NEJ/ ၁၈ ဒီဇင်ဘာ ၂၀၀၈
line
ရန်ကုန်ရှိ ထီဆိုင်ကြီးများ အချင်းချင်း (ငွေကျပ် ၂၀၀ တန်ထီ) သိန်း (၁,၀၀၀) ဆုကြေးထီများ စတင်ရောင်းချသည့် ယခုလအတွင်း ထီထိုးသူများအား အပိုဆု အပြိုင်ဈေးခေါ်နေသည့်အတွက် ထီဈေးကွက် အပြိုင်အဆိုင် ဖြစ်ပေါ်နေသည်။
“အစိုးရက သိန်း (၁၀၀) ကို သိန်း (၅၀) အပိုစနစ်နဲ့ သိန်း (၁,၀၀၀) ကို သိန်း (၅၀၀) အပိုဆုပေးရမယ်လို့ ပြောတဲ့အတွက် သိန်း (၁,၀၀၀) ကို သိန်း (၅၀၀) အပိုဆုပေးမယ်လို့ မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေက ပြောတယ်ဗျ” ဟု ရန်ကုန်မြို့ရှိ လစဉ်ထီထိုးသူ အငြိမ်းစား ရဲဝန်ထမ်းဟောင်းတဦးက ပြောသည်။
သို့သော် မြတံခွန်နှင့် အောင်သန်းဆုထီဆိုင်တွင် သိန်း (၁,၀၀၀) ပေါက်ပါက သိန်း (၆၀၀) အပိုပေးမည်ဟု ဆိုသဖြင့်
ယင်းဆိုင်၌ ထီထိုးခဲ့ကြောင်း သင်္ကန်းကျွန်းနေ မောင်လှထွန်းဆိုသူက ပြောသည်။
မြတံခွန်နှင့် အောင်သန်းဆု ထီဆိုင်ကို ဆက်သွယ်မေးမြန်းချက်အရ သိန်း (၆၀၀) ပေးမည်ဆိုသည်မှာ အစိုးရက သတ်မှတ်ချက် သိန်း (၅၀၀) အပြင် အပို သိန်း (၁၀၀) ကို ထီဆိုင်ပိုင်ရှင်က သိန်း (၁,၀၀၀) ပေါက်သူအတွက် ထပ်မံဂုဏ်ပြုနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ပြောသည်။
မြတံခွန်နှင့် အောင်သန်းဆုမှ သိန်း (၆၀၀) အပိုပေးခြင်းကို မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေက မခံမရပ်နိုင်ဖြစ်ကာ သိန်း (၁,၀၀၀) ပေါက်ပါက သိန်း (၈၀၀) အပိုပေးမည်ဟုလည်း ရန်ကုန်တွင် သတင်းထွက်နေသည်။
အောင်ဆုထူးပိုင် ထီဆိုင်တဆိုင်က “သေချာပေါက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာပဲ။ ရောင်းအားကောင်းဖို့အတွက် ဆွဲဆောင်မှုတွေ လုပ်လာကြမှာပဲ။ တဆိုင်နဲ့တဆိုင် သူ့ထက်ငါ လုပ်နေကြမှာပဲ။ ကျနော်တို့ဆိုင်ကလည်း သူတို့ ဒီလိုပြိုင်ဆိုင်နေရင် သူတို့လို လိုက်လုပ်ရမှာပဲ။ ဒါတွေ မဖြစ်လာဖို့အတွက် သက်ဆိုင်ရာက သေသေချာချာ သတ်မှတ်ပေးသင့်တယ်” ဟု ပြောသည်။
အစိုးရက အပိုဆုကြေးကို သိန်း (၅၀၀) ထက် ပိုမပေးရန် ပြောဆိုမှုအရ အောင်ဘာလေသိန်းဆုဌာနမှ အကြီးအကဲများက ထီဆိုင်ပိုင်ရှင်များကိုခေါ်ယူကာ ပြောပြထားကြောင်း သိရသည်။
“သူတို့က သိန်း (၅၀၀) ထက် ပိုမပေးရဘူးလို့ ပြောတာပဲ။ ဒါပေမယ့် ကျနော်တို့က ထီထိုးတဲ့သူတွေကို လက်ဆောင်အပိုငွေသားပေးတာကျတော့ ကျနော်တို့ဆန္ဒပါ။ စေတနာပါ” ဟု မြတံခွန်နှင့် အောင်သန်းဆုထီကိုယ်စားလှယ်တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ၊ အောင်ဆုထူးပိုင်၊ မြတံခွန်နှင့် အောင်သန်းဆု စသော ထီဆိုင်များမှာ ထိပ်တန်း ထီဆိုင်ကြီးများဖြစ်ကြပြီး ထိပ်တန်းထီဆိုင်များ၏ ဈေးကွက်ပြိုင်ဆိုင်မှုများကြောင့် အခြားထီဆိုင်များကို ရောင်းအား ထိခိုက်နိုင်ကြောင်း ရွှေမောင်းထီဆိုင်၏ တာဝန်ရှိသူက ပြောသည်။
၎င်းက “ငွေအင်အားရှိလို့ အပြိုင်အဆိုင်လုပ်နေတာက ပြဿနာမရှိဘူး။ ထိုးတဲ့သူရတာပဲ။ ဒါပေမယ့် အခြားထီဆိုင်တွေက ပြဿနာရှိတယ်။ အစိုးရက တင်းတင်းကျပ်ကျပ်နဲ့ အပိုဆု (၅၀၀) အပြင် နောက်ထပ် ဘယ်လိုလက်ဆောင်မှ အပိုမပေးရဘူးဆိုတာမျိုး လုပ်သင့်တယ်” ဟု ပြောသည်။
ဒီဇင်ဘာ (၂) ရက်နေ့မှစ၍ အစိုးရထံမှ ထီတစောင်လျှင် (၁၈၂) ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး ထီဆိုင်ကြီးများက (၂၅၀) ကျပ်ဖြင့် ရောင်းကာ ကိုယ်စားလှယ်များကို (၂၃၀) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပြီး နယ်မြို့များတွင် (၃၀၀) ကျပ်အထိ ဈေးပေါက်နေသည်။
“ဈေးကွက်ပြိုင်ဆိုင်မှုလုပ်ရတာက အရင်က သိန်း (၅၀၀) ပေါက်ရင် သိန်း (၅၀၀) အပိုဆုပေးခဲ့တုန်းက ထိုးသူတွေ များတယ်။ အခုက သိပ်မထိုးကြတော့ဘူး။ ဒီအတွက် မဖြစ်မနေ ထီးထိုးသူတွေကို မက်လုံးပေးဖို့ လိုလာတယ်” ဟု အတွေ့အကြုံ အနှစ် (၂၀) ခန့် ထီအရောင်းအ၀ယ်လုပ်လာသူတဦးက ဆိုသည်။
Thursday, December 18, 2008
ထီဆိုင်ကြီးများ သိန်း (၁,၀၀၀) ဆု အပိုကြေး အပြိုင်ဈေးခေါ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment