သီးစားခ ဆက်တောင်းခံမှုကြောင့် အာဏာပိုင်နှင့် တောင်သူတို့ကြား တင်းမာ NEJ / ၀၈ ဇူလိုင် ၂၀၁၀
ပြေစာပေါက် လယ်မြေများအား သိမ်းယူကာ တဧက (၁) သောင်းကျပ် သီးစားခ တောင်းခံနေမှုကြောင့် မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ အောက်ရွာလေး ကျေးရွာတောင်သူများနှင့် မိုးညိုမြို့နယ် အာဏာပိုင်တို့၏ လတ်တလောအခြေအနေ တင်းမာလျက်ရှိသည်ဟု သိရသည်။
၂၀၀၉ ခုနှစ်အတွင်း မြစ်မခရေကာတာ တည်ဆောက်အပြီး ဆောင်းသီးနှံစိုက်ပျိုးစအချိန် နိုဝင်ဘာလကတည်းက ခယက (ခရိုင်)၊ မယက၊ မြေစာရင်းနှင့် ရဲတို့က ထန်းပင်ကုန်းကျေးရွာ ဥက္ကဋ္ဌမှတဆင့် ထိုသို့ ငွေတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတောင်သူတို့က ပြောသည်။
ဂလောက်ကျေးရွာ တောင်သူတဦးက “ပြည်မြို့၊ ဒကစတိုင်းမှူး ဗိုလ်မှူးချုပ်စိန်မြင့် မြစ်မခ ရေတားတမံအပြီး မိုးညိုမြို့ကို ရောက်လာတယ်။ တောရိုင်းမြေတွေ ရှင်းလင်း၊ မြေကွက်သစ်တွေ ပြန်ဖော်ဖို့ ညွှန်ကြားခဲ့တယ်။ ဒါကို မိုးညိုအာဏာပိုင်တွေက ပိုင်ရှင်ရှိ လယ်မြေတွေကို ပိုင်ရှင်မဲ့အဖြစ် အထက်ကိုတင်ပြတယ်။ မြေထိုးစက်တွေ အသုံးပြု၊ မြေညှိပြုပြင်ပြီး ဌာနပိုင် လယ်မြေအဖြစ် သိမ်းလိုက်တယ်။ ပြီးတော့ မူလ အမည်ပေါက် တောင်သူတွေကို နှစ်စဉ်သီးစားခ တဧက (၁) သောင်းကျပ် ပေးသွင်းရမယ်လို့ တောင်းခံတယ်” ဟု ထိုစဉ်က အခြေအနေကို ရှင်းပြသည်။
အဆိုပါ လယ်မြေများ သိမ်းလိုက်သည့် သတင်းကို ပြီးခဲ့သည့် ဇန်န၀ါရီ (၂၈) တွင် ခေတ်ပြိုင်ဂျာနယ်၌ ဖော်ပြပါရှိခဲ့ပြီးသည့်နောက် နယ်မြေခံ သတင်းတပ်ဖွဲ့ (SB) မှ အခင်းဖြစ်ပွားရာကျေးရွာသို့ ဧပြီလအတွင်းက ရောက်ရှိလာကာ စုံစမ်းမေးမြန်းခဲ့သည်ဟု မေးမြန်းခံရသည့် ဘိသလွန်၊ ပေတန်းကျေးရွာ တောင်သူတဦးက ပြောသည်။
၎င်းက “မိုးညိုမြို့နယ် အောက်ရွာလေး လယ်မြေသတင်းက အင်တာနက် တက်သွားတယ်။ ဒီသတင်းကို ဘယ်သူလာပြီး စုံစမ်းလဲ။ ဘယ်လိုလူမျိုးကို ပြောမိလဲဆိုပြီး ထန်းပင်ကုန်းကျေးရွာ ဥက္ကဋ္ဌ ကိုဝင်းထွဋ် အိမ်မှာ ခေါ်မေးတယ်။ ဒီလယ်မြေကိစ္စကို အားကိုးလို့ရမယ့် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် အာဏာပိုင်တွေကို ပြောမိပါတယ်။ ဘယ်သူ့ကို ပြောမိလို့ ဘယ်သူဟာ သတင်းထောက် ဆိုတာတော့ မသိပါဘူးလို့ ဖြေလိုက်တယ်” ဟု ပြန်လည်ပြောပြသည်။
ထိုအခါ သတင်းတပ်ဖွဲ့မှ ပြေစာပေါက် စာရွက်များ တောင်းခံရာ ရွာသားတို့က ပြသနိုင်ခဲ့ကြောင်း၊ ဖြစ်စဉ် မှန်ကန်ပါက ကိုယ့်လယ်ကိုယ်ပြန်ရမှာပါဟု ပြောကြားသွားကြောင်း တောင်သူတို့ထံမှ သိရသည်။
အဆိုပါ သတင်း အင်တာနက်ပေါက်ကြားမှုဖြင့် မယက ဥက္ကဋ္ဌ ဦးဝေမောင်က ဒေသခံတောင်သူတို့အား ၎င်း၏ ရုံးခန်းတွင် ခေါ်ယူကာ ဆူပူကြိမ်းမောင်းခဲ့သည်ဟုလည်း သိရသည်။
မိုးညိုမြို့ လုပ်ငန်းရှင်တဦးကမူ “ဖြစ်စဉ် မှန် မမှန် စုံစမ်း၊ မှန်ရင် မှန်တဲ့အတိုင်းဖြစ်စေ၊ မမှန်ရင် အပြစ်ပေး အရေးယူ။ ဒီသတင်း အင်တာနက် ဘယ်သူတင်တယ် ဆိုတာထက် ဘယ်လို ဆက်ဆောင်ရွက်သင့်တယ်ဆိုတာ ပိုအရေးကြီးတယ်” ဟု သုံးသပ်သည်။
ယင်းသတင်းနှင့် ဆက်စပ်၍ အဓိကအတိုက်အခံများဟု ယူဆထားသော အောက်ရွာလေးကျေးရွာမှ တောင်သူ (၂) ဦးအား မိုးညိုရဲစခန်း၌ (၁) လခန့် ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။
“ဘာပုဒ်မတပ်ပြီး ဖမ်းတာလဲဆိုတာ စခန်းမှာ မေးလို့မရဘူး။ ဒီ (၂) ယောက်ကို ဖမ်းလိုက်ရင် ကျန်တောင်သူတွေရဲ့ လယ်မြေကိစ္စ ရပ်တန့်သွားမယ်ထင်လို့ ဖမ်းတာ။ တောင်သူတွေဘက်ကလည်း နေပြည်တော်အထိ တက်ပြီး အသနားခံစာ တင်ထားပါတယ်။ ဥပဒေမယ့် ဖမ်းဆီးထားတဲ့ အကြောင်းလည်း တင်ပြခဲ့ပါတယ်။ ချုပ်ရက်တလပြည့် ပြီးခဲ့တဲ့ဇွန်လကုန်မှာ ခြေချုပ် တနှစ်နဲ့ ပြန်လွှတ်ပေးတယ်” ဟု အောက်ရွာလေး တောင်သူတို့က ပြောသည်။
ထို့နောက် မိုးစပါးစိုက်ပျိုးရန် တောင်သူများ ထွန်ယက်နေစဉ် မိုးညို၊ ရေကင်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင် (၃၀) ကျော် ရောက်ရှိလာပြီး လယ်မြေများမှ ပြန်တက်ကြရန် အမိန့်ပေးကြောင်း၊ မလိုက်နာပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမည်ဟု ဒု-ရဲအုပ်တဦးမှ ခြိမ်းခြောက်ကြောင်း ငကျီးကျေးရွာ တောင်သူတို့က ပြောသည်။
အဆိုပါ လိပ်ခဲတည်းလည်း အခြေအနေကို ရန်ကုန်မြို့ ဌာနဆိုင်ရာ အရာထမ်းတဦးက “တိုင်းမှူး အမိန့်အပေါ် မယက က လိုက်နာသယောင် ပြုတယ်။ ပြေစာပေါက် လယ်တွေကို ပိုင်ရှင်မဲ့အဖြစ် အကွက်ဖော်တယ်။ ဒီစရိတ်စကကို နိုင်ငံတော် ဘတ်ဂျက်က သုံးစွဲရမှာပဲ။ မြို့နယ် အိတ်စိုက်ဆိုရင်လဲ အထက်အာဏာပိုင်တွေကို တင်ပြပြီး အဖြေရှာသင့်တယ်။ တောင်သူတွေဘက်ကလည်း သူတို့လယ်သူတို့ ပြန်လိုချင်မှာပဲ။ မကြာမီ ဒီကိစ္စ ရုန်းရင်းဆန်ခတ် ဖြစ်လာနိုင်တယ်။ တိုင်းမှူး သို့မဟုတ် ၀န်ကြီးအဆင့်က ဆုံးဖြတ်ချက် အမြန်ချဖို့ လိုနေတယ်” ဟု ဝေဖန်ထောက်ပြသွားသည်။
လတ်တလော အခြေအနေတွင် အာဏာပိုင်တို့က သီးစားခ (၁) သောင်းကျပ် ဆက်လက်တောင်းခံနေပြီး တောင်သူအချို့ကလည်း အမည်ပေါက် ပြေစာမူရင်း (၄၀) ခန့်နှင့် နေပြည်တော် အကြီးအကဲများထံ တင်ပြထားသည်။
တောင်သူအများစုကမူ စိုက်ချိန်လွန် မိုးစပါး စိုက်ကွက်များအတွင်း အထိတ်တလန့်ဖြင့် ထွန်ယက် စိုက်ပျိုးနေကြသည်ဟု သိရသည်။
အာဏာပိုင်တို့ သိမ်းယူထားသော လယ်မြေ (၃၀၈) ဧကသည် မြစ်မခ ရေကာတာ၏ အနောက်ဘက်တွင် တည်ရှိသည်။ မြေတိုင်းအမှတ် (၉၀) ဟု မြေစာရင်းအမည်ပေါက်ပြီး အောင်ရွာလေး (အောက်ရွာလေး)၊ ဂလောက်၊ ဘိသလွန်၊ ငကျီး အပါအ၀င် ကျေးရွာ (၆) ရွာမှ လယ်သမား (၅၀) ဦးခန့်ပိုင် အမည်ပေါက် လယ်မြေများဖြစ်ကြသည်။ Rest of your post
Thursday, July 8, 2010
တောင်းစားတယ်...ဒါဘဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment