အောင်ဝေး ဇူလိုင် ၁၁၊ ၂၀၁၀ -----မိတ်ဆွေကြီးကိုဒေါင်း
ကျန်းခံ့သာလို့ မာပါစ။ ဒီမှာတော့ နွေဦးရောက်ပြီ ကိုဒေါင်းကြီး။ ဘာပဲဖြစ်ဖြစ် နွေဦးပေါက်ရင် ကျနော်တော့ ရင်ခုန်မိတာ အမှန်ပါပဲ။ အခုလည်း ဆရာဒဂုန်တာရာရဲ့’’နှင်းယွန်းဟေမန်’’ ကဗျာကနေ ငခါး (ကွမ်းခြံကုန်း) ရဲ့’’မတ်လ ရင်ခုန်သံ’’ ကဗျာတွေ အထိ ကျနော် သတိရနေတာပါ။
အဝေးရောက် မြန်မာနိုင်ငံသားတွေရဲ့ဘဝဟာ အမိနိုင်ငံ၊ အမိမြေရဲ့ ကောင်းမှု ဆိုးမှုတွေနဲ့ ကင်းကွာမနေဘူး။ အမိနိုင်ငံ၊ အမိမြေရဲ့ နာကြည်းမှု၊ ခံပြင်းမှုတွေဟာ အဝေးရောက် မြန်မာနိုင်သားတွေရဲ့ ဘဝကို ရိုက်ခတ်နေတာပါပဲ။ ပြောရရင် ကိုဒေါင်းရေ၊ ဒီက အဝေးရောက် မြန်မာနိုင်ငံသားတွေရဲ့ စိတ်အတက်အကျဟာ အမိနိုင်ငံ၊ အမိမြေက ပင်မတိုက်ပွဲရေစီးပေါ်မှာ မူတည်နေတာပါပဲဗျာ။ တိုက်ပွဲဟာ မပြီးသေးဘူး။ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးဟာ ရေရှည်ပဲ။
ကျနော်တို့ တိုင်းပြည် မလွတ်မြောက်သေးဘူး။ ကျနော်တို့ သူ့ကျွန်ဘဝ ရောက်နေတာ မဟုတ်ဘူး။ ကျနော်တို့ကို ဘယ်တိုင်းတစ်ပါး လူမျိုးခြားကမှ လာရောက် ကျွန်ပြု အုပ်ချုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ စစ်ကျွန်ဘဝ ရောက်နေရတာ။ ကိုယ့်အမျိုးသားချင်း လက်နက်အားကိုးနဲ့ မတရားကျွန်ပြု အဓမ္မ ဖိနှိပ်ခံနေရတဲ့ ဘဝကို ကျနော်တို့ ကျရောက်နေတာပါ ကိုဒေါင်း။
ကျနော်တို့ သိုးကလေးတွေလို ခေါင်းငုံ့ခံပြီး လည်စင်းပေးနေတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အားမတန် မာန်လျှော့ပြီး ဒူးထောက် အရှုံးပေးနေတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုက်ပွဲ ဝင်နေကြတာပါ။ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဟာ အတိုင်းအဆမရှိ ကြမ်းတမ်း ပင်ပန်းလှပါတယ်။ တိုက်ပွဲစဉ်ကြီး တစ်လျှောက် ပေးဆပ်ရတာတွေ၊ ဆုံးရှုံးရတာတွေလည်း များပြားလွန်းလှပါတယ်။ ခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးတော်ပုံတွေမှာ အသက် ပေးလှူသွားခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားတွေ မနည်းလှပါဘူး။ ခေတ် အဆက်ဆက် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဝေးလံ စွန်ဖျားလှတဲ့ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင် ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မနည်းတော့ပါဘူး။
တိုက်ပွဲဟာ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုအချိန်ဟာ NLD အတွက်သာမက ပြည်သူ တစ်ရပ်လုံး အတွက်ပါ အဆုံးသတ်တိုက်ပွဲ ဆင်ဖို့ အဆုံးအဖြတ် ပြုရမယ့် ကာလကို ရောက်နေတဲ့ အချိန်ပါ။ တော်လှန်ရေး ဒီရေ အမြင့်ဆုံးကို ပြန်ရောက်လာတဲ့ အခြေအနေပါ။ ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တိုင်ရင်းသား ပြည်သူ တစ်ရပ်လုံး နိုးကြားတက်ကြွတဲ့ အနေ အထား ရောက်နေပါပြီ။ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုက်ပွဲဟာ အဝေးက ကျနော်တို့ ဆီကိုလည်း ရောက်လာပါပြီ။ အားလုံးဟာ အကောင်းဆုံးကို မျှော်လင့်ရင်း တစ်ပြိုင်နက်တည်းမှာ အဆိုးဆုံး အတွက် အသင့် ပြင်ထားကြပါပြီ။
ဒါဖြင့်ရင် ကျနော်တို့ ဘာလိုသေးလဲ၊ ဒီလို မေးစရာ ရှိလာတယ်။ ဟုတ်တယ် ကိုဒေါင်း။ ကျနော်တို့ အမှန်လိုသေးတယ်။ အဲဒါကတော့ တကယ့် ညီညွတ်ရေးပဲ။ စစ်မှန်တဲ့ ညီညွတ်ရေးပဲ။
ဒီ/ချုပ် လို့ အတိုကောက် ခေါ်တဲ့ NLD အတွက်ပဲ ဖြစ်ဖြစ်၊ ဒီ/လှုပ်လို့ အတိုကောက်ဆိုကြတဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ ဘယ်စစ်အာဏာရှင် စနစ်ဆန့်် ကျင် တိုက်ဖျက်ရေး အင်အားစုတွေ အတွက်ပဲ ဖြစ်ဖြစ်၊ သေရေး ရှင်ရေး တမျှ အရေးတကြီး လိုအပ်နေတဲ့ အချက်က ညီညွတ်ရေးပါ ကိုဒေါင်း။ ကျနော် ဆိုလိုတဲ့ ညီညွတ်ရေးက ကော်နဲ့ကပ်တဲ့ ညီညွတ်ရေး မဟုတ်ပါဘူး။ တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး ကျနော် ပြောချင်တာ မဟုတ်ပါဘူး။
ကျနော်တို့ရဲ့အနီးကပ်ဆုံးအနစ်နှစ်ဆယ်သမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့ဟာ ညီညွတ်သင့်တဲ့ အချိန်မှာ အပြည့်အဝ ညီညွတ်ခဲ့ကြလို့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဆင်နွဲပြီး မဆလ စစ်အစိုးရ သမ္မတ သုံးဆက်ကို ဆက်တိုက် ဖြုတ်ချနိုင်ခဲ့ကြတယ်။ တစ်ဆက်တည်းမှာပဲ ကျနော်တို့ဟာ ညီညွတ်ရမယ့် အချိန်မှာ (ခေါင်းဆောင်တွေရော၊ နောက်လိုက်တွေပါ) အပြည့်အဝ ညီညွတ်မှု မရှိခဲ့လို့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြိုခွဲခံရပြီး စစ်တပ်က ထပ်မံ အာဏာသိမ်းတာကို ခံခဲ့ကြရတာပဲ မဟုတ်လား ကိုဒေါင်းရဲ့။
ညီညွတိရေးနဲ့ ပတ်သက်လို့ ကျနော်တို့ မဆလခေတ် ကျောင်းသား တိုက်ပွဲတွေမှာ ကျင့်သုံးခဲ့ကြတဲ့ ညီညွတ်ရေးမူ (၄) ချက်ကို ပြန်ပြောပြပရစေ။ အဲဒါတွေကတော့
(၁) စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး နိုင်ငံရေးလမ်းကြောင်းကို မဆန့်ကျင်ဖို့။
(၂)စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ အင်အားစုများကြား သပ် မလျှိုဖို့။
(၃) ဒီမိုကရေစီ အင်အားစု အချင်းချင်း ဗြောင် ဝေဖန် တိုက်ခိုက်တာမျိုးမလုပ်ဖို့ (ဆိုလိုတာက ညီညွတ်ရေး -ဝေဖန်ရေး - ညီညွတ်ရေး ပေတံကို ကိုင်စွဲဖို့ ) နောက်ဆုံးအချက် အနေနဲ့
(၄) ပုဂလိက အကျိုးစီးပွား အတွက်၊ အဖွဲ့ အစည်း အကျိုး စီးပွား အတွက် စစ်အာဏာရှင်တွေနဲ့ ဘယ်လို အပေး အယူမှ မလုပ်ဖို့။ ဒါပါပဲ ကိုဒေါင်း၊ ဒီညီညွတ်ရေးမူ (၄) ချက်ဟာ ဒီိနေ့ လက်ငင်း တိုက်ပွဲအတွက်လည်း ကိုက်ညီ အကျုံးဝင်နေတာပဲ မဟုတ်လား ကိုဒေါင်း။
အရေးကြီးတာကတော့ တိုက်ပွဲပါပဲ။ တိုက်ပွဲ မရှိရင် မညီညွတ်ချင်ကြဘူး။ တိုက်ပွဲရှိမှ ကျနော်တို့ဟာ တစ်ဦးနဲ့ တစ်ဦး ကျောချင်းကပ် ရင်ချင်းအပ်ပြီး ညီညွတ်ကြတာမဟုတ်လား။ ဒါကြောင့် ကိုဒေါင်းရေ၊ ဆရာဦးဝင်းတင် ပြောသလို ရန်သူနဲ့ သူသေ ကိုယ်ရှင် တိုက်ပွဲဝင်ဖို့ ကျနော်တို့ အစွမ်းကုန် ညီညွတ်ကြပါစို့။
အားလုံးကို သတိရလျက်-
အောင်ဝေး
၎-၁၂-၁၀
(ကဗျာဆရာအောင်ဝေးသည် အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။ မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၁၃ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)Rest of your post
Sunday, July 11, 2010
မစ်ရှီဂန်မှပေးသောစာ(၁၃)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment