Showing posts with label သတင်း၊ မျှဝေခြင်း. Show all posts
Showing posts with label သတင်း၊ မျှဝေခြင်း. Show all posts
Wednesday, October 27, 2010
ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမည့်သူ မရှိ ၀မ်းရောဂါများ စတင်ဖြစ်ပွားနေ
သတင်း နိရဉ္စရာ
အောက်တိုဘာ၂၇
မုန်တိုင်း ဒဏ်ခံခဲ့ရသည့် မြေပုံမြို့နယ် ကျွန်းသာယာ ရှိ ပြင်ဝန်းရွာ ရှေ့တွင် အလောင်း ၄၀ ခန့်မျောနေ ပြီး ဆယ်ယူ သဂြိုင်္လ်မည့်သူ မရှိ ဖြစ်နေကြောင်း သတင်းရရှိသည်။ ယနေ့လက်ရှိ နောက်ဆုံး ရရှိ သော သတင်းအရ သေဆုံးသူ ၉၃ ဦးအထိ မြင့်တက် သွားပြီဖြစ်ကြောင်း သိရှိရပြီး ယခုအခါ ၀မ်းရောဂါ လည်း ကူးစက်ပျံ့နှံ့ နေပြီး သေဆုံးမူများ လည်း ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများ က ပေးပို့သော သတင်းတွင် ပါရှိပြီး မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ ကျေးလက်ဒေသ များတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားနေရာ ယမန်နေ့ထိ သေဆုံးသူ သုံးဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိတယ်လို့ နိရဉ္စရာ သတင်းဆိုဒ်ကထုတ်ပြန်တဲ့ သတင်းတွေအရ သိရှိရပြီး သေဆုံးသွားသူများမှာ မြေပုံ တောင်ကြီးရင်း ကျေးရွာမှ နှစ်ဦးနှင့် မင်းပြား ရန်တိုင်ကျေးရွာမှာ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြ သည်။
“ မင်းပြားမြို့နယ် ရန်တိုင် ကျေးရွာက အမျိုးသမီးကတော့ မနေ့က ၀မ်းရောဂါနဲ့ ဆုံးတာပါ။ တောင်ကြီးရင်းက ကျန်နှစ်ဦးကတော့ လွန်ခဲ့တဲ့ တနေ့က ဆုံးသွားတာ ဖြစ်ပါတယ်။ အခုအခါ ကျေးရွာတွေ မှာ ၀မ်းရောဂါ ကျယ်ပြန့်စွာ ကူးစက် ပျံ့နှံ့ ဖြစ်ပွားနေပါတယ်” ဟု လူမူ ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦး က ပြောသည်။ အဆိုပါ သေဆုံးမူကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ကလည်း အတည်ပြု ပြောကြားသည်။
“ ကျွန်တော်တို့ သိရသလောက်ဆိုရင် ၀မ်းရောဂါနဲ့ သေဆုံးတာ သုံးဦး ရှိသွားပါပြီ။ ဒီထက် အရေအတွက် တိုးလာနိုင်ပါတယ်။” ဟု ပြောသည်။ မြေပုံမြို့ခံ တစ်ဦးကလည်း သောက်သုံးရေ ရှားပါးနေသဖြင့် ၀မ်းရောဂါ ဖြစ်ပွားနေပုံကို ယခုကဲ့သို့ ပြောသည်။
“ အခု ရွာအတော်များများက ရေထဲပါသွားတော့ တချို့ရွာတွေမှာ စားစရာ သောက်စရာတွေ ဘာမှ မကျန်ခဲ့ဘူး။ အဲဒီတော့ ရွာသားတွေက အုန်းသီး၊ အုန်းဖူးတွေကိုဘဲ စားသောက်နေရတယ်။ ကြာလာတော့ ၀မ်းရောဂါ ရပြီး ခုလို ကူးစက်ပြန့်ပွားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်တွေမှ အမည် မဖေါ်လိုသူ ဆရာဝန် တစ်ဦးကလည်း မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ် များတွင် ၀မ်းရောဂါ ဖြစ်ပွားနေမူကို အတည်ပြု ပြောကြားပြီး အစားအစာ၊ သောက်သုံးရေနှင့် အမိုးအကာများ အချိန်မှီ မရပါက ၀မ်းရောဂါ ဖြစ်ပွားမူမှာ ထိန်းမနိုင်သည့် အခြေအနေကို ရောက်သွား နိုင်ကြောင်း ပြောဆိုသည်။
တချို့ဝေးလံသော ကျွန်းများတွင် ယခုအချိန်ထိ အခြေအနေမည်သို့ဖြစ်နေသည်ကို မသိ ရှိရသေးကြောင်းနှင့် မုန်တိုင်း ဒဏ်ခံခဲ့ရသော ပေါက်တော၊ မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူ ကျေးလက်ဒေသများတွင် အစားအစာနှင့် သောက်သုံးရေများ အကြီးအကျယ် လိုအပ်နေကြောင်း သိရသည်။
နဖအ အာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင် တားမြစ် မူများကြောင့် လေဘေး ဒဏ်ခံခဲ့ရသော ကျေးရွာ အများအပြားသို့ ယခုအချိန်ထိ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်နိုင်ဘဲ ကြန့်ကြာမူများ ရှိနေကြောင်း သိရသည်။
အပြည့်အစုံသတင်းဖတ်ရန်....
အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
ခေတ်ပြိုင်သတင်း
ဝီရ /
၂၇ အောက်တိုဘာ
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ကြောင်းနှင့် ယင်းပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အသက်ကယ်ပါတီ လည်း မဟုတ်ကြောင်း အန်အယ်လ်ဒီက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အန်ဒီအက်ဖ်ပါတီက အဖွဲ့ချုပ်ရဲ့ ကိုယ်ပွားလိုလို၊ အဖွဲ့ချုပ်နဲ့ အတူတူပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေတဲ့ မဲဆွယ်စည်းရုံးနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ပြည်သူတွေ နားလည်အောင် အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။ ပြီးတော့ ခမောက် ဆိုတိုင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်ဘူးဆိုတာ ထုတ်ပြန်တာလည်း ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီအပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ရွေးကောက်ပွဲဝင် အန်ဒီအက်ဖ်ပါတီက ၎င်းတို့၏ စည်းရုံးရေးခရီးစဉ်အတွင်း ထင်ယောင်ထင်မှား ဖြစ်စေသော ဝါဒဖြန့် ပြောဆိုနေမှုများသည် အန်အယ်လ်ဒီနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝ မရှိ၍ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်ခြင်း ပြုမည်မဟုတ်ကြောင်း အန်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်ကို ဒီမိုကရေစီကျင့်စဉ်အရ လိုက်နာခြင်း မရှိဘဲ အန်အယ်လ်ဒီ ပါတီဝင်အချို့က အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
“၂၀၁၀ ခု၊ မတ်လ (၂၉) ရက်နေ့က အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ပါတီအသစ်ထောင်တာ ဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူတို့ပါတီရဲ့ ခေါင်းဆောင်လိုလို ပြောနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ဒီကြေညာချက်ထဲမှာ အတိအလင်း ဖော်ပြထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အန်ဒီအက်ဖ်မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူ အားလုံးနှင့် သက်ဆိုင်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦး ဖြစ်သည်ဟု ဆိုသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့တဖွဲ့တည်းနဲ့ ဆိုင်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။ ပြည်သူအများက ရွေးချယ်တင်မြောက်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ပါ။ သူ့ကို အန်အယ်လ်ဒီ ခေါင်းဆောင်တွေက အပိုင်စီးထားလို့ မရပါဘူး။ ကျနော်တို့ကလည်း သူ့ကို ပြည်သူ့ခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်တဦး အဖြစ် အသိအမှတ်ပြုတာ ဖြစ်တယ်။ ဒီလို သတ်မှတ်တာ မလွန်ဘူးလို့ပဲ ကျနော် ယူဆတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီမှ စွပ်စွဲသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အန်ဒီအက်ဖ်ပါတီ၏ ခေါင်းဆောင်အဖြစ် မဲဆွယ်စည်းရုံးနေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်မောင်ဆွေက ဆက်လက် ရှင်းပြသည်။
အန်အယ်လ်ဒီပါတီကမူ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ်အကျိုးစီးပွားများကို ရှေးရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥဿုံ သပိတ်မှောက်လိုက်ကြောင်း ကြေညာသည့် ကြေညာချက်တစောင် ကိုလည်း ယမန်နေ့က သီးခြား ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် နိုင်ငံသားများအနေဖြင့် မဲပေးရန် အခွင့်အရေး ရှိသကဲ့သို့ မဲမပေးခြင်းသည်လည်း ဥပဒေအရ အခွင့်အရေး ဖြစ်ကြောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အန်အယ်လ်ဒီ မပါ၍ မည်သူ့ကို မဲထည့်ရမည်ဆိုလျှင် မိမိကြိုက်သည့် ပါတီ မပါလျှင် မဲမထည့်ပဲ နေနိုင်ကြောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုလည်း ဖော်ပြထားသည်။
အောက်တိုဘာ (၂၆) ရက်၊ ယမန်နေ့က ထုတ်ပြန်လိုက်သည့် အန်အယ်လ်ဒီ၏ ကြေညာချက် (၂) စောင်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလက်ခံကြောင်း၊ ကြေညာချက်များကို အဖွဲ့ချုပ်ဝင်များသာမက ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်စေရန် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။
၎င်းက “ကိုယ်ဖြတ်သန်းရမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုရွေးကောက်ပွဲမျိုးလဲ၊ ဘာအတွက် မဲထည့်မှာလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မှာကြားလိုက်ပါတယ်”ဟု ပြောသည်။
လာမည့် အောက်တိုဘာ (၂၉) ရက်နေ့တွင် နေပြည်တော် ဗဟိုတရားရုံးသို့ လျှောက်လဲရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်နှင့် ပတ်သက်သည့် အထူးအယူခံဝင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့ကြသည်။
အပြည့်အစုံသတင်းဖတ်ရန်....
စစ်အာဏာရှင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲ ဂျပန်ရောက်မြန်မာတို့ ဆန့်ကျင်ဆန္ဒပြ
လာမည့်နိုဝင်ဘာလ (၇)ရက်နေ့တွင် မြန်မာ့ ပြည်သူလူထုတစ်ရပ်လုံးကို စစ်ကျွန်ဘဝသို့ ထာဝရ အသက် သွင်းမည့် နအဖ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့် စီတန်း လှည့်လည်ခြင်းကို ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဂျပန်ရောက် မြန်မာအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကော်မတီမှ ဦးဆောင် ကာ ဂျပန်ရောက်မြန်မာ့ဒီမိုအရေး လှုပ်ရှားသူများနှင့်အတူ မြန်မာ့ရေးရာရုံး(ဂျပန်)၊ မြန်မာ့ဒီမိုအရေးကို အစဉ်အားပေး ကူညီနေသော ဂျပန်အဖွဲ့အစည်းများဖြစ်သည့် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(RINGO)၊ မြန်မာ့ရေးရာပြည်သူ့အဖွဲ့ (PFB)၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းသာခွင့်အဖွဲ့(ဂျပန်)၊ HUMAN RIGHTS NOW၊HUMAN RIGHTS WATCH စသည့်အဖွဲ့အစည်းတို့မှ ပါဝင်ပူးပေါင်း ခဲ့ကြပါသည်။ လာမည့်နိုဝင်ဘာလ (၇)ရက်နေ့တွင် မြန်မာ့ပြည်သူလူထု တစ်ရပ်လုံးကို စစ်ကျွန်ဘဝသို့ ထာဝရ အသက်သွင်းမည့် နအဖ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်စီတန်းလှည့်လည်ခြင်းကို ယနေ့အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဂျပန်ရောက်မြန်မာအဖွဲ့အစည်းများပူးပေါင်းပါဝင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီမှ ဦးဆောင်ကာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေး လှုပ်ရှားသူများနှင့်အတူ မြန်မာ့ရေးရာရုံး (ဂျပန်)၊ မြန်မာ့ဒီမိုအရေးကို အစဉ်အားပေး ကူညီနေသော ဂျပန် အဖွဲ့အစည်းများဖြစ်သည့် ဂျပန်အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(RINGO)၊ မြန်မာ့ရေးရာပြည်သူ့အဖွဲ့ (PFB)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းသာခွင့်အဖွဲ့(ဂျပန်)၊ HUMAN RIGHTS NOW၊HUMAN RIGHTS WATCH စသည့် အဖွဲ့အစည်းတို့မှ ပါဝင်ပူးပေါင်း ခဲ့ကြပါသည်။
သတင်း နန်းအိမွန်ချစ်( မိုးသောက်ကြယ်)
ဓါတ်ပုံ    စိုးအောင်ဝင်း
အပြည့်အစုံသတင်းဖတ်ရန်....
Friday, October 22, 2010
ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအညီ လိုအပ်
ဧရာဝတီ 
 October 23, 2010
ဆိုင်ကလုန်း မုန်တိုင်းကြီး ဂီရိ ၀င်ရောက် တိုက်ခတ်မှု ကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် အရေးပေါ် အကူအညီများ လိုအပ်နေပြီး လေတိုက်နှုန်းနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် လူအသေအပျောက် ရှိနိုင်ကြောင်း သတင်းရရှိသည်။
ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်တည်မှုနှင့် မြန်မာပြည်သို့ ရွေ့လျားရာ လမ်းကြောင်း (ဓာတ်ပုံ - Myanmar Climate Change Watch)“တမြို့လုံး မြို့ ပျက်ကြီးတခုလို ဖြစ်နေတယ်။ ဈေးဆိုင်တွေလည်း မဖွင့်ဘူး။ လမ်းတွေပေါ်မှာလည်း သစ်ပင်တွေ အတုံးအရုံး လဲပြိုနေတယ်။ ကမ်းနားမှာရှိတဲ့ အိမ်တွေဆို လုံးဝလဲပြိုကုန်တယ်။ လောလောဆယ် ဆန်ဝယ်ဖို့ အခက်အခဲဖြစ်နေတယ်။ စားဖို့ သောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ သောက်ရေလိုတယ်” ဟု ကျောက်ဖြူမြို့ပေါ် စေတီကုန်းရပ်ကွက်နေ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။
မိုးလေ၀သ လေ့လာရေး အဖွဲ့အား ဦးဆောင်နေသူ မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က “မနေ့က ကျောက်ဖြူမှာ လေတိုက်နှုန်း တနာရီ ၉၁ မိုင်နှုန်းနဲ့ ဖြတ်ခဲ့တယ်။ ကျောက်ဖြူနဲ့ တိုက်ရိုက် အဆက်အသွယ်ရထားတယ်။ အိမ်နဲ့သစ်ပင်တွေ အပျက်အစီးများပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးမှုရှိခဲ့ပြီး လူအသေအပျောက်မရှိဘူး ပြောတယ်။ ရေက ၆ ပေ ၇ ပေလောက် ကမ်းနားပိုင်းမှာ တက်ခဲ့တယ်” ဟု ပြောသည်။
ယမန်နေ့ညပိုင်း ၀င်ရောက်တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့ပေါ်တွင်ပင် ဒီရေ ၅ ပေခွဲခန့် တက်ခဲ့ပြီး သစ်ပင်များပြိုလဲခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း ၁၀ နာရီခန့်အထိ လမ်းမများပေါ်တွင် ရေ ၂ ပေ၊ ၃ ပေနီးပါး ရှိနေသေးကြောင်း၊ ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ခုလုံးတွင် အိမ်အမိုးများလန်သွားခဲ့ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
ကျောက်ဖြူမြို့နယ်အပါအ၀င် ကျောက်ဖြူဝန်းကျင်တခုလုံးတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ပြန်လည် ဆောက်လုပ်ရေး ပစ္စည်း လိုအပ်သူ ဒုက္ခသည် သောင်းချီရှိနိုင်ကြောင်း သံတွဲခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ဆိုသည်။
ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ရပ်ကွက်တွင် လူပေါင်း တစ်သောင်းနီးပါးနေထိုင်သည်ဟု သိရှိရသည်။
ကျောက်ဖြူမြို့ပေါ်ရှိ ကညင်ကုန်းရပ်ကွက်၊ စေတီတော်ကုန်းရပ်ကွက်များ အပါအ၀င် ရပ်ကွက်များတွင် တထပ်အိမ်များ နစ်မြုပ်သွားသည်အထိ မုန်တိုင်းဒီရေတက်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ပုဇွန်ကန်၊ စပါးသိုလှောင်ရာနေရာများ၊ ကျောက်ဖြူမြို့ အမှတ် (၁) နှင့် အမှတ် (၂) သင်္ဘောဆိပ်ကမ်း၊ လကွေ့သင်္ဘောဆိပ်ကမ်းများလည်း လုံးဝပျက်စီးသွားကြောင်း၊ ကျောက်ဖြူမြို့နယ်ကို ပတ်ထားသည့် ရေမဝင်အောင် တားဆီးထားသော ရေငန်တာကြီးလည်း ကျိုးပေါက်သွားခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့မှ ငါးဖမ်းလုပ်ငန်းရှင်တဦးက မုန်တိုင်းသည် အလွန်ပြင်းထန်ပြီး ကျေးရွာများနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ကျေးရွာအများစုသည် ပင်လယ်ကမ်းခြေနှင့် နီးပြီး ပင်လယ်ဒီရေကြောင့် ထိခိုက်သေပျောက်မှု ရှိနိုင်ကြောင်း ပြောသည်။
“ကျနော့်မိတ်ဆွေတွေရှိတဲ့ ရွာတွေကို ဆက်သွယ်နေတယ်။ လုံးဝ ဆက်သွယ်လို့မရဘူး” ဟု ၄င်းက ဆိုသည်။
ကျောက်ဖြူဒေသခံများ၏ ပြောကြားချက်အရ ပင်လယ်ကမ်းခြေကို အခြေပြုနေထိုင်ကြသော ကျေးရွာ ရာနှင့်ချီရှိပြီး ကျေးရွာတရွာလျှင် အိမ်ခြေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။
မုန်တိုင်းဝင်ပြီးနောက် ကြိုးဖုန်း အဆက်သွယ်များ အားလုံးပြတ်တောက်ခဲ့သော်လည်း ယခုအခါ ကမ်းရိုးတန်းဒေသသုံး CDMA 450 MHz ဖုန်းများ အဆက်အသွယ်ပြုလုပ်၍ ရနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ထွန်းခဲ့ပြီး တဖြည်းဖြည်းနှင့် အားကောင်းလာကာ ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ဒေါက်တာ ထွန်းလွင်က “ည ၁၂ နာရီအထိ ရခိုင်ရိုးမကို မကျော်သေးဘူးလို့ ခန့််မှန်းတယ်။ မနက်ပိုင်းမှာတော့ ကုန်းတွင်းကို ၀င်ရောက်လာပြီး အခု မန္တလေးတိုင်းပေါ်မှာ ရှိနေပါတယ်။ Category II အဆင့်ကနေ လျော့ကျသွားပါပြီ။ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာပါမယ်” ဟု နောက်ဆုံးအခြေအနေကို ခန့်မှန်းထားသည်။
၂၀၀၈ မေလ ဆန်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် လူဦးရေ ၁၄၀၀၀၀ ၀န်းကျင် သေဆုံး ခဲ့ရသည်။
အပြည့်အစုံသတင်းဖတ်ရန်....
ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ရောက်
ဗွီအိုအေ
ကိုမိုးဇော် -22 အောက်တိုဘာ
ဒီကနေ့ ညနေ ၄ နာရီလောက်က ရရှိတဲ့သတင်းအရ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အခုအခါ အားကောင်းတဲ့ ဆိုင်ကလုံး မုန်တိုင်းအဖြစ်ကို ပြောင်းလဲလာပြီး ဒီနေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူဘက်ကို ၀င်ရောက်မယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဒီညနေပိုင်းမှာ စတင်ဝင်ရောက်ခဲ့တဲ့ အဲဒီမုန်တိုင်းဟာ အခုဆိုရင် အညိုရောင် အရေးပေါ်အဆင့်ကို တိုးမြင့် သတ်မှတ်လိုက်ရပါပြီ။ လေတိုက်နှုန်းကလည်း မိုင် ၁၀၀ ကနေ ၁၂၀ အထိ ရှိမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဌာနရဲ့ တာဝန်ရှိသူတစ်ဦးကို ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။
ဒီကနေ့မှာတော့ ရခိုင်ကမ်းရိုးတန်းကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေ အားလုံးကို ရပ်နားထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းနဲ့ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၄ ရက်လောက်က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မနေ့မနက်က မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိခဲ့ပြီး မနေ့ ညနေပိုင်းမှာတော့ အားကောင်းတဲ့ အမည်တပ် ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကို ပြောင်းလဲခဲ့ပါတယ်။ အခုအခါ ဂီရိလို့ အမည်သတ်မှတ်ထားတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ ဒီကနေ့ ညနေမှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူဘက်တွေကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“၄ နာရီခွဲအချိန် တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဂီရိသည် အားအလွန်ကောင်းသော ဆိုင်ကလုံးမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး ရခိုင်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်နေပါသည်။
“အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဂီရိသည် လက်ရှိ အခြေအနေမှာ အညိုရောင် အရေးပေါ် အခြေအနေ အဆင့်ဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နေပါသည်။ မုန်တိုင်းကြီး၏ ဗဟိုချက်အနီး အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၁၀၀ ခန့်ရှိပြီး တခါတရံ ၁၂၀ အထိ ရှိနိုင်ပါသည်။ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင် မြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တော မြို့နယ်၊ မြေပုံမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ မင်းသားမြို့နယ်တွင် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ ၁၂ ပေခန့် မြင့်တက်လာမည် ဖြစ်ပါ၍ မုန်တိုင်း ဂီရိ အန္တရာယ် ကျရောက်နိုင်သည့် အဆိုပါဒေသများရှိ ကမ်းရိုးတန်းနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ရှောင်ရှားရန် လိုအပ်ပါသည်။
“ထို့အပြင် မုန်တိုင်းကြီးသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည့်အတွက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် ကုန်းမြင့်တောင်စောင်းများ အနီးနှင့် မြေနိမ့်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေနှင့် မြေပြိုမှု အန္တရာယ်များကိုလည်း သတိပြု ရှောင်ရှားရန် လိုအပ်ပါသည်။
“မုန်တိုင်းကြီး၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင် လေသည် ရခိုင်ကမ်းရိုးတန်း တလျှောက်တွင် တစ်နာရီလျင် မိုင် ၈၀ မှ မိုင် ၁၀၀ အထိ တိုက်ခိုက်နိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသများတွင် ၄၅ မိုင်အထိ တိုက်ခိုက်နိုင်သည့်အတွက် ပင်လယ် ကမ်းနီးကမ်းဝေး ငါးဖမ်ရေယာဉ် သင်္ဘောများသည် မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါသည်။”
လက်ရှိဖြစ်ပေါ်နေတဲ့ ဂီရိမုန်တိုင်းရဲ့ ပြင်းအားဟာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ကုန်းတွင်းပိုင်းကို မ၀င်ရောက်မီ ပြင်းအားအဆင့်ထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်တွေမြို့မှာတော့ ဒီကနေ့ နေ့ခင်းပိုင်းကစပြီး လေပြင်းတိုက်ခတ်ခဲ့ရာမှာ ညနေ ၄ နာရီမှာတော့ လေဟာ ပိုပြင်းထန်လာတယ်လို့ ပြောပါတယ်။
“စစ်တွေမှာဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ရာသီဥတုက နည်းနည်းပိုပြီး ဆိုးလာတယ်။ လေပြင်းတွေဘာတွေ တိုက်လာတယ်။ ပထမ တိုက်တုန်းကထက် လေက ပိုလာတယ်။ ခန့်မှန်းချေကတော့ ၃၀ ကနေ ၄၅ လောက်တော့ ဖြစ်နိုင်ပါတယ်။ လူတွေကတော့ အတွေ့အကြုံရှိပြီးသားဆိုတော့ သိပ်ပြီးတော့ မထူးခြားသေးပါဘူး။ ပတ်ပြီးတော့လည်း အော်နေတယ်။ အာဏာပိုင်တွေကလည်း ဒီမှာ။ သတိထားဖို့အကြောင်းနဲ့ မုန်တိုင်းဟာ ၁၀၀ အထိ တိုက်မယ်လို့ သူတို့ကတော့ ကြိုပြီး ပြောထားတယ်။”
ကျောက်ဖြူမြို့ဘက်မှာလည်း မနက်ခင်း ၇ နာရီ လောက်ကစပြီး မုန်တိုင်းလေပြေ စတင်ဝင်ခဲ့ရာက နေ့ခင်း ၁၂ နာရီလောက်မှာတော့ ခန့်မှန်းခြေ မိုင် ၃၀ ကျော်လောက်အထိ တိုက်ခတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းမှာတော့ ကျောက်ဖြူမြို့ကို ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူနဲ့ စစ်တွေကြားမှာတည်ရှိတဲ့ မြေပုံမြို့က ဒီနေ့ ညနေ ၄ နာရီခွဲအချိန် ရာသီဥတု အခြေအနေကိုတော့ ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။
“လေတော့ အရမ်းတိုက်နေပြီ ဒီမှာ။ ၄ နာရီလောက်က လူတွေတော့ ပြေးကုန်ကြပြီပေါ့။ မယက တို့ကတော့ ကြော်ငြာတွေ ဘာတွေ လုပ်ထားတယ်။ မိုင် ၇၀ ၈၀ နှုန်းလို့တော့ ပြောတယ်။”
တောင်ကုတ်မြို့နဲ့ ကျောက်နီမော် ဘက်တွေမှာလည်း နေ့ခင်း ၁၂ နာရီလောက်ကစပြီး လေပြင်း စတင်တိုက်ခတ်ခဲ့ရာမှာ မိုင် ၃၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒေသခံတွေရဲ့အပြောအရ အပြောအရ မာန်အောင်ကျွန်းဘက်မှာ တိုက်တဲ့လေဟာ ပိုပြင်းတယ်လို့လည်း သိရပါတယ်။ မာန်အောင်ကျွန်းဘက်ကိုတော့ ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ မုန်တိုင်းဗဟိုဟာ ညနေ ၆ နာရီခွဲလောက်မှာ ရခိုင်ကမ်းရိုးတမ်းကို ၀င်ရောက်နိုင်ကြောင်း ဖော်ပြပါတယ်။ ဦးထွန်းလွင်က ဒီမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတမ်းကို ဖြတ်ကျော်ပြီးရင် အတွင်းပိုင်းကို ဆက်လက် ၀င်ရောက်နိုင်မယ်လို့ ခန့်မှန်းပါတယ်။
“ဒီလောက်အထိ တက်လာပြီးရင် သူ ချက်ချင်းတော့ အားပျော့ ပျက်သွားမယ်လို့တော့ မထင်ဘူးဗျ။ ဒီကောင်မနက်ဖြန် ညနေလောက် အထိတော့ ဆက်ရှိမယ်လို့ ကျနော် ထင်တယ်။ ကုန်းတွင်းပိုင်းကို ဆက်သွားမှာပေါ့နော်။ ရခိုင်ရိုးမကို ကျော်ရမှာပေါ့လေ။ ကျော်ပြီးတော့ အရှေ့ဘက်ကို ဆင်းလိုက်တာနဲ့ အဓိက သူ့ရဲ့ affect ရှိမယ့် ဧရိယာကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းပါပဲ။ နံပါတ်တစ်က မကွေးက စမယ်ပေါ့။ မကွေးပြီးရင် မန္တလေး၊ ပြီးရင် စစ်ကိုင်းအောက်။ ဒီ ၃ ခုကတော့ မိုးရနိုင်တယ်လို့ ကျနော် ထင်ပါတယ်။”
ဒီကနေ့မှာတော့ ရခိုင်ကမ်းရိုးတမ်းက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း စတဲ့မြို့တွေကို ပျံသန်းမယ့် ပြည်တွင်း လေကြောင်း ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းထားပါတယ်။ မုန်တိုင်းငြိမ်သက်သွားမှ ပုံမှန်ခရီးစဉ်တွေ ပြန်စမယ်လို့ စစ်တွေမြို့က ရန်ကုန်အဲဝေး လေကြောင်းလိုင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
Eleven Media Group ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ရခိုင်ကမ်းရိုးတမ်းသာမက မြစ်ဝကျွန်းပေါ်က ရေကြောင်းခရီးစဉ်တွေကိုပါ ယာယီ ရပ်ဆိုင်းထားတယ်လို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။Rest of your post
အပြည့်အစုံသတင်းဖတ်ရန်....
နအဖ စစ်တပ်တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအားနှိပ်ကွပ်
သျှမ်းသံတော်ဆင့်
အေက်တိုဘာ၊၂၂ရက်
သျှမ်းပြည်အလယ်ပိုင်း လှုပ်ရှားသည့် နအဖ တပ်တခု ကျေးလက်လူထု၏ ထော်လာဂျီချောဆွဲကာ ရွာအပြင်ဘက်အရောက် လက်နက်ခဲယမ်းပစ်ဖေါက်ပြီး ဟန်ဆောင်တိုက်ပွဲနွဲကာ အနီးပါတ်ဝန်း ကျင်ကရွာသားများအားအကြောင်းမဲ့နှိပ်ကွပ်၊ ခြိမ်း ခြောက်နေသည်ဟု စုံစမ်းသိရှိရပါသည်။
       “ခလရ ၂၈၆ က ဗမာစစ်သားတစု မိုင်းနန်းက ထော်လာဂျီချောခေါ်ပြီး မိုင်းနန်းတောင်ဘက် ( ၃ မိုင်လောက် ၀မ့်အစ်ရွာ လမ်းခွဲ) မှာ သေနတ်ဖေါက်တယ်၊ ပြီးတော့အဲဒီအနီးအနားက ရွာတွေထဲ ၀င်ပြီး သျှမ်းတပ်နဲ့တိုက်ပွဲဖြစ်တာ ရွာသားတွေ သျှမ်းသူပုန်တွေအကြောင်းသတင်းမပို့လို့ဆိုပြီး စစ် ဆေးမေးမြန်းရိုက်နှက်တယ်” - ဟု အမည်မဖေါ်လိုသည့်အသက် ၂၀ ကျော်လူငယ်တဦးက ပြော ပါသည်။ 
        အောက်တိုဘာ ၂၀ ရက်နေ့၌ ခလရ ၂၈၆ မှ ဗိုလ်ကြီးရဲမြင့်ဦးဆောင်သည့် အင်အား ၁၀ ယောက်ကျော်က မိုင်းနန်းရွာ တောင်ဘက် ၀မ့်အစ်ရွာလမ်းခွဲအရောက် M 79 ၇-၈ ချက် နှင့် လက်နက်ငယ်များပစ်ဖေါက်ကာ တိုက်ပွဲအတုဆင်နွဲခဲ့ခြင်း ဖြစ်သည်ဟုဆို၏။
     “သျှမ်းသူပုန်နဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီး အနီးအနားရှိ ၀မ့်ဟိုပုံ နဲ့ ၀မ့်နမ့်ပန်ရွာတို့ကို ၀င်ရောက်ပြီး တအိမ်တက်ဆင်း ထမင်း အိုး၊ ဟင်းအိုးကအစ ဆန် ဆီ ဆား ပေါက်တူး ပေါက်ပြား ကြက်ဝက် တွေ့တာ အကုန်ယူတယ် အိမ်ရှင်မရှိရင်/ သော့ခတ် ထားရင် တံခါးဖျက်ပြီးဝင်တယ်” ဟု မိုင်းနန်း ဒေသခံတဦးက ပြော၏။
    ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စုသည် အသွင်ပြောင်းရေးလက်မခံသည့် အပစ်ရပ်သျှမ်းပြည် တပ်မတော် (တပ်မဟာ ၁) ၏ ထိန်းချုပ်နယ်မြေဖြစ်ပါသည်။
အပြည့်အစုံသတင်းဖတ်ရန်....
စစ်တွေမှ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် နည်းပေါင်းစုံဖြင့် ခြိမ်းခြောက် စည်းရုံးခံနေရ
ထွန်းထွန်း
အောက်တိုဘာ၊၂၁ရက်
စစ်တွေမှ စည်ပင်ရုံး
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရုံးဝန်ထမ်းများအား ကြံဖွံ့ပါတီကိုမဲထည့်ရန် နည်းပေါင်းစုံဖြင့် ခြိမ်းခြောက် စည်းရုံး နေကြောင်းမြို့ခံတချို့ပြောချက်အရသိရသည်။ စစ်တွေလမ်းမတော်ရပ်ကွက်မှ ရုံးစာရေးမ တဦးကို မေးမြန်းကြည့်ရာသူမကယခုကဲ့သို့ ပြောသည်။
“ကျွန်မတို့ ရုံးဝန်ထမ်းတွေ ဆိုလို့ရှိရင် အကုန်လုံး ကြံ့ဖွတ်ကို မဲပေးရမယ့် အနေအထား ရှိပါတယ်။ အစိုးရ ၀န်ထမ်းဆိုတာ အထက် အရာရှိက ဘာညွန်ကြားသလဲ။ ညွှန်ကြားတဲ့ အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ လိုတယ် ဆိုပီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်မတို့ရုံးမှာ ခုလို ညွှန်ကြားထားတာတွေ ရှိပါတယ်။ အထက်အကြီးတွေက အမှုထမ်း တွေကို ပြောထားတာကတော့ ဒီစကားတွေကို အပြင်မထွက်စေနဲ့၊ ပါးစပ်က ပေါက်ကြားတဲ့သူကို အလုပ်ပြုတ်မယ်ဆိုပြီး ပြောထားတယ်လေ” ဟုပြောသည်။
သို့သော်လည်း အများစု ၀န်ထမ်းများမှာ စစ်အစိုးရ လက်အောက် လစာ မလုံလောက်သည့် အပြင် ဆိုးဝါးလှသော စနစ်အောက်တွင် ကြမ်းတမ်းလှစွာ ရုန်းကန် လူပ်ရှားနေကြရသဖြင့် စစ်အစိုးရ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်မည်ကို မလိုလားသူ များနေကြသည်ဟု သိရသည်။
“ ခုလို အထက်က ညွှန်ကြားထားတာတွေ ရှိပေမယ့် ကျွန်မတို့ ၀န်ထမ်းတွေကြားမှာတော့ ကြံ့ဖွံ့ ပါတီကို မဲပေးမယ်ဆိုပီး အားတက်သရော ပြောဆိုသူက တအားနည်းပါတယ်။ ရွေးကောက်ပွဲရရက်ရောက်မှ ဘဲ ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။
တခြား အစိုးရ၀န်ထမ်းများအား မေးကြည့်ရာတွင်လည်း ယခု ရွေးကောက်ပွဲမှာ “ လုပ်” ရွေးကောက်ပွဲ ဖြစ်မည် ဖြစ်သောကြောင့် အများက အထူးတလည် စိတ်ဝင်စားမူ မရှိကြောင်း ပြောသည်။
မောင်တောမြို့မှ ရခိုင် အမျိုးသား နစက တစ်ဦးက “ ကျွန်တော်တို့ဆီမှာ ဘယ်အဖွဲ့ကို မဲပေးရမယ် ဆိုပီး ခုချိန်ထိ ညွှန်ကြားချက် ထုတ်တာ မရှိဘူး။ ကျွန်တော်တို့ တပ်တွင်းမှာ အောက်ခြေ ရဲဘော်တွေက မကျေနပ်မူတွေ များနေတဲ့ အတွက် အထက်အရာရှိလောက်ဘဲ ကြံ့ဖွံ့ကို မဲပေးကောင်း ပေးနိုင်ပါတယ်။ အောက်ခြေကတော့ ပေးချင်သူကို ပေးသွားကြမယ် ထင်ပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ရခိုင်ပြည်၌ ကြံ့ဖွတ်ပါတီမှမြို့နယ်တိုင်းလိုလိုတွင် ဒေသခံလူထုများကို အခွင့်ရေးပေး စည်းရုံးနေသည်ဟု သိရသည်။
“သူတို့ပြောတာက ငါတို့ပါတီကိုမဲထည့်ပါ။ ငါတို့ပါတီဟာအင်အားလည်းကောင်းတယ်။ ပါတီဘဏ္ဍာငွေလည်း ရှိတယ်။ ငါတို့ပါတီသာနိုင်ရင် မင်းတို့ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ရခိုင်တပြည်လုံး တိုးတက် ဖွံ့ဖြိုးအောင် လုပ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်။ သူတို့ရှေ့ထက်မှာတော့ခေါင်းညိတ်လိုက်ရတယ်ဗျာ။ ဒါပေမယ့် အများအားဖြင့် လူတွေက ကိုယ့်ရခိုင်ပါတီကိုသာ မဲပေးဖို့ လူတွေ များတယ်“ ဟု အိုးတန်း ရပ်ကွက်နေ နိုင်ငံရေးတက်ကြွ သူတဦးကပြောသည်။
လွန်ခဲ့သော တနင်္လာနေ့က စစ်တွေမြို့ လမ်းမတော်ရပ်ကွက်တွင် ကြံ့ဖွတ်ပါတီမှ မဲဆွယ်စည်းရုံးရာတွင် စုစု ပေါင်းလူအင်အား ၂၀ ခန့်သာတက်ရောက်ခဲ့သည်ဟုကိုယ်တိုင်ပါဝင်ခဲ့သူလူငယ်တဦးကပြောသည်။
ကျောက်ဖြူမြို့ခံတဦးကလည်း “ ကြံ့ဖွတ်တွေက ရပ်ကွက်တွေမှာလူတွေကိုပြောနေတာက ငါတို့ ပါတီကို မဲပေးကြပါ။ ခုပြိုင်မယ့် ပါတီတွေ အထဲမှာ ငါတို့ပါတီက အကြီးဆုံးဖြစ်တယ်။ အစိုးရ လုပ်နိုင်တဲ့ ပါတီ ဖြစ်တယ်။ ငါတို့ ပါတီ အနိုင်ရရင် မင်းတို့ ကျောက်ဖြူမှာလိုအပ်တာ ကိုဖြည့်ဆည်းပေးမယ်ပြောတယ်။ ဒါပေမယ့် လူတွေက သိပ်နားမထောင်ကြဘူး။ အများအားဖြင့် ခုရွေးကောက် ပွဲကို စိတ်မ၀င်စားသူ များပါတယ်။” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့်ပါတီများမှာ ဒီမိုကရက်တစ်ပါတီ( မြန်မာ)၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊၊မြို(ခေါ် )ခမီးအမျိုးသားညီညွတ်ရေးအဖွဲ့နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုသတင်းရရှိသည်။
အပြည့်အစုံသတင်းဖတ်ရန်....
အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်
သတင်-ဧရာဝတီ
ရန်ပိုင် 
အောက်တိုဘာ၊၂၂ရက်
စစ်အစိုးရသည် နိုင်ငံတော်အလံအသစ် ပြောင်းလဲသုံးစွဲခြင်းကို ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူပြီး မှသာ အသုံးပြုသင့် သည်ဟု နိုင်ငံရေးပါတီများက ဝေဖန်ကြောင်း သိရသည်။ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “လွှတ်တော်ခေါ်ပြီးမှပဲ လုပ်ရမှာ။ အခု နည်းဥပဒေတွေ ဘာတွေနဲ့ ကြားဖြတ် အမြန်လုပ်လိုက်တာ ဗေဒင်အရလား၊ အထက်ဆရာကြီးတွေ အမိန့်အရလားတော့ မသိဘူး” ဟု ပြောသည်။အလံအသစ်လွှင့်ထူခြင်းကို အစိုးရဌာနများတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီများသို့ အလံသစ်လွှင့်တင်ရန် အာ ဏာပိုင်များက တိုက်တွန်းခြင်း မရှိသေးဟု ဦးသုဝေက ပြောသည်။ နိုင်ငံတော်အလံသစ်ကို ယမန်နေ့ ညနေ ၃ နာရီတွင် လွှင့်တင်ခဲ့ပြီး အလံဟောင်းကိုလည်း မီးရှို့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ထိုသို့ မီးရှို့ခြင်းသည် ဗေဒင်ယတြာသဘောမျိုး ပိုဆန်ကြောင်း၊ တကယ်မီးရှို့သည်ဆိုလျှင်လည်း နိုင်ငံတော်အလံအား မလုပ်သင့်သည့် အပြုအမူတခုဖြစ်ကြောင်း ဦးသုဝေက ဝေဖန်သည်။ ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် အဆိုပါ အလံသစ်လွှင့်တင်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီရုံးတွင် ပြုလုပ်ရာ ၀န်ကြီးချုပ် ဦးသိန်းစိန် တက်ရောက်အလေးပြုကြောင်း၊ ထို့အပြင် နိုင်ငံတော် အလံ၊ အထိမ်းအမှတ်တံဆိပ်၊ နိုင်ငံတော်သီချင်းနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေကလည်း လက်ရှိအနေအထားတွင် NDF ပါတီအနေဖြင့် နိုင်ငံတော်အလံဟောင်းကိုသာ လွှင့်တင်ထားကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင် အမိန့်တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်း ပြောသည်။
“တရားဝင်အမိန့်နဲ့ ညွှန်ကြားလာရင်တော့ တင်ရမှာပေါ့။ ကျနော်တို့အားလုံးက ဒီဥပဒေအောက်မှာ ရှိနေတာပဲ” ဟု ၎င်းက ပြောသည်။
တရားဝင် လုပ်ထုံးလုပ်နည်းအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးမှသာ အသက်ဝင်မည်ဖြစ်၍ နိုင်ငံတော်အလံကိစ္စကိုလည်း ထိုအခါမှသာ ပြဋ္ဌာန်းသင့်သည်ဟု ဦးခင်မောင်ဆွေက ထောက်ပြသည်။
ထိုအလံသစ်သည် ပြည်ထောင်စုသဘော မဆောင်သည့်အပြင် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း လက္ခဏာများလည်း မပါကြောင်း၊ယခုသွားမည့် ဒီမိုကရေစီအရေးကို ရှေးရှုသည့် အသွင်လည်း မဆောင်ကြောင်း၊ ထို့အပြင် ကြယ်ဖြူဆိုသည်မှာ တော်လှန်ရေးအသွင်ကို ဆောင်သည့်အတွက် ယခုခေတ်နှင့် ကိုက်ညီခြင်း မရှိကြောင်း ဦးခင်မောင်ဆွေက ဝေဖန်ပြောဆိုသည်။
ယခု အသစ်ပြဋ္ဌာန်းလိုက်သည့် အလံသည် နောက်ခံ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် သုံးရောင်ခြယ် အပေါ်တွင် ကြယ်ဖြူကြီးတလုံး ပါဝင်သည်။ သုံးရောင်ခြယ်အလံသည် ယခင် အင်္ဂလိပ် ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းစဉ်က ဦးဆောင်ခဲ့သည့် “တို့ဗမာ အစည်းအရုံး” ၏ အလံအရောင်ဖြစ်ပြီး ကြယ်ဖြူသည်လည်း ဂျပန်ကိုတော်လှန်ခဲ့သည့် တော်လှန်ရေးသင်္ကေတ အမှတ်တံဆိပ် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း အခြေခံဥပဒေ အတည်ပြု အသက်ဝင်မှသာလျှင် အလံနှင့် နိုင်ငံတော်သီချင်းတို့သည် တရားဝင်သည်ဟု သတ်မှတ်ရမည်ဖြစ်ပြီး အလံသစ်သည် တရားမ၀င်သေးကြောင်း၊ အလံတော်နှင့်ပတ်သက်၍ နိုင်ငံတော်အလံသာမက အဖွဲ့အစည်းတခု၏ အလံတော်တွင်ပင် စည်းကမ်းဥပဒေများ ရှိကြောင်း ပြောသည်။
“အသက်မ၀င်သေးဘဲနဲ့ အလံထောင်ခွင့် မရှိဘူး။ မြန်မာပြည်မှာ တရုတ်နိုင်ငံအလံ လွှင့်ချင်ရင်တောင် သတ်မှတ်တဲ့နေ့မှသာ ထူခွင့်ရှိတယ်လို့ ပြဋ္ဌာန်းချက်ရှိတာ” ဟု ဦးဝင်းတင်က ပြောသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြဋ္ဌာန်းပြီး နိုင်ငံတော်အလံသစ်ကို လွှင့်ထူစဉ်ကပင် ပြည်သူလူထု၏ ဆန္ဒကို အသေအချာတောင်းခံပြီးမှ အတည်ပြုခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ပြဋ္ဌာန်းခဲ့သည့် အလံသည်ပင် ထိုင်ဝမ်နိုင်ငံ၏ အလံနှင့် ဆင်တူသည့်အတွက် ကန့်ကွက်မှုများပင် ရှိခဲ့သည်ဟု ဦးဝင်းတင်က ရှင်းပြသည်။
မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်က ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ကို ဖွဲစည်းပုံအခြေခံ ဥပဒေနေ့ဟု တရားဝင် သတ်မှတ်ပြီးမှ ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် အလံတော်အသစ်ကို တရားဝင်လွှင့်ထူခြင်း ဖြစ်သည်ဟု သိရသည်။
ယခင် နိုင်ငံတော်အလံဟောင်းကို သမ္မတ ဦးနေ၀င်း ဦးဆောင်သည့် မဆလ က ၁၉၇၄ ခုနှစ်တွင် အခြေခံ ဥပဒေအသစ်နှင့်အတူ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မဆလ အစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့သည်။ မဆလပါတီကို အမည်ပြောင်းထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကမူ အစိုးရထုတ်ပြန်သည့် ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေ ဖြင့် အလံဟောင်းကို ဆက်လက် လွှင့်ထူခြင်း မရှိတော့ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ရှေးမြန်မာဘုရင်များခေတ် ကဒေါင်းအလံ၊ ဒေါင်းရုပ်ပါ တို့ဗမာအစည်းအရုံး သုံးရောင်ခြယ်အလံ၊ တူတံစဉ်ပါ တို့ဗမာ အစည်းအရုံး သုံးရောင်ခြယ် အလံ၊ ယူနီယံဂျက်နှင့် ဒေါင်းရုပ်ပါအလံ၊ ဂျပန်ခေတ် ဘီဒီအေအလံ၊ ဂျပန်ခေတ် တော်လှန်ရေး အလံ၊ လွတ်လပ်ရေးရပြီးခေတ် အလံနှင့် ယခု ဖျက်သိမ်းလိုက်သော မဆလခေတ် အလံတို့ကို ခေတ် အဆက် ဆက် အသုံးပြုခဲ့ကြသည်။
အပြည့်အစုံသတင်းဖတ်ရန်....
ပြည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
လင်းနိုင်ဦး /
၂၂ အောက်တိုဘာ
လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူအများစုသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမျှမသိဘဲ မဲပေးကြရမည့်အခြေအနေ ရှိကြောင်း ပြည်တွင်းမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။
ရန်ကုန်မြို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တဦးက “အဓိက ကတော့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို ဘယ်ကမှ လွယ်လွယ်ကူကူ မရကြဘူး။ ပြည်တွင်းထုတ် ဂျာနယ်တွေ ဝယ်ဖတ်ဖို့ဆိုတာ တစောင် ကျပ် (၅ဝဝ) ဆိုတော့ မတတ်နိုင်တဲ့သူများတယ်။ အဲဒီ ဂျာနယ်တွေထဲမှာလည်း သူတို့နဲ့ တိုက်ရိုက်ဆိုင်တဲ့ သတင်းအချက်အလက်တွေက သိပ်မပါဘူး။ နယ်က ပြည်သူတွေ ဆိုရင်တော့ ပိုဆိုးတယ်။ ဘာမှ မသိကြဘူး။ ဒီလိုနည်းနဲ့ ဘာမှမသိဘဲ မဲပေးတဲ့နေ့ရောက်ပြီး အစိုးရက ဖိအားပေးရင် မဲသွားပေးကြရတော့မယ်” ဟု ရှင်းပြသည်။ဥပမာအားဖြင့် လှိုင်သာယာတွင် နေထိုင်သူတဦးဖြစ်သည်ဆိုပါက ပြည်သူ့လွှတ်တော်အတွက် လူ (၈) ယောက်ထဲမှ (၁) ဦး၊ အမျိုးသားလွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး၊ ရန်ကုန်တိုင်း လွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး စသဖြင့် လူ (၁၆) ယောက်ထဲမှ (၃) ဦးကို ရွေးချယ်မဲပေးရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးချယ်ရာတွင် အဆိုပါသူများသည် မည်ကဲ့သို့လူများဖြစ်ကြောင်း သတင်းအချက်အလက်များကို မည်သည့်နေရာကမှ မရနိုင်သည့်အတွက် ဘာမျှမသိဖြစ်နေကြောင်း အဆိုပါ ရွေးကောက်ပွဲ လေ့လာသူတဦးက ပြောသည်။
“ဒါတင်မက မဲစာရင်းတွေကို သွားမကြည့်ထားကြလို့ မဲပေးခွင့် ရှိမရှိ ဆိုတာလည်း မသိကြဘူး။ မဲရုံက များပြီး ဘယ်မဲရုံကို မဲသွားပေးရမယ် ဆိုတာကိုလည်း မသိကြဘူး” ဟု၎င်းက ဆက်လက်ရှင်းပြသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတဦးကလည်း ၎င်းတို့ပါတီမှ ကျေးရွာများသို့ ဆင်းသည့်အခါ မဲစာရွက်ပုံ ကပ်ပြားအကြီးကြီး လုပ်ပြီး မည်ကဲ့သို့ မဲပေးရမည်ကို အဓိက ပညာပေးနေရကြောင်း ခေတ်ပြိုင်သို့ ပြောသည်။
၎င်းက “တကယ့်တကယ် ပြည်သူတွေ မဲရုံထဲရောက်သွားရင် မဲကဒ်ပြား အနည်းဆုံး (၃) ခု တွေ့ရမှာဖြစ်ပြီး အလွဲလွဲအမှားမှား ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မဲရုံတာဝန်ရှိသူတွေက ဒီ နေရာမှာ ဖြည့်ဆိုပြီး လမ်းညွှန်လိုက်တာကို လိုက်လုပ်မှာကိုလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။
နအဖ စစ်အစိုးရအနေဖြင့် ပြည်သူများ မည်သို့မဲပေးရမည်ဆိုသည်ကို ရုပ်မြင်သံကြားမှ အချိန်အနည်းငယ် လွှင့်ပြရုံနှင့် မလုံလောက်ဘဲ အစိုးရ နေ့စဉ်သတင်းစာမှ နေ့စဉ်ရက်ဆက် ဖော်ပြပေးရမည်ဖြစ်ကြောင်း ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ပြောသည်။
၎င်းက “ဒါတင်မက နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာမရှိတဲ့ ဒီတိုင်းပြည်မှာ တတိုင်းပြည်လုံးက ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိနားလည်ဖို့ ဆောင်ရွက်ပေးဖို့က ကော်မရှင်ရဲ့ တာဝန်ဖြစ်တယ်၊ ကော်မရှင်က ဘာသတင်းထုတ်ပြန်မှုမှ မလုပ်တဲ့အတွက် ရွေးကောက်ပွဲ ဖြစ်စဉ်တလျှောက်လုံး ပြည်သူတွေ သတင်းအချက်အလက် မှန်မှန်ကန်ကန် မရကြဘူး” ဟုပြောသည်။
တပြည်လုံး မဲဆန္ဒနယ် စုစုပေါင်း (၁၁၅၉) နေရာ ကျင်းပမည် ဆိုသည်ကိုပင်လျှင် ပြီးခဲ့သည့် (၁၈) ရက်၊ နေပြည်တော် သတင်းစာရှင်းလင်းပွဲနေ့ကျမှ သတင်းထောက်များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများနှင့် နိုင်ငံတကာက သိရခြင်းဖြစ်ကြောင်း၊ ပြည်သူများ မည်သည့်သတင်းအချက်အလက်မှ မရဘဲ မဲပေးကြရမည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု မပြောနိုင်ကြောင်း အဆိုပါ သတင်းအယ်ဒီတာက ဆက်လက်ရှင်းပြသည်။
မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ် အစရှိသည့် မြို့ကြီးအချို့မှ ပြည်သူအချို့ထံ ခေတ်ပြိုင်မှ လက်လှမ်းမီသမျှ ဆက်သွယ်မေးမြန်းရာတွင် အများစုက ရွေးကောက်ပွဲမဲစာရင်းတွင် မိမိတို့အမည် ပါမပါ သွားမကြည့်ကြကြောင်း၊ မည်သူပါဝင်အရွေးခံ၍ မည်သူ့ကို မဲပေးရန် မသိရှိသူက များနေပြီး မဲသွားပေး မပေးဆိုသည်မှာ အခြေအနေအရဟုသာ ဖြေကြားကြသည်။
နှစ်ပေါင်း (၂ဝ) ကြာ ရွေးကောက်ပွဲ မရှိခဲ့သည့် မြန်မာနိုင်ငံအနေနှင့် ယခု စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲ ပုံစံသည် ယခင် အချိန်များကနှင့်မတူ ပိုမိုရှုပ်ထွေးပြီး ပြည်သူများသည် လွှတ်တော် (၃) ရပ်အတွက် လူ (၃) ဦးကို တပြိုင်တည်း ရွေးချယ်မဲ ပေးရမည့်အပြင် တိုင်းရင်းသားလူမျိုးဖြစ်ပြီး မဲစာရင်းထဲ ကိုယ့်နာမည်ပါပါက တိုင်းရင်းသားမဲ တမဲကိုပါ ထပ်ပေးရဦးမည် ဖြစ်သည်။
ယခုကဲ့သို့ မဲပေးပုံ ရှုပ်ထွေးခြင်းကြောင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများကိုယ်တိုင် ယနေ့ထိ မဲရုံသင်တန်းများ ပေးနေရဆဲဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသတင်းဖတ်ရန်....
ယတ်တော မွှေတဲ့မီးကြောင့် ဒေါ်စုတရားရုံးတက်နေရဆဲ
ဒေါ်စုအမှု ၂၉ ရက်နေ့ ဟိုက်ကုတ်မှာ လျှောက်လဲမယ်
ချင်းမိုင်(မဇ္စျိမ) 
ဖနိဒါ | အောက်တိုဘာလ ၂၁ ရက်
asskအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ဒေါ်ခင်ခင်ဝင်း သားအမိတို့ အထူးအယူခံ လျှောက်ထား ချက်ကို လာမည့် ၂၉ ရက်တွင် နေပြည်တော်ရှိ ဗဟိုတရားရုံးချုပ်၌ နှစ်ဖက်ရှေ့နေများ ကြားနာမည်ဖြစ်သည်။
ယခုလ ၁၈ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ပြင်ဆင်ခွင့် အယူခံအား ရန်ကုန် ဗဟိုတရားရုံးချုပ်တွင် တရားသူကြီး ၃ ဦးထိုင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ကြားနာခဲ့ရာမှ မနေ့က လက်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်တို့ အထူးအယူခံ လျှောက်ထားချက်ကို လာမည့် ၂၉ ရက်တွင် တရားရုံးချုပ် နှစ်ဘက်ရှေ့နေများ ကြားနာ “မနေ့က နှစ်ဘက်လျှောက်လဲချက်ပေးဖို့ လက်ခံလိုက်တယ်။ ဒီလ ၂၉ ရက်မှာ  လျှောက်လဲမယ်။ အပြင် notice မှာ ရေးထားတယ်။  အရင်လျှောက်လဲချက်အပေါ် ထပ်ဖြည့်ပြီး ဒီရက်ပိုင်းမှာ လျှောက်လဲချက်တွေကို ပြင်ဆင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဒေါ်ခင်ဌေးကြွယ်က မဇ္ဈိမကို ပြောသည်။
“နေပြည်တော်မှာ လျှောက်လဲချက်ပေးပြီးရင် နောက်ဆုံး အမိန့်ချမှာကတော့ တချို့လဲ တပတ်အတွင်း ချတယ်။ တချို့လဲ ၂ ပတ်အတွင်းချတယ်” ဟု သူက မဇ္စျိမကို ပြောသည်။ နေပြည်တော် ဗဟိုတရားရုံးချုပ် တရားသူကြီး ၅ ဦးထိုင်ဖြင့် ကြားနာမည်ဟု ရှေ့နေ ဦးကြည်ဝင်းကလည်း ပြောသည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာ ၇ ရက် ပြုလုပ်မည့် ရွေး ကောက်ပွဲပြီးနောက် ၁၃ ရက်တွင် လွှတ်မြောက်ရမည်ဖြစ်သည်။ သို့သော် စစ်အစိုးရက မည်သို့မှ မပြော ဆို၍ ရှေ့နေများက အယူခံ ဆက်တင်သွင်းခဲ့သည်။
    ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၃ တွင် ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်မှု အခြေအနေများကြောင့်   ၁၉၇၄ အခြေခံ ဥပဒေ ရပ်ဆိုင်းသွားပြီဟု ကြေညာ ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော  ကန့်သတ်ချက်များ ပျက်ပြယ်သွားပြီဟု ရှေ့နေများက ပြင်ဆင်ချက် တင်သွင်းခဲ့သည်။အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော သူ့အိမ်တွင်းကို မခေါ်ဘဲ ဝင်ခဲ့သဖြင့် သူ့ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ် လ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
     အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့ကိုလည်း နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလို သူကို ကူညီမှု ပုဒ်မ ၂၂/၁ဝ၉ ဖြင့် ပြစ်ဒဏ်တူ ချမှတ်ခဲ့သည်။ သို့သော် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လသို့ လျှော့ချပေးခဲ့သည်။ ထိုပြစ်ဒဏ် အယူခံကို မနှစ် စက်တင်ဘာ ၄ ရက်က အင်းစိန်ခရိုင် တရားရုံးသို့ တင်သွင်းရာ အောက်တိုဘာ ၂ ရက်တွင် ပလပ်ခဲ့သည်။ ထို့နောက် အမှုပြင်ဆင်ချက်အား တရားရုံးချုပ်သို့ မနှစ် နိုဝင်ဘာက တင်သွင်းခဲ့ရာ ၃ လကျော်ကြာ ၂ဝ၁ဝ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပယ်ချခဲ့သည်။
      ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ ၁၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် Twetter အင်တာနက် ကွန်ရက်ကို အသုံးပြုရန် ဆန္ဒရှိကြောင်း သူ့ ရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် ပြောဆိုခဲ့သည်။
    သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးနှင့် မဲမထည့်၍လည်း ရနိုင်ကြောင်း လှုပ်ရှားမှုများကို ပြည်နယ်နှင့် တိုင်းများတွင် သွားရောက် ဟောပြောလျက် ရှိသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် NLD တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် အချက်ပါရှိသဖြင့် ဆက်လက် ရပ်တည်ခွင့်ရှိရေး ကြားနာမှု လျှောက်လဲချက်ကိုလည်း ယခုလ ၆ ရက်က ဗဟိုတရားရုံးချုပ်က လက်ခံခဲ့ပြီး ဖြစ်သည်။
အပြည့်အစုံသတင်းဖတ်ရန်....
ဒေါင်းအလံ လွှင့်မည့် နေ့  တနေ့ တော့ရောက်လာမှာပါ
စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု 
NEJ / ၂၁ အောက်တိုဘာ ၂၀၁၀
နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲတပ်ဆင်ကြပြီ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။
မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူတဦးက “အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ” ဟု ပြောသည်။ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။
နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အတိုင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရရေဒီယိုမှ ကြေညာသွားသည်။
တံဆိပ်အသစ်နှင့် နိုင်ငံတော်သီချင်းကို မည်သည့်နေ့ရက်တွင် စတင် အသုံးပြုမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။
၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပချိန်မှသာ စတင်၍ အသက်ဝင်မည်ဖြစ်ရာ ယခုလုပ်ရပ်သည် လုပ်ပိုင်ခွင့် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်းမှ ဥပဒေဆိုင်ရာ ပညာပေးရေးသားနေသူ စာရေးဆရာကြီးတဦးက ဝေဖန်သည်။
“၂၀၀၈ အခြေခံဥပဒေက အာဏာစတည်တဲ့နေ့မှ စသုံးလို့ရမှာပေါ့။ အခုလုပ်ရပ်က တရားဥပဒေကို အာဏာနဲ့ မတရားမှု ကျူးလွန်လိုက်တာ၊ လုပ်ပိုင်ခွင့် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အသက်မဝင်သေးတဲ့ ဥပဒေပါ ဖော်ပြချက်တွေကို အသုံးပြုတာ ကြားလို့လည်း မကောင်းပါဘူး။ ဒါက လဲလိုက်လည်း တရားမဝင်ဘူး။ နိုင်ငံတော်အလံဆိုတာ ဥပဒေအတိုင်း မလုပ်ဘဲ အာဏာနဲ့ အတင်းပြောင်းခိုင်းလို့ရတဲ့ အလုပ်လည်း မဟုတ်ဘူးလေ” ဟု အဆိုပါ စာရေးဆရာက ပြောကြားသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့၌ စတင် အသုံးပြုလာခဲ့သော အနီအောက်ခံ၊ ညာဘက်ထိပ် အပြာရောင်လေးထောင့်တွင်းမှ ကြယ်ဖြူ (၁၄) လုံး ဝိုင်းရံထားသော စပါးနှံ ပါရှိသည့် နိုင်ငံတော်အလံအစား အသစ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံတော်အလံအသစ်ကို နိုင်ငံတဝန်းလုံးရှိ အစိုးရဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာနေရာအားလုံး အောက်တိုဘာ (၂၁) ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် လဲလှယ်အသုံးပြုသွားရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ဟိုတယ်တွေ၊ အစိုးရအဆောက်အဦတွေ အားလုံး ကိုယ့်ရဲ့ဌာနဆိုင်ရာ ရုံးတွေမှာ အလံသွားထုတ်ယူဖို့နဲ့ ဒီနေ့ ညနေ (၃) နာရီနောက်ပိုင်း အလံသစ်ကို လဲဖို့ ဒီမနက်ကပဲ ညွှန်ကြားချက် ထွက်လာတာ။ အခု ကျမ သိသလောက်က အားလုံး လဲပြီးနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့များရှိ အစိုးရအဆောက်အဦများတွင်လည်း နိုင်ငံတော်အလံသစ်ကို လဲလှယ်လွှင့်တင်ထားပြီ ဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခု ဇန်နဝါရီ (၄) ရက်နေ့မှစ၍ ယနေ့လဲလိုက်သည့် နိုင်ငံတော် အလံ အပါအဝင် အလံ (၃) မျိုးရှိပြီဖြစ်သည်။
ယနေ့ စတင် အသုံးပြုလိုက်သည့် နိုင်ငံတော်အလံသစ်ကို နယ်ခြားစောင့် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့တို့၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်၌လည်း မြန်မာ စစ်အစိုးရက ထပ်တူ အသုံးပြုခဲ့ပြီး ဖြစ်သည်။
အပြည့်အစုံသတင်းဖတ်ရန်....
အမြဲတမ်းဖြစ်ချင်တာဖြစ်နေတဲ့  မြန်မာပြည်
နိုင်ငံတော်အလံမီးရှို့ခိုင်းသည့်အတွက် ဝန်ထမ်းများ မကျေနပ်
သတင်း- ရိုးမ ၃ ၊October 21
  အထက်အမိန့်အရ ဌာနဆိုင်ရာ ပေါင်းစုံမှ နိုင်ငံတော်အလံအား ချက်ချင်းဖြုတ်ချ မီးရှို့ခိုင်းသည့် အတွက် ဝန်ထမ်းများ မကျေမနပ်ဖြစ်နေကြသည်။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများတွင် လွှင့်တင်ထားသည့် နိုင်ငံတော်အလံအား ယနေ့ မွန်းလွဲ(၃) နာရီအတွင်း အပြီးမီးရှို့ ခိုင်းခြင်း ဖြစ်ကြောင်း ဝန်ထမ်းတဦးက ပြောသည်။
“နိုင်ငံတော်အလံတွေကို ဖြုတ်ချပြီး မီးရှို့ဖျက်ဆီးတယ် (၃) နာရီထိုးမှာ အပြီးလုပ်ရမယ်ဆိုပြီး အရေးပေါ်လုပ်တာ၊ အားလုံးက စိတ်မကောင်းကြဘူး၊ အလံတွေကို ဘာကြောင့်ဖြုတ်ချ မီးရှို့ခိုင်းတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။
ယင်းကဲ့သို့ အလံများကို ချက်ချင်းဖြုတ်ချမီးရှို့ပြီးနောက်သက်ဆိုင်ရာအာဏာပိုင်များက ပေးလာမည့် အလံမရမချင်း အခြားမည်သည့်အလံမှ တင်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့ပေးမဲ့အလံ မရောက်မချင်း ဘယ်အလံမှ မတင်ရဘူး အထက်ကအမိန့်လို့ ပြောတယ်၊ အလံကို ဖြုတ်ချပြီး ခဏသိမ်းဆိုတော်သေးတယ်၊ အခုလို လုပ်ခိုင်းတာ လုံးဝကို နားမလည်ဖူး” ဟု ပြောသည်။
အခု မီးရှို့ဖျက်ဆီးခဲ့သည့် နိုင်ငံတော်အလံသည် အနီရောင်နောက်ခံ ဘက်ဝဲဘက်ထောင် အပြာရောင်လေးထောင့်ကွက်ပါရှိပြီး အဆိုပါ အပြာရောင်လေးထောင်ကွက်အလယ်အတွင် အဖြုရောင် စပါးနှံခွေးသွားစိပ်တို့ကို ကြယ်ဖြူ (၁၄)လုံးက ၀န်းရံထားသည့် အလံတော်ဖြစ်သည်၊ ၎င်းအလံတော်ကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် ဖေဖေါ်ဝါရီလ (၃)ရက်နေ့က စတင်ပြီး ယနေ့ မနက်ပိုင်းအထိ အသုံးပြုခဲ့သည့် အလံတော်ဖြစ်သည်။
အခုရက်ပိုင်းအတွင်းမှာ အမှတ် (၁) စက်မှူဝန်ကြီးဌာနက ရန်ကုန်အထည်ချုပ်စက်ရုံတွေကို စစ်အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေတွင် အတည်ပြုထားသည့် နိုင်ငံတော်အလံသစ်ကို ပြောင်းလဲအသုံးပြုဖို့ အလံတစ်သိန်းခွဲ အချုပ်ခိုင်းခဲ့ပြီး အောက်တိုဘာလ (၂၁) ရက်နေ့ အပ်ဖို့လည်း ညွန်ကြားထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့သည်။
အပြည့်အစုံသတင်းဖတ်ရန်....
Thursday, October 21, 2010
နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည်
သတင်း- ဧရာဝတီ 
October 21
လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ သဘောအရ စတင် အစားထိုးပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ အသိုင်းအဝန်းက ဆိုသည်။
အလံဟောင်းများကို တပြိုင်နက်တည်း မီးရှို့ဖျက်ဆီး ကာ မြေမြှုပ်မည် ဖြစ်သည်အဆိုပါ နိုင်ငံတော်အလံ သစ်တွင် အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ် ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။
     ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ် လွှင့်တင်ပွဲကို ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
       အလံတင်အခမ်းအနား များပြုလုပ်ရာတွင် အလံဟောင်းကို အင်္ဂါသားသမီး ၀န်ထမ်းများက ဖြုတ်ချရမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည့် ၀န်ထမ်းများက အလံသစ်ကို လွှင့်တင်ကြရမည် ဖြစ်ကြောင်း၊ အဆိုပါအလံသစ် ပြောင်းလဲ လွှင့်ထူခြင်းကို ဗေဒင် ယတြာ သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။
      “ဌာနတွေမှာ အလံသစ်တင်ရင်လည်း အင်္ဂါသားသမီး ၀န်ထမ်းတွေက အလံဟောင်းကို ဖြုတ်ချရမယ်။ ဗုဒ္ဓဟူး သားသမီး တွေက အလံသစ်တင်ရမယ်။ ဒါက မဖြစ်မနေလုပ်ဆောင်ရမယ့် ညွှန်ကြားချက်ပါ” ဟု ၎င်းက ဆိုသည်။ အလံဟောင်းများ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင်ပင် တပြိုင်နက်တည်း ပြုလုပ်ရမည်ဟု သိရသည်။
    “အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း ဖြုတ်ချခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့ အာဏာပြုတ်မကျနိုင်အောင် ယတြာချေလိုက်တာမျိုးဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။အလံတင်အခမ်းအနား ပြုလုပ်သည့် အောက်တိုဘာ ၂၁ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ကျရောက်ပြီး ဗေဒင်သဘောတရားအရ ရက်ရာဇာနေ့ ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင် အလံသစ် တင်မည် ဖြစ်သောကြောင့် ၃ ဂဏန်းသည်လည်း အင်္ဂါနာမ်ဖြစ်သည်ဟု သိရသည်။
     ရှမ်းပြည်နယ်မှ အစိုးရ သစ်တောအရာရှိတဦးကိုလည်း အလံသစ်တင် အခမ်းအနားအတွက် ဖိတ်ကြားထားသည်ဟု ပြောဆိုသည်။ “မွန်းလွဲ ၃ နာရီ အလံသစ်တင်အခမ်းအနားကို ရှမ်းပြည်နယ်တိုင်းမှူးနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အကုန်လုံး တက်ရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သစ်တောဝန်ကြီးဌာန အကြီးအကဲက ပြောသည်။
        ၂၀၀၉ ခုနှစ်အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က သမိုင်းဝင် ရှေးဟောင်း ဓနုတ်စေတီတော် ကြီးကို ထီးတော်တင်လှူပြီးနောက် ရက်ပိုင်းအတွင်း ထူးခြားသော နိမိတ်လက္ခဏာများ ပြသက ပြိုကျသွားခဲ့သည်။ ထိုဖြစ်ရပ် နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် ဗေဒင်ယတြာများကို ယခင်ထက် ပိုမိုယုံကြည် ပြုလုပ်လာကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်း ဆိုသည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ အာဏာတည် မည်ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အလံသစ်ကိုလည်း ယင်းနေ့တွင်မှ စတင်ပြောင်းလဲ အသုံးပြုရမည်ဖြစ်ကြောင်း နိုင်ငံရေးသမားတဦးက ရှင်းပြသည်။
   “ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှ အလံပြောင်းလို့ရမှာ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင် ဗေဒင်သဘောနဲ့ အလံပြောင်းတာက သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေသူတို့ ချိုးဖောက်တာပါပဲ။ အလံတခု ပြောင်းလို့လည်း ကိုယ်ပြုထားတဲ့ မကောင်းမှု အကုသိုလ်တွေ ကွယ်ပျောက် မသွားပါဘူး” ဟု ၎င်းက ဆိုသည်။
 ယနေ့ ညနေ ၃ နာရီခွဲ ခန့်က ရန်ကုန်မြို့တော် ခန်းမ၌ တင်လိုက်သည့် အလံသစ် (ဓာတ်ပုံ - ဧရာဝတီ)
    အသစ်ပြောင်းလဲလိုက်သည့် အလံသစ်များကို တနိုင်ငံလုံးအသုံးပြုနိုင်ရန် အခုရေ ၁ သန်းခန့် စတင်ချုပ်လုပ်နေပြီဖြစ်ကြောင်း၊ အလံ ၁ သိန်း ခွဲကို အမှတ် ၁ စက်မှုဝန်ကြီးဌာနက ချုပ်လုပ်မည်ဖြစ်ပြီး ကျန်သည့် အရေအတွက်ကို တင်ဒါစနစ်နှင့် ခေါ်ယူပြီး ပုဂ္ဂလိက အထည်ချုပ် စက်ရုံများအား အပ်နှံမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နယ်ခြားစောင့်တပ်များ၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်များ ကိုလည်း နိုင်ငံတော်အလံသစ်၏ ပုံစံအတိုင်း အဖြူရောင် ကြယ်ပွင့်ပါ သုံးရောင်ခြယ် အလံတံဆိပ်ပုံစံအဖြစ် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း အတိုက်ခံခဲ့ရသော မေလ အတွင်းတွင် ဆန္ဒခံယူပွဲများ ကျင်းပ အတည်ပြုခဲ့ရာ ပြည်သူ ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အပြည့်အစုံသတင်းဖတ်ရန်....
ကင်တားနား တောင် သိသေးတယ်
အများလက်မခံနိုင်တဲ့ ရွေးကောက်ပွဲဟု ကင်တားနား ပြော
ကိုဝိုင်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၁ ရက
 သတင်း- ချင်းမိုင် (မဇ္ဈိမ)
        အခြေခံ လူ့အခွင့်အရေးများကို တားမြစ် တင်းကျပ်ထားသဖြင့် မြန်မာရွေးကောက်ပွဲမှ အများလက်ခံ နိုင်မည့် ရလဒ်ထွက်လာမည် မဟုတ်ကြောင်း လူ့အခွင့်အရေးသံတမန် မစ္စတာ သောမတ်စ် ကင်တားနားက ယမန်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။
    စစ်အစိုးရ၏ ထောက်ခံမှုမရသော ကိုယ်စားလှယ်လောင်းများအနေဖြင့် “လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် စုဝေးခွင့်” တို့ တင်းကျပ်ခံထားရသည်ဟု သူက ဆိုသည်။ ကုလသမဂ္ဂက တောင်းဆိုထား သော ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရမည်ဆိုသည်ကိုလည်း နအဖက မဖော်ဆောင်သေးကြောင်း ထောက်ပြသည်ဟု ကုလညီလာခံက သတင်းထုတ်ပြန်သည်။
       Tomas-Ojea-Quintanaပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က မနေ့က ထုတ်ပြန်သည့် ယခုနှစ် သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်စံနှုန်း အစီရင်ခံစာတွင် ရဝမ်ဒါ၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နည်းတူ မြန်မာနိုင်ငံတွင်လည်း သတင်းထောက်များကို ပြင်းထန်စွာ ဆက်လက်ဖိနှိပ်နေသည်ဟု ဖော်ပြထားသည်။
     ရွေးကောက်ပွဲ ကျင်းပတော့မည့် မြန်မာနိုင်ငံ၌ လွတ်လပ်မှုအတွက် “နေရာမရှိ” သလို၊ အကျဉ်းချ အဓမ္မခိုင်းစေမှုများအတွက် ထုတ်ဖော်ရေးသားရန်လည်း မလွယ်ကူဟု RSF အစီရင်ခံစာက ဆိုသည်။ စစ်တမ်းပြုခဲ့သော ၁၇၈ နိုင်ငံ၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၄ ဖြစ်သဖြင့် သူ့ထက်ဆိုးသော ၄ နိုင်ငံသာ ကျန်သည်ကို တွေ့ရသည်။
     ရွေးကောက်ပွဲဥပဒေများက မှတ်ပုံတင်ကာလကို ကန့်သတ်ထားပြီး မှတ်ပုံတင်ကြေး မြင့်မားနေမှုနှင့် စည်းရုံးချိန် တိုတောင်းခြင်းတို့ကြောင့် ဝင်ပြိုင်မည့်သူများ အခက်ကြုံနေရမှုကိုမူ မစ္စတာကင်တားနားက ကုလ၌ ထည့်သွင်းပြောဆိုခဲ့သည်။
    ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီ/ငြိမ်း) ဥက္ကဋ္ဌ ဦးအောင်သန်းကလည်း ယှဉ်ပြိုင်ရာတွင် အခြေခံအခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဟု လက်ခံထားသည်။ ရွေးကောက်ပွဲဥပဒေအောက်၌ ပါတီအများစုမှာ အချိန်၊ ငွေနှင့် လူအားတို့ဖြင့် “အဖိခံ” ထားရသည်ဟု ဆိုသည်။
     “ကြံ့ခိုင်ရေးနဲ့ တစညကလွဲပြီး တခြားပါတီတွေကို လာပြီးစည်းရုံးခွင့် မပေးတဲ့ နေရာတွေ ရှိပါတယ်။ လက်ကမ်းစာစောင်တောင်မှ ဝေလို့မရဘူး။ ပဲခူးတိုင်းထဲမှာ ရယကတွေ၊ ရပ်ကွက်ကော်မရှင်တွေက တားတာ။ ကျနော်တို့ကတော့ ဗဟိုကော်မရှင်ကို စာတင်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
    စည်းရုံးရေးအတွက် ဖြန့်ဝေမည့် လက်ကမ်းစာရွက်များနှင့် ရုပ်သံ/ရေဒီယိုတို့၌ ဟောပြောမည့် အချက်အလက်နှင့် အကြောင်းအရာများကိုလည်း ကော်မရှင်နှင့် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ရမှသာ ဖော်ပြ၊ ဟောပြောခွင့် ရကြသည်။ ဒုတိယအကြိမ် ပြန်တင်ပြရသည့်ပါတီများ ရှိသကဲ့သို့ မဟောပြောတော့ရန် ဆုံးဖြတ်ခဲ့သည့် ပါတီများလည်း ရှိသည်။
    ပြည်တွင်းသတင်းထောက်တဦးကမူ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိကျပြီး အသေးစိတ် ဖော်ပြနိုင်ရန် သတင်းရင်းမြစ် အခက်အခဲတချို့ ရှိနေကြောင်းနှင့် အထူးသဖြင့် ကြံ့ဖွံ့ပါတီနှင့် ရွေးကောက်ပွဲကော်မရှင်ထံမှ အများသိလိုသည့် အချက်အလက်နှင့် အကြောင်းအရာများ မသိရကြောင်း ပြောဆိုသည်။
     “ပြည်ခိုင်ဖြိုးပါတီက အချက်အလက် ဘာမှမရဘူးဆိုတာ အဓိကပြဿနာပဲ။ သူတို့ နာမည်ရေးခွင့်မရဘူး။ ပြောခွင့်မရဘူး။ ရုံးဖွင့်တာလောက်ပဲ ရေးခွင့်ရတယ်။ ကိုယ်စားလှယ်လောင်း အတိအကျတို့၊ ပြီးတော့ သူတို့ဆီက ကိုယ်စားလှယ်လောင်းတွေ အလိုလျောက် ရွေးချယ်ခံရတဲ့ မဲဆန္ဒနယ် ၄ဝ နဲ့ ၅ဝ နီးပါးလောက် ပါတယ်။ ဘယ်သူတွေလဲ၊ ဘယ်မဲဆန္ဒနယ်တွေလဲဆိုတာ ဘာမှမရဘူး” ဟု သူက ပြောသည်။
   ကုလအထွေထွေညီလာခံ၌ မစ္စတာကင်တားနားက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကုလစံနှုန်းများအရ စစ်ရာဇဝတ်မှုမြောက်သည်ဟု ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်း တင်ပြခဲ့သည်။ ယင်းရာဇဝတ်မှုများကို စစ်အစိုးရက တာဝန်ယူမဖော်ထုတ်နိုင်သဖြင့် ကုလမှ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့သင့်ကြောင်းလည်း ထပ်မံအကြံပြုတောင်းဆိုခဲ့သည်။
    စစ်အစိုးရကိုယ်စားလှယ် ဦးသန့်ကျော်နှင့် ဦးဝဏ္ဏမောင်လွင်တို့ကမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အပြည့်အဝရှိသည်ဟု ငြင်းဆိုထားခဲ့ပြီးဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားမရှိပဲ “တည်ဆဲ ဥပဒေ” ချိုးဖောက်သဖြင့် အပြစ်ပေးခံနေသူများသာ ရှိသည်ဟု စစ်အစိုးရက တုံ့ပြန်လေ့ရှိသည်။
      ကုလအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း၏ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ် အာရှ ၄ နိုင်ငံခရီးစဉ်ကို နောက်တပတ် စတင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း အာဆီယံ-ကုလ အစည်းအဝေး တွင် မြန်မာ့ လူ့အခွင့်အရေးနှင့် ရွေးကောက်ပွဲကိစ္စများ ဆွေးနွေးမည်ဟု အကဲခတ်များက ယူဆနေကြသည်။
     စစ်အစိုးရ ထောက်ခံမှုမရသည့် အမတ်လောင်းများ “တပန်းရှုံး” သည်က မဲထည့်သည်ကို စောင့်ကြည့်မည့် မဲရုံကိုယ်စားလှယ်များ ချမပေးနိုင်ခြင်းဟု ဒီ/ငြိမ်း ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။ ၁၆ ရက်သာ လိုတော့သည့် “လွှတ်တော်ရွေးကောက်ပွဲ”တွင် ရွေးကောက်ပွဲ လေ့လာသည့် ပြင်ပအဖွဲ့အစည်း များကို လက်ခံမည် မဟုတ်သကဲ့သို့ နိုင်ငံခြားသတင်းဌာနများ၏ ဌာနေသတင်းထောက် များ ရှိပြီးဖြစ်သဖြင့် ထပ်မံဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း အစိုးရ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်၌ မကြာမီက ပြောဆိုခဲ့ပြီးဖြစ်သည်။
အပြည့်အစုံသတင်းဖတ်ရန်....
အလံဟောင်းတောင်မလေးစားခဲ့တာ ဒံပေါက်ရောင် အလံသစ် လောက်တော့
စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု 
NEJ / ၂၁ အောက်တိုဘာ ၂၀၁၀
နိုင်ငံတော် အလံသစ်ကို အစိုးရဌာနများနှင့် အခြား အဖွဲ့အစည်း များတွင် ယနေ့ ပြောင်းလဲတပ်ဆင် ကြပြီ ဖြစ် သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ အတည် ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက် ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့ များဖြင့် နိုင်ငံတော် သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။
မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူတဦးက “အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ” ဟု ပြောသည်။ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။
နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အတိုင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရရေဒီယိုမှ ကြေညာသွားသည်။
တံဆိပ်အသစ်နှင့် နိုင်ငံတော်သီချင်းကို မည်သည့်နေ့ရက်တွင် စတင် အသုံးပြုမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။
၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပချိန်မှသာ စတင်၍ အသက်ဝင်မည်ဖြစ်ရာ ယခုလုပ်ရပ်သည် လုပ်ပိုင်ခွင့် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်းမှ ဥပဒေဆိုင်ရာ ပညာပေးရေးသားနေသူ စာရေးဆရာကြီးတဦးက ဝေဖန်သည်။
“၂၀၀၈ အခြေခံဥပဒေက အာဏာစတည်တဲ့နေ့မှ စသုံးလို့ရမှာပေါ့။ အခုလုပ်ရပ်က တရားဥပဒေကို အာဏာနဲ့ မတရားမှု ကျူးလွန်လိုက်တာ၊ လုပ်ပိုင်ခွင့် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အသက်မဝင်သေးတဲ့ ဥပဒေပါ ဖော်ပြချက်တွေကို အသုံးပြုတာ ကြားလို့လည်း မကောင်းပါဘူး။ ဒါက လဲလိုက်လည်း တရားမဝင်ဘူး။ နိုင်ငံတော်အလံဆိုတာ ဥပဒေအတိုင်း မလုပ်ဘဲ အာဏာနဲ့ အတင်းပြောင်းခိုင်းလို့ရတဲ့ အလုပ်လည်း မဟုတ်ဘူးလေ” ဟု အဆိုပါ စာရေးဆရာက ပြောကြားသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့၌ စတင် အသုံးပြုလာခဲ့သော အနီအောက်ခံ၊ ညာဘက်ထိပ် အပြာရောင်လေးထောင့်တွင်းမှ ကြယ်ဖြူ (၁၄) လုံး ဝိုင်းရံထားသော စပါးနှံ ပါရှိသည့် နိုင်ငံတော်အလံအစား အသစ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံတော်အလံအသစ်ကို နိုင်ငံတဝန်းလုံးရှိ အစိုးရဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာနေရာအားလုံး အောက်တိုဘာ (၂၁) ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် လဲလှယ်အသုံးပြုသွားရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ဟိုတယ်တွေ၊ အစိုးရအဆောက်အဦတွေ အားလုံး ကိုယ့်ရဲ့ဌာနဆိုင်ရာ ရုံးတွေမှာ အလံသွားထုတ်ယူဖို့နဲ့ ဒီနေ့ ညနေ (၃) နာရီနောက်ပိုင်း အလံသစ်ကို လဲဖို့ ဒီမနက်ကပဲ ညွှန်ကြားချက် ထွက်လာတာ။ အခု ကျမ သိသလောက်က အားလုံး လဲပြီးနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့များရှိ အစိုးရအဆောက်အဦများတွင်လည်း နိုင်ငံတော်အလံသစ်ကို လဲလှယ်လွှင့်တင်ထားပြီ ဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခု ဇန်နဝါရီ (၄) ရက်နေ့မှစ၍ ယနေ့လဲလိုက်သည့် နိုင်ငံတော်အလံ အပါအဝင် အလံ (၃) မျိုးရှိပြီဖြစ်သည်။
ယနေ့ စတင် အသုံးပြုလိုက်သည့် နိုင်ငံတော်အလံသစ်ကို နယ်ခြားစောင့် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့တို့၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်၌လည်း မြန်မာ စစ်အစိုးရက ထပ်တူ အသုံးပြုခဲ့ပြီး ဖြစ်သည်။
အပြည့်အစုံသတင်းဖတ်ရန်....
အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
ရန်ကုန်မြို့တော်တ၀န်းမှာ မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းတွေက ပျံ့နေလေတော့ လူတွေကြားမှာ အထိတ် တလန့်ဖြစ်နေတယ်။ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ လမ်းကြီးပေါ်မှာ မိုးဖွဲဖွဲလေးကျနေပြီး လူတွေကတော့ ပုံမှန်အတိုင်း သွားလာနေကြတယ်။ ဒါပေမဲ့ လူအချို့ကတော့ လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက် မြို့တော်ခန်းမရှေ့မှာ စိုက်ထူထားတဲ့ အလံတိုင်ကို လှမ်းကြည့်လိုက်လုပ်နေကြတယ်။ သူတို့တွေရဲ့ လက်ထဲမှာလည်း ကင်မရာကိုယ်စီနဲ့ တစုံတခုကို အာရုံစူးစိုက်နေပုံပါပဲ။
ညနေ ၃ နာရီထိုးဖို့ နီးလာတဲ့အမျှ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြည်တွင်းဂျာနယ်လစ်တွေ ပိုပိုလို့ များလာတယ်။ သတင်းထောက်တွေကြားမှာလည်း ယတြာချေတဲ့အနေနဲ့
အလံသစ်ပြောင်းမယ်ဆိုတဲ့ အကြောင်းကို အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲကနေ ထွက်သွားပြီး ဘုန်းနိမ့်အောင်လုပ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံချခိုင်းတယ်တဲ့” ဟု နိုင်ငံခြားသတင်းထောက်တဦးက မှတ်ချက်ပေးတယ်။ ပြည်တွင်း သတင်းထောက်တွေကြားမှာလည်း ဗေဒင်ယတြာအရ အလံသစ်ပြောင်းတယ် ဆိုတဲ့အကြောင်း၊ ဒါဟာ ဥပဒေနဲ့ လုံးဝမညီဘဲ သူတို့လုပ်ချင်ရာ လုပ်တဲ့အကြောင်းကိုပဲ ပြောဆိုနေကြတယ်။
“၃ ကဏန်းကို နာမ်နှိမ်တဲ့အနေကို လုပ်လိုက်တာပဲ။ ဒေါ်စုကအင်္ဂါနေ့မှာမွေးတဲ့ သုံးကဏန်းသမားမို့ လုပ်တာ” ဟု ပြည်တွင်းသတင်းထောက်တဦးက ဆိုပြန်တယ်။ ညနေ ၃ နာရီထိုးဖို့ ၃ မိနစ်ခန့်မှာ ရန်ကုန်မြို့တော်ဝန်က မြို့တော်ခန်းမရှေ့ကနေ သတင်းထောက်တွေကို ထွက်ကြည့်တယ်။ ရန်ကုန်မြို့တော် ခန်းမတခုလုံးမှာလည်း စည်ပင်သာယာရေးဝန်ထမ်းတွေက မြို့တော်ခန်းမရှေ့မှာ ရောက်နေတဲ့ သတင်းထောက်အုပ်ကြီးကို အထူးအဆန်းသဖွယ် ၀ိုင်းဝန်းကြည့်ရှုနေတယ်။
ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော်က အစိုးရရုံးတွေမှာ အလံတင်သွားပြီဆိုတဲ့သတင်းက ရောက်လာတယ်။
ဒါပေမယ့် ရန်ကုန်မြို့တော် ခန်းမရှေ့မှာတောင် တုတ်တုတ်မှ မလှုပ်သေးပါဘူး။ နှစ်ပေါင်း ၃၆ နှစ်ကြာ လေထဲမှာ ပျံ့လွင့်နေခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကတော့ မကြာခင် သူမီးရှို့ခံရမယ်၊ မြေမြှုပ်ခံရမှာကို သိပုံ မပေါ်ပါဘူး။
မြို့တော်ခန်းမရှေ့မှာ စုဝေးနေတဲ့ သတင်းထောက်အုပ်ကြီးကြောင့် လမ်းသွားလမ်းလာတွေလည်း အထိတ်တလန့် ဖြစ်နေကြတယ်။ မထသ ၄၈ အထူးကားပေါ်က ဆင်းလာတဲ့ ခရီးသည်တဦးက “ဘာဖြစ်နေတာလဲဟင်” ဆိုတဲ့မေးခွန်းနဲ့ သတင်းထောက်တွေ အာရုံစူးစိုက်ကြည့်နေတဲ့ မြို့တော်ခန်းမကို ကြည့်လိုက်၊ သတင်းထောက်တွေကို ကြည့်လိုက်နဲ့ေ၀၀ါးနေပုံရတယ်။
လူတွေအများစုကတော့ သတင်းထောက်တွေ ရပ်ကြည့်နေသလို မြို့တော်ခန်းမရှေ့ကို စိုက်ကြည့်နေတယ်။ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတစ်စုကလည်း ကင်မရာတွေကိုင်ထားတဲ့ သတင်းထောက်အုပ်စုကို ကြည့်ပြီး ဘာဖြစ်နေတာလဲလို့ လာရောက်စူးစမ်းတယ်။
ညနေ ၃ နာရီ ၁၅ မိနစ်ခန့်ရှိချိန်မှာတော့ မိုးက တဖွဲဖွဲနဲ့ ပိုရွာလာတယ်။ သတင်းထောက်တွေအားလုံး ထီးကိုယ်စီနဲ့ ကင်မရာတွေကိုင်ပြီး စောင့်နေကြဆဲ။ မြို့တော်ခန်းမရဲ့ အလံတိုင်စိုက်ထူထားတဲ့ ၀ရန်တာပေါ်မှာတော့ ရဲဝတ်စုံကို ၀တ်စုံပြည့် ၀တ်ဆင်ထားတဲ့ ရဲလေးဦးက အလံတိုင်ကို ၀ိုင်းရံပြီး အသင့်အနေအထား စောင့်နေကြတယ်။
ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာတော့ စစ်ဝတ်စစ်စား အပြည့်အစုံ ၀တ်ဆင်ထားတဲ့ စစ်အုပ်စုတခု ရောက်ရှိလာပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံဟောင်းကို ချပါတော့တယ်။ အဲဒီနောက် အလံတိုင်ထိပ်ပေါ်ကို ကြယ်ဖြူတလုံးပါ အ၀ါရောင်၊ အစိမ်းရောင်နဲ့ အနီရောင် စီခြယ်ထားတဲ့ သုံး ရောင်ခြယ်အလံကို နိုင်ငံတော်သီချင်းနဲ့လွှင့်တင်လိုက်တယ်။
အလံသစ်မှာပါတဲ့ အ၀ါရောင်က ဘာသာ၊ သာသနာနဲ့ ပညာတိုးတက်ခြင်း၊ အစိမ်းရောင်က စပါးဆန်ရေ၊ ကျွဲနွားနဲ့ အထွေထွေပေါများခြင်း၊ အနီရောင်က ရဲရင့်သော စိတ်ဓာတ်ခွန်အား၊ အဖြူရောင်ကြယ်က ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က ထုတ်ပြန်ခဲ့တယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရတဲ့ အချိန်က အနီရောင်၊ အပြာရောင်နဲ့ ကြယ်ငါးလုံးအလံ၊ ၁၉၇၄ ခုနှစ်မှာ ယနေ့ တိုင်အသုံးပြုခဲ့တဲ့ အလံ၊ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ စစ်အစိုးရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသုံးပြုတဲ့ သုံးရောင်းခြယ်အလံ သုံးခုကို ပြောင်းလဲအသုံးပြုခဲ့ပါပြီ။
ပြည်တွင်း နိုင်ငံရေးသမားတဦးကတော့ ရွေးကောက်ပွဲပျက်မှာစိုးလို့ အတင်းအကျပ် အလံသစ်ကို တင်ခဲ့တာလို့ ဆိုတယ်။“ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပြီးမှ အလံသစ်ပြောင်းရမှာ။ အခု အတင်းအကျပ်ပြောင်းတာ။ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သဘောပဲ” ဟု ၄င်းက ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ မြို့တော်ခန်းမရှေ့တွင် သုံးရောင်ခြယ် ကြယ်ဖြူအလံကြီးက ၀င့်ဝင့်ဝါးဝါး တလူလူ လွှင့်ထူ နေချေပြီ။ ပြည်တွင်း သတင်းထောက်တဦးကမူ နိုင်ငံတော်အလံသစ်ကို သန်း ၆၀ ကို ကိုယ်စား မပြုသော ယတြာ အလံဖြစ်တယ်လို့ ဆိုတယ်။
မြို့တော်ခန်းမရှေ့မှာ ဖြတ်သန်းသွားတဲ့ အရပ်သားတဦးကတော့ အလံသစ်က ဆေးရောင်စုံ ကလေးကစားစရာ အလံတခုလို ဖြစ်နေတယ်လို့ ဆိုတယ်။အလံသစ်သတင်းထက် မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းကသာ ပြည်သူတွေကြားမှာ ဝေဖန်ပြောဆိုနေတဲ့ သတင်းကြီးတပုဒ် ဖြစ်နေဆဲပါ။
မူရင်းသတင်း   ဧရာဝတီဘလော့ဂ်
အပြည့်အစုံသတင်းဖတ်ရန်....
နအဖ၀ါးမြိုခြင်းကို ခံလိုက်ရတဲ့ ဖွတ်မျိုးကြီး
       လူငယ်တွေ အသည်းစွဲ ရော့ခ် အဆိုတော် မျိုးကြီး တယောက် အကျိုးပြုသီချင်း ဆိုနေပြီလို့ သိရပါတယ်။ စစ်အစိုးရရဲ့ ရုပ်သံမီဒီယာဖြစ်တဲ့ မြ၀တီ၊ မြန်မာ့ရုပ်မြင်သံကြား နှစ်လိုင်းလုံးကနေ အဆိုတော် မျိုးကြီးရဲ့ ငါတို့ရဲ့ ခွန်အား အကျိုးပြု သီချင်းကို မနေ့ညက ၁၀ နာရီ ၀န်းကျင် ကိုရီးယား ဇာတ်လမ်းတွဲတွေ မလာခင်မှာ လွှင့်သွား  ပါတယ်။ ဒီအကျိုးပြုသီချင်းကို နာမည်ကြီး တေးရေး ဆရာ လင်းလင်းက ရေးစပ်ပေးထားတာလို့ သိရပါ တယ်။
“နိုင်ငံတော်သစ်ကြီးဆီ သွားမယ် ဆိုတဲ့ စာသားတွေ ပါပြီး ရွေးကောက်ပွဲကို ထောက်ခံတဲ့ သီချင်းပုံစံမျိုး။ နာမည်ကြီး အဆိုတော်ရယ်၊ နာမည်ကြီး တေးရေးရယ် သုံးထားတော့ လူစိတ်ဝင်စားမယ်ဆိုတာ သိတယ်လေ။ သီချင်းပုံစံက Slow Rock အမျိုးအစား ” လို့ အမည်မဖော်လိုတဲ့ သတင်းထောက် တဦးက ပြောပြပါတယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေ မလာခင်မှာ လူကြည့်များတဲ့ အချိန်ကိုရွေးပြသွားပြီး နာမည်ကြီးအဆိုတော်နဲ့ ဆိုထားတာ ဖြစ်လို့ ပြသချိန်မှာ လူတော်တော်များများစိတ်ဝင်စားကြတယ်လို့ သိရပါတယ်။
ယမန်နေ့ည ၈ နာရီ မထိုးခင်မှာ ပုံမှန်ပြသနေကြ ကိုးရီးယားဇာတ်လမ်းတွဲ ၃ ပိုင်းကို ၂ ပိုင်းပဲ ပြသခဲ့ပြီး ကျန်တဲ့ အချိန်မှာ နယ်ခြား စောင့်တပ်နဲ့ အင်တာဗျုးကို ပြသခဲ့ပါတယ်။
“ ကိုးရီးယားဇာတ်ကားကြည့်ချင်လို့ စောင့်ရတာ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သီချင်း တွေကို ထပ်ခါတလဲလဲလာနေတာ။ ရေးပြီး အဆိုတော်သစ်တွေ ပန်ဆုပြည့်ကျော်၊ ပန်းအိဖြူ၊ သာထက်ပိုင်၊ ဘုန်းခန့် အများ ကြီးပါတဲ့ ရွေးကောက်ပွဲ သီချင်းကလည်း ခဏခဏပြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံတုန်းက မင်း ၁၈ နှစ်ပြည့် ပြီးပြီ လား သီချင်း ရေးပေးခဲ့တဲ့အဆိုတော် ကိုင်ဇာက ခု၂၀၁၀ ရွေးကောက်ပွဲ သီချင်းကိုလည်း ကိုယ်ပိုင်သံစဉ်ရှာပြီး ရေးထား တာလို့ပြောတယ် ” လို့ အဆိုပါ သတင်းထောက် က ဆက်ပြောသည်။
ပြည်တွင်းက ပရိတ်သတ်တွေလဲ မျိုးကြီးရဲ့ ငါတို့ရဲ့ခွန်အား သီချင်းလေးကို စောင့်ကြည့်ပြီး ထင်မြင်ချက်တွေ ပေးကြပါဦး။
 နရီလင်းလက်
သတင်းမူပိုင် ဧရာဝတီဘလော့ဂ်
အပြည့်အစုံသတင်းဖတ်ရန်....
သစ်ခွပန်းစိန် ကတမျိုး
         ”တိုင်းရင်းသားပါတီအား အပြစ်ရှာပယ်ထုတ်ရန်ရှိဟု ဦးသိန်းစိန်ပြော”
သျှမ်းသံတော်ဆင့်၊ ၂၁ရက်၊ အောက်တိုဘာ 
နအဖ ၀န်ကြီးချုပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန် ရဟတ်ယာဉ်ဖြင့် သျှမ်းပြည်မြောက်ပိုင်းသို့ လည်ပတ်စဉ် တိုင်းရင်းသားပါတီ အချို့အား အပြစ်ရှာဖယ်ထုတ်ရန် အစီအစဉ်ရှိကြောင်း တီးတိုး ပြောကြားခဲ့သည်ဟု  စုံစမ်းသိရှိရပါသည်။
“အောက်တိုဘာ ၁၇ ရဟတ်ယာဉ်နဲ့ လားရှိုးကို ရောက်တယ်၊ ၁၉ ရက်နေ့အထိ မူဆယ်-နမ့်ခမ်းဘက် ခရီး ထွက်တယ်၊ လားရှိုး ရောက်တုန်း က ကြံ့ဖွတ်အမတ်လောင်းတွေနဲ့ တွေ့တယ်” - ဟု အမည်မဖေါ်လိုသည့် လားရှိုးသား USDP ပါတီဝင် တဦးက ပြောပါသည်။
လားရှိုးခရိုင်ရှိ USDP အမတ်လောင်းများအား ၁၇ ရက်နေ့တွေ့ဆုံစဉ် - သျှမ်းပြည်မြောက်ပိုင်း အတွင်း ကျားဖြူပါတီအား အနိုင်ယူရန်မလွယ်ကူကြောင်း၊ ကျားဖြူအားသာသည့် လားရှိုးမြို့အတွင်း၌ပင် ပြည်ခိုင်ဖြိုး အနိုင်ရရန် ၅၀ ရာခိုင်နှုန်းကျော် နိုင်ဖွယ်မရှိကြောင်း သျှမ်းလူမျိုးအများဆုံးနေထိုင်သည့် အချို့မြို့နယ်များတွင် အနိုင်ရရန်ပို၍ပင် ခက်ခဲကြောင်း တင်ပြရာ - ၀န်ကြီးချုပ်ဦးသိန်းစိန်က -
“ခင်ဗျားတို့စိတ်မပူနဲ့ သူတို့တွေကို တရားမ၀င်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ပြော လိုက်ရုံဘဲ” - ဟု ပြောဆိုခဲ့ကြောင်း နီးစပ်တဲ့ပုဂ္ဂိုလ်တဦးကပြောပါသည်။
လွယ်တိုင်းလျဲန်းအခြေစိုက် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့မှာမူ စစ်အစိုးရ ဦးစီးကျင်းပမည့် ရွေး ကောက်ပွဲ လုံးဝ လက်မခံကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအားလည်း လက်မခံကြောင်း၊ ကြံ့ဖွံ့ ပါတီအတွင်းပါဝင်သည့် သျှမ်း အမျိုးသားများအားလည်း လုံးဝ လက်မခံကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲရ လာဒ်ကိုသာလက်ခံကြောင်း မေ ၂၆ ရက် ကတည်းက အတိအလင်း ထုတ်ပြန်ကြေငြာခဲ့ ပြီးဖြစ်ပါသည်။
သျှမ်းပြည်မြောက်ပိုင်းနေ ရပ်မိရပ်ဖတဦးက - နအဖ၏အကြံသည် သိုးငယ်ကို ၀ံပုလွေက ပြဿနာရှာသည့် အီစွပ်ပုံပြင် တပုဒ်အလား ကျင့်ကြံနေကြောင်း ပြော၏။
(မြစ်ညာတွင် ရေသောက်နေသော ၀ံပုလွေက မြစ်ကြေ၌ ရေသောက်နေသော သိုးငယ်အား “မင်းရေနှောက်အောင် လုပ်လို့ ငါရေမသောက်နိုင်ဘူး”
သိုးငယ်က “အောက်ပိုင်းမှာ ကျနော်သောက်နေတာပါ”
သို့သော်အပြစ်ရှာလိုသော ၀ံပုလွေက
“မနှစ်က မင်းငါ့ကို ဆဲဆိုတယ်”
သိုးငယ်က “ကျနော် ဒီနှစ်မှ မွေးတာပါ”
ဝံပုလွေက “မင်းမဟုတ်ရင် မင်းအဖေဘဲ။ ဒီတော့မင်းမှာအပြစ်ရှိတယ်” ဆိုပြီးနာက်ဆုံး သိုးငယ်ကို ကိုက်စား လိုက်တယ်)
http://www.litscape.com/author/Aesop/The_Wolf_And_The_Lamb.html တွင်ဖတ်ရှုနိုင်ပါသည်။
အပြည့်အစုံသတင်းဖတ်ရန်....
ဆက်ဖတ် .. ဖွတ်တွေ ကြမ်းနေတယ်
            ဘ ကြံ့ဖွံ့ကို မဲမပေးလျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေ
         ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးလျှင် ဖမ်းဆီးအပြစ်ပေးမည်ဟု ကြံ့ဖွံ့ပါတီဝင် ကျေးရွာ ရာအိမ်မှူးက ပြောဆိုသည့်အတွက် ဒေသခံရွာသားများ အခက်ခဲကြုံနေရသည်။
 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ခေတ်ဆန်းကျေးရွာ ရာအိမ်မှူး ဌေးဦးက ရန်ကုန်တွင် အလုပ်သွား လုပ်ကိုင်နေသည့် လူငယ်များ၏ မိဘများကို ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း ရွာသားတဦးက ပြောသည်။         “ရွာသားတွေကို မင်းတို့ဘယ်မှ မသွားနဲ့ မဲထည့်ရမယ်၊ မထည့်ရင် ဖမ်းဆီးထောင်ချမယ်ပြောတယ်၊ ရွာက ကလေးတွေက ရန်ကုန်မှာ အလုပ်သွားလုပ်နေတာ အဲဒါကို ပြန်လာခဲ့ မဲလာထည့်ရမယ်၊ ကြိုတင်မဲထည့်ရမယ်၊ မထည့်ရင် ဖမ်းမယ် အဖေကိုပြောတော့ အဖေက ကလေးတွေကို ပြန်ခေါ်နေရတာပေါ့၊ ကြံ့ဖွံ့ပါတီကို ထည့်ခိုင်းတယ်၊ ဒီမှာက ကြံ့ဖွံ့တခုဘဲ အဲလို ခြိမ်းခြောက်လိုက်၊ မှတ်ပုံတင်လုပ်ပေးမယ် မြူဆွယ်လိုက် လုပ်တာ” ဟုပြောသည်။
    ယင်းကဲ့သို့ မဲထည့်ရမည်ဖြစ်သည့်အတွက် အလုပ်လုပ်နေသည့် လူငယ်များမှာ အလုပ်လက်မဲ့ အခြေအနေ ဖြစ်သွားတော့မည်ဖြစ်ကြောင်း ၎င်းရွာသားက ဆက်ပြောသည်။
“ကောင်လေးတွေက စက်ရုံမှာ အလုပ်လုပ်နေတာ၊ တရက်မှ ပျက်လို့မရဘူး၊ နေ့တိုင်းအလုပ်ဆင်းနေရတယ်၊ အဲဒါနဲ့ ကလေးတွေက တောပြန်ရင် အလုပ်က ပြုတ်ဦးမယ်” ဟုပြောသည်။
ထိုကဲ့သို့ ခြိမ်းခြောက်ခံရသည်မှာ ခေတ်ဆန်းကျေးရွာ တရွာတည်းမဟုတ်ဘဲ ဘိုကလေးမြို့နယ်အတွင်းရှိ သာဖြန်၊ ဂရမ်းဒိုင်နယ်၊ သဇင်ကုန်းဒိုင်နယ်များမှ ဒေသခံများကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။
   ဘိုကလေးမြို့ပေါ်တွင်လည်း ကြံ့ဖွံ့ပါတီမှ ဝန်ကြီးတဦးက ၎င်းအားထောက်ခံမဲပေးရန်အတွက် ဆွမ်းလောင်းအသင်းသို့ ဆွမ်းကုန်ကျစရိတ်လှူဒါန်းမည်ဟု ပြောပြီး ယနေ့အထိ ငွေကြေးရရှိခြင်းမရှိသည့်အတွက် ဆွမ်းလောင်းလှူရန် အခက်ခဲများကြုံတွေ့ခဲ့ရသည်ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။
“ဓမ္မာရုံဆွမ်းလောင်းအသင်းကို ငွေလေးလစာ တာဝန်ယူမယ် သိန်း (၁၂၀) ပေါ့၊ ဆွမ်းလောင်းအသင်း ဂေါပက လူကြီးတွေက အဲဒီကြံ့ဖွံ့ပါတီဝန်ကြီးက လေးလစာတာဝန်ယူလှူတယ်ဆိုပြီး မိုက်ကြီးနဲ့ လိုက်အော်တယ်၊ တကယ်တမ်းငွေလဲ မကျလာဘူး၊ တကယ်တမ်းငွေမကျတော့ ဆွမ်းလောင်းဖို့အခက်ခဲတွေ ဖြစ်နေတာ” ဟုပြောသည်။
      စစ်အစိုးရဝန်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ဖွံဖြိုးရေးပါတီသည် လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။
အပြည့်အစုံသတင်းဖတ်ရန်....
ကိုယ့် လည်ပင်းကို လှီးလိုက်တာအကောင်းဆုံး
             ဦးအောင်သိန်းလင်းကို မဲပေးရန် မင်္ဂလာဈေး ဆိုင်ရှင်များကိုစည်းရုံး
နရီလင်းလက်
အောက်တိုဘာလ၊ ၂၀ရက်
   ရန်ကုန်မြို့ရှိ မင်္ဂလာ ဈေးကြီးကို ယခင်ကထက် ပိုမိုကောင်းမွန်ရန် မြို့တော်ဝန်မှ ပြုလုပ်ပေးနေ သောကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မဲထည့်ရန် ပြောဆို စည်းရုံး နေကြောင်း သိရသည်။ ယခုနှစ် မေလ ၂၄ ရက် နေ့တွင် အဆင့်မြင့် မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ပစ္စည်းဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ သိန်းပေါင်း နှစ်သိန်း ကျော် ခန့် ဆုံးရှုံးခဲ့သည်။
ဦးအောင်သိန်းလင်းကို ယခုလ ၄ ရက်က ရန်ကုန်တောင်ပိုင်း မဲဆန္ဒနယ် တခုရှိ ကြံ့ဖွံ့ပါတီ လမ်းခင်း အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူ အခမ်းအနားတွင်တွေ့ရစဉ် (ဓာတ်ပုံ - AP)
ဗိုလ်မှူးချုပ်ဟောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်။ ဈေးသာယာရေးကော်မတီ တာဝန်ရှိသူများက ကြံ့ဖွံ့ပါတီအား မဲထည့်ရန် ဆိုင်ရှင်များကို ပြီးခဲ့သည့်တပတ်ခန့်က ခေါ်ယူ ပြောဆိုခဲ့သည်ဟု မင်္ဂလာဈေး မြေညီထပ်မှ အထည်လက်လီလက်ကားရောင်းချသည့် ဆိုင်ရှင်တဦးက ပြောပြသည်။
ဘဏ်မှ ချေးငွေထုတ်ပေးခြင်း၊ ယာယီဈေးများစီစဉ်ပေးခြင်းတို့ကို မြို့တော်ဝန် က စီစဉ် ပြုလုပ်ပေးခဲ့သောကြောင့် မြို့တော်ဝန် ဦးအောင်သိန်းလင်း အား မဲထည့်ရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဧရာဝတီ ကို ပြောသည် “မြို့တော်ဝန်ကနေ ဈေးကော်မတီက လူတွေကို စည်းရုံးခိုင်းထားတဲ့ သဘောမျိုး။ ဘဏ်က ငွေချေးတယ်ဆိုတာကလည်း အခု ရပ်ထားတယ်။ ပထမ အသုတ်တော့ ပြီးသွားပြီ။ ချေးပြီးသွားတဲ့ လူတွေကိုကျတော့ ချေးထားတဲ့အတွက် မင်းတို့ ကြံ့ဖွံ့ကို မဲ ထည့် ပေါ့။ မချေးရသေးဘဲ စောင့်နေတဲ့ လူကျတော့လည်း ချေးငွေ လိုချင်ရင် ကြံ့ဖွံ့မဲထည့် ဘယ်ဘက်ကမှ မလွတ်အောင် မဲထည့်ခိုင်းတာ”ဟု အဆိုပါ အထည်ဆိုင်ပိုင်ရှင်က ပြောသည်။
မင်္ဂလာဈေး၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ် များကို ပြန်လည်ပြင်ဆင် ဖွင့်လှစ်ထားသော်လည်း မီးလောင်ကျွမ်းသည့် စထုထ္တထပ်နှင့် ပဉ္စမထပ် ကို ဆက်လက်ပြင်ဆင်နေသေးကြောင်း သိရသည်။ “အောက်ထပ်တွေကတော့ နည်းနည်းပါးပါး ပြင်ပြီး ဆိုင်တွေ ပြန်ပေးဖွင့်လိုက်တယ်။ အပေါ်ထပ်တွေကတော့ သူတို့ စတီး တွေဘာတွေနဲ့ ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ပေးမယ် ဆိုပြီး ပြောတာပဲ။ ဒီလို ဖြစ်အောင် မြို့တော်ဝန်ကနေ လုပ်ပေးမှာ ဖြစ်တဲ့အတွက် သူ့ကို မဲထည့် ဆိုပြီး ပြောတယ်”ဟု စားသောက်ကုန်ပစ္စည်းများရောင်းချနေသည့် ဆိုင်ရှင်တဦးက ပြောသည်။
မင်္ဂလာဈေးကြီး ပြန်လည်ပြင်ဆင် ဆောက်လုပ်နေမှု လုပ်ငန်းများကို လာမည့် နိုဝင်ဘာ လကုန်ပိုင်းတွင် အပြီးသတ်ရန် စီစဉ်ထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးကပြောကြောင်း ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။“ဆေးဆိုင် တန်းနဲ့ အလှကုန်ရှိတဲ့ တတိယထပ်နဲ့ စထုထ္တထပ်ရယ် အပေါ်ဆုံးက စားသောက်တန်းရယ် ကို နိုဝင်ဘာ လကုန် ပြန်ဖွင့် ပေးနိုင်အောင် လူကြီးတွေကို ပြောပေးမယ် ကြံ့ဖွံ့ကို မဲထည့်ဆိုပြီးပြောတယ်”ဟု ဆေးဆိုင်ဖွင့်လှစ် ထားသူတဦး ကလည်း ဆိုသည်။
“မီးလောင်လို့ ဆုံးရှုံးသွားတဲ့ပြည်သူတွေကို လိုအပ်တာ ကူညီပေးရမှာ နိုင်ငံတော် အလုပ်။ ဒါကို ကြံ့ဖွံ့ကို မဲထည့်ရမယ်ဆိုပြီး အတင်းအကျပ် လုပ်တာကတော့ မကောင်းဘူး။ ငါတို့ ဘက်က ချေးငွေတွေ ထုတ်ပေးတယ်။ ဒီလိုတွေ ကူညီတယ်။ မင်းတို့ ဘက်က မဲထည့် ဆိုတာကလည်း အပေးအယူလုပ်နေသလို ဖြစ်နေတယ်။ တကယ် စေတနာရှိလို့ ဒုက္ခရောက်နေတာကို ကူညီတာမှ မဟုတ်တာ။ ဆိုင်တော်တော်များများကတော့ ကြံ့ဖွံ့ကို မဲမထည့်ချင်ဘူး”ဟု ၎င်းက ဆက်ပြောသည်။
မင်္ဂလာဈေးတွင် ဆိုင်ဖွင့်လှစ်ထားသည့် တချို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။ “တချို့တွေက မ၀င်ချင်ဘူး။ ဒါပေမယ့် အခွင့်အရေးရမယ်ဆိုတာ သိတော့ စီးပွားရေးသမားတွေ ဈေးတွက်တွက်ပြီး ၀င်တာရှိ တယ်။ ဆိုင်ကြီးကြီးဖွင့်ထားတဲ့ ၂ ဆိုင်၊ ၃ ဆိုင်ရှိတဲ့ လူတွေ ကြံ့ဖွံ့ကိုယ်စားဝင်တာ ရှိတယ်။ လူကြီးတွေနဲ့ နည်းနည်းရင်းနှီးတဲ့ သူတွေဆို ဈေးထဲကို ဆင်းပြီး ကြံ့ဖွံ့အတွက် မဲဆွယ်တာတွေ လုပ်တယ်”ဟု အလှကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသူတဦးက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂ (က- ၅) အရ ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။ ပါတီပိုင် ရန်ပုံငွေကို အစိုးရပိုင် မြို့တော် စည်ပင်ဘဏ်မှတဆင့် ထုတ်ချေးသည်ဆိုလျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တွေ့ရသည်။
ကြံ့ဖွံ့ပါတီသည် စစ်အစိုးရကျောထောက် နောက်ခံပြုကာ ၁၉၉၃ တွင် လူမှုရေး အဖွဲ့အစည်းအဖြစ် အမည်ခံဖွဲ့စည်းခဲ့သော ကြံ့ဖွံ့အသင်းမှ အသွင်ပြောင်းလာသော ပါတီဖြစ်သည်။မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ် မေလတွင် ယုဇနကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။မင်္ဂလာဈေးသည် ခေါင်မိုးထပ်နှင့် မြေအောက်ထပ် ကားပါကင် အပါအ၀င် စုစုပေါင်း ၇ ထပ်ရှိပြီး မြေညီထပ်တွင် ဆိုင်ခန်း ၈၄၉ ခန်း၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ဆိုင်ခန်း ၇၉၇ ခန်းစီနှင့် စတုထ္တထပ်နှင့် ခေါင်မိုးထပ်တွင် ဆိုင်ခန်း ၄၈ ခန်း စုစုပေါင်း ၄၀၆၇ ခန်းရှိသည်။
ယင်းဈေးကြီးသည် ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် စတုတ္ထထပ်ရှိ ဈေးသာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပိုင် အလှကုန်ဆိုင်မှ ၀ါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆေးဝါးအရောင်းဆိုင် ၃၉၈ ဆိုင်၊ အလှကုန်ဆိုင် ၃၉၉ ဆိုင် နှင့် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဖြစ်သည်ဟု အစိုးရ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံသတင်းဖတ်ရန်....
ယခင် သတင်းများ ဖတ်ရန်