ကြာသပတေးနေ့၊ 18 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်
ယာဉ်ထိန်းရဲဦးရေနည်းပါးသော သျှမ်းပြည်အရှေ့ပိုင်းတွင် နအဖကုန်းလမ်းပို့ဆောင်ရေးဌာနမှ မော်တော်ဆိုင် ကယ်လိုင်စင်အသစ် ထုတ်ပေးပြီးနောက်ပိုင်း ယာဉ်တိုက်မှုပိုမိုများပြားလာကြောင်း ထိုင်းနယ်စပ်သတင်း ရပ်ကွက် ကဆိုသည်။
ယခုနှစ်လည်ပိုင်းက မော်တော်ဆိုင်ကယ် လိုင်စင်လက်ခံလုပ်ပေးပြီးနောက်ပိုင်း သျှမ်းအရှေ့တွင် ဆိုင်ကယ် အ စီးရေ အဆမတန်များပြားလာကာ ယာဉ်ထိန်းရဲ ၁၀ ယောက်ကျော်သာရှိသဖြင့် ယာဉ်မောင်းများ ယာဉ်စည်းကမ်း စောင့်ထိန်းမှု အားနည်းခြင်း၊ လမ်းဆုံလမ်းခွ မီးပွိုင့်တပ်ဆင်မှုမရှိခြင်းတို့ကြောင့် ယာဉ်တိုက်မှုနေ့စဉ် ဖြစ်ပွါးလျှက် ရှိကြောင်း
ဒေသခံများ၏ပြောပြချက် အရ သိရပါသည်။
“ကျနော်တို့မြို့မှာ အရင်တုန်းကဆိုရင် ယာဉ်တိုက်မှု တလတခါတောင် ဖြစ်တောင့်ဖြစ်ခဲ၊ အခုဟာ တပတ်တခါ အနည်းဆုံးဘဲ၊ ဆိုင်ကယ်လိုင်စင်ထုတ်ပေးပြီးတဲ့နောက်ပိုင်း ဆိုင်ကယ်အစင်းရေတော်တော်များလာတယ်။ ယာဉ် စည်းကမ်းလမ်းစည်းကမ်း နားမလည်ကြတဲ့ ဆယ်ကျော်သက်တွေ ခရစ်စမတ်စ်/နှစ်သစ်ကာလမှာခြေကျိုးလက် ကျိုး ဆေးရုံရောက် အသက်ပျောက်ကြမှာ မြင်ယောင်ပြီး အရမ်းစိတ်ပူရတယ်ဗျာ”- ဟု လူငယ်တဦး၏ ဖခင် အသက် ၅၀ ကျော် မိုင်းဖြတ်မြို့ခံ အစိုးရ၀န်ထမ်းတဦးက ဆိုပါသည်။
ပြည်သူ့အကျိုး အမှန်တကယ်သယ်ပိုးလိုသည့် ယာဉ်ထိန်းရဲများ တိုးချဲ့ခန့်ထားပေးရန်၊ လာဘ်စားသည့် အခွင့် အရေးသမား ရဲများကို စီစစ်၍ ထိုက်သင့်သောပြစ်ဒဏ်ပေးရန်၊ ဒေသခံဘာသာစာပေ/စကားဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဆိုင်ရာ ပညာပေးသင်တန်းများ လက်ကမ်းစာစောင်များဝေငှပေးခြင်းဖြင့် ပြဿများကိုဖြေရှင်း ပေးရန် နိုင်ငံတော်အစိုးရအားတင်ပြလိုကြောင်း၎င်းကဆိုပါသည်။
“ကျိုင်းတုံမြို့ရှိ သျှမ်းရှေ့ပြည်နယ်ရဲဌာနထဲမှာ တကယ့်ယာဉ်ထိန်းရဲ က ၁၆ ယောက်ဘဲရှိတယ်။ အားလုံးက ကျိုင်းတုံမှာဘဲ ထိုင်တယ်။ ကျန်တဲ့မြို့တွေမှာ အရံယာဉ်ထိန်းရဲတွေဘဲ၊ တာချီလိတ်မှာ အရင်က ၆ ယောက်ရှိ တယ်။ တယောက်ထွက်သွားတော့ အခု ၅ ယောက်ဘဲကျန်တယ်။ အဲဒါလဲ အရံယာဉ်ထိန်းရဲဘဲ ”- ကျိုင်းတုံမြို့ ပြည်နယ်ရဲ ရုံးအရာရှိမိသားစုနှင့် ရင်းနှီးသူ အသက် ၄၀ ကျော် ကုန်သည်တဦးက ဆိုပါသည်။
ကျိုင်းတုံမြို့တွင် မော်တော်ဆိုင်ကယ် အစင်းရေ ၃ သောင်းကျော်၊ တာချီလိတ်တွင် ၁ သောင်းကျော် နှင့်အခြား နယ်မြို့တို့တွင် အနည်းဆုံး ဆိုင်ကယ်အစင်းရေထောင်ချီကို ကညနက လိုင်စင်ခွန်လက်ခံဆောင်ရွက် ထားပေး ကြောင်း၊ လိုင်စင်မထုတ်ပေးခင်ရှိသည့် အစင်းရေနှင့်ပေါင်းပါက သိန်းချီရှိကြောင်းသိရ၏။ ယခင်က ကျိုင်းတုံမြို့ တွင်း ပျှမ်းမျှတပတ်တခါသာ ယာဉ်တိုက်မှုဖြစ်ပွါးတတ်သော်လည်း ယခုအခါ အနည်းဆုံးတစ်နေ့တခါဖြစ်ပွါး နေ ကြောင်း၊ လူစည်ကားသော ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တွင် တစ်ရက်လျှင် (နေ့နှင့်ည) အနည်းဆုံး ယာဉ် တိုက်မှု ၁ ကြိမ်မှ ၅ ကြိမ်အထိ ဖြစ်လာကြောင်း၎င်းကဆက်လက်ပြောပြ၏။
ယခုနှစ်မေလ မြန်မာပြည်တောင်ဘက်ခြမ်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက် ပိုင်း စစ်အစိုးရက နာဂစ်ရံပုံငွေ အကြောင်းပြချက်ဖြင့် ရန်ကုန်မြို့မှလွှဲ၍မြို့တိုင်းနီးပါး မော်တော်ဆိုင်တစီးလျှင် အနည်းဆုံး ကျပ်တစ်သိန်း မှ ၄ သိန်းကျော်အထိကောက်ကာ ဆိုင်ကယ်လိုင်စင်အသစ် ထုတ်ပေးခဲ့သည်။
သို့သော် နိုင်ငံရေးလေ့လာသူများက “၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ပိုက်ဆံမလုံလောက်လို့ နာဂစ် နာမည်နဲ့ ဆိုင်ကယ်ခွန် ထုတ်ပေးတာလည်းဖြစ်နိုင်တာဘဲ” ဟုလည်း သုံးသပ်ပြောဆိုကြသည်။
Thursday, December 18, 2008
အရှေ့ပိုင်းသျှမ်းပြည် ယာဉ်ထိန်းရဲဦးရေအလွန်နည်း ယာဉ်တိုက်မှုများလာ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment