Wed 10 Dec 2008, မွန်စွန်း၊ ရိုင်မရော့
မြန်မာနိုင်ငံတောင်ပိုင်းဒေသရှိ မွန်ပြည်နယ် တောင်ပိုင်းဒေသနှင့် တနင်္သာရီတိုင်း ရေဖြူမြို့ နယ်အတွင်း အခြေချနေထိုင်သည့် မြန်မာစစ်အစိုးရ စစ်သားများသည် လူ့အခွင့်အရေးချိုး ဖေါက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။
ဗမာစစ်သားများသည် ပြည်သူများအပေါ် အတင်းအဓမ္မစေခိုင်းမှုများ၊ တရားမဝင်အကောက်ခွန် ကောက်ခံခြင်းများ၊ ရွာသူရွာသားများအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ချိုးဖေါက်မှုများ အစရှိသည့် လူအခွင့်အရေး ချိုးဖောက်မှုများကို ယခင်ကထက်ပို၍ ကျူးလွန်လာခဲ့သည်။
မကြာသေးမီက နယ်စပ်သို့ ရေဖြူမြို့နယ်မှ မိသားစုအလိုက် ထွက်ပြေးရောက်ရှိလာသူများ၏ ပြောပြချက်အရ ဗမာစစ်သားများသည် ၄င်းတို့ကို ရွာပြင်ထွက်လျှင် ခရီးသွားလက်မှတ် လုပ်ရခြင်း၊ ရွာပြောင်းမည်ဆိုပါက ၄င်းတို့ကိုငွေပေးရခြင်း၊ ၄င်းတို့နေရန်အတွက် တပ်နေရာ ဆောက်ပေးရခြင်း၊ ညညဆိုလျှင် တပ်တွင်းမှာ စောင့်ပေးနေရခြင်းများ စသည်ဖြင့် တနည်း မဟုတ်တနည်းသုံးပြီး အမျိုးမျိုးနှိပ်စက်သည်ဟု ပြောသည်။
ဂတ်စ်ပိုက်လိုင်းအတွက် ရွာသူရွာသားများက လုပ်အားပေးစေခိုင်းမှုများ လုပ်ဆောင်ပေးနေရ သည့်အပြင် ပိုက်လိုင်းလုံခြုံရေးအ တွက်လည်း ကင်းစောင့်ပေးနေရသည်။ မုဒုံမြို့နယ်အတွင်း ၌လည်း ဂတ်စ်ပိုက်လိုင်းလုံခြုံရေးကို ဒီကနေ့အထိပင် ကင်းစောင့် ပေး နေရသည်ဟု ဒေသခံ များက ပြောသည်။
“ကျနော်တို့ ပိုက်လိုင်းလုပ်တုန်းက အခိုင်းခံခဲ့ရတာပါ၊ အဲဒီတုန်းက ၇ ရက်ဆိုရင်တလှည့် ကိုယ့်ရိက္ခာနဲ့ ကိုယ်သယ်သွားရတယ်။ ၇ ရက်ပြည့်သွားလို့ နောက်တဖွဲ့ရောက်လာမှ ကျနော် တို့အိမ်ပြန်ရတယ်၊ သူတို့ရဲ့ နှိပ်စက်မှုဒဏ်တွေကို မခံနိုင်တဲ့အဆုံး ရွာကနေ ထွက်လာတာပါ” ဟု နယ်စပ်သို့ ထွက်ပြေးလာသူများက ပြောသည်။
ရွာသားများအပေါ် အတင်းအဓမ္မစေခိုင်းမှုအပြင် ရွာသားများကို ရိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ လည်းရှိသည်။ လွန်ခဲ့သည့် နိုဝင်ဘာလ ကလည်း အပြစ်မဲ့ရွာသားနှစ်ဦးကို ရေးမြို့နယ်တောင် ပိုင်းတွင် အခြေချသည့် ခလရ (၃၁) က ရိုက်နှက်ပြီး သတ်လိုက်သည်ဟု ရေဖြူမြို့ခံက ပြော သည်။
“လူ့အခွင့်အရေးချိုးဖေါက်မှုဟာ နိုင်ငံရေးနည်းစနစ်နဲ့ ပတ်သက်နေတယ်လို့ ကျနော်တို့ မြင်တယ်၊ ဥပမာ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေ လူ့အခွင့်အရေးခံစားခွင့် အပြည့်ဝရှိရမယ်၊ ပြောရေးဆိုခွင့်၊ တင်ပြနိုင်ခွင့်၊ အုပ်ချုပ်မှုမှာလည်း ပြည်သူတွေက ရွေးချယ်ပိုင်ခွင့်ရှိမှ အကျိုးဖြစ်ထွန်းမှုရှိမှာပါ၊ စစ်အစိုးရက ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူထားတာပြီး အနှစ် ၂၀ ကြာ အုပ်ချုပ်လာခဲ့တာ သူတို့ရဲ့ အာဏာတည်တံ့ဖို့အတွက် နိုင်ငံရေးလှုပ်ရှားသူတွေကို လိုက်ဖမ်းမယ်၊ ထောင်ချမယ်၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် လူ့အခွင့်အရေးက ဆိုးသည်ထက်ဆိုးသွားရုံပဲ ရှိမယ်” ဟု မွန်လူ့အခွင့်အရေးဖေါင်ဒေးရှင်းမှ ဒါရိုက်တာ နိုင်ကစောက်မွန်က ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှု များလာသည်နှင့်တဆက်တည်းမှာ ကရင်၊ ရှမ်း စသော တိုင်းရင်း သားလူမျိုးဒေသများထဲမှ စစ်ရေးအရထိုးဆင်မှုများ လျော့ကျရန်မရှိဘဲ များလာတာပဲရှိသည်။ တရားမဝင်အခွန်ကောက်ခံခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လာဘ်စားခြင်းအပြင် ပညာရေး၊ ကျန်းမာ ရေးအစရှိသော လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာစစ်အစိုးရက ချိုးဖေါက်နေဆဲဟု ၄င်းက ပြောသည်။
“အခု မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖေါက်မှုဟာ များလာတယ်လို့ ပြောလို့ရတယ်၊ ဒီတစ် လနှစ်လအတွင်းမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ၊ နာဂစ်ကူညီသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချနေတာ၊ နောက်ပြီး နိုင်ငံရေးလှုပ်ရှားသူတွေ လုံးဝလှုပ်ရှားလို့မရအောင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတယ်” ဟု နိုင်ကစောက်မွန်က ဆက်ပြောသည်။
ကမ္ဘာ့ကုသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပေါင်းစုံနိုင်ငံသား များအနေဖြင့် အပြည်ပြည်ဆိုင်ရာ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူသားတိုင်း ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများကို ရရှိခွင့်များ ဆုံးရူံးနေပြီး အဆိုးရွားဆုံးသော နိုင်ငံသားအခွင့်အရေးဆိုင်ရာ ချိုးဖေါက်ခံရမှုများနှင့်သာ ကြုံတွေ့ခံစားနေရသည်မှာ တစ်ကမ္ဘာလုံး အသိပင်ဖြစ်သည်ဟု အနှစ် (၆၀) ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ထုတ်ပြန် ကြေညာချက်မှာ ထုတ်ပြန်ထားပါသည်။
http://www.monnews-imna.com/burmese/newsupdate.php?ID=152
Thursday, December 11, 2008
မွန်ပြည်နယ်တောင်ပိုင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment