါတီအနေနှင့် နိုင်ငံရေးလောကမှ (၅)နှစ်တာ ကင်းကွာရမည့် တရားရုံးချုပ် အမိန့်အား စတင်သက်ရောက်မှု ကြုံရတော့မည်ဖြစ်သည်။ ဒီမိုကရက်တို့အနေနှင့် အဘီဆစ်၏ အောင်မြင်မှုအတွက် အလွန်ဝမ်းမြောက်နေကြကြောင်း သတင်းများရရှိခဲ့သည်။

http://www.planet.com.mm/news/index.cfm/linkpage/desc/id/11390

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်