Tuesday, March 23, 2010

ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမတ်များဟဲ့ ငါဖြစ်လေမလား

အသင်းအဖွဲ့များ ပါတီနိုင်ငံရေး ကင်းရှင်းရန်မလို
ဧရာဝတီ
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင် နေချိန်တွင် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့ အများစုက ၎င်းတို့ အသင်းဝင် ဖြစ်နိုင်ရန် သတ်မှတ်ချက် တခုဖြစ်သည့် နိုင်ငံရေးပါတီ ကင်းရှင်းရမည် ဆိုသော အချက်ကို ပယ်ဖျက်လိုက်ကြသည်။

မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း၏ အသင်းဖွဲ့စည်းပုံ စည်းမျည်း အပိုဒ် ၂ (င) တွင်ပါရှိသော ပါတီနိုင်ငံရေး အဖွဲ့အစည်းတွင် ပါဝင်ခြင်းမရှိစေရ ဆိုသည့် စာသားကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌဖြစ်သူ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဒေါက်တာခင်ရွှေ က ဆိုသည်။

ယခုလ ၂၁ ရက်နေ့တွင် ကျင်းပသော အဆိုပါ အသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသား စုံညီ အစည်းအဝေးတွင် အသင်းသားများ၏ သဘောတူညီချက်ကို ရယူ၍ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း ငွေဆောင်ဟိုတယ်ဇုန်မှ လုပ်ငန်းရှင် တဦးကပြောပြသည်။

ထိုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းမှာ အသင်းသားများ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပါဝင်နိုင်ရန်ဖြစ်သည် ဟုလည်း သူက ဆိုသည်။

“ကျနော်တို့ တသင်းတည်းမဟုတ်ပါဘူး။ တခြားအသင်းတွေလည်း ရွေးကောက်ပွဲမှာ ပါဝင်ချင်တာတွေ ရှိကြတာပဲလေ။ နောက်ပိုင်း အသင်းတော်တော်များများ အဲဒီ စာသားကိုပယ်ဖျက်ကြမှာပါ” ဟုအဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူ ဟိုတယ်လုပ်ငန်းရှင် တဦးကပြောသည်။

ဟိုတယ်လုပ်ငန်းရှင်များ အသင်း နှစ်ပတ်လည် အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် စိုးနိုင်တက်ရောက်ကာ မဲဆန္ဒရှင်များ အနေဖြင့် နိုင်ငံ အကျိုးပြုမည့် ပါတီကိုသာ မဲထည့်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

အလားတူ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်း ကလည်း ၎င်းတို့၏ အသင်းစည်းမျဉ်းတွင်ပါရှိသည့် အသင်းပုဒ်မ ၂၃ တွင် ပြဌာန်းထားသော ဗဟိုအလုပ်အမှုဆောင်နှင့် အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ ကင်းရှင်းရမည် ဆိုသောအချက်ကို ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် ဖျက်သိမ်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

“အသင်းအဖွဲ့တွေမှာ အရင်က နိုင်ငံရေးပါတီ ကင်းရှင်းရမယ်လို့ အကုန်ပြဌာန်းခဲ့ကြတာပဲ။ အခု ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြီးနောက်ပိုင်း တဖြည်းဖြည်း ပြန်ဖြုတ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ထဲက ၀င်ပြိုင်မယ့် သူတွေရှိနေတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းဂျာနယ်တစောင်မှ အယ်ဒီတာချုပ်က သုံးသပ်သည်။

စစ်အစိုးရသည် နိုင်ငံရေးပါတီများ၏ အင်အား ကြီးထွားလာမည်ကို စိုးရိမ်သဖြင့် ဝန်ထမ်းများသာမကဘဲ လူမှုရေး၊ စီးပွားရေး စသည့် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို နိုင်ငံရေးပါတီများနှင့် ကင်းရှင်းရမည်ဟူ၍ တင်းတင်းကျပ်ကျပ် ပြဌာန်းခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့် ကတည်းက ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ ပါတီများ အနေဖြင့် မှတ်ပုံတင်နိုင်ပြီ မှတ်ပုံတင်နိုင်ပြီ ဖြစ်သော်လည်း ရေရှည်ရပ်တည်ရေးအတွက် ရန်ပုံငွေအခက်အခဲရှိနေရာ ငွေကြေး တောင့်တင်းသော လုပ်ငန်းရှင်များ၏ နောက်ခံပံ့ပိုးမှုရှိမှသာ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့များက မိမိကြိုက်နှစ်သက်ရာ ပါတီကို ထောက်ခံပေးနိုင်တော့မည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမား တဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကလည်း နိုင်ငံရေး ကင်းရှင်းရမည် ဆိုသော စာသားကိုပယ်ဖျက်ခဲ့သည်။

ယင်းအသင်းချုပ်တွင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော စစ်အစိုးရနှင့်နီးစပ်သည့် ဦးဝင်းမြင့်သည် ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2849-2010-03-23-11-25-18

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်