ထူးကုမ္ပဏီက မလိခတည်းခိုခန်းကို လွှဲယူဦးမည်
ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 17 2008
ချင်းမိုင် (မဇ္ဈိမ)။ ။ ထူးမိသားစုပိုင် ခရီးသွားကုမ္ပဏီက မြန်မာနိုင်ငံမြောက်ဖျားပိုင်း ခရီးသွား အထင်ကရနေရာရှိ ပုဂ္ဂလိကပိုင် ဟိုတယ်တခုကို လွှဲပြောင်းယူပြန်ပြီ ဖြစ်သည်။
ကချင်ပြည်နယ်၊ ပူတာအိုမှ မူလာရှီးဒီးရွာရှိ ပုဂ္ဂလိကပိုင် ဟိုတယ် တခုဖြစ်သည့် မလိခတည်းခိုခန်း (Malikha Lodge)ကို Balloons Over Bagan ၏ ပိုင်ဆိုင်မှုမှ နအဖ ထိပ်တန်းခေါင်းဆောင်များနှင့် နီးစပ်သည်ဟု လူသိများသည့် ဦးတေဇ၏
ထူးလုပ်ငန်းစုများ လက်အောက်ရှိ Myanmar Treasure Resorts အပိုင်အဖြစ် လွှဲပြောင်းဝယ်ယူခဲ့ခြင်း ဖြစ်သည်။
"ဟုတ်ပါတယ်။ ပိုင်ရှင်ပြောင်းပါတယ်။ Management (စီမံခန့်ခွဲမှု) ကလည်း လောလောဆယ်မှာ Myanmar Treasure ကနေ သွားပါမယ်။ ဟိုတယ် Booking (အခန်းကြိုတင် မှာယူမှု)တွေ ငွေပေးချေမှုတွေ ကလည်း Myanmar Treasure ကနေပဲ လုပ်သွားမှာပါ" ဟု Myanmar Treasure အရောင်းမြှင့်တင်ရေးဌာန မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ထူးကုမ္ပဏီ၏ တလအတွင်း သုံးကြိမ်မြောက်ဖြစ်လာသည့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းသည် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ စ၍ အသက်ဝင်မည် ဖြစ်သည်။
လုပ်ငန်းများ လွှဲပြောင်းစဉ်ကာလအတွင်း ဟိုတယ်အခန်းများ ကြိုတင်မှာယူမှုကို လာမည့် ဒီဇင်ဘာ ၂၀ ရက်နေ့အထိသာ Balloons Over Bagan မှ လက်ခံဆောင်ရွက်မှာ ဖြစ်သည်။
လိခတည်းခိုခန်း မှ တာဝန်ရှိသူတဦးက "ကျနော်တို့ အခုကတည်းက Booking တွေကို Myanmar Treasure ကို လွှဲနေပါပြီ။ နောက်ပိုင်းဆိုရင် သူတို့ကိုပဲ တိုက်ရိုက် ဆက်သွယ်ရပါမယ်" ဟု မဇ္ဈိမကို ပြောပြသည်။
ဟိုတယ်တွင်း စီမံခန့်ခွဲမှုကို လက်ရှိအုပ်ချုပ်နေသော Balloons Over Bagan မှ Myanmar Treasure ၏ အုပ်ချုပ်မှု အသစ်အောက်တွင် မလုပ်လိုသော ၀န်ထမ်းများ အလုပ်နှုတ်ထွက်မှုများ ရှိနေသည်ဟုလည်း သိရသည်။
Balloons Over Bagan သည် မြန်မာ့ ရှေးဟောင်းမြို့တော် တခုဖြစ်သည့် ပုဂံတွင် လူလိုက်ပါ စီးနင်းနိုင်သည့် ဓာတ်ငွေ့သုံး မီးပုံးပျံများ စီးနင်းမှု လုပ်ငန်းကို မြန်မာပြည်တွင်း ပထမဆုံး လုပ်ဆောင်နေသော လုပ်ငန်းစု တခုဖြစ်သည်။
Malikha Lodge ကို အဆင့်မြင့် ဘန်ဂလို ၈လုံးဖြင့် ပူတာအိုလေဆိပ်မှ ၁၅ မိနစ်ခန့် ကားလမ်းဖြင့်သွားရသော မူလာရှီးဒီရွာ မူလာချောင်းဘေးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။
ပူတာအိုဒေသသည် ကမ္ဘာလှည့်ခရီးသည်များ အဖို့ တောတောင်တွင်း လမ်းလျှောက် ခရီးလှည့်လည်ခြင်း၊ မူလာချောင်းရိုးတလျှောက် အပျော်တမ်းလှေလှော်ခြင်း၊ သုတေသနလုပ်သူများနှင့် လေ့လာသူများအဖို့ ရှားပါး လိပ်ပြာများ၊ ကျေးငှက်များနှင့် သစ်ခွများကို လာရောက်လေ့လာကြသော ဒေသဖြစ်သည်။
ထူးလုပ်ငန်းစုများ အုပ်ချုပ်မှုအောက်မှ ဟိုတယ်လုပ်ငန်းတခုဖြစ်သည့် Aureum Palace ဟိုတယ်စုများအောက်မှ Aureum ဟိုတယ်တခုမှာ ပူတာအို ဒေသတွင်ပင် တည်ဆောက်ဆဲ အဆင့်တွင် ရှိနေသည်။
Malikha Lodge ကို လတ်တလောတွင် မူလအမည်ဖြင့်သာ ဆက်လက် လုပ်ဆောင်နေဦးမည်ဟု သိရသည်။
ထူးလုပ်ငန်းစုမှ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မန္တလေးတိုင်း ပြင်ဦးလွင်ရှိ ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်အတွင်းမှ Kandawgyi Lodge နှင့် ပုပ္ပါးမှ Popa Mountain Resort တို့ကို Woodland Travels မှ ၀ယ်ယူခဲ့သေးသည်။
Wednesday, December 17, 2008
ငတေခေတ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment