Showing posts with label သတင်း ကြေငြာချက်. Show all posts
Showing posts with label သတင်း ကြေငြာချက်. Show all posts

Friday, October 22, 2010

ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်းအား ၁၄၇ တိုက်ခက်နေ

သတင်း- ဧရာဝတီဘလော့ဂ်
အောက်တိုဘာ၊၂၃ရက်
နောက်ဆုံးတိုင်း ထွာချက်များအရ ဂီရိဆိုက်ကလုံး မုန်တိုင်းကြီးသည် တစ်နာရီလျင် ပြင်းအား ၁၄၇ မိုင်နှုန်း၊ တစ်စက္ကန်.လျင် ၆၉ မိုင်နှုန်းဖြင်. ရခိုင်ပြည်တွင်း ဝင်ရောက် တိုက်ခက်နေပါပြီ။ ၂၀၀၈ က တစ်နာရီမိုင် ၁၃၅ မိုင်နဲ.တိုက်တဲ. နာဂစ်ထက်ပြင်းထန်ကြောင်း သိရသည်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း တို့ ကို ဆက်လက်ဝင်ရောက် နိုင်သည်ဟု သိရသည်။
ကမ္ဘာ. သဘာဝဘေးအန္တရာယ်သတိပေးဌာန (The Global Disaster Alert and Coordination System ) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဂီရီ မုန်တိုင်းသည် အဆင်.၅ (Category 5 ) သို.ရောက်ရှိပြီး အပျက်အစီးအသေအဆုံးအများ အပြားရှိနိင်သည်ဟုသိရသည်။


မိုးလေဝသက ညွန်ချုပ်ဟောင်း ဦးထွန်လွင်ရဲ.သောကြာနေ.ည ၁၀ ၏ခန်.မှန်းချက်အရတော. “တစ်နာရီကို မိုင်(၁၀၀)နှုန်းလောက်နဲ့ တိုက်ခတ်သွားခဲ့ပါတယ်။ လေပြင်းတေါတိုင်လို့ အဆောက်အဦတွေပြို၊ သစ်ပင်တွေလဲ၊ ဓါတ်တိုင်တွေကျိုး ဆိုတာမျိုးတွေ ဖြစ်ခဲ့ကြရပါတယ်။ ကံကောင်းတာက မုန်တိုင်းဒီရေတွေ မတက်ခဲ့တာပါဘဲ။ ညနေ(၆)နာရီခွဲလောက် ဆိုရင် ကုန်းထဲေ၇ာက်သွားပါပြီ။ အဲ.. ကုန်းထဲရောက်ပြီး နောက်ထပ်တစ်ရက် လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။ ဒါပေမယ့် ဒီကနေ့ ညပိုင်း(၃)နာရီလောက်အတွင်း မုန်တိုင်းဟာ သိသိသာသာအားလျော့ကျ လာတာကိုတွေ့ရလို့ မနက်ဖန်အတွက် အခြေအနေတွေ ကောင်းလာဖို့ ရှိနေကြောင်း။”

ကျေးဇူးပြုပြီးဦးထွန်းလွင်ရဲ. သောကြာနေ့ည နောက်ဆုံး သတိပေးချက်တော့ ဒီလင်.ကို နှိပ်ပြီးကြည်.ပါ။
http://tunlwin.com/latestdetail.php?myanmar=43

အပြည့်အစုံသတင်းဖတ်ရန်....

ရခိုင်ပြည်သို့ မုန်တိုင်းဝင်၊ နေ့ခင်းဘက်တွင် ပိုပြင်းထန်မည်ဟုဆို


အောက်တိုဘာ ၂၂၊ ၂၀၁၀ ယနေ့ နံနက် ရခိုင်ဒေသသို့ အားကောင်းသည့် မုန်တိုင်းဝင်ရောက် တိုက်ခတ်ပုံကို www.sattmet.tmd.go.th (ထိုင်း မိုးလေ၀သ ဌာန အင်တာနက်စာမျက်နှာ)တွင် တွေ့ရစဉ်။ နေ့လည်ဘက်တွင် မုန်တိုင်း ပိုမို ပြင်းထန်မည်ဟု http://tunlwinclimatewatch.info/utunlwin/index.php?id=54 (မြန်မာဘာသာဖြင့် ရေးသားသော မိုးလေ၀သ ၀က်ဆိုက်) တွင် ဖော်ပြထားသည်။ 
    ယမန်နေ့က မုန်တိုင်းကို လိမ္မော်ရောင် သတ်မှတ်ထားသည်။ ယနေ့ မုန်တိုင်း အန္တရာယ် ကြီးသည့် အဆင့်မှာ အနီရောင် ဖြစ်သွားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 17, 2010

မင်းကိုနိုင်မွေးနေ့ဂျပန်မှာကျင်းပပြုလုပ်မည်




မဆလ တစ်ပါတီစနစ်ဆိုးကို ဖြုတ်ချတော်လှန်နိုင်ခဲ့ သူတွေထဲက သူရဲကောင်း တစ်ဦးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ အသက်ဟာ အောက်တိုဘာလ၊ ၁၈ ရက်နေ့ဆိုရင် ၄၈ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
မင်းကိုနိုင်ရဲ့ အသက်၄၈နှစ်ပြည့် မွေးနေ့ပွဲကို ဂျပန်နိုင်ငံက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ကနေဦးစီးပြီး တိုကျိုက နအဖ စစ်သံရုံး (တိုကျိုကအခေါ်အခွန်ရုံး)ရှေ့မှာ အောက်တိုဘာလ ၁၈ ရက်နေ့(တနလာင်္) ဂျပန်စံတော်ချိန် နေ့လည် ၃ နာရီမှ ညနေ ၄ နာရီအထိ မင်းကိုနိုင်မွေးနေ့ပွဲကို ထွေးနွေးစွာ ဂုဏ်ပြုကျင်းပသွားမှာ ဖြစ်သလို မင်းကိုနိုင် လွတ်မြောက်ရေး အတွက်တောင်းဆိုဆန္ဒပြမှူကိုပါ တဆက်တည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဗကသ (နိုင်ငံခြားရေးရာကော်မတီ) ဂျပန်ဌာနခွဲက ဖြန့်ဝေတဲ့ သတင်းတွေအရ သိရှိရပြီး မွေးနေ့ပွဲနဲ့ မင်းကိုနိုင်လွတ်မြောက်ေ၇း တောင်ဆိုပွဲကို ဂျပန်နိုင်ငံမှာရှိနေတဲ့ နိုင်ငံရေး အဖွဲ့အစည်းများနှင့် စစ်မှန်တဲ့ မြန်မာ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုလိုလားကြတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေလည်း ပါဝင်တက်ရောက်ပြီး မင်းကိုနိုင် လွတ်မြောက်ရေးအတွက် တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရှိသတင်းရရှိပါသည်။

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ် ဒီမိုကရေစီနှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်လှုပ်ရှားခဲ့တဲ့ မင်းကိုနိုင် သည် ၁၉၈၉ ခုနှစ်မှစ၍ နအဖစစ်အာဏရှင်တွေရဲ့ မတရားဖမ်းဆီးခြင်းကို ၁၆ နှစ်ကြာ အကျဉ်းချခံခဲ့ရပြီး အကျဉ်းခန်းအတွင်း ၁၆ နှစ်ကြာ တကိုယ်တည်း ပိတ်လှောင်ခံရသည်။
၂ဝဝ၄ ခုနှစ်တွင် မင်းကိုနိုင်အား ထောင်မှ ပြန်လွတ်ပေးခဲ့ပြီး စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ဆက်လက် တုံ့ပြန်လျက်ရှိသည်ကို တွေ့ရသော်လည်း မိမိယုံကြည်ချက်နှင့် လုပ်ဆောင်ချက်ကို မစွန့်လွတ်ဘဲ မြန်မာပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်မှူတွေကြောင့် ၂၀၀၇ ခုနှစ်တွင် စစ်အာဏာပိုင်တို့က မင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင်ဒဏ် အနည်းဆုံး ၆၅ နှစ်စီ ချမှတ်ကာ ဝေးလံခေါင်သီသည့် နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းကိုခံခဲ့ကြရသည်။ မင်းကိုနိုင် နှင့်၈၈ကျောင်းသားခေါင်ဆောင်များသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မိမိတို့ဘ၀ကို စတေးခံ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြပြီး ထောင်သွင်းအကျဉ်းချခံထားရသော်လည်း စိတ်ဓါတ်မကျဘဲ မြန်မာပြည် အာဏာရှင်စနစ်မှ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင် ပေးဆပ်လျှက်ရှိသည်။

ဂျပန်မှ မင်းကိုနိုင် မွေးနေ့ ဖိတ်ကြားလွှာ PDF ဖိုင်

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 27, 2010

"အကုန်ထအုံကြွ" မယ်ဆိုတဲ့ တောင်ကိုရီးယားက မျိုးချစ်မြန်မာများ


တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထအုံကြွ”တေးသီချင်းစီဒီကြော်ငြာ

ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများအတူတကွ ပူးပေါင်းပြီးစီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွဟုအမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂)တေးသီချင်းစီဒီကိုနအဖစစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင်ထုတ်ဝေ ဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။
ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီးလူကြိုက်များပြီးအများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့်သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့်တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီးအထူးသဖြင့် နအဖစစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စား ထားပြီး မကြာခင်လပိုင်းအတွင်း ကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာလှောင်ပြောင် သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည် သီကုံးထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်သီချင်းစာသားများကိုရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊ တေးသီချင်း များကိုအာကြယ်၊၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲတို့ကအထူးခံစား သီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်ရှိ Sound 21စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်းဖမ်းယူထားကြောင်းသိရပါတယ်။
တေးရေးဆရာရဲနိုင်ဝင်း(ရွှေကျွန်း)နှင့်အဆိုရှင်များဖြစ်ကြသည့်အာကြယ်နှင့် အာဗြဲတို့အတွဲဟာ လွန်ခဲ့ သည့် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်းမြန်မာ့ရှု့ခင်းလို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့တေးသီချင်းများသည် ကမ္ဘာအနှံအပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြား ရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊
ယခုတကြိမ် "အကုန်ထအုံကြွ" ပြည်သူ့ရင်ဖွင့်သံတေးစု(၂)အား စီဒီတစ်ချပ်လျှင်တောင်ကိုရီးယား နိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာ ဖြစ်ပြီးကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင် စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ (၅)ဒေါ်လာ နှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ ပေးပို့ရမည့် နိုင်ငံအလိုက် စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်၊ ရရှိလာမည့် အကျိုးအမြတ်အားလုံးကိုမြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကို ဆောင်ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းများအားပေးပို့လှုဒါန်းကူညီ သွားမှာ ဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်
တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူတမူထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲယခု "အကုန်ထအုံကြွ" လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲတမ်းနားဆင်ဖို့နှင့် အမှတ်တရသိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း (ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေးဆက်သွယ်နိုင်ပြီး အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.comကိုစာရေးမှာကြားနိုင်သလို "အကုန်ထအုံကြွ" ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုသူများအနေဖြင့် တေးရေးဆရာရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင်ဝင်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀- ၂၂၀၈) တို့ကိုလည်းဆက်သွယ် မေးမြန်းနိုင်ပါတယ်လို့ သိရှိရပါသည်၊Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, September 24, 2010

ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိ

ဖူဂျီတောင်ခြေမှာ..
ဂျပန်ရောက် မြန်မာများ၏ စီစဉ်ကျင်းပမှုဖြင့် ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေတွင် မြန်မာ့ရိုးရာ နတ်ကန္ဒားပွဲ တော်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သိရှိရသည်။ ဂျပန်တွင် မြန်မာခေတ်ပေါ် စတိတ်ရှိုး၊ အငြိမ့်၊ ပြ ဇာတ်၊ ရုပ်သေးပွဲ စသည်တို့  မကြာခဏကျင်းပလေ့ရှိခဲ့ရာ ယခုကဲ့သို့  နတ်ကန္နားပွဲကျင်းပခြင်းမှာ ပထမဆုံး ဖြစ်သည်။
ဂျပန်ကတော့ ပထမပါပဲ
ဂျပန်ရောက်မြန်မာများသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည့်ကိစ္စများတွက် အမြဲတမ်း လက်မနှေးပဲ ထိပ်ဆုံးက ရှိတက်သည့်အားလျော်စွာ ယခု နတ်ကန္ဒားပွဲကိုလည်း ၂၁ ရာစုအတွင်း ပြည်ပနိုင်ငံများတွင် ဟိုးလေးတကြော် ကျင်းပမည့် ပထမဆုံးပွဲဖြစ်ကြောင်း သိရှိရသည်။
နိပွန်းဘိရုမာ ဘန်ဆိုင်း
ထူးခြားချက်မှာ ယခုနတ်ကန္နားပွဲကို ဂျပန်မြန်မာချစ်ကြည်ရေးအဖြစ် ကျင်းပမည်ဖြစ်ရာ မြန်မာ အတွင်း ၃၇ မင်း၊ အတွင်း ၃၇ မင်း၊ အလယ် ၃၇ မင်း စသည့်နတ်များအပြင် ဂျပန်ရိုးရာနတ်များလည်း ပူးပေါင်းပါဝင်ကြမည်ဟု သိရသည်။
နတ်တွေ ဗီဇာရပြီးပြီလား
မြန်မာပြည်က နတ်လောကတွင် ပေါ်ပြူလာ ဖြစ်နေသည့် နတ်တပါးအား မိမိတို့ သတင်းဌာနမှ ဆက်သွယ်မေးမြန်း ကြည့်ရာ.. “ဟုတ်ပါတယ်။ ဂျပန်ကို သွားမှာလေ။ ဗီဇာတောင်ရပြီးပြီ.. အဲ.. ရွေးကောက်ပွဲ နီးနေတော့ မဲပေးပြီးမှ သွားခွင့်ရမယ်လို့ လည်းကြားတယ်..။ နတ်တွေလည်း ဒီရွေးကောက်ပွဲကြောင့် စိတ်ညစ်နေရတယ် ”ဟု ဆိုသည်။
တောင်ပြုံးဖက်တွင် ခရီးလွန်နေသည့် နတ်ကတော်တဦးက.. “ဒီမှာကလည်း ပွဲဆက်တွေများတဲ့ကြားက ဂျပန်က လှမ်းဖိတ်တော့လည်း သွားရမှာပေါ့။ သိတယ်မဟုတ်လား.. နတ်လောက စည်ပင်သာယာတိုးတက်ပြီး နိုင်ငံတကာ အဆင့်ရောက်ဖို့  သွားရမှာပေါ့..”ဟု နတ်သံနှော၍ ပြောပြသည်။
နတ်နောက်မှာ အရိပ်တွေပါတယ်
ယခုနတ်ကန္နားပွဲသို့ လာရောက်မည့် နတ်များနှင့်အတူ နတ်အလုပ်အကျွေး၊ နတ်ထိန်း၊ နတ်အဖေါ်၊ နတ် တပည့်။ နတ်စပယ်ယာ၊ နတ်အရံ စသည်တို့ လိုက်ပါလာမည်ဖြစ်ရာ အချို့ လည်း ဂျပန်တွင် နေခဲ့ပြီး မပြန်မည့် သူ များရှိနေနိုင်ကြောင်းလည်း ခန့် မှန်းပြောဆိုနေကြသည်။
“ဒီမှာက နေရတာ ရင်တမမလေ.. ဘယ်နေ့  ဗုံးပေါက်မလဲ။ ဘယ်နေ့ မီးလောင်မလဲနဲ့ စိုးရိမ်နေရတာ.. ဒီကြားထဲ မီးကပျက်၊ ရေကကြီး၊ ရောဂါကထူ၊ မဲပေးဖို့  ကလည်း တပူပူနဲ့ .. နိပွန်းမှာ ပန်းကန်ပဲဆေးရဆေးရ .. သန့် ရှင်းရေးပဲ လုပ်ရလုပ်ရ… ဒီမှာထက်တော့ စိတ်ချမ်းသာမယ်ထင်တယ်လေ.. ဒီတော့လည်း ဒါတွေရှိနိုင်တာပေါ့ …တချို့ ဆို ဟိုရောက် ရင် အာလျှောက်ဖို့  အခုထဲက “အာလျှောက်နည်းသင်တန်း” တောင် တက်နေပြီကြားတယ်“ဟု နတ်မယ်တော်ကြီးတဦးက တွေးတွေးဆဆ ပြောသည်။
ဂျပန်ထက် မြန်မာက သာပါတယ်
မြန်မာနတ်ကန္နားပွဲများမှာ “အိုးကလေးလှုပ်ပါဟေ့.. ရေအိုးလေး လှုပ်ပါဟေ့”ကဲ့သို့ ဟစ်ဟော့သီချင်းများပါ မကျန် ထည့်သွင်းတီးမှုတ်ကခုန်နေသည်ဖြစ်ရာ အလွန် ခေတ်မှီသည့်အတွက် ဂျပန်နတ်များမှာ နောက်ကောက် မကျန်ခဲ့ ရန် အပြင်းအထန် လေ့ကျင့်ပြင်ဆင်နေရသည်ဟုလည်း သတင်းရရှိသည်။
လက်မှတ်ဝယ်ရတာတော့ နာတယ်ရှင်
ပွဲတော်ကို သေသပ်ကျစွာ ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိနေပြီး ကြိုတင်လက်မှတ်များလည်း ရောင်းချ လျက်ရှိရာ မြန်မာစတိုးဆိုင်များနှင့် မြန်မာများအဓိက စုရုံးရာ မြန်မာအခွန်ရုံးတ၀ိုက်တွင် ၀ယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။ လက်မှတ်လေးတကိုင်ကိုင်နှင့် ငိုမဲ့မဲ့ဖြစ်နေသူ တဦးက..
“အခုပွဲမှာ တို့ ကလည်း ကမှာလေ။ တို့ ပါမယ့်ပွဲမှာ တို့ ကိုယ်တိုင်က လက်မှတ်ပေးဝယ်ရမယ်တဲ့။ ဟွန်း. ဒါတော့လွန်တာပေါ့နော်“ဟု ဆိုသည်။

အာရမလား သိချင်ရင်
နတ်ကန္နားပွဲတွင် “အလုပ်အကိုင်အဆင်ပြေပါ့မလား“ “အလုပ်ဘယ်တော့ပြန်ရမလဲ “ “ဘယ်တော့ အာကျမှာလဲ“ “အာကြီးလား။ အာလေးလား” .. စသည် စသည် တို့ ကိုလည်း နတ်မေးနိုင်ကြောင်း သတင်းရရှိသလို နတ်ကန္နားပွဲတွင် ဈေး ဆိုင်ဖွင့်လှစ်ရောင်းချလိုသူများလည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဆက်ဆက်လာခဲ့ကြနော်
ယခုပွဲတော်မှာ တမူထူးခြားသဖြင့် ဂျပန်ရောက်မြန်မာများ အထူးစိတ်ဝင်တစား အားပေးလိမ့်မည်ဟု ပွဲစီစဉ်သူများ က မျှော်လင့်လျက်ရှိသည်။ သူမက…
“သမီးတို့ ခေါ်တဲ့နတ်တွေက ကြာဇာတ်လမ်း.. အဲ “အာရုံဦးမှာ ဟိုဒင်းဖြစ်သည့်ကြာ” ဇာတ်ကားထဲမှာ မပါဘူးလေ။ သန့် သန့် လေးတွေဆိုတော့ ဆန္ဒပြခံရမှာလည်း ပူစရာမလိုဘူး။ လက်မှတ်ပြန်အမ်းရမှာလဲ ပူစရာမလိုဘူး။ အေးဆေးပဲ “ ဟုလည်း ဆိုသည်။

ဘယ်နေ့ လဲ…
စနစ်တကျ ပြင်ဆင်နေလျက်ရှိနေသော ဂျပန်မြန်မာ ချစ်ကြည်ရေး ခြိမ့်ခြိမ့်သဲ နတ်ကန္နားပွဲကြီးကို ကျင်းပမည့်နေ့  မှာ ဂျပန်ရောက် မြန်မာအဖွဲ့အစည်းများ ညီညွတ်သည့်နေ့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒေါက်တာ ဂွတိုRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 13, 2010

အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်နိုင်

             မြန်မာနိုင်ငံတွင်းစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့်၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်တွင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International (AI)) မှဦးစီးပြီး Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေလျှက်ရှိသည်။
           အဲဒီပြုလုပ်တဲ့ ကမ်ပိန်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိနေသော AI အဖွဲ့များမှ နေပြီး သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကိုပေးပို့နိုင်မည်ဖြစ်ပြီး AI အနေနှင့် ယင်း ဝန်ကြီးထံပေးပို့မယ့်စာမှာ ဘာသာစကား (၉) မျိုးကိုထည့်သွင်းဖော်ပြပေးထားသည်။
          ယခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် နအဖစစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်လိုပါက http://3freedoms.amnesty.org/ ကိုနှိပ်ပြီး မိမိတို့ဆန္ဒကို ထုတ်ဖော်ပေးပို့နိုင်မည်ဖြစ်ပြီး၊ ယခုလိုလက်မှတ်ရေးထိုးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မတရားနှစ်ရှည် ထောင်သွင်းအကျဉ်း ခံနေရသည့် နိုင်ငံရေးအကျဉ်းးသားများကို ထောက်ခံရာရောက်ရှိသလို အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရာလည်း ရောက်ရှိမည်ဖြစ်သည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, February 27, 2010

တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..

မြန်မာအမျိုးသမီးများ သစ်လုပ်ငန်းခွင်အတွင်း ဘဝပျက်ကြရ
ပေါက်ပေါက်/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ထမင်းချက်အဖြစ် အလုပ်လုပ်နေကြသည့် ဒေသခံအမျိုးသမီးများ တရုတ်နိုင်ငံသား သစ်လုပ်ငန်းရှင်များ၏ ဖြားယောင်းလိမ်ညာပေါင်းသင်းမှု ခံရပြီး ဘဝပျက်နေကြကြောင်း ဒေသခံများက ပြောသည်။

ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာမှစ၍ မေလကုန် မိုးမကျမီ သစ်ထုတ်ယူသည့်ကာလအတွင်း တလ ကျပ် (၄၊ ၅) သိန်းအထိ ထမင်းချက်အဖြစ် ငှားရမ်းထားသည့် ဒေသခံအမျိုးသမီးများကို တရုတ်သူဌေးလောပန်းများနှင့် သူဌေးကိုယ်စားလှယ်များက လိမ်ညာပေါင်းသင်းနေကြကြောင်း သစ်လုပ်ငန်းခွင်နှင့် နီးစပ်သည့် ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေက ကချင်မလေးတွေ၊ ဗမာမလေးတွေ များတယ်။ တောထဲတောင်ထဲ ထမင်းချက်၊ ဟင်းချက် လိုက်ဖို့ ဆိုတော့ အရွယ်ရောက်တဲ့သူတွေပဲ လိုက်တာ။ အဲဒီမှာ တရုတ်သူဌေးက ငွေနဲ့ဆွယ်တာပဲဖြစ်ဖြစ်၊ တောတောင်ထဲမှာ အနေနီးစပ်လို့ပဲဖြစ်ဖြစ် ပေါင်းသင်းတာပေါ့။ တရုတ်နှစ်သစ်ကူး ပြန်လို့ပဲဖြစ်ဖြစ်၊ သစ်အဖမ်းအဆီးရှိလို့ပဲဖြစ်ဖြစ် လောပန်းတွေ ပြန်ရင် သူတို့တွေလည်း လိုက်သွားကြတယ်။ ဟိုရောက်တော့ တရားဝင်မယားကြီးက ရှိနေတော့ နေလို့မရတာကြောင့် နယ်စပ်မှာ တဝဲလယ်လယ် ဖြစ်ကျန်တာပေါ့။ ရွာပြန်ရင်လည်း လူပြောစရာဖြစ်နေပြီလေ။ အဲလိုနဲ့ ဘဝပျက်ကုန်တာ” ဟု ပြောသည်။

သစ်ရာသီတခုအတွင်း သစ်လုပ်ကွက်များအလိုက် နီးစပ်ရာဒေသအတွင်းမှ အမျိုးသမီးများကို ငှားရမ်းနေခြင်းဖြစ်ပြီး အရေအတွက်မှာ အနည်းဆုံး (၅ဝ) ခန့်ရှိမည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “တရုတ်သူဌေးတွေ၊ သစ်ကိုယ်စားလှယ်တွေကလည်း ဗမာစကားတို့၊ ကချင်စကားတို့ နည်းနည်းပါးပါးတတ်တယ်။ သူတို့က နှစ်တိုင်း ဒီလို သစ်ခုတ်နေတာဆိုတော့ စကားတတ်နေကြပြီ။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေထဲက သူတို့ မျက်စိကျတဲ့ ကောင်တွေကို လူယုံလိုလို၊ ကိုယ်စားလှယ်လိုလို မွေးထားတာ ရှိတယ်။ အဲဒီလူတွေက မိန်းကလေးတွေကို ရှာပေးနေတာ” ဟု ပြောသည်။

မံစီ၊ ဗန်းမော်နှင့် မဘိန်းမြို့နယ်အတွင်းမှ ယမန်နှစ် သစ်ခုတ်ရာသီတွင် နယ်စပ်သို့ရောက်ရှိလာသည့် အမျိုးသမီးအချို့မှာ လူပွဲစားများ မှတဆင့် တရုတ်ပြည်အတွင်းသို့ ရောင်းစားခံရမှုများလည်းရှိသည်ဟု တရုတ်နယ်စပ်ရှိ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေ ဒီနယ်စပ်မှာ သောင်တင်နေတတ်တယ်။ အိမ်က ပြန်လိုက်ခေါ်လို့ ပြန်သွားတာလည်း ရှိတယ်။ ဒီမှာ အလုပ်ရှာ နေတုန်း နေရေးထိုင်ရေးခက်တော့ နောက်ဆုံး လူပွဲစားတွေနဲ့ ချိတ်မိပြီး တရုတ်မယားလုပ်ဖို့ ကိုယ်တိုင် အရောင်းစား ခံလိုက်တာမျိုး ဖြစ်သွားတယ်။ အဓိကတော့ အဲလို ရောင်းစားခံရတာလည်း ရှိတယ်။ ရတဲ့ငွေကို အိမ်ကို ပါးလိုက်ပြီး သူက အတွင်းထဲ လိုက်သွားတာ” ဟု ပြောသည်။

မြန်မာပြည်မှ မိန်းကလေးများကို တရုတ်ပြည်အတွင်းပိုင်းသို့ ခေါ်ယူရောင်းစားမှုများရှိနေပြီး ယမန်နေ့ထုတ် နအဖသတင်းစာများတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးများရောင်းစားနေသည့် လူပွဲစားများအား မူဆယ်နှင့် လားရှိုးမြို့တို့၌ ဖမ်းဆီးရမိထားကြောင်း၊ အဆိုပါရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက အဓမ္မထိမ်းမြား လက်ထပ်နေကြောင်း၊ လူပွဲစား၏ စည်းရုံးခံရမှုနှင့် လူကုန်ကူးမှု မခံရရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနေကြောင်း ဖော်ပြထားသည်။
http://www.khitpyaing.org/news/February%2010/26210d1.php

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်