Monday, November 24, 2008

ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘုရား)


နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်ဟာ မြန်မာ့သမိုင်းရဲ့ အထင်အရှား သမိုင်းတွင် ကျန်ရစ်စေခဲ့တဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်၊

မြန်မာသက္ကရာဇ်(၁၂၈၂)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ (၁၉၂၀)ပြည့်နှစ် ဒီဇင်ဘာလ(၅)ရက် နေ့မှာ ရန်ကုန် ကျောင်းသား တွေက ကျွန်ပညာရေးစံနစ်ကို ဆန့် ကျင်ပြီး ပထမ ကျောင်းသားသပိတ် စမှောက် ခဲ့ပါတယ်။ အဲဒီနေ့ ကို အစွဲပြုလို့ အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အမျိုးသားအောင်ပွဲနေ့တွေကို တချိန် က တခဲနက် ကျင်းပခဲ့ကြပေမယ့် နအဖ စစ်အာဏာရှင်တွေ လက်ထက်မှာ တော့ သမိုင်းဖြစ်ရပ်မှန်တွေကို ဖျောက်ဖျက်ပစ်နေတာမို့ ဘာအထိမ်းအမှတ်ပွဲတွေကိုမှ လွတ်လပ်စွာ ကျင်းပခွင့် မရရှိခဲ့ကြပါဘူး။
အခု့မြင်ရတဲ့ကျောက်တိုင်ဟာ ရွှေတိဂူံဘုရားပေါ်မှာ ကျောင်းသားသပိတ် ခေါင်းဆောင်တွေ အစည်းအဝေး ဆွေးနွေး ခဲ့ကြတဲ့ နေရာကို အထိမ်းအမှတ်ပြု စိုက်ထူထားတာပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်