စားဝတ်နေရေးဆိုင်ရာ ကိစ္စရပ်များဖြင့် နေ့စဉ်လူနေမှုဘ၀တွင် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ စသည့်ကုန်စည်များ၏ ဈေးမြင့်တက်မှုနှင့်အတူ လူနေ အဆောက်အအုံများ၊ အိမ်၊ ခြံ၊ မြေ၊ ကား၊ ရွှေဈေးနှုန်းများလည်း မြင့် တက်လျက်ရှိရာ ယင်းကဲ့သို့မြင့်တက်မှုသည် အမေရိကန်ဒေါ်လာ ဈေးမြင့်တက်မှုနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကွာဟနေကြောင်း သိရှိရသည်။
လူသုံးကုန်ပစ္စည်းနှင့် ကုန်စည် ဈေးနှုန်းများ မြင့်တက်မှုမှာ ရုတ်တရက် မသိသာသော်လည်း ပုံမှန်မြင့်တက်လာမှုကြောင့် လွန်ခဲ့သော ၁၀ နှစ်တာကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကွာဟသွားကြောင်း အလားတူ အိမ်ခြံမြေဈေးနှုန်းများနှင့် အခြားကားဈေး၊ ရွှေဈေးများလည်း သိသိသာသာ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ မြင့်မားလာမှုကို အမေရိကန်ဒေါ်လာ ဈေးပြောင်းလဲမှုနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာဈေးမှာ ၁၀ နှစ်တာကာလအတွင်း အနည်းငယ်သာ ပြောင်းလဲသွားခဲ့ကြောင်း သိရှိရသည်။ ပြည်တွင်း စီးပွားရေး အခြေအနေ တိုင်းတာရာတွင် အဓိကနှိုင်းယှဉ်မှုပြုသည့် အမေရိကန်ဒေါ်လာနှင့် ကျပ်ဈေးနှုန်းသည် ဆယ်စုနှစ်ကာလအတွင်း ကွာဟချက်များစွာ မရှိသော်လည်း လူတန်းစားအသီးသီး၏ စားဝတ်နေရေး အပါအ၀င် လူနေမှုကုန်ကျစရိတ် များ ပိုမိုမြင့်မားလာကြောင်း ပညာ ရှင်များအသိုင်းအ၀ိုင်းကသုံးသပ်မှုများ ရှိနေပါသည်။
'လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးဟာ မြန်မာငွေနဲ့ထည့်တွက်ရင် ကျပ် ၇၅၀ ၀န်းကျင်လောက်ရှိတယ်။ အခု ၂၀၁၀ မှာကျပ် ၉၈၀ ပဲရှိတော့ဘာမှ သိပ်ပြီးအပြောင်းအလဲ မရှိဘူးတောင် ပြောလို့ရတယ်။ ဒါပေမယ့် ဒီ ၁၀ နှစ်တာ ကာလအတွင်းမှာ အိမ်ခြံမြေ၊ ကား၊ ရွှေဈေးတွေက တော်တော်လေး ပြောင်းလဲပြီး မြင့်တက်သွားတယ်။ ဥပမာ ရွှေဈေးဆိုရင် ၁၉၉၉ ခုနှစ်မှာ တစ်ကျပ်သားကို ကျပ် ၅၀၀၀၀ ပဲရှိ တယ်။ ၂၀၀၅ ခုနှစ်မှာ ကျပ်၂၀၀၀၀၀ အထိ မြင့်တက်သွားတယ်။ ၂၀၀၆ နှစ်စပိုင်းလောက်မှာပဲ ရွှေဈေးက ကျပ် ၃၅၀၀၀၀၊ ကျပ် ၄၀၀၀၀၀ ၀န်းကျင် ရောက်သွားတယ်။ အဲဒီ လေးသိန်းကနေ တဖြည်းဖြည်းမြင့် တက်လာတာ ကျပ် ၅၀၀၀၀၀ ၀န်းကျင်မှာ နည်းနည်းကြာကြာ ရပ်တည်နိုင်ခဲ့ပြီး ဒီနှစ်လည်းကျရော အခု အခေါက်ရွှေ ကျပ် ၆၅၀၀၀၀ ဈေးနဲ့ ၁၅ ပဲရည်က ကျပ် ၆၀၀၀၀၀ ဈေး ရှိတဲ့အတွက် ရွှေဈေးရဲ့ပြောင်းလဲမှုက သိပ်မြန်ပါတယ်။ ဒီလိုပဲ တိုက်တာ၊ ခြံမြေ၊ အိုးအိမ်ဈေးနှုန်းတွေ မြင့်လာတယ်။ ကားဈေးနှုန်းတွေလည်း အရမ်းမြင့်တက် လာခဲ့ပါတယ်'ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
အလားတူ နေ့စဉ်လူနေမှုဘ၀ တွင် မရှိမဖြစ်သုံးစွဲရသော လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း အချိန် နှင့်တစ်ပြေးညီ ပြောင်းလဲလာပြီး ၀င်ငွေရရှိမှုမှာ ကုန်ဈေးနှုန်းပြောင်းလဲမှု ကို အမီလိုက်ရန် အခက်အခဲရှိလာသောကြောင့် လူလတ်တန်းစားဆိုသူများပင် မူလအနေအထားတွင် ရပ်တည်ရန် အခက်အခဲရှိလာကြောင်း သိရသည်။
'အခြေခံလူတန်းစားတွေ အနေနဲ့ကတော့ ကိုယ်ပိုင်အိမ်တို့၊ ခြံတို့ ကားတို့ဆိုတာက သူတို့နဲ့ အလှမ်းဝေးပါတယ်။ သူတို့နဲ့နီးစပ်တာက ရွှေက နီးစပ်တယ်။ တချို့က ပိုက်ဆံလေး အပိုအလျှံရှိရင် ရွှေတိုရွှေစလေး တွေဝယ်စုကြတယ်။ ငွေကိုပြန်ဖော်ရတာလည်း အဆင်ပြေတယ်။ ဒါပေမယ့် နောက်ပိုင်းရွှေတိုရွှေစလေးတွေ သိပ်မ၀ယ်နိုင်လောက်အောင် တစ်နေ့ ကုန်ကျစရိတ်က ဖဲ့ယူသွားသလို ရွှေဈေးကြီးမြင့် လာတာကလည်း အကြောင်းတစ်ခု ဖြစ်နေတယ်' ဟုရန်ကုန် မြို့ခံတစ်ဦးက ပြောပြခဲ့သည်။
အလားတူ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှု၊ ကားဈေးနှုန်းများ မြင့်တက်မှုကြောင့် ၀င်ငွေအကန့်အသတ်ဖြင့်သာ ရှိနေသော လူတန်းစားများ အတွက် အလှမ်းဝေးလာကြောင်းနှင့် အခြေခံလိုအပ်ချက် ဖြစ်သည့် စားဝတ်နေရေးကို ဖြည့်ဆည်းရမှုကြောင့် ငွေစုဆောင်းနိုင်စွမ်း လျော့ကျခဲ့ရကြောင်း သိရှိရသည်။
' ကျွန်တော် ပြည်ရိပ်မွန်မှာ ရှိတဲ့၂၃ပေ_၃၅ပေ တိုက်ခန်းတစ်ခန်း ကို ၀ယ်ချင်လို့ ဈေးမေးကြည့်တော့ အဲဒီတုန်းက (၁၉၉၇၊ မေ) မြေညီ ထပ်ကိုကျပ် ၆၅ သိန်း။ အဲဒါ ၀ယ်မယ်ဆိုပြီး ငွေစုတာ ကျွန်တော် ငွေ ပြည့်တော့ အဲဒီအခန်းက ကျပ်သိန်း ၁၀၀လောက်ဖြစ်နေပြီ။ အခု(၂၀၁၀) မှာကျပ်သိန်း ၂၀၀ ၀န်းကျင်လောက်ရှိတော့ မ၀ယ်နိုင်တော့ဘူး။ ကုန်ဈေးနှုန်းတွေက ပြောင်းလဲတယ်။ ဒါပေမယ့် ၀င်ငွေက ကုန်ဈေးနှုန်း ပြောင်းတဲ့နောက်ကို မလိုက်နိုင်ဘူး' ဟု ရန်ကုန်မြို့ရှိ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။
'၀င်ငွေနဲ့ ထွက်ငွေမမျှရင် corruption လာမှာပါပဲ။ မလာရင်လည်း လူလတ်တန်းစား ပျောက်သွားလိမ့်မယ်။ တော်တော်တန်တန်နဲ့ မြန်မာတွေကတော့ သိပ်ပြီးခေါင်းစားမခံ ကြဘူး။ မြန်မာလူမျိုးတွေ ကိုယ်တိုင်က adjustable သိပ်ကောင်းတယ်။ ဘယ်လိုအခြေအနေမှာ ဘာလုပ်ရမယ် ဆိုတာက understood ပဲ။ အဲဒီ အတွက် ချက်ချင်း မသိသာကြဘူး။ ဒါပေမယ့် အချိန်ကြာလာရင်တော့ အမှန်တရားက ပေါ်လာမှာပဲ'ဟု ရန်ကုန်မြို့ခံ အငြိမ်းစား အရာရှိတစ်ဦး က ပြောပြခဲ့သည်။
ယင်းကဲ့သို့ အခြေခံစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စသဖြင့် မရှိမဖြစ်သုံးပစ္စည်း(utility) မှအစ ဇိမ်ခံပစ္စည်း(luxury) အဆုံး ဈေးနှုန်းမြင့်တက်မှုမှာ သိသာသော်လည်း ကမ္ဘာသုံးငွေကြေးဖြစ်သည့် အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာပြောင်းလဲမှု အနည်းငယ်သာ ရှိကြောင်း သိရှိရသည်။
သွင်းကုန်တွေမှာတော့ လုပ်ထုံးလုပ်နည်းတွေ၊ သယ်ယူပို့ဆောင်ရေးရာ ကိစ္စရပ်တွေရှိတယ်။ အဆင့်ဆင့် ဖြတ်သန်းရင်း စားသုံးသူလက်ထဲ ရောက်တဲ့ အခါ ဈေးမြင့်သွားတာမျိုးလည်း ရှိနိုင်တယ်။ ဒီကြားထဲမှာ အတ္တအကျိုး တစ်ခုတည်း စီးပွားရေး လုပ်ကိုင်နေသူတွေလည်း ရှိနေတယ်။ ဒါကြောင့် ဒီဘက်နှစ်တွေမှာ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းတွေ ကျဆင်းလာတယ်။ ၀င်ငွေထွက်ငွေမျှတမှု အားနည်းနေတယ် . . .
'တချို့ဆိုရင် အမေရိကန်ဒေါ်လာကို ငွေမာအဖြစ် စုဆောင်းကြတဲ့ လူတွေရှိတယ်။ ကျွန်တော့် အသိတစ်ယောက်ဆို လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကမှ သူ့အိမ်ကို ရောင်းပြီး ဒေါ်လာတွေ ၀ယ်စုတယ်။ ဒေါ်လာ ဈေးကဘာမှ မပြောင်းလဲပေမယ့် သူ့အိမ်က သုံးဆ၊ လေးဆ ဈေးမြင့် သွားပြီ။ တကယ်တော့ ဒေါ်လာဆိုတာက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအပေါ် အမှီပြုတာ၊ ရွှေဈေးဆိုတာက တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ်။ အစဉ်အလာ အားဖြင့်တော့ အင်္ဂလန် ဗဟိုဘဏ်တို့က ရွှေကို ဈေးနိမ့်တဲ့ အချိန်ဝယ်ထားတယ်။ ကမ္ဘာ့ရွှေဈေး မြင့်ချိန်မှာ ပြန်ရောင်းထုတ်ကြတယ်။ အခုနောက်ပိုင်း အမေရိကန်စီးပွားရေး အကျဘက်လှည့်လာတဲ့ လက္ခဏာမျိုးတွေရှိလာပြီး အာရှမှာ တရုတ်နဲ့ အိန္ဒိယက အင်အားကြီးလာတော့ သူတို့ရဲ့ ဗဟိုဘဏ်တွေက ရွှေတွေ လိုက်ဝယ်တယ်။ ကမ္ဘာ့ရွှေဈေးမြင့် တက်လာတော့ မြန်မာရွှေဈေးပါ လိုက်တက်လာတော့ အခုချိန်မှာ ရွှေကို ၀ယ်တယ်ဆိုတာ လူနည်းစုပဲ ရှိ တယ်။ ဈေးကစားချင်တဲ့သူ၊ ငွေပို ငွေလျှံရှိတဲ့ တကယ့်လူနည်းစုပဲ ၀ယ်နိုင်တယ်' ဟု စီးပွားရေးပညာရှင် တစ်ဦးက ပြောပြခဲ့သည်။
'ကုန်စည်ဈေးတွေ မြင့်တက်တဲ့နေရာမှာ တချို့ကုန်စည်တွေရဲ့ မြင့်တက်မှုက အကျိုးကြောင်း ဆီလျော်တယ်။ ကျိုးကြောင်းမဆီလျော်ဘဲ မြင့်နေတဲ့အရာမျိုးရှိတယ်။ ဥပမာ ရွှေဈေးတက်တယ်။ ကမ္ဘာ့ရွှေဈေး တက်လို့ လိုက်တက်တယ်။ လက်ခံပါတယ်။ ရေနံဈေးတက်တယ်။ ကမ္ဘာ့ရေနံဈေးတက်ရင် လိုက်တက်မယ်။ ဒါပေမယ့် ပြည်တွင်းမှာပဲ ထုတ်ပြီး စားသုံးသူလက်ထဲကို ဈေး သက်သက်သာသာနဲ့ ပေးလိုက်လို့ ရတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ရှိတယ်။ တကယ်လည်း အသုံးကျပြီး မရှိရင်လည်း ခရီးမရောက်ဘူး။ အဲဒီ ပစ္စည်းမျိုးတွေ ဈေးကျဖို့လိုတယ်။ အဲဒီလိုပစ္စည်းတွေ ဈေးမကျတော့ ပြည်သူတွေရဲ့ အိတ်ထဲက ပိုက်ဆံတွေ ခုန်ပျံထွက်ပြီး တစ်နေရာမှာသွားစုရင်၊ ဆင်းရဲချမ်းသာ ကွာဟမှု များသွာရင် တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်' ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုသို့ စားဝတ်နေရေး အပါအ၀င် လူနေမှုကုန်ကျစရိတ်များ ပိုမိုများပြားလာခြင်းတွင် အခြေခံစားဝတ်နေရေး ကိစ္စရပ်များဖြစ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်များ၊ နေအိမ်တိုက်ခန်းများ အဓိကပါဝင်နေပြီး ယခုခေတ် အခြေခံလူ့အသုံးအဆောင်များ အဖြစ် သတ်မှတ်ထားသည့် ဖုန်းအပါအ၀င် ဆက်သွယ်ရေးပစ္စည်းများ၊ ကား၊ ဆိုင်ကယ်ကဲ့သို့ အသုံးအဆောင်အချို့ တို့လည်း ပါဝင်လျက်ရှိကြောင်းနှင့် အချို့အသုံးအဆောင်များသည် လုပ် ငန်းလည်ပတ်ရာတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းများဖြစ်သည့်အတွက် ဈေးနှုန်းကြီးမြင့်ပါက ထည့်သွင်းရသော အရင်းအနှီးများပြားပြီး ထိုအရင်းအနှီးကို စားသုံးသူများကမျှဝေ ကျခံရခြင်းကြောင့် ကုန်ကျစရိတ် မြင့်မားစေကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ထင်မြင်ချက် ပေးခဲ့ပါသည်။
'ပြည်တွင်းမှာ ထုတ်လို့ရတာ ထုတ်ပေမယ့် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်တယ်။ သွင်းကုန်တွေမှာတော့ လုပ်ထုံးလုပ်နည်းတွေ၊ သယ်ယူပို့ ဆောင်ရေးရာ ကိစ္စရပ်တွေရှိတယ်။ အဆင့်ဆင့် ဖြတ်သန်းရင်း စားသုံးသူ လက်ထဲရောက်တဲ့အခါ ဈေးမြင့်သွားတာမျိုးလည်း ရှိနိုင်တယ်။ ဒီကြားထဲမှာ အတ္တအကျိုးတစ်ခုတည်း စီးပွားရေးလုပ်ကိုင်နေသူတွေလည်း ရှိနေတယ်။ ဒါကြောင့် ဒီဘက်နှစ်တွေမှာ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းတွေ ကျ ဆင်းလာတယ်။ ၀င်ငွေထွက်ငွေမျှတမှု အားနည်းနေတယ်။ ဒီအတိုင်းဆို လူလတ်တန်းစား အလွှာသိသိသာသာ လျော့နည်းသွားနိုင်တယ်။ ဒီအလွှာ က နိုင်ငံတစ်နိုင်ငံရဲ့မျှခြေကို ထိန်းပေးတာကြောင့် အားကောင်းလာအောင် ဖန်တီးသင့်တယ်'ဟု စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)ဦးမော်သန်း ကသုံးသပ်ခဲ့ပါသည်။
စီးပွားရေးပါမောက္ခ (ငြိမ်း) ဒေါ်ရီရီမြင့်ကလည်း 'လွန်ခဲ့တဲ့ ၁၀ နှစ် ဒေါ်လာဈေးနဲ့ အခုဒေါ်လာဈေး ကကျပ် ၂၀၀ ကျော်ရုံလောက် ကွာပေမယ့် အခြေခံစားဝတ်နေရေး ကုန်ကျစရိတ်တွေ၊ ရွှေ၊ အိမ်ခြံမြေ၊ ကား စတာတွေရဲ့ဈေးက သိသိသာသာ မြင့်နေတယ်။ ၀င်ငွေနဲ့ထွက်ငွေ မမျှတဲ့အခါ လူနေမှုအဆင့်အတန်း ကျဆင်းလာတယ်။ တချို့ကုန်ပစ္စည်းတွေက ဒေါ်လာနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ထုတ်လုပ်မှု ကုန်ကျစရိတ်က မြင့်နေတော့ ဈေးမြှင့်ထားရတယ်။ အခု အပြောင်းအလဲ လုပ်နေတာတွေ့ရတော့ ဘယ်ကိုဦးတည်နေတယ်ဆိုတာ စောင့်ကြည့်ရမယ်။ စက်မှုလက်မှု မဖွံ့ဖြိုး သေးဘူး၊ ဈေးကွက်မပီပြင်သေးဘူး၊ တစ်ဖက်က ၀င်ငွေ ထွက်ငွေမျှအောင် ဖန်တီးနိုင်ဖို့လိုသလို လူလတ်တန်းစား အလွှာအားကောင်းအောင် လုပ်ဖို့လည်း လိုတယ်' ဟု ပြောကြားခဲ့ပါသည်။
လက်ရှိ အခြေအနေသည် မိုးတွင်းရာသီ ဖြစ်သောကြောင့် ပုံမှန်အားဖြင့် အရောင်းအ၀ယ်အေးသော ရာသီဖြစ်ကြောင်း သို့သော် အခြေခံ စားသောက်ကုန် ပစ္စည်းများဈေးနှုန်း အတက်ဘက်သို့ ဦးတည်နေကြောင်း သိရှိရသည်။ အလားတူ အသား၊ ငါး၊ ဈေးနှုန်းများ တက်နေပြီး စားသုံးဆီများလည်း မြင့်တက်နေကြောင်း နှင့် ယခုနှစ်မြေပဲ အထွက်နည်းသောကြောင့် ပဲဆီဈေးကောင်းနေပြီး ပဲဆီ ဈေးနှုန်းပါ တက်ရိပ်ရှိလာကြောင်း သိရှိရသည်။
Rest of your post
Sunday, July 11, 2010
၁၀နှစ်တာ ကာလအတွင်း ကုန်စည်ဈေးနှုန်းများ ပြောင်းလဲမြင့်တက်မှု အမေရိကန်ဒေါ်လာ တန်ဖိုးနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်နေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment