Summary
ကြွရောက်လာကြတဲ့
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ကြီးငယ်များ
- တိုင်းရင်းသားလူမျိုးစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ
- ပါတီအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ
- လွတ်လပ်ရေးတိုက်ပွဲဝင် အသက်မသေကျန်ရစ်ခဲ့သော ရဲဘော်ကြီးများ
- တိုင်းရင်းသားသွေးစည်ညီညွတ်ရေး ဒီမိုကရေစီအခွင့်အရေးများရရှိရေးအတွက် တိုက်ပွဲဝင်နေကြ သော အမျိုးသား/ အမျိုးသမီး၊ ကျောင်းသားလူငယ်မောင်မယ်များ ခင်ဗျား။
ကနေ့ သက္ကရာဇ် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အခုလို တက်တက်ကြွကြွတက်ရောက်လာကြတဲ့ အတွက် ကျနော် တို့ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ကိုယ်စား လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ခွန်း ဆက်ပါတယ်။ တိုက်ပွဲဝင်ရဲဘော်ရဲဘော်မများဖြစ်ကြတဲ့အတွက် တွေ့ကြုံဆဲ တွေ့ကြုံရအံ့သော ဘေးအန္တရာယ် အသွယ်သွယ်မှလဲ ကင်းဝေးလွတ်မြောက်ကြပါစေလို့ မေတ္တာပို့သပါတယ်။
ကျနော်တို့ ကိုယ်တိုင်ကလဲ အသက်အရွယ်ကြီးရင့်နေကြသည့်တိုင် မူလရည်မှန်းချက်ပန်းတိုင် ရောက်သည့်အထိ ခင်ဗျားတို့နှင့်အတူ မခွဲတမ်းလက်တွဲဆောင်ရွက်ကြမယ်ဆိုတဲ့ ကျနော်တို့အားလုံးရဲ့ အဓိဌာန်ကိုပြောကြားလိုပါတယ်။
ရဲဘော်များခင်ဗျား-
ကျနော်တို့ရဲ့ မိဘဘိုးဘွားများနှင့်အတူ ပြည်သူတစ်ရပ်လုံးဟာ ခရစ်သက္ကရာဇ် ၁၈၈၅၊ နိုဝင်ဘာလ ၂၇ရက်နေ့ကစပြီး လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်လက်ဝယ်ရရှိရေးအတွက် ကြိုးပမ်းရာမှာ နှစ်ပေါင်း ၁၂၇နှစ်ခန့် သူ့ကျွန်မခံချင်တဲ့ မျိုးချစ်ရဲဘော်တိုင်းရင်းသားပြည်သူတွေရဲ့ သွေးတွေနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီလို တိုက်ပွဲဝင်ခဲ့ရာမှာ ကျနော်တို့ ရည်မှန်းချက်တိုက်ပွဲကြွေးကြော်သံကဘာလဲ… အားလုံးသိတဲ့အတိုင်းပဲ။ `လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဖြစ်တယ်´ ဒီကြွေးကြော်သံဟာ တစ်ခုနဲ့တစ်ခု မှီငြမ်းပြုနေတယ်။ အကျိုးတရားက ဆက်စပ်နေတယ်။ လွတ်လပ်တယ်ဆိုတာလဲ ပြောရတာ လွယ်ပေမယ့် လွတ်လပ်ရင် ဒီမိုကရေစီရှိရမယ် ငြိမ်ချမ်းရေးရရှိမယ်။ လူတွေရဲ့ မူလအခွင့်အရေးပြည့်ပြည့်၀၀ရနေရမယ်။ လူတွေအားလုံးဟာ မွေးရာပါလွတ်လပ်ခွင့်တွေခံစား ခွင့်ရှိရမယ်။
၁၉၄၃၊ သြဂုတ်လ(၁)ရက်နေ့မှာ ကျနော်တို့ လွတ်လပ်ရေးရပြီဟေ့လို့ ကြေညာခံခဲ့ရပါတယ်။ အဲဒီအချိန်မှာဘဲ ကျနော်တို့ရဲဘော်တွေဟာ ဖက်ဆစ်အကျဉ်ထောင် တွေအတွင်းမှာ ရေနွေးလောင်းပြီး လက်သည်း၊ ခြေသည်းတွေ ပလာယာနဲ့ ဆွဲနှုတ်ညှင်းပမ်းတာ၊ ထုပ်မှာဇော်ထိုးဆွဲပြီး ညှင်းပမ်းတာ၊ တွင်းနှုတ်ခမ်းဝထိုင်ပြီး ခေါင်းဖြတ်အသတ်ခံရတာတွေ ခံနေရပါတယ်။ ကျနော်တို့ မြောင်းမြမှာဆိုရင် လုပ်ဖော်ကိုင်ဖက်ရဲဘော် ၃၀ကျော်ဟာ မြို့လယ်ခေါင်မှာ လူအများရှေ့မှာ ဓါးနဲ့ခုတ်အသတ်ခံခဲ့ရပါတယ်။ ခင်ဗျားတို့အားလုံးသိပါတယ်။
ဒါဟာ လွတ်လပ်ရေးလား…
ရဲဘော်များခင်ဗျား…
ကျနော်တို့ တိုင်းပြည်တကယ်လွတ်လပ်ရေး ကြေညာနိုင်ခဲ့တာ ၁၉၄၈ခုနှစ်ကပါ။ အခုဆို ၆၂နှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေးမရခဲ့ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေး ကြေညာပြီး ၃လအတွင်းမှာပဲ တစ်ကြိမ်တစ်ခါတုန်းက လွတ်လပ်ရေး၊ ဒီမိုကရေစီရေးအတွက် လက်တွဲ တိုက်ခဲ့ကြတဲ့ ရဲဘော်၊ ရဲဘက်တွေ အချင်းချင်း အယူအဆကွဲရာက ငါမှငါဆိုတဲ့ အတ္တလွန်ကဲရာက နိုင်ငံရေးစကားနဲ့ပြောရရင် ဂိုဏ်းဂဏ၀ါဒတွေ မိုးမွှန်ပြီး အချင်းချင်းတိုက်ကြ၊ ခိုက်ကြနဲ့ ပြည်တွင်း စစ်ဖြစ်ခဲ့ရပါတယ်။
ပြည်တွင်းစစ်ကြောင့် ကျနော်တို့ တိုင်းပြည်ဖွတ်ဖွတ်ကြေခဲ့ပြီး ပြည်တွင်းစစ် (၁၀)နှစ်မြောက် အချိန်မှာ လွှတ်တော်အတွင်း စစ်တမ်းအရ နှစ်ဖက်အင်အားစုတွေ သုံးသောင်းကျော် သေဆုံးခဲ့ရပြီး အပျက်အစီးအားလုံး သန်းပေါင်းများစွာရှိခဲ့ပါတယ်။ သေဆုံးကြရတဲ့ အင်အားဟာ ကုန်လုပ်အင်အားစွမ်းအင်တွေ မဟုတ်လား။ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်းဖိုးကို တွက်ကြည့်ရင် အထက်တန်းကျောင်းကြီးတွေ၊ ဆေးရုံကြီးတွေ ဘယ်လောက်ဆောက်နိုင်မလဲဆိုတာ သိနိုင်ပါတယ်။ ဒါတွေဟာ ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲ။ တိုင်းပြည်အနေနဲ့ကော တိုးတက်ရမဲ့အစား မတိုးတက်တဲ့အပြင်၊ မိမိနောက်က နောက်ကျနေခဲ့တဲ့ အိမ်နီးခြင်းနိုင်ငံတွေ၊ ရှေ့ရောက်သွားတာကို မော့ကြည့်ငေးကြည့် နေခဲ့ရတယ် မဟုတ်လား။
ဒါဟာ ဘာကြောင့် ဒီလိုဖြစ်ရသလဲ
တကယ့်အဖြေမှန်ကတော့ အင်္ဂလိပ်လက်အောက် ကျွန်ဘ၀က လွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်ခဲ့စဉ်ကကော ဖက်ဆစ်စစ်ဘီလူးတွေကို တိုက်ခဲ့တုန်းကကော အမျိုးသား ခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသက်သွေးနဲ့လဲပြီး တည်ဆောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးကြီး ပြိုကွဲခဲ့လို့ပဲဆိုတာ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ လွတ်လပ်ရေးရခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့တဲ့အတွက် လွန်ခဲ့သော ၆၂နှစ်ကတည်းက ရခဲ့တဲ့လွတ်လပ်ရေးရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ယနေ့ထက်တိုင် မခံစားကြရသေးပါဘူး။
အဲဒီတုန်းကတည်းက ပြိုကွဲခဲ့ရတဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးဟာ အခုထက်ထိရင်ကြားမစေ့နိုင်သေးပဲ ပြန်လည်နလံမထူနိုင်သေးတာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာလို့ ဆိုရမလား ဒါမှမဟုတ်ခေါင်းဆောင်တွေရဲ့ အချင်းချင်းမယုံသင်္ကာမှုတွေ၊ သံသယတွေ၊ အာဃာတတွေ အတ္တစိတ်လွန်ကဲမှုတွေကြောင့် ဖြစ်တယ်ဆိုရင် ဘယ်သူတွေငြင်းနိုင်မှာလဲ။
ရဲဘော်များခင်ဗျား…
ကနေ့ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့် ချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို ပြန်လည်မတည်ဆောက်နိုင်သေးတော့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ အဖက်ဖက်က ချွတ်ခြုံကျနေတာတွေ့ရပါတယ်။ မွေးရာပါ လူ့အခွင့်အရေးတွေ လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့် အသင်းအပင်းအဖွဲ့အစည်း ထူထောင်ခွင့်တွေဆုံးရှုံးနေပါတယ်။ ပညာခေတ်ကြီးအဖြစ် နိုင်ငံတကာမှာ အတတ်ပညာ၊ အသိပညာတွေ ရှေ့ကို တဟုန်ထိုးတိုးတက် နေချိန်မှာ ကျနော်တို့သားသမီးတွေ အားလုံးဟာ နောက်မှာကျန်နေခဲ့ရပါတယ်။
အဆိုးဆုံးကတော့ ကနေ့ခြိမ်းခြောက်ခံနေရတဲ့ တတိယကမ္ဘာစစ်အန္တရာယ်ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် နိုင်ငံကြီးတွေဟာ လက်နက်အပြိုင်အဆိုင်တပ်ဆင်ပြီး စစ်အေးခေတ်ပြိုင်ဆိုင်မှုကို ပြည်လည်ထူထောင်နေကြပါတယ်။ စစ်အင်အားတွေတိုးချဲ့နေကြပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ ရာခိုင်နှုန်းထက်ဝက်ကျော်ကို စစ်ရေးအတွက် စစ်တပ်တိုးချဲ့ဖို့ လက်နက်အဆန်း တွေထုတ်လုပ်ဖို့ သုံးစွဲနေကြပါတယ်။ အဲဒီပြည်သူလူထုတွေဟာလည်း စစ်ဝန်တွေပိပြီး စစ်ကျွန်တွေ ဖြစ်မှန်းမသိဖြစ်နေကြရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည် ဟီရိုရှီးမားနဲ့ နာဂါစကီမှာ ချခဲ့တဲ့ အနုမြူဗုံးတစ်လုံးဟာ တစ်မြို့လုံးပြပုံအတိဖြစ်လူတွေဟာ သိန်းနဲ့ချီပြီးသေခဲ့ရပြီး မသေကျန်ခဲ့တဲ့ လူအနည်းငယ်ဟာ နှစ်ပေါင်း ၂၀ခန့်နှစ်ချီပြီး အနုမြူအဆိပ် သင့်မှုကို နလံမထူနိုင်၊ လူလုံးမလှအောင် ခံစားခဲ့ရပါတယ်။
အခုအင်အားကြီးနိုင်ငံတစ်ချို့မှာရှိနေတဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးဟာ ဒုတိယကမ္ဘာစစ် အတွင်းက ကြဲချခဲ့တဲ့ အနုမြူဗုံးထက် အဆ၁၅၀ပိုပြင်းပြီး သာမိုညူကလီးယားဗုံးဟာ အဆ၅၀၀၀ခန့် ပိုပြင်းတယ်လို့ ဂျာနယ်တစ်ချို့မှာ ရေးထားတာတွေ့ရပါတယ်။ ဒီအတိုင်း ဒီလက်နက်တွေနဲ့ တတိယ ကမ္ဘာစစ်ဖြစ်လာရင် ကမ္ဘာတစ်ဝှမ်းလုံး အလုံးစုံပျက်စီးရမဲ့ ဘ၀ရောက်ရမှာ မလွဲဘူးလို့ ကျနော်ထင် ပါတယ်။
ကျနော်တို့ တိုင်းပြည်ဟာ ဘယ်သူ့အတွက်မှ ပါဝင်စစ်ဖက်ပြိုင်မှာ မဟုတ်တဲ့အပြင် ရန်စကျူးကျော်မှု၊ စွက်ဖက်မှုလဲ လုပ်မဲ့နိုင်ငံမဟုတ်ပေမယ့် ကမ္ဘာာစစ်မြေပြင်မှာ မြေဇာပင်ဖြစ်ရမဲ့ ဘ၀ရောက်မှာ မလွဲဘူးလို့ ကျနော်ထင်ပါတယ်။
ရဲဘော်များခင်ဗျား…
ကျနော်ပြောခဲ့တာကို ခြုံငုံသုံးသပ်ကြည့်ရင် ကျနော်တို့ နိုင်ငံကြီးတွေဟာ အချို့ရန်လို တဲ့ အစွန်းရောက်နိုင်ငံတွေရဲ့ လက်နက်ပြိုင်ဆိုင်မှုတွေကြောင့်
- တတိယကမ္ဘာစစ်ရဲ့ စစ်နှုတ်ခမ်းဝမှာထိုင်နေရသလိုဖြစ်နေပါတယ်။ လူသားအန္တရာယ်ရဲ့ အင်မတန် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
- ပြည်တွင်းမှာလဲ လူမှုရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
- အမျိုးသားညီညွတ်ရေးပြိုကွဲနေတဲ့ ရင်ကြားမစေ့နိုင်သေးတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေ ရပါတယ်။
ရဲဘော်များခင်ဗျား…
ကျနော်တို့အားလုံး ၆၂နှစ်ကြာ ရင်ဆိုင်နေခဲ့ကြရတဲ့ အထက်ပါအထွေထွေအကျပ်အတည်း ကြီးတစ်နည်းပြောရရင် အမျိုးသားရေးအကျပ်အတည်း (National Crisis)ကို ဖြေရှင်းဖို့ဆိုရင် တစ်မျိုးသားလုံး ၀ိုင်းဝန်းပူးပေါင်းဖြေရှင်းမှသာ ပြေလည်မှာပါ။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စည်းတည်းကမှ တာဝန်ယူဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ `အမျိုးသားသွေးစည်းညီညွတ်ရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို´ မဖြစ်မနေ တည်ဆောက်ဖို့ပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့ အတွက် တာဝန်ရှိသူအားလုံးဟာ တစ်ဦးကိုတစ်ဦးအကဲခတ်နေဖို့ မြေစမ်းခရမ်းပျိုးနေဖို့ အချိန်မဟုတ် တော့ဘူး။ အန္တရာယ်အသွယ်သွယ်ဟာ ကျနော်တို့ အားလုံးကို ခြိမ်းခြောက်နေပြီဆိုတာ သိဖို့လိုပါတယ်။ အချိန်မနှောင်းသေးပါဘူး။ အခုစရင် အခုဖြစ်နိုင်တဲ့ အခြေအနေပါ။
ကျနော်လဲ အခါအခွင့်သင့်တိုင်း ညီညွတ်ရေးစကားကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ကျနော်တို့က ပါတီတစ်ခုမဟုတ်ပါဘူး။ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အကြံပေးဖို့ပဲ တတ်နိုင်ပါတယ်။ ကျနော်တို့ စွမ်းအားရှိသလောက် ကူညီပါ့မယ်။ ဒါကြောင့် ပတ်သက်သူအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။
- အလုပ်တူ စလုပ်ကြပါ။
- အလုပ်တူလုပ်ရင်း အချင်းချင်းနားလည်မှု ရလာပါလိမ့်မယ်။
- နားလည်မှုရရင် သံသယတွေ မသင်္ကာမှုတွေပျောက်ပြီး၊ ညီညွတ်ရေးစိတ်ဓာတ်ဖွံ့ဖြိုးလာ ပါလိမ့်မယ်။
- ဘုံလုပ်ငန်းစဉ်တစ်ရပ်ပေါ်ပေါက်လာပါလိမ့်မယ်။
- ညီညွတ်ရေးရလာပါလိမ့်မယ်။
- အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ညီညွတ်ရေးရလာပါလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ရဲဘော်များ/မိတ်ဆွေများခင်ဗျား…
ကျနော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများကိုးကွယ်တဲ့ ဘာသာဖြစ်တာမို့ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာတရားဟာ ရန်အသွယ်သွယ်ကို အောင်မြင်နိုင်ခဲ့သလို အခြားဘာသာများဟာလဲ မေတ္တာတရားကို ရှေ့တင်ထားတဲ့ ဘာသာတွေဖြစ်ကြတဲ့အတိုင်း မေတ္တာတရားရှေ့တန်းတင်ကြပြီး သဘောထားကွဲလွဲမှုတွေ ရှိသင့်သလောက်ရှိသည့်တိုင် လိုတိုးပိုလျှော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သည့်အတိုင်း သူမနာ၊ ကိုယ်မနာနည်းနဲ့ ညီညွတ်ရေးကို စတင်တည်ဆောက်ပြီး အမျိုးသားရေး အန္တရာယ်ကို တားဆီးကာကွယ်ကြပါလို့
- နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ပုဂ္ဂိုလ်များ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ
- တိုင်းရင်းသား လူမျိုးစုအားလုံး၏ ခေါင်းဆောင်များ
- ပတ်သတ်သူ (အင်အား/ကြီးငယ်မဟူ) အားလုံးကို
ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
ညီညွတ်ရေး အောင်ရမည်။
သခင်သိန်းဖေ
(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ)
Sunday, January 3, 2010
(၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ ကြီးမှူးကျင်းပသည့် အခမ်းအနားတွင် ပြောကြားသည့် သဘာပတိ သခင်သိန်းဖေ၏
နအဖရဲ့ ရက်ကွပ်လူကြီး တစ်ယောက်အကြောင်း အများသိစေရန်
သို့ရာတွင်လမ်းဘေးပျံကျဈေးဆိုင်များကို တစ်ပေမလွတ်လျှင် တစ်ပေသာ နောက်ဆုတ်ခိုင်းသည်ကို တော်တော် များများသိပါသည်။ သို့ရာတွင် ရပ်ကွက်လူကြီး ဦးခင်ညွန့်မှ ဆိုင်များကိုဖျတ်ခိုင်းပါသည်။ ပြီးနောက်တဆိုင်လျှင် 10'x10' ကို တဆိုင်လျှင်နှစ်သောင်းနှုန်းကောက်ပါသည်။ ဒါတင်မပြီးသေးပါ မိမိဆိုင်ရှေ့ ရေမြောင်းကိုတစ်ပေလျှင် နှစ်ထောင်နှုန်းထပ်မံကောက်ခံပါသည်။ ၄င်းမှာဖြစ်သင့်ပါသလား ဈေးသည်များမှာမရှိ ရသည့်ကြားမှ ထိုသို့ပေးရမည်မှာ နူနေသည့်ကြားမှ ၀ဲဆွဲနေသည့်ပုံလိုမဖြစ်လား ခင်ဗျာ။ ဒါပေမဲ့ ရပ်ကွက်လူကြီး ဦးခင်ညွန့်နဲ့ ပတ်သတ်တဲ့သူတွေ အကျိုးတူအကျိုးဖက်တွေက ဆိုင်အဖျက်မခံရပါ။ ဆိုင်အဖျက်ခံရသည့် ဈေးသည်များမှာ ဒီမနက်ငိုကြွေးနေပါတယ်။
ဒီမိုကရေစီကိုမြတ်နိုး သူလူငယ်တဦးအနေဖြင့် မည်ကဲ့သို့မှမနေနိုင်ပါ။ သို့ပါသောကြောင့် ရပ်ကွက်လူကြီး ဦးခင်ညွန်နှင့် သူ၏ အပေါင်းအပါတစုတို့ အစွယ်ထွက်နေပုံကို မြင်စေလိုပါသည်။ ကျန်ကိစ္စများကိုတော့ မပြောလိုတော့ပါ အပုပ်ချသည် ထင်မှာစိုးလို့လိုရင်းသာ တင်ပြပေးပါသည်။
သူတို့၏ရှေ့ဆောင်လမ်းပြမှာ ဆရာစံတောင်ဥက္ကဌ ဦးကျော်ကြီး(ကွယ်လွန်) နှင့် ဗိုလ်စိန်မှန်ဥက္ကဌ ဆရာတင့် မြန်မာစာ တို့ပင်ဖြစ်ပါတော့သည်။ ညီငယ်တို့မှလည်း ကူညီစေလိုပါသည်။ အရာရာအတွက် ကျေးဇူးတင်ပါသည်။
Friday, January 1, 2010
၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၄ - အမှတ် ၇၊ ဒီဇင်ဘာလ - ၂၀၀၉ ခုနှစ်)
ဒေါ်အောင်ဆန်းစုကြည် အမှုလျှောက်လဲချက် ပေးရမည့်နေ့ကို ထုတ်ပြန်ကြေငြာ
ဗဟိုတရား ရုံးချုပ်က ဒီဇင်ဘာလ ၂၁ နေ့ နေ့စွဲဖြင့် လက်ခံခဲ့သော နိုဘယ်ငြီမ်းချမ်းရေးဆုရှင် အတိုက်အခံ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ လျှောက်လဲချက်ကို လာမည့် ဇန်နဝါရီလ ၁၈ ရက်နေ့ တွင် ကြားနာမည်ဟု ထုတ်ပြန်ကြေငြာခဲ့ပါသည်။
ထိုသို့ ထုတ်ပြန်ကြေငြာချက်အရ လာမည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကို လက်ခံကြားနာပြီး အပြီးပြတ် အမိန့်ချမည့် နေ့ကို ထုတ်ပြန် ကြေငြာ လိမ့်မည်ဖြစ်ရာ ယခုနှစ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသော အမှုနှင့်ပါတ်သက်သည့် ဥပဒေကြောင်းအရ နောက်ဆုံး အခွင့် အရေးနှင့် ပါတ်သက်သော အကြောင်းအကျိုးကို သိရမည်ဖြစ်ပါသည်။
နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ကျူးကျော် ဝင်ရောက်သည့် ကိစ္စနှင့် ပါတ်သက်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သော ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ထောင်ဒဏ် ၁၈လသို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။
ထို့အတူ ထိုအမှုနှင့်ပါတ်သက်သော အယူခံ လျှောက်လဲချက်ကို ရန်ကုန်တိုင်း တရားရုံးက ၂၀၀၉ အောက်တို ဘာလ နှစ်ရက်နေ့က ပယ်ချခဲ့ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)http://saffrontoward.blogspot.com/2010/01/blog-post.html မှ
FREE ဒါမှမဟုတ် "လွှတ်" (လူထူလှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အင်အားစု - ဗမာပြည်။)
“FREE 2010” စာတန်းပါ ပိုက်ဆံတွေကို မန္တလေးမြို့ပေါ် ၂၇ လမ်း၊ ၂၈ လမ်း၊ ၇၈ လမ်း၊ ၈၆ လမ်း၊ ၈၉ လမ်း၊ ၇၃ လမ်း ၃၅ လမ်း၊ ၆၈ လမ်း အစသဖြင့် လူစု လူဝေးရှိသည့် နေရာများမှာတွင် Happy New Year အော်ဟစ်တဲ့ အချိန်၌ ကြဲချခဲ့ကြပါတယ်။ လူအုပ်ထဲ ကြဲချခြင်းကြောင့် လူအတော် များများတော့ သတိထား ဖြစ်ခဲ့ကြပါတယ်။ အတော်များများမှလည်း ကောက်ယူ သိမ်းဆည်းကြပါတယ်။
မန္တလေး ကျုံးနဘေးမှာတော့ ထောက်လှမ်းရေး၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များက အပြည့်နေရာယူ စောင့်ကြည့် နေကြပါတယ်။
ဒီ FREE (လွှတ်) လှုပ်ရှားမှုကို လဖစတ (လူထူ လှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အင်အားစု - ဗမာပြည်) က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
"လဖစတ" အဖွဲ့ဝင် တစ်ဦး ပြောပြတာကတော့ "ကျွန်တော်တို့ အနေနဲ့ ၂၀၁၀ ဆိုတဲ့ ဗမာပြည် နိုင်ငံရေး လှုပ်ရှားမှု ကာလကြီး ရောက်တော့မှာ ဖြစ်တဲ့ အတွက် အကြို အနေနဲ့ ဒီလို FREE လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ စစ်အဆိုးရ အနေနဲ့ ဘယ်လိုပဲ မျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ် ပြောပြော ယုံကြည်ချက် တစ်ခုနဲ့ အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေး မှတော့ စစ်အာဏာရှင်တွေဟာ အပြောနဲ့ အလုပ် မညီဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ ဒီလို FREE သို့မဟုတ် "လွှတ်" လှုပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်တယ်။
ကျွန်တော်တို့ အနေနဲ့ ဗမာပြည်သူ လူထုကြီးကို တိုက်တွန်းချင်တာက FREE ဒါမှမဟုတ် "လွှတ်" ဆိုတဲ့ စာသားတွေ တစ်နိုင်ငံလုံး နေရာအနှံ့ ကိုယ့်ဘာသာ လိုက်ရေး ကြစေချင်တယ်။ ဘောပင်လေးနဲ့ပဲ ဖြစ်ဖြစ်၊ ဆော့ပင်န်လေးနဲ့ပဲ ဖြစ်ဖြစ်၊ သင်္ဘောဆေး/မှုတ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ဒီနေ့ နယူးရီးယား ၂၀၁၀ နှစ်သစ် ပထမဆုံးနေ့ကစပြီး ကိုယ်တတ်နိုင်သလောက် ဗမာပြည်နေရာအနှံ့ လိုက်ရေးကြဖို့ နှိုးဆော် ပါတယ်။ ကျွန်တော်တို့လို ပိုက်ဆံ ဒါမှမဟုတ် စက္ကူစများပေါ်မှာလည်း FREE လို့ရေးပြီးလည်း ဖြန့်ဝေ နိုင်ကြပါတယ်။"
FREE သို့မဟုတ် "လွှတ်" များ ရေးသား ဖြန့်ဝေ ကြခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြပါစို့ ။
လူထူလှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အင်အားစု - ဗမာပြည်။
(Activists for Abolishing the Military Dictatorship - Burma Myanmar)။
၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် အောင်မြင်စွာပြုလုပ်
အရှင်ဓမ္မဇောတိ
အဆိုပါ ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနားတွင် တာဝန်ခံ အရှင်ဓမ္မဇောတိနှင့် အတူ ယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် အရှင်ဦးသြဘာသ၊ ဂျာမဏီ နိုင်ငံ မှ သာသနာ့ဥသျှောင် ဆရာတော် အရှင်ဦးသောပါက၊ အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် အရှင်ဦးဝိန္ဒက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် (အတွင်းရေးမှူး) ဆရာတော် အရှင်ဦးထာဝရနှင့် ထိုင်းနိုင်ငံ မှ သာသနာ့ဥသျှောင် အတွင်းရေးမှူးဆရာတော် အရှင်ဦးကုဿရိယတို့မှ Online(အွန်လိုင်း)မှ တဆင့် ၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ် မေတ္တာနှင့်ကြိုဆိုသော သြ၀ါဒဂါထာများ သံဃာတော်များ ဦးဆောင်ပြီးဖြေရှင်းရန် လိုအပ်ချက်နှင့် သတိထားရှေ့ဆက်ဆောင်ရွက်သင့်သည့် အချက်များကို ဟောကြားပေးခဲ့ကြောင်းသိရပါသည်။
“အခမ်းအနား အစီအဉ်အရ ကြွရောက်လာတဲ့ ဒကာ/ဒကာမများမှ“ နမော တဿ ” (၃) ကြိမ် ရွတ်ဆိုပြီး “ငါးပါးသီလ”ခံယူခဲ့ကြတယ်။ တာဝန်ခံ ဆရာတော်နဲ့ အွန်လိုင်းမှ ဖိတ်ကြားထားတဲ့ ဆရာတော်များမှ အွန်လိုင်းမေတ္တာပို့ရခြင်း ရည်ရွယ်ချက်များနှင့် မေတ္တာနှင့်ကြိုဆိုသော သြ၀ါများ/ဒဂါထာများကို ရွတ်ဖတ်ပေးတော်မူခဲ့တယ်။”ဟု အခမ်းအနားမှူးအဖြစ် ဆောင်ရွတ်ပေးခဲ့သူ ဦးထွန်းဦးမှ ပြောပြပါသည်။
ဆက်လက်ပြီး မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား ရည်ရွယ်ချက်နဲ့ ပါတ်သတ်ပြီး အရှင်ဓမ္မဇောတိမှ“နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသူအနေနဲ့ ကိုယ်ဟာ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် လုပ်နိုင်စွမ်းရှိမယ်၊ လုပ်နိုင်တဲ့ အခွင့်အရေးရှိမယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်မှာ တာဝန်ရှိတယ်။ အဲ့လို ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်ကိုင်သွားကြမယ် ဆိုရင် ဘုန်းဘုန်းတို့ လိုလားတောင်းတနေတဲ့ တစ်မျိုးသားလုံး လွတ်မြောက်ရေးဟာ မကြာမီအောင်မြင်မယ်လို့ ဘုန်းဘုန်းအနေနဲ့ ယုံကြည်ပါတယ်”ဟု မိန့်ကြားတော်မူပါသည်။
မေတ္တာပို့ ပြီးနောက် မင်္ဂလာအခမ်းအနားအောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာပေးပြီး လှူဒါန်းမှု အစုစုအတွက်ရေစက်ချ အမျှဝေပေးတော်မူခဲ့ကြကာ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုလျှက် အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ကြပါသည်။
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)
.jpg)