Showing posts with label ဓာတ်ပုံမှတ်တမ်း. Show all posts
Showing posts with label ဓာတ်ပုံမှတ်တမ်း. Show all posts

Friday, May 14, 2010

ကွာတာတခုက ရဲဘော်က ကြက်ခိုးတတ်တယ်၊ အကြီးအကဲဆိုတဲ့ ကောင်တွေက ပြည်သူ့ ဘဏ္ဌာကြိုက်သလို ခိုးတတ်တယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Monday, January 11, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးရေး ဆန္ဒပြပွဲ


ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်
ပေးရေး ချီတက်ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတစ်ရပ်ကို ယနေ့(၁၁-၁-၂၀၁၀)တနင်္လာနေ့ နေ့လည်(၁း၃၀)
နာရီမှ(၄း၃၀)နာရီအထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ebisu ပန်းခြံမှ Sandagaya (MEIJI)ပန်းခြံအထိ ၁း၃၀ခန့်
အကြာချီတက်ဆန္ဒပြတောင်းဆို ခဲ့ကြသည်။ အဆိုပါဆန္ဒပြ တောင်းဆိုလှုပ်ရှားမှုကို ဗကသ၊လူ့ဘောင်
သစ်ဒီမိုကရက်တစ်ပါတီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်၊ မြန်မာ့ဒီမိုကရေစီ
အဖွဲ့ချုပ်(LDB)၊ AUNတိုင်းရင်းသားပေါင်းစုံ အဖွဲ့ဝင်များကဆုံညီစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီး လက်ရှိမြန်မာ
နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများကို ဂျပန်ပြည်သူပြည်သားများနှင့်တကွ ကမ္ဘာမှ ပိုမိုသိရှိနားလည်လာ
စေရန်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နှိင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လည်မလွှတ်ပေးဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသောရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်ကြောင်းကို ထုတ်ဖော်ဆန္ဒပြ ခဲ့ ကြသည်။


ဓါတ်ပုံ။ ။ကိုပွား သတင်းနှင့်ဗွီဒီယို။ ။စိုမိုးနိင်

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်