သတင်း ဒေါင်းအိုးဝေ
ဂျပန်က We stand with DASSK(ပုံ)
နိုဝင်ဘာလ ၁၄ နေ့က အမေရိကန်နိုင်ငံ နယူးရောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ နိုင်ငံရေးအခန်းအနားတခုကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကတော့ နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုတဲ့ အခမ်းအနားတရပ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး အခမ်းအနားမှာ ဘတ်ဖဲလိုးမြို့ ဒီမိုအင်အားစုတွေက နိုင်ငံရေးလမ်းစဉ်တခုကိုလည်း ချမှတ်ခဲ့ကြကြောင်း ကြားသိရပြီး အဲဒီချမှတ်ခဲ့တဲ့ လမ်းစဉ်ကတော့ ”ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ” တနည်းအားဖြင့် ( We stand with DASSK ) ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်းလမ်းစဉ်နဲ့ လွတ်လပ်ရေးအရယူနိုင်ခဲ့သလို အခု ၂၁ ရာစု ဒီမိုကရေစီလွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ( we stand with DASSK ) ကို ကျနော်တို့ အကြွင်းမဲ့ယုံကြည်တယ်။ ကျနော်တို့ နိုင်ငံရေး ပရောဟိတ်တွေမလုပ်ဘူး ၊ မတွေဝေဘူး ၊ ဟိုဟာထောက်ခံ၊ ဒီဟာကန့်ကွက် အလုပ်မဖြစ်တဲ့အရာတွေနဲ့ အချိန်မကုန်ဘူး ၊ ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ်အတိုင်း သူနဲ့အတူရပ်တည်မယ် ။ သူပြောတဲ့အတိုင်းလုပ်မယ်။ သူကထောက်ခံဆိုထောက်ခံမယ်။ သူက ကန့်ကွက်ဆို ကန့်ကွက်မယ်။ သူက အမျိုးသားပြန်လည်သင့်မြတ်ရေး လို့ပဲပြောပြော အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပဲဆိုဆို လုပ်ပါဆို လုပ်မယ်။ ထိပ်တိုက်ရင်ဆိုင်ပါဆို ထိပ်တိုက်ရင်ဆိုင်မယ်။
အဲဒါ We stand with Daw Aung San Suu Kyi တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ်ပဲလို့ ရှင်းပြခဲ့သလို ၁၉၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ဝမ်းကတော့ ” တကမ္ဘာလုံးမှာရှိနေတဲ့ မြန်မာ့ ဒီမိုကရက်တစ်အင်အားစုများအားလုံး တညီတညွတ်ထဲ ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ်ကို ( We stand with DASSK ) နဲ့ ၀ိုင်းဝန်းထောက်ခံဘို့ပါ၊” လို့ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့ မျိုးဆက်သစ်ကျောင်းသားတွေအပါအ၀င် ကမ္ဘာ့အနှံအပြားမှာရောက်ရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေအားလုံးကို We stand with DASSK ဆိုတဲ့ အသံကို ဆူညံသွားအောင်လုပ်ပေးကြဘို့ တိုက်တွန်းနိုးဆော်သွားပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုတဲ့ အခမ်းအနားနဲ့ ဂျပန်ရောက် မြန်မာ့ဒီမိုအရေး လှုပ်ရှားနေသူတွေကလည်း တိုကျို မှာရှိတဲ့ နအဖစစ်သံရုံး(အခွန်ရုံး )ရှေ့မှာ ပြုလုပ်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ( we stand with DASSK ) အတိုင်းလိုက်နာကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ချခဲ့တယ်လို့ လည်း သိရှိသတင်းရရှိပါတယ်။
အားလုံးဘဲ we stand with DASSKကို တကမ္ဘာလုံး ညံသွားအောင် ကျင်းပပြုလုပ်သွားပြီး အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြိုဆိုလိုက်ကြ ရပါစို့…….။
တိုကျိုက သတင်းဓါတ်ပုံ Aye Thike (အလင်းအိမ်မဂ္ဂဇင်း)
Tuesday, November 16, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြမယ့် နယူးရောက်ပြည်နယ်နဲ့ ဂျပန်က ဒီမိုအင်အားစုများ
Wednesday, November 10, 2010
မည်သူ့မှာ တာဝန်ရှိ သနည်း ?
သက်ဆိုင်ရာမှ တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ခြင်း ရှိ မရှိကို စုံစမ်းမေးမြန်း ဖေါ်ထုတ် ပေးပါရန် တင်ပြ အပ်ပါသည်။
အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဦးတင်မောင်အေး 01 243633 ကို ဆက်သွယ် မေးမြန်း နိုင်ပါသည်။
Sunday, November 7, 2010
မြ၀တီကို DKBA သိမ်းပြီ
source by : ဧရာဝတီ
Saturday, November 6, 2010
ရွေးကောက်ပွဲ အကြိုနေ့ ကြိုတင်မဲတွေ စရေတွက်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာလည်း ကြိုတင်မဲတွေ ကောက်ယူနေပြီး ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို မဲမပေးရင် အားလုံး ဒုက္ခရောက်သွားမယ်ဆိုပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်က ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့က မင်းဂံမြို့သစ်မှာလည်း မဲပေးရမယ့် စာရင်းထဲမှာ လူတထောင်ကျော် မပါပဲ ဖြစ်နေတဲ့အတွက် ဒေသခံတွေနဲ့ ရပ်ကွက် ကော်မရှင်တို့ အကြား ပြဿနာ ဖြစ်နေကြရာမှာ ကော်မရှင်ကတော့ ဒီလူတွေရဲ့ မဲစာရင်း ပြန်ထဲ့ပေးမယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ သောကြာနေ့နဲ့ စနေနေ့တွေမှာ ကြိုတင်မဲတွေ လိုက်ယူရာမှာ ကြံ့ခိုင်ရေးအတွက် အတင်းမဲ ထည့်ခိုင်းတယ်လို့ သိရပြီး ကြိုတင်မဲတွေကို ရပ်ကွက်မှာ မရေတော့ပဲ ပြည်နယ် ကော်မရှင်ကို ပိုဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာတော့ ဟမ်းငိုင်း ကျေးရွာအုပ်စုနဲ့ မိန်းခွန် ကျေးရွာ အုပ်စုတွေက မဲရုံတွေကို ဖျက်သိမ်းလိုက်ကြောင်း မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အလားတူ မိုင်းယွန်း ကျေးရွာအုပ်စုက မဲရုံတွေကိုလည်း မြို့နယ်ကော်မရှင်က ဖျက်သိမ်း လိုက်ပါတယ်။
အခုလို မဲရုံတွေ မရှိတော့တဲ့ ကျေးရွာအုပ်စုတွေက မဲဆန္ဒရှင်တွေဟာ သူတို့နဲ့အနည်းဆုံး ၁၀ မိုင်ကနေ မိုင် ၂၀ လောက် အဝေးမှာ ရှိတဲ့ ကျေးရွာအုပ်စုတွေမှာ မဲသွားပေးကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေအနေနဲ့ မနက်ဖြန် မဲရုံစောင့်တဲ့အခါ ရိုးရာဝတ်စုံတွေ မဝတ်ရပဲ အဖြူနဲ့ အစိမ်းသာ ဝတ်ရမယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ညွှန်ကြားထား ပါတယ်။
ဦးသုဝေ လုပ်ကြံပြောဟု ဝန်ကြီး ဦးအောင်ကြည် တုံ့ပြန်
ကိုဝိုင်း
စနေနေ့၊ နိုဝင်ဘာလ ၀၆ ရက်၊ ၂၀၁၀
မဇ္ဈိမနှင့် နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော “ ကြိုတင်မဲအပေါ် ဦးသုဝေအမြင်” သီးသန့်အင်တာဗျူးတွင် ဦးသုဝေက ဦးအောင်ကြည်ကို စွပ်စွဲခဲ့သည်။
မဇ္ဈိမက ဦးသုဝေကို ပြန်လည်မေးမြန်းရာ ဦးသုဝေက အမည်အတိအကျထောက်ပြလျှင် ကာယကံရှင်များက လက်ခံမည်မဟုတ်ဆိုပြီး ကစားကွင်းအမည်အတိအကျကို မဇ္ဈိမအား ထပ်မံပြောပြရန် ငြင်းဆိုသည်။
မဇ္ဈိမက မင်္ဂလာတောင်ညွန့် မြို့ခံများနှင့် ရဲစခန်းကို သီးခြားမေးရာ သူတို့မြို့နယ်ထဲတွင် Happy Land အမည်ဖြင့် ကလေးကစားကွင်း မရှိကြောင်း ဖြေကြားကြသည်။
သို့သော်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက “တိရိစ္ဆာန်ဥယျာဉ်ထဲမှာ တို့ပြည်သား ဆိုတဲ့ ကစားကွင်းတခုပဲ ရှိတယ်။ Happy Land မဟုတ်ဘူး။ ကျန်တာ မရှိဘူး” ဟု ပြန်ဖြေသည်။
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်အတွက် ပြိုင်ဘက်အမတ်လောင်း စစ်အစိုးရအလုပ်သမားဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖအကြားဆက်ဆံရေးဝန်ကြီး တာဝန်ယူနေသူလည်းဖြစ်သည်။
အမေရိကန်နိုင်ငံ Fort Benning ခြေလျင်အရာရှိသင်တန်းဆင်းဖြစ်ပြီး ၃၆ နှစ်ကျော် စစ်မှုထမ်းခဲ့ကာ ၂ဝဝ၆ ခု နိုဝင်ဘာ ၁ ရက်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် အနားယူခဲ့သည်။
ဗိုလ်ချုပ်အောင်ကြည်၊ မင်းဗထူး စသည့်ကလောင်များဖြင့် စာအုပ်များ၊ “စစ်ဘက်နယ်ဘက်” ဆောင်းပါးများ ရေးသားခဲ့ပြီး မင်းဗထူးအမည်ဖြင့် တူဒေးစာအုပ်တိုက် CEO မဂ္ဂဇင်းတွင် လစဉ်ဆောင်းပါးများ ရေးနေသည်ဟုလည်း ဝက်ဆိုက်တွင် ဖော်ပြထားသည်။
မီးဘေးထက် အရေးကြီးတဲ့ မဲဘေး
ချင်းမိုင် (မဇ္ဈိမ)
ကျော်ခ | နိုဝင်ဘာလ၊ ၀၆ ရက်၊ ၂၀၁၀
“ မဲကိစ္စတွေပြီးပြတ်မှ နေရာတွေပြန်စီစဉ်ပေးမယ်လို့ တာဝန်ရှိလူကြီးတွေက လာပြောသွားတယ်။ မဲကာလတွင်းမှာ မဲတော့ထည့်ဖို့ပြောတယ် ” ဟု ဘုန်းကြီးကျောင်းတွင် အကူအညီပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။ အနီးပတ်ဝန်းကျင်မှ အလှူရှင်များတော့ ရှိကြောင်း သဘော့ဆိပ်ကျောင်းဆရာတော်က မိန့်ကြားသည်။
“တာဝန်ရှိလူကြီးတွေက မဲရုံကိစ္စကိုသာ စီစဉ်နေကြတာ၊ မီးဘေးဒုက္ခသည်တွေအတွက် ဘာမှ လာကူညီတာမရှိဘူး။ အခုလဲ အလယ်တန်းကျောင်းမှာ မနက်ဖြန်မဲထည့်ဖို့စီစဉ်နေကြတယ်” ဟု သဘော့ဆိပ် ရွာသား တဦးက မဇ္ဈိမကိုပြောသည်။
ကုလသမဂ္ဂ မြန်မာပြည် စစ်ဆေးရေး ကော်မရှင် ကြန့်ကြာဘွယ်ရှိ
မဇ္ဈိမသတင်းဌာန |
နိုဝင်ဘာလ၊ ၀၆ ရက်၊ ၂၀၁၀ ခုနှစ်
စုံစမ်းရေး ကော်မရှင် ဖွဲ့ရေး ရှင်းရှင်းလင်းလင်း ဖော်ပြမထားသည့်ကြားကပင် မြန်မာနယ်စပ် အဖွဲ့အစည်းများနှင့် အလုပ်လုပ်နေသည့် ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်း ညီညွတ်ရေးအဖွဲ့က ဘင်နီဒစ်ရော်ဂျာက မှတ်တမ်း ထွက်လာသည့် သတင်းကို ကြိုဆိုလိုက်သည်။
“ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ကျနော်တို့ တိုက်တွန်းလိုတာက မြန်မာပြည်က လူမဆန်တဲ့ ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ တရားဝင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တဲ့အထိ ဖြစ်လာအောင် အကောင်အထည် ဖော်ပေးဖို့ပါ” ဟု ရော်ဂျာက ဆိုသည်။ “ဖွဲ့စည်းပုံဥပဒေသစ်ဟာ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေအတွက် အာမခံပေးထားတယ်၊ ဒါကြောင့် ဒီတာဝန်ဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ အရေးယူမှုအပေါ်မှာ တည်နေပါပြီ”ဟုလည်း ရော်ဂျာကဆိုသည်။
ပြီးခဲ့သည့်နှစ် ဆုံးဖြတ်ချက်များတွင် ဖော်ပြခဲ့သည့် စိုးရိမ်ကြောင့်ကြမှုများကို ရှင်းပြရန် မြန်မာအစိုးရ ဆက်လက် တုံ့နှေးနေမှုကို ဖော်ပြရင်း နောက်ဆုံး ဆုံးဖြတ်ချက်တွင်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ပြိုင်ဘက်များကြား စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်စေရေး နိုင်ငံတကာက တောင်းဆိုရန်နှင့် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ပြန်လွှတ်ပေးရန် ထပ်မံ တောင်းဆိုထားသည်။ ၄၂ နိုင်ငံ ပူးပေါင်း ထောက်ခံမှုဖြင့် ဥရောပသမဂ္ဂ ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သည်။
အထွေထွေ ညီလာခံ တတိယ ကော်မတီ အစည်းအဝေးတွင် အာဂျင်တီးနား၊ ကနေဒါနှင့် ဗြိတိန် တို့သာလျှင် အထွေထွေ ညီလာခံမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း အရေးယူရန် ထောက်ခံခဲ့သည်။
ချင်းမိုင် (မဇ္ဈိမ)
စိုင်းဝမ်မိုင်း| နိုဝင်ဘာလ၊ ၀၆ ရက်
ရွေးကောက်ပွဲအပြီးလာမည့် စစ်အစိုးရထိုးစစ်ကို ရင်ဆိုင်ရန် ယခုအပတ်အတွင်း မဟာမိတ်ဖွဲ့လိုက်သည့် လက်နက်ကိုင် တိုင်းရင်းသား ၆ဖွဲ့က`ပြည်ထောင်စု တပ်မတော်´ ဖွဲ့စည်းရေး ဦးစားပေးသည်ဟု လွတ်လပ်သော အာရှအသံနှင့် သတင်းရပ်ကွက်များက ဆိုသည်။
ဤအဖွဲ့က ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ်အင်ဘန်လ ကို ဥက္ကဋ္ဌ တာဝန်ပေးလိုက်ပြီး ကေအန်ယူ ဗိုလ်ချုပ် မူတူးဆေးပိုး က ဒုဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာ က အထွေထွေအတွင်းရေးမှူး၊ ကေအန်ပီပီမှ ရွှေမျိုးသန့်က တွဲဘက်အတွင်းရေးမှူး တာဝန်ယူမည်ဖြစ်သည်။ ဗိုလ်ချုပ်အင်ဘန်လ သည် ကေအိုင်အေ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကေအိုင်အို ဒုတိယအကြီးအကဲလည်း ဖြစ်သည်။
နှစ် ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် တနင်္ဂနွေ ရွေးကောက်ပွဲအပြီး သူတို့ထဲက တဖွဲ့ဖွဲ့ကို မြန်မာစစ်တပ်က စတိုက်လိမ့်မည်ဟု မဟာမိတ်အဖွဲ့က မျှော်လင့်ထားသည်။
ကေအိုင်အို၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အမှတ် ၁ တပ်မဟာ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့က စစ်အစိုးရ ကမ်းလှမ်းချက်ဖြစ်သော စစ်တပ် ကွပ်ကဲမှုအောက်တွင်ထားမည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို ငြင်းပယ် လိုက်အပြီးတွင် စစ်အစိုးရနှင့် ၎င်းတို့ကြား တင်းမာမှု တိုးပွားလာသည်။
စက်တင်ဘာလက မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မဟာ ၁ ကို ၃ ကြိမ်တိုက်ခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာကလည်း ကေအိုင်အိုကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရအပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် `သောင်းကျန်းသူ´ ဟု သုံးနှုန်း ရေးသားခဲ့သည်။
ထိုအတောအတွင်း (အပစ်ရပ်အဖွဲ့ မဟုတ်သော) ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့်လည်း မြန်မာစစ်တပ် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အောက်တိုဘာ လလယ်အတွင်းက တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာစစ်သား ၁၁ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည်နယ် အတွင်းက သတင်းများ ထွက်လာသည်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ရန်သူ့ထံမှ လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ သည်။
ထိုတိုက်ပွဲများအတွင်း ရှမ်းတပ်ဘက်မှလည်း အချို့ဒဏ်ရာရခဲ့သည် ဟု ရှမ်းသံတော်ဆင့်သတင်းက ရေးသား ဖော်ပြသည်။
`ကျနော်တို့တပ်သားတွေက မြန်မာစစ်သားတွေ ရွာသားတွေကို အနိုင်ကျင့်တာကို မကြည့်နိုင်တော့လို့ သေချာရွေးတိုက်ခဲ့တာပါ။ မြန်မာစစ်သားတွေရဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့တပ်သားတွေက လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ သာဖြစ်ပါတယ်´ ဟု ရှမ်းပြည်တပ်မတော် တောင်ပိုင်း၏ ပြောရေးဆိုခွင့်ရှိသူ စဝ်လော်ဆိုင်းက ပြောသည်။
မကြာသေးမီက မြန်မာတပ်ဖွဲ့များက ရွာသားများကို အနိုင်အထက် ပြုကျင့်ခဲ့ကြပြီး ထိုအကြောင်းကို ဒေသတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့များထံ တိုင်ကြားခဲ့ကြသည် ဟု သူက ပြောသည်။ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၁ဝ သည် မိုင်းကိုင်မြို့နယ် မိုင်းယောင်းဒေသသို့ ဝင်လာတိုင်း ရွာသားများကို ရိုက်နှက်ညှဉ်းပန်းပြီး ပစ္စည်းများလည်း ယူသွားသည်ဟု သူက ပြောသည်။
`ကျနော်တို့လူထုကို အကာအကွယ်ပေးဘို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့လူထုကို နှိပ်စက်စော်ကားတဲ့ မြန်မာတပ်တွေကို လက်တုံ့ပြန် တိုက်ခိုက်သွားမှာဘဲ´ ဟု ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့သည်။
မြန်မာစစ်တပ်ကို တောက်လျှောက် ခုခံတိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင်အဖွဲ့မှာ စဝ်ရွက်ဆစ် ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းဖြစ်သည်။ ခွန်ဆာ ဦးဆောင်သည့် မုန်တိုင်းတပ်မတော် ၁၉၉၅ ခုနှစ်တွင် လက်နက်ချပြီးနောက် ဤအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့ဌာနချုပ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် လွယ်တိုင်းလုံတွင်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက် အင်အား တောင့်တင်းသည့် အခြေခံစခန်းများရှိသည်။ ဤအဖွဲ့သည် အပစ်အခတ် ရပ်စဲမထားသော အဖွဲ့များအနက် အင်အားအကြီးဆုံး ဟု ယုံကြည်ရသည်။
ယခုကော်မတီသည် ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်တို့သို့လည်း သွားရောက်ချဉ်းကပ်ဆွေးနွေးခဲ့သည်ဟု ဝါရင့် မြန်မာ့အရေးလေ့လာသူတဦးက မဇ္ဈိမ ကိုပြောသည်။ ယင်းနှစ်ဖွဲ့က အင်အားတောင့်တင်းသော အဖွဲ့များဖြစ်နေခြင်းကြောင့်ပင်။ ရှမ်းတပ်မတော် တောင်ပိုင်းက အဆိုပြုချက်ကို လက်ခံ စဉ်းစားနေသည်။
`ဒါပေမဲ့ ရှမ်းတပ်မတော် တောင်ပိုင်းက တကယ်အလုပ်လုပ်မဲ့ အဖွဲ့ဘဲ ဖြစ်စေချင်တယ်။ နိုင်ငံရေးအရ စကားများရန်ဖြစ်နေမယ့် အဖွဲ့မျိုးမဖြစ်စေချင်ဘူး´ ဟု သူကပြောသည်။ `ရှမ်းတောင်ပိုင်းတပ်နဲ့ ဝ မပါရင်တော့ ကေအိုင်အို က အင်အားအတောင့်ဆုံးအဖွဲ့ပါ´ ဟု လည်း သူကဆက်ပြောသည်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအတွင်း ဝ' တပ်မတော်သည် အပြောင်မြောက်ဆုံးအဖွဲ့ဟု မြန်မာ့အရေးလေ့လာသူက ယုံကြည်သည်။ `နိုင်ငံရေးဆို သူတို့က စိတ်မဝင်စားသလို နားမလည်သလိုနေမယ်။ ဒါပေမဲ့ သူတို့ နယ်မြေ မဆုံးရှုံးသေးဘူး။ သူတို့နယ်မြေနဲ့ သူတို့စစ်တပ်ကိုတောင် တိုးချဲ့လာနိုင်သေးတယ်´ ဟု သူက ပြောသည်။
အန်ဒီအေအေနှင့် မိုင်းလားအဖွဲ့များကိုမူ သူက မှုလောက်စရာမရှိသည့် `ကစားစရာအရုပ်ကလေးများ´ ဟု နှိမ့်ချပြောဆိုသည်။
`ဒီနှစ်ဖွဲ့က ဝတပ်ဖွဲ့ရဲ့ရုပ်သေးလေးတွေပါ။ အန်ဒီအေအေ ဒေသထဲမှာ ဝ တပ်တွေ အများကြီးရှိတယ်။ ဒီတော့ ဝတပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်းဆိုတာ ပန်ဆန်း မဟုတ်ဘူး၊ အန်ဒီအေအေ နယ်မြေထဲမှာ´ ဟု သူကပြောသည်။
အချို့က သူတို့ကို ဘိန်းဘုရင်များအဖြစ် တံဆိပ်တပ် စွပ်စွဲကြမည်ဖြစ်သော်လည်း အင်အားကြီး အဖွဲ့များဖြစ်သည်ဟု သူက ပြောသည်။ သူတို့ဒေသအတွင်း ကုလသမဂ္ဂကလည်း စီမံကိန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ လေ့လာသူက ဆက်လက်ပြော ဆိုသည်။
`မဟာမိတ်ဆိုတာနဲ့ ပတ်သက်လို့ ရီစရာကောင်းတာက ပြည်ပရောက်တွေနဲ့ လက်နက်ကိုင် အတိုက်အခံ အဖွဲ့တွေထဲမှာ မဟာမိတ်အဖွဲ့တွေ အများကြီးဘဲ။ ဒါပေမဲ့ ထူးထူးခြားခြား လုပ်တာရယ်လို့ မရှိဘူး´ ဟု သူကပြောသည်။
တိုက်ပွဲဖြစ်စဉ်အကျဉ်း
အောက်တိုဘာ ၁၉ - ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တဖွဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းခတ်ကျေးရွာအုပ်စု ဝမ်မော်ရွာအနီးတွင် ခမရ ၅၁၉ နှင့် ၂၇၇ တို့ကို ခြုံခိုတိုက်ခိုက်သည်။ တိုက်ပွဲ ၁၇ မိနစ်ကြာမြင့်ပြီး မြန်မာစစ်တပ်ဘက်မှ ၂ ယောက်သေ၊ ၁ဝ ဦးဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည် တပ်မတော်တောင်ပိုင်း ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
အောက်တိုဘာ ၃၁ - မိုင်းကောင်မြို့နယ် မိုင်းယောင်းကျေးရွာအုပ်စု တောင်ဘက် (၅ ကီလိုမီတာ သို့မဟုတ် ၃ မိုင်အကွာ) တွင် ခမရ ၅၁ဝ တပ်ဖွဲ့ တခုကို ရှမ်းပြည်တပ်တော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ သည်။ မြန်မာစစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၇ ဦးပြင်းထန်စွာ ဒဏ်ရာရသွား သည်။ တိုက်ပွဲ တနာရီခွဲကြာမြင့်ပြီး ရန်သူ့ထံမှ လက်နက်များကို ရှမ်း ပြည်တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။
နိုဝင်ဘာ ၁ ရက် (နောက်တရက်) - စစ်ကူလာသော ရန်သူ့တပ် ခမရ ၂၉၂ ကို မိုင်းကောင်မြို့နယ် နောင်ဝိုးနှင့် မိုင်းယောင်းကြားတနေရာတွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်သည်။ တိုက်ပွဲ ၂၈ မိနစ်ကြာမြင့်ပြီး မြန်မာစစ်သားတဦး ဒဏ်ရာရရှိသွားသည် ဟု အက်စ်အက်စ်အေ တောင်ပိုင်း ဝက်ဆိုက်တွင် သတင်းတင်ထားသည်။
နိုဝင်ဘာ ၂ ရက် - ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မိုက်ဟိုင် ကျေးရွာအုပ်စု နောင်ခမ်းရွာအနီးတွင် ခမရ ၅၁၈ နှင့် ရှမ်းပြည် တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်သည်။ မြန်မာစစ်တပ်မှ ၂ ယောက်ကျဆုံး၍ တယောက်ဒဏ်ရာရသည်။
ကြံ့ဖွတ် အဖွဲ့ဝင်တဦး ၀ိုင်းရိုက်ခံရ၍ ဆေးရုံရောက်
နိရဉ္စရာ
သတင်း မောင်အေး
မနက်ဖြန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူ့ပါတီ ကိုယ့်ပါတီ အနိုင် ရရှိရေး စည်းရုံး ဟောပြောရာမှ အငြင်းပွားကြပြီး မောင်တောမြို့နယ်တွင် ကြံ့ ဖွတ်ပါတီ အဖွဲ့ဝင်တဦး ၀ိုင်းရိုက် ခံရ၍ ဆေးရုံသို့ ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
အရိုက်ခံရသည့် သူမှာ ကြံ့ဖွတ် ပါတီ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်ဝင်း၏ တူတော်သူ ဖြစ်သည်။ “ သူက ရယကဟောင်း ချူးကူးအာလောင် ဆိုတဲ့ သူဖြစ်ပါတယ်။ သူဦးလေးကို မဲပေးဖို့ လူတွေကို အတင်းဟောပြောနေလို့ အရိုက်ခံရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မွတ်ဆလင် အမျိုးသားများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို မဲပေးရန် အစည်းဝေးပြောနေစဉ် ကြံ့ဖွတ်ကိုသာ မဲပေးရန်သူက လာရောက်ပြောကြားသဖြင့် အရိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
“ ကျွန်တော်တို့ ကြက်ရိုးချောင်းရွာမှာ အစည်းအဝေး လုပ်နေချိန်မှာ သူက ကုလားလို “ချိန်းဟော မာရကာ ဘုတ်ဒီ” “ ခြင်္သေ့ တံဆိပ်ကိုမဲပေး” ဆိုပီး အဲသလို လာပြီး ဟောပြောတယ်။ ဒါကို မကျေ နပ် တဲ့လူတွေက ထွက်ပြီ်းရိုက်ကြတာ ဖြစ်ပါတယ်။ ဦးခေါင်းမှာ ကွဲသွားတယ်။ အခုတော့ နစက စခန်း အတွင်းက ဆေးရုံမှာ တင်ထားရပါတယ်”
မကြာသေးမီကလည်း မောင်တောမြို့နယ် ခမောင်းချောင်းတွင် ကြံ့ဖွတ် ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီတို့ အကြီးအကျယ် ရိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် လူ ၅ ဦးထက် မစုရဟု ဆိုကာ ရွေးကောက်ပွဲကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ခဲ့သည်။
ယခုအခါ အစည်းဝေးပြုလုပ်ခဲ့သည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ အဖွဲ့ဝင်များကို အမှတ် ၅ နယ်မြေ နစကစခန်းသို့ခေါ်ယူပြီး နယ်မြေမှူး ဗိုလ်မှူး သန်းနိုင်မှ မနက်ဖြန်တွင် ကြံ့ ဖွတ်ပါတီကို မဲပေးကြရမည်ဟု ဖိအား ပေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကြံ့ဖွတ်နှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ သုံးခုသာ ၀င်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
Friday, November 5, 2010
အိုးကလေးလှုပ်ပါဟေ့ ...အိုးကလေးလှုပ်ပါဟေ့ (ဖင်အတုတတ်ပြီး မဲဆွယ်တဲ့ အန်တီ)
၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး တွင် ပါခဲ့သည် ဆိုသည့် တာမွေ ကြံ့ဖွတ် အမတ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေအား ယမန်နေ့က မဲဆွယ် ရာတွင် သတိပဌာန် လမ်းထိပ် အရောက် ပြည်သူ အချို့က
“ဗျို့ အစ်မကြီး ကိုယ်တုံးလုံး ချွတ်ပြီး ကပြရင် မဲထည့်မည်”
ဟု ၀ိုင်းဝန်း ရှုံ့ချ ခဲ့ရာမှ ပြည်သူများနှင့်အချင်းများ ခဲ့သည်ဟု သိရသည်။ ထိုသို့ အချင်းများပြီးနောက် သတင်း ရယူရန် ရောက်လာသည့် နိုင်ငံခြား သတင်းထောက် နှစ်ဦးကို ရန်မူကာ သတင်း မယူရန် နှင့် ဓာတ်ပုံ မရိုက်ရန် တားမြစ် ခဲ့သည်။
ဒေါ်လဲ့လဲ့ ၀င်းဆွေ မှာ ဖင်အတုတပ်ပြီး မဲဆွယ်မှု ကြောင့် စနေနေ့က မော်ဒန် လက်ဖက်ရည်ဆိုင် အနီးတွင် လူငယ်များ နှင့် ပြဿနာ တက်သေးသည်ဟု သိရသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေသည် ကျောက်မြောင်းတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ခင်ပွန်းနှင့် သားသမီးများ ရှိသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေသည် မြန်မာ ယဉ်ကျေးမှု အမွေအနှစ် သီချင်း ဖြစ်သည့် နဂါးနီ သီချင်းကိုလည်း ကြံ့ဖွံ့ နာမည်များ ထည့်ကာ သံစဉ် စာသား ပြောင်းလဲ၍ သီဆိုသည်။
ပြီးခဲ့သည့် သတင်းပတ် ကလည်း တောင်ဥက္ကလာပ မြို့နယ် ကြံ့ဖွံ့ အမတ်လောင်းနှင့် လက်ရှိ မြို့တော်ဝန် ဦးအောင်သိန်းလင်းမှာ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်ကို ပုဆိုး လှန်ပြ ခဲ့သေးသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေ တပ်ထားသည့် ဖင်တုကြီးမှာ အမေရိကန် မော်ဒယ် ကင်ကာဒီရှန်း၏ ဖင်လောက်ပင် ကြီးသည်ဟု ဆိုသည်။ သို့သော်လည်း သူမ၏ ဖင်တုကြီးက တရုတ်လုပ် ဖင်တုကြီး ဖြစ်သောကြောင့် တစ်ခြမ်းကြီးပြီး တစ်ခြမ်းသေး နေသည်ဟု ဆိုသည်။
ဝါဒဖြန့် ရုပ်ရှင်ဇတ်ကားတွေ ရိုက်ကူးခဲ့တဲ့ တင်သန်းဦး သေပြီ
သတင်း စိုင်းဇွမ်ဆိုင်း
ဧရာဝတီ သတင်း
၂၀၀၉ ခုနှစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့တဲ့ “အာရုံဦးမှာ ဖူးသည့်ကြာ”အမည်ရ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားကြောင့် ဒါရိုက်တာ တင်သန်းဦး များစွာ ဝေဖန်ခံ ခဲ့ရပါတယ်။
ယင်းဇာတ်ကားကို ရေးသားရိုက်ကူးသူ ဒါရိုက်တာ တင်သန်းဦးဟာ လုံးချင်း ဝတ္ထု စာအုပ်များရေးသား ထုတ်ဝေပြီး စစ်ကား များကို ရိုက်ကူးခဲ့ကာ ၁၉၈၈ မတိုင်မီ နှစ်များတွင် သူ၏စာအုပ်များသည် အရောင်းရဆုံး စာရင်း ဝင်ခဲ့ပါတယ်။
သို့သော် ၁၉၈၈ အရေးခင်းမှာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် စစ်တပ်နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်း တွေကို ပရိသတ်များက စိတ်ဝင်စားမှုလျော့ပါးလာပြီး တင်သန်းဦး၏ စာအုပ်များ အရောင်းထိုင်း စာရင်းဝင်ခဲ့ပါတယ်။
တင်သန်းဦးဟာ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ အနှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှာတော့ ဦးစီးအရာရှိ ပထမတန်း၊ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ဖြင့် အနားယူခဲ့ပါတယ်။
Monday, October 25, 2010
ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
![]() | ![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() | ![]() |
Wednesday, October 20, 2010
မြန်မာနိုင်ငံ သတင်းလွတ်လပ်မှု အဆင့်လျော့ကျ
ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာကို အကဲဖြတ်တဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဆင့် အညွှန်းစာတမ်းမှာ နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၂၀၁၀ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အဆင့်ဟာ ၂၀၀၉ နှစ်ထက် ၃ ဆင့် ကျဆင်းသွားတယ်လို့ သုံးသပ်လိုက်ပါတယ်။
မနှစ်က သတင်းလွတ်လပ်ခွင့် နည်းပါးတဲ့ အောက်ဆုံးပိုင်းအဆင့် နိုင်ငံတွေထဲမှာ နံပါတ် ၁၇၁ စွဲခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ် ၂၀၁၀ ခုနှစ်မှာတော့ အဆင့် ၁၇၄ ကို ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ဒီနှစ် အညွှန်းအရ နိုင်ငံ ၁၇၈ နိုင်ငံအနက် မြန်မာနိုင်ငံက နံပါတ် ၁၇၄ စွဲတာကြောင့် သတင်းလွတ်လပ်ခွင့် အနည်းဆုံး ၅ နိုင်ငံထဲမှာ ပါဝင်ပြီး သူ့အောက်မှာ မြောက်ကိုရီးယားနဲ့ အီရန် အပါအ၀င် ၄ နိုင်ငံလောက်သာ ကျန်ပါတော့တယ်။
တနှစ်အတွင်း သတင်းလွပ်လပ်ခွင့်ဆိုင်ရာ အဆင့် ၃ ဆင့်လောက် ကျဆင်းသွားခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားအဖွဲ့ရဲ့ အာရှဌာန အကြီးအကဲ ဗင်းဆင့် ဘိုစဲလ် (Vincent Bosssel) က အချက် ၃ ချက်ကို အခုလို ရှင်းပြခဲ့ပါတယ်။
“၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ၃ ဆင့်ကျသွားတာ အဓိကအားဖြင့် အချက် ၃ ခုကြောင့် ဖြစ်ပါတယ်။ ပထမ အချက်က သတင်းတွေကို စိစစ် ထိန်းချုပ်တဲ့အဖွဲ့က ထိန်းချုပ်မှုတွေကို ပိုလုပ်လာတယ်။ ဒုတိယ အချက်က နိုင်ငံတကာ သတင်းမီဒီယာတွေကို သူ့တိုင်းပြည်ထဲကို ၀င်ပြီး ပွင့်လင်းမြင်သာတဲ့ သတင်းမီဒီယာဖြစ်အောင် အလုပ်လုပ်ခွင့် မပေးဘူး။ ဥပမာ ပြီးခဲ့တဲ့အပတ်က အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာ သတင်းမီဒီယာတွေ လာစရာမလိုဘူးလို့ ပြောလိုက်တယ်။ တတိယ အချက်ကတော့ သတင်းလွတ်လပ်ခွင့် ကျသွားရတဲ့ အဓိက အကျဆုံး အကြောင်းရင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် ဘလော့ဂ်ဂါတွေ အပါအ၀င် သတင်းသမားတွေကို ဖမ်းဆီး အကျဉ်းချနေတာဟာ ၂၀၁၀ ခုနှစ်ထဲမှာ အင်မတန ဆိုးရွားလာနေလို့ပါ။”
မြန်မာနိုင်ငံမှာ စစ်အစိုးရ အာဏာသိမ်းပြီးနောက် အနှစ် ၂၀ အတွင်း ရွေးကောက်ပွဲတခု ပြန်လုပ်ဖို့ ရက်သတ္တ ၃ ပတ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲတခုရဲ့ မျှတ မှန်ကန်မှုကို သုံးသပ်ရာမှာ အဓိက အချက်တခုဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အရေးတကြီး ပြုပြင် ပြောင်းလဲသင့်တဲ့ အချက်တွေကို သူက ဆက်ပြီး ထောက်ပြပါတယ်။
“ပထမဆုံး လုပ်သင့်တာက ယုတ္တိကင်းမဲ့ပြီး ခေတ်နောက်ကျနေတဲ့ သတင်းစိစစ် ထိန်းချုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ရပ်ပြီး ပြုပြင် ပြောင်းလဲရပါမယ်။ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက သတင်းမီဒီယာ နယ်ပယ်ဟာ အတွေ့အကြုံရှိပြီး အရည်အချင်း ပိုရှိလာပေမဲ့ သတင်းသမားတွေမှာ သတင်းအချက်အလက် အသေးစိတ်တွေသာမက ကာတွန်းတွေကိုပါ စာပေစိစစ်ရေးကို တင်နေရတာကြောင့် လွတ်လပ်ခွင့် မရှိပါဘူး။
“ဒုတိယ အရေးကြီးတဲ့ အချက်က သတင်းသမားတွေကို ထောင်တွေထဲက အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ။ မြန်မာနိုင်ငံက သတင်းသမားတွေဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် နှစ်ရှည်လများ ထောင်ဒဏ်တွေ ချခံနေကြရပါတယ်။ သူတို့ကို ချက်ချင်း လွှတ်ပေးဖို့ပါ။ နောက် အရေးအကြီးဆုံး အချက်ကတော့ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ အပါအ၀င် နိုင်ငံတကာ သတင်းသမားတွေကို မြန်မာနိုင်ငံထဲဝင်ပြီး အလုပ်လုပ်ခွင့် ပေးဖို့ပါ။ အခုလို ရွေးကောက်ပွဲ နီးကပ်တဲ့ ကာလမှာ ကမ္ဘာက လက်ခံယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှု ရှိလာအောင် သတင်းမီဒီယာကို ပြုပြင်ဖို့ လိုတာပေါ့ဗျာ။”
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ပြုလုပ်မယ့် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ကမ္ဘာက လက်ခံ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ ဝေဖန် အကြံပေးသံတွေ ပိုကြားလာရတဲ့ အခုသီတင်းပတ်တွေ အတွင်းမှာပဲ လွန်ခဲ့တဲ့ ၂ ရက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ သတင်းမီဒီယာလာဖို့ မလိုအပ်ဘူးလို့ အတိအလင်း ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်တဲ့ရက်မှာ မဲရုံတွေနားမှာလည်း ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်ကူးတာတွေလည်း ခွင့်မပေးဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။
Sunday, October 17, 2010
တရားတော်တော်လွန်နေတဲ့  ဖွတ် တွေ
“မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံကြ” ဟု ဆိုကာ လွတ်တော် အမတ်လောင်းများက လှည့်လည် စည်းရုံး
10/17/2010
မောင်တော မြို့ခံ တစ်ဦးက “ သူတို့က ကားတွေနဲ့ စီတန်းပြီး မောင်တောမြို့ပေါ်မှာ မဲဆွယ် စည်းရုံးတဲ့ နေ့က ဖြစ်ပါတယ်။ မူဆလင်တွေ လွတ်လပ်ဖို့ မူဆလင် ခေါင်းဆောင်ကို ထောက်ခံကြ၊ ကြံ့ခိုင်ရေး ပါတီမှ ဇော်ကိရ် အာမတ်ကို ထောက်ခံကြ။ အဲသလို စစ်တကောင်း ဘင်္ဂလီ ဘာသာ စကားနဲ့ အော်ဟစ် လက်ခုတ်တီးပြီး လှည့်လည် မဲဆွယ် ခဲ့ကြပါတယ်” ဟု ပြောသည်။
မောင်တော မဲဆန္ဒနယ်မှ ပြည်သူ့ လွတ်တော်တွင် အရွေးခံမည့် ဦးဇော်ကိရ်အာမတ် (ခေါ်) ဦးအောင်ဇော်ဝင်းက အမိုးဖွင့်ထားသည့် သူ့ကိုယ်ပိုင် ပါဂျာရိုကား ပေါ်တွင် ပန်းကုံးများစွပ်ကာ ရပ်လျက် လိုက်ပါလာပြီးနောက် ထိုသို့ မူဆလင် လူထုကို ဆော်အော် စည်းရုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မဲဆွယ်စည်းရုံးသည့်နေ့က သူ၏ ကားနောက်မှ ဂျစ်ကား အစီး ၁၀ ကျော်နှင့် ပါတီဝင် ၄၀၀ ကျော်ခန့် စီတန်း လိုက်ပါလာပြီး မောင်တောမြို့ လမ်းမတလျောက် အင်အားပြကာ မဲဆွယ် စည်းရုံးခဲ့သည်ဟု သိရသည်။
“ အဲသလို စီတန်းပြီး မြို့ကို လှည့်လည် အော်ဟစ် မဲဆွယ်နေကြတော့ လမ်းတွေ ပိတ်ဆို့မှုဖြစ်ပြီး လမ်းသွား လမ်းလာတွေနဲ့ မြို့နေလူထုတွေ ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေပါတယ်။ ပီးရင် ဒါဟာ ရွေးကောက်ပွဲ ဥပဒေကိုလည်း ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ပြောမယ့် ဆိုမယ့်သူ မရှိတော့ မဲဆွယ်တာကို ကြံ့ဖွတ်ပါတီကိုယ် စားလှယ်တွေက လုပ်ချင် သသလို လုပ်နေတာ ဖြစ်ပါတယ်” ဟု ၄င်းမြို့ခံက ပြောသည်။
ထိုသို့ မြို့ကို လှည့်လည် မဲဆွယ်ရာတွင် ကားများတွင်လည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ နဖူးစည်း စာတန်းနှင့် အလံများ လွှင့်ထူ ပါရှိပြီး၊ ပါတီ၏ ယုံကြည်ချက်၊ ခံယူချက်များကို ရေးသားထားသည့် လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။
မောင်တောမြို့နယ်မှ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားပြုပြီး ပါဝင် ယှဉ်ပြိုင်ကြမည့် သူများမှာ ဦးဇော်ကိရ်အာမက် (ခေါ်) ဦးအောင်ဇော်ဝင်း (ပြည်သူ့ လွှတ်တော်) ၊ ဦးဇာယာဒ်ရော်မံ (ခေါ်) ဦးဌေးဝင်း ( အမျိုးသား လွှတ်တော်) ၊ ဦး ဇာဟိန်းဝိရ် (ခေါ်) ဦးအောင်မျိုးမင်း ( ပြည်နယ် လွှတ်တော်) ၊ ဦးမြအောင် ( အမျိုးသား လွှတ်တော်) နှင့် ဦးမောင်သာခင် ( ပြည်နယ် လွှတ်တော်) တို့ဖြစ်ကြသည်။
ယခုအခါ သူတို့၏ ရုပ်ပုံများ ဖြင့် ရိုက်နှိပ်ထားသည့် စာရွက်စာတန်းများကို မောင်တော မြို့နယ် တစ်ခုလုံးတွင် ဖြန့်ဝေနေပြီး အဆိုပါ စာရွက်များတွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ သာ တိုင်းပြည်တိုးတက်ရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကျဉ်းနိုင်မည့် တစ်ခုတည်းသော ပါတီဟု ရေးသားထားသည် သိရသည်။
မောင်တောမြို့နယ်တွင် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်များက နည်းမျိုးစုံဖြင့် အင်အားပြနေပြီး တခြား ပါတီများမှ ကိုယ်စားလှယ် လောင်များ မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို အနှောင့်အယှက် ပေးမူများ ရှိနေကြောင်း သိရသည်။
အထူးသဖြင့် မောင်တောမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနှင့် နှင်လာ ငါလား ယှဉ်ပြိုင်ရမည့် တခြား ပါတီ တစ်ခု ဖြစ်သော မွတ်ဆလင် ဘာသာဝင် ဦးစီးသည့် အမျိုးသား ဖွံ့ဖြိုးရေး ဒီမိုကရက်တစ် ပါတီ အပေါ် အဓိကထားပြီး အနှောင့် အယှက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
သို့သော်လည်း ပိုပြီး ပြဿနာ တက်မည်ကို စိုးရိမ်သဖြင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီမှ ထိုကဲ့သို့ နှောင့်ယှက်နေမူကို သတင်းမီဒီယာများသို့ တစုံတရာ ဖွင့်ဟ ပြောဆိုခြင်း မရှိကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် တခြား ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီမှာ တစည ပါတီ ဖြစ်ပြီး အဆိုပါ ပါတီကို အစိုးရ ၀န်ထမ်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့် ပါတီ လူဟောင်းများက မဲပေးနိုင်ရန် အလားအလာ ရှိနေကြောင်း သိရသည်။
(သတင်း အချက်အလက်များကို တာကလူး (တက်ကနက်ရုံး) မှ စုဆောင်းပေးပို့သည်။)
၂ဝ၁ဝ ရွေးကောက်ပွဲ ကျောင်းသားလူငယ်များ အသံ
"ဘယ်သူ့ ဘယ်သူတွေမှလဲ မသိတော့ ဘယ်ကို မဲပေးရမလဲ ဆိုတာ မသိတော့ပါဘူး"
လွိုင်ရှန် | အောက်တိုဘာလ ၁၆ ရက်
Mandalay ဖောင်တော်ဦး ဘုန်းကြီးကျောင်းသင် စာသင်ကျောင်းမှာ ကြံခိုင်ဖွံဖြိုးရေး အမှတ်တံဆိပ်ပါသော မဲပေးပုံများကို ကပ်ထားလျှက် ရှိသည်။
Mandalay ဖောင်တော်ဦး ဘုန်းကြီးကျောင်းသင် စာသင်ကျောင်းမှာ ကြံခိုင်ဖွံဖြိုးရေး အမှတ်တံဆိပ်ပါသော မဲပေးပုံများကို ကပ်ထားလျှက် ရှိသည်။"သူများတွေ ပြောတော့ အိမ်တွေမှာ လက်ကမ်း စာစောင်တွေ လိုက်ဝေတယ် ပြောပါတယ်။ ဒါပေမဲ့ ကျနော့်အိမ်မှာတော့ အဲလို မတွေ့မိဘူး။ အမေတို့ အဖေတို့လဲ သူတို့အလုပ်နဲ့သူတို့ ဘာမှသိတာ မဟုတ်တော့ ကျနော်ရော၊ ကျနော့်အမရော ဘယ်ပါတီက ဘယ်သူတွေ ဘာတွေမှန်းကို မသိပါဘူး" ဟု သူက ဆက်ပြောသည်။
ကျောင်းသား အများစုမှာ မူလကပင် ပြည်ခိုင်ဖြိုး ပါတီအဖြစ် စာရင်း သွင်းခံရသော်လည်း သူ့နာမည် မဲစာရင်းတွင် ပါနေသဖြင့် သီးခြားမဲပေးရမည်ဟု ဆိုသည်။
"ကြံ့ဖွံ့မဟုတ်ရင်ပြီးရော၊ ကျနော်က အမှန်လျှောက်ခြစ်ပစ်မှာ။ ကျနော့်အမကတော့ NDF (အမျိုးသား ဒီမိုကရေစီအင်အားစု) ကိုပဲ ပေးမယ်ပြောတယ်။ အမေတို့ အဖေတို့ကိုတော့ ဘာမှမေးလို့ မရဘူး။ မဲပေးဖို့တောင် မသွားဘူး ပြောနေကြတယ်။ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ငါတို့စီးပွားရေး ဆက်လုပ်လို့ရရင် ပြီးတာပဲလို့ သူတို့က ပြောတယ်" ဟု လမ်းထဲတွင် စတိုးဆိုင်ဖွင့်ထားသော မိဘများအကြောင်းကိုလည်း ပြောသွားသည်။ ပညာရေးကို ယခုထက် ပိုလုပ်ပေးနိုင်မည့် အစိုးရသစ် လိုချင်သည်ဟုလည်း ထုတ်ပြောသည်။
student-voterလူငယ်အများစုမှာ နိုင်ငံရေးပါတီများအကြောင်း သေချာမသိဘဲ စိတ်ဝင်စားမှုလည်း နည်းပါးသည်ကို တွေ့ရသည်။"သမီးကတော့ ဒီမိုကရက်တစ် ပါတီကို ပေးမယ်လို့ စဉ်းစားထားတယ်။ သူတို့ဝေတဲ့ ဖလိုင်ယာလေးတွေ ရထားတယ်။ ခွပ်ဒေါင်းပုံနဲ့လေ။ ဘာမှတော့ သိလို့ မဟုတ်ပါဘူး။ သူတို့တွေ ဟောတာပြောတာတွေ တီဗီမှာ လာပေမယ့် နားမထောင်ဖြစ်ဘူး။ ဒီတခုပဲ သိလို့ ဒီတခုပဲ ပေးမယ်ပြောတာပါ" ဟု နိုင်ငံခြားဘာသာသင် တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။
"သမီးတို့ မဲသွားမပေးရင် မလာတဲ့လူ မဲက ကြံ့ဖွံ့မဲ ဖြစ်သွားမယ်လို့ ပြောကြတယ်။ ဒါကြောင့် မဲတော့ သွားပေးမှာပါ" ဟုလည်း သူက ဆက်ပြောသည်။ သူ့အနေဖြင့် မြို့ရွာနှင့် လမ်းပန်းပတ်ဝန်းကျင် ပိုမိုသာယာလှပရန် ထိန်းပေးဖို့နှင့် တဦးချင်း လွတ်လပ်ခွင့် ပိုရရှိလာဖို့လည်း မျှော်လင့်ပါသည်ဟု ဖြေကြားသည်။
သို့သော် အဆင့်မြင့်ကုန်တိုက်တခုက ၂၂ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းတဦးကတော့ မဲစာရင်းတွင် မပါသဖြင့် မဲမပေးဟု ပြောသည်။"ကျမက အရင်က ဒီရပ်ကွက်မှာ နေတာမဟုတ်ဘူးလေ။ ဒီကိုပြောင်းလာတာ မကြာသေးဘူး၊ အဲဒါ အခု မဲစာရင်းတွေ ထွက်တော့ ထွက်ခါစက သွားမကြည့်ဖြစ်ဘူး။ နည်းနည်းနောက်ကျမှ သွားကြည့်တော့ ကျမ နာမည်က မပါဘူး" ဟု ပြောပြသည်။
မိဘများက နယ်တွင်နေပြီး သူတဦးထဲ ရန်ကုန်တွင် အဆောင်ငှားနေထိုင်ရာ ယခင် ရပ်ကွက်တွင် မဲစာရင်းအမည် ပါမပါ သွားကြည့်ရမည်ဟု ရပ်ကွက်လူကြီးက ပြောသည်ဟု ဆိုသည်။
"အရင်နေတဲ့ ရပ်ကွက်က ဝေးလို့ မဲသွားမပေးချင်လို့ ဒီမှာ ပေးမယ်ပြောတာကို သူတို့က အဲဒီရပ်ကွက်မှာ နာမည်ပါမပါ တခါသွားပြန်စစ်ဦးပြောတော့ အလုပ်ရှုပ်လို့ ကျမတော့ မဲမပေးတော့ဘူးလို့ပဲ ပြောခဲ့လိုက်တယ်။ ဟိုမှာ နာမည်မပါဘူး သေချာမှ ဒီရပ်ကွက်မှာ တခါ လျှောက်လွှာတွေဝယ်ဖြည့်ပြီး လဝက (လူဝင်မှုကြီးကြပ်ရေး) လူကြီးနဲ့ တွေ့ပြီးမှ ဒီရပ်ကွက်ရဲ့မဲစာရင်းအမည်ပါမယ် ပြောတယ်။ အလုပ်လည်း မအားဘူးလေ။ လျှောက်လွှာတွေဝယ်ဖို့လည်း ငွေမပေါဘူး။ ကျမတော့ ပေးမနေတော့ဘူး" ဟု သူက စိတ်ပျက်လက်ပျက်နှင့် ပြောသည်။
သူ့အနေဖြင့် မဲ ပေးဖို့၊ မပေးဖို့ အရေးမစိုက်လှဘဲ နေ့စဉ် အလုပ်မှ ဝင်ငွေရဖို့သာ ပိုအရေးကြီးသည်ဟု ပြောသည်။ "ဘယ်အစိုးရပဲတက်တက် ဆင်းရဲသားတွေ ဒီထက်ပိုပြီး ချောင်လည်အောင် လုပ်ပေးရင် ကျမက ကျေနပ်ပါပြီ။ ကျန်တာ နားလည်း မလည်ပါဘူး" ဟု သူက ဆက်ပြောသည်။ ယခု ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကျောင်းသားကျောင်းသူ လူငယ်အများစုမှာ တာဝန်အရ မဲပေးခြင်းသာ ဖြစ်နေပြီး၊ နိုင်ငံရေးပါတီများအပေါ် စိတ်ဝင်စားမှုနည်းခြင်း၊ မသိနားမလည်ခြင်းများကြောင့် ရွေးကောက်ပွဲအမှန်မှ ဖြစ်ပါ့မလားဟု လူကြီးများက စိုးရိမ်နေကြသည်။
Saturday, October 16, 2010
ပြည်ပရောက် မြန်မာများထံမှ ကြိုတင်မဲကောက်
ဧရာဝတီ သတင်း
တိုကျိုအခွန်ရုံးရှေ့ ပွဲဆူဦးမည့် အခြေအနေရှိ
ဂျပန်နိုင်ငံမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက်နှင့် အချိန်ကတော့ ၂ဝ၁ဝ အောက်တိုဘာလ ၁၉ရက် မနက် ၈းဝဝနာရီ ကနေ ၁၈းဝဝနာရီ (ညနေ ၆ နာရီထိ)အထိဖြစ်တဲ့အကြောင်း တိုကျို မြန်မာသံရုံး (ဒေသအခေါ် အခွန်ရုံး)က အကြောင်းကြားစာတွေ ပေးပို့နေပြီလို့ တိုကျိုဖက်ကလာတဲ့သတင်းအရ သိရှိရပါတယ်။
အကြောင်းကြားစာထဲမှာ---
“ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ အခန်း(၁၁) အမှတ်စဉ်(၅၉) အပိုဒ်ခွဲ (ခ)အရ -------------------- သည် ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးလိုပါက ပေးနိုင်ပါကြောင်းနှင့် ဆန္ဒမဲ မပေးလိုပါက ဆန္ဒမဲပေးခြင်းမပြုပဲ နေနိုင်ပါကြောင်း ဦးစွာအသိပေးအကြောင်းကြားအပ်ပါသည်“ လို့လည်း အတိအလင်း ရေးသားဖော်ပြထားပါတယ်။ မဲပေးရမယ့်ရက်က အလုပ်၊ ကျောင်းနားရက်မဟုတ်တဲ့ ကြားရက် တရက်ထဲဖြစ်တဲ့အတွက် မဲပေးမယ့်မြန်မာအများစုဟာ အဲဒီနေ့မှာ အလုပ်ကို ခွင့်ယူမှ မဲပေးနိုင်ကြမှာဖြစ်ပါတယ်။ ဂျပန်က မြန်မာတွေ အများစု တကယ်မဲလာပေးစေချင်တယ်ဆိုရင် အများပြည်သူ အလုပ်နားရက်၊ ပိတ်ရက် အဆင်ပြေတဲ့ရက်တွေဖြစ်တဲ့ စနေတနင်္ဂနွေလို နေ့မျိုးမဟုတ်ပဲ အင်္ဂါနေ့ တရက်တည်း ကျင်းပတာဟာလည်း ထူးခြားနေပါတယ်။
၂၀၀၈ အခြေခံဥပဒေ တုန်းကတော့ ဒီလိုပဲ မဲပေးဖို့ မအူမလည် အစီအမံတွေကြောင့် တိုကျိုက မြန်မာတွေနဲ့ အခွန်ရုံးတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၀င်ရောက်ဖြေရှင်းခဲ့၊ သတင်းမီဒီယာတွေမှာ ဟိုးလေးတကြော်တွေ ဖြစ်ခဲ့ပါတယ်။ (မှတ်မိသလောက် ၂၀၀၈ အခြေခံဥပဒေတုန်းက ပြည်ပနိုင်ငံတွေထဲမှာ ဂျပန်က မြန်မာတွေပဲ လက်သံပြောင်နိုင်ခဲ့တာပါ)
အခုလည်း မမှတ်မိလို့ ၂ ထပ်ရှိအောင် တိုကျိုက မြန်မာတွေ စွမ်းနိုင်မလား နအဖကျွန်တွေပဲ ရမ်းနိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း တိုကျိုမှာ နှစ်ရှည်ကြာ နေထိုင်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတစ်ဦးက အခုလို ဆက်ပြောပါတယ်။
“တိုကျိုက မြန်မာတွေအကြောင်း သိနေလို့ မဲလာမပေးပဲနေအောင် တမင်စီစဉ်တာလို့ ထင်တယ်။ ၀တ်ကျေတန်းကျေ မဲပေးတာလုပ်မယ့် သဘောပဲဗျ..။ တိုကျိုအခွန်ရုံးက ဘာလုပ်လုပ် ပြသနာပေါ်နေတော့ အထက်က ကြိမ်းတာလည်း တော်တော်ခံနေရပုံပေါ်တယ်”
ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးဟာ ၂၁ ရာစု ကနဦးပိုင်းကတည်းက တနှစ်လျှင် ရက်ပေါင်း ၂၀၀ ကျော် ဆန္ဒပြခံနေရပြီး “ကမ္ဘာ့  ဆန္ဒပြအခံရဆုံး သံရုံး“ အဖြစ် ပြောစမှတ် ပြုကြပါတယ်။
အရောင်စုံသော ကြံဖွတ်အစိုးရ၏ ဖွတ်အလံတော်ကြီး.
နိုင်ငံတော် အလံသစ် တသိန်းခွဲ အမြန်ချုပ် လုပ်ရန် ညွှန်ကြား အာအက်ဖ်အေ | မြန်မာစစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော နိုင်ငံတော် အလံသစ်ကို ပြောင်းလဲ အသုံးပြုမယ် ဆိုပြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာနက ရန်ကုန် အထည်ချုပ် စက်ရုံတွေကို နိုင်ငံတော် အလံသစ်တွေကို အမြန် ချုပ်ခိုင်း နေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ထံမှ သိရပါတယ်။
(RFA image)
ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်အစိုးရက အခြေခံဥပဒေ အတည်ပြုသည့် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ စတင်ကာ ယခုအချိန်ထိ အသုံးပြုနေသော အလံ (နောက်) နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော လက်ရှိ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အဆိုပြုထားသော အလံသစ် (ရှေ့) တို့ ဖြစ်ပါသည်။
ပထမ အသုတ် အနေနဲ့ အလျား ၆ ပေ၊ အနံ ၄ ပေ ရှိတဲ့ နိုင်ငံတော် အလံ တသိန်းခွဲချုပ်ဖို့ ညွှန်ကြားထားပြီး အဲဒီလို ချုပ်လုပ်ရမဲ့ ပိတ်စတွေကို မြောက်ဥက္ကလာပရှိ အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်ချုပ် လုပ်ငန်း အမှတ် (၁၇) မှာ ထုတ်ယူ ရတယ်လို့ ရန်ကုန် အထည်ချုပ်စက်ရုံတွေဆီက သိရှိရပါတယ်။
အလံတခုကို ချုပ်ခ ကျပ် - ၆၀၀ ပေးပြီး အောက်တိုဘာလ ၂၁ ရက်နေ့အမီ အပ်ရမယ်လို့ အသင်းဝင် စက်ရုံတွေကို စက်မှု (၁) ဝန်ကြီးဌာနက ညွှန်ကြား ထားပါတယ်။ ရန်ကုန် အထည်ချုပ် စက်ရုံတွေကို ချုပ်ခိုင်း ထားတဲ့ နိုင်ငံတော် အလံသစ် အဝါ၊ အနီနဲ့ အစိမ်း သုံးရောင်ခြယ် အလံ (ပုံ) ဖြစ်ပြီး အလယ်မှာ ကြယ်ဖြူ အသစ်တလုံး ပါရှိပါတယ်။
မြန်မာ စစ်အစိုးရ အသုံးပြုနေတဲ့ လက်ရှိ အလံ ကတော့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ အရ ပြောင်းလဲ အသုံး ပြုခဲ့တာ ဖြစ်ပါတယ်။
source by : အာအက်ဖ်အေ
၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကာတွန်းကမ်ပိန်း
ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား ဆောင်ရွက်နေသော ကျောင်းသား၊ လူငယ်များကယနေ့ ( ၁၄.၁၀.၂၀၁၀) ည ၆း၀၀ နာရီခန့်တွင်ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ့ ကျေးရွာများဖြစ်သော ဘုရားကုန်း၊ ကညင်ပင်၊ ကွမ်းခြံကုန်း၊ လက်ယက်စမ်း၊ ထမလုံ ၊ အောင်ချမ်းသာ ၊ အေးသာယာ ၊ အေးမေတ္တာ ၊ ရုံးသပြေကန် ၊ မင်းဂလွန်း စသောကျေးရွာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ရုပ်ပြောင်ကာတွန်းများကို ဖြန်ဝေခဲ့ကြကြောင်း သိရသည်။
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)


































