20 Years memory of Burmese BLoodshed Revolution or (8-8-88) from Thadar May on Vimeo.
ကျနော်တို့  အကိုအမတွေ ရဲ့သွေးစက်အနံ့ တွေ အခုအထိရှိသေးတယ်...
သတိမမေ့နဲ့  အညာမခံရစေနဲ့ ..
တခါ လိမ်ခံရ လိမ်သူ့ အပြစ်..အခါခါ အလိမ်ခံရ..ကိုယ့်အပြစ်..
20 Years memory of Burmese BLoodshed Revolution or (8-8-88) from Thadar May on Vimeo.
နအဖက ဆေးကုသခွင့်ကိုပိတ်ပင်တာ..
Friday, April 30, 2010
ကိုမြအေးကဆေးကုသမှုခံယူဖို့ငြင်းဆန်တာမဟုတ်ပဲနအဖကဆေးကုသခွင့်ကိုပိတ်ပင်တာဟုသမီးဖြစ်သူ ဝေနှင်းပွင့်သုန်က ရဲရင့်ငယ်ကိုဖြေကြားခဲ့ပါသည်။
(ရဲရင့်ငယ် Blog မှဖြေရှင်းချက်)
Waihnin Pwint Thon
There is a language misunderstanding between "denied and being denied". Ko Mya Aye urgently need medical treatment to live, he never denied the medical treatment. Most of all, the regime has no sympathy to offer medical treatment to any political prisoners such as Ko Mya Aye.
ကျောင်းသားခေါင်းဆောင် ကိုမြအေး ဆေးကုသမှုခံယူဖို့ ငြင်းဆန်
2010-04-29
နှလုံးရောဂါ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက အာဏာပိုင်တွေ ကမ်းလှမ်းတဲ့ ဆေးကုသမှုခံယူဖို့ ငြင်းဆန် လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ သတင်းတွေအရ သိရပါတယ်။
ဘာ့ကြောင့် ငြင်းဆိုလိုက်သလဲဆိုတာကို အတိအကျ မသိရသေးပေမဲ့ အခုလိုဆေးကုသမှုခံယူဖို့ ကိုမြအေးဖက်က ငြင်းဆန်လိုက်တာဟာ သူ့ကို ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်ကနေ မိသားစုနဲ့ ပိုမိုဝေးလံတဲ့ ရှမ်းပြည်နယ် တောင်ကြီးထောင်ကို ပြောင်းရွှေ့လိုက်တဲ့ ကိစ္စနဲ့ ဆက်နွှယ်နိုင်ကြောင်း ထိုင်းမြန်မာနယ်စပ်အခြေစိုက် AAPPခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ် ။
'အဓိကကတော့ သူ့ နှလုံးရောဂါရှိတယ်။ သူ အခြေအနေဆိုးလာတယ်။ သူက ရန်ကုန်မှာ အဲလို ရောဂါဖြစ်ပြီးတဲ့ အချိန်မှာ ဘယ်လောက် ဆိုးလာတယ်ဆိုတာတောင် က္ဆွန်တော်တို့က အတိအကျတော့ ပြောလို့ မရဘူး။ အခုလိုမျိုး အာဏာပိုင်တွေဆီကနေတဆင့် တောင်းခံ တဲ့အခါကျတော့ သူတို့က ထောင်ပြောင်းပေးလိုက်တယ်။ တောင်းတဲ့အခါမှာ မိသားစုနဲ့ နီးတဲ့ အင်းစိန်ထောင်မျိုး ပြောင်းတာ မဟုတ်ပဲနဲ့ ဒီ တောင်ကြီးထောင်ကို သူတို့က ပြောင်းပေးလိုက်တယ်ဆိုတော့ မိသားစုနဲ့ ပိုလို့တောင် ဝေးသွားတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆိုတော့ အဲဒီအပေါ်မှာ ကိုမြအေးအနေနဲ့ ငြင်းဆန်တာမျိုး ဖြစ်ပါလိမ့်မယ်။'
ကိုမြအေးခံစားနေရတဲ့ နှလုံးရောဂါကို သေသေချာချာ ကုသခွင့်တောင်းထားတဲ့ အတောအတွင်းမှာပဲ ထောင်အာဏာပိုင်တွေက ဧပြီလ ၉ ရက်နေ့မှာ လွိုင်ကော်ထောင်ကနေ တောင်ကြီးထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ http://www.rfa.org/burmese
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ပါတီမှတ်ပုံတင်ထားသောအလံနှင့်ပတ်သက်၍အပြင်းအထန် ကန့် ကွက်သည်။
၎င်းပါတီ၏ အလံသည် ခေတ်အဆက်ဆက်ကျောင်းသားများအသုံးပြုခဲ့သော အလံနှင့်ဆင်တူဖြစ်နေသည်။ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော အလံကို မည်သည့်အဖွဲ့ အစည်းမှ အသုံးချပိုင်ခွင့်မရှိ။ အသုံးချရန်လည်းမဟုတ်။ အာဏာရှင်မှန်သမျှအား တော်လှန်ခဲ့သောအလံဖြစ်ပြီး၊ အာဏာ ရှင်လက်အောက်ခံအလံ မဟုတ်ပါ။ အထူးသဖြင့် အချောင်သမား၊ အခွင့်အရေးသမားတို့ အသုံးချရန်မဟုတ် ဆိုသည်ကို အတိအလင်း ကြေညာအပ်သည်။
အလင်းအိမ်ရဲဘော်များ (ဂျပန်)
ဒေါင်းယောင်ဆောင်သော ကျီးများမှ ပါတီအမည်၊ အလံနှင့်တံဆိပ်ကို ကန့်ကွက်နိုင်ပါသည်တဲ့.....
ယနေ့ထုတ် ကြေးမုံသတင်းစာမှာ အေးလွင်တည်ထောင်တဲ့ ၈၈ မျိုးဆက်ပြုတ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)က ပါတီအလံပုံစံနဲ့ တံဆိပ်တွေကို ကန့်ကွက်နိုင်ကြောင်း ကြေငြာထားပါတယ်။ ပါတီအလံမှ ခွပ်ဒေါင်းပုံကို အကြီးအကျယ် ကန့်ကွက်ပါ တယ်။ ခွပ်ဒေါင်းနဲ့ လားလားမျှ မထိုက်တန်တဲ သာကူး ကျီးမဲတွေ ဒေါင်းယောင်ဆောင်ထားလို့ပါ။ ခွပ်ဒေါင်းတွေ ကန့်ကွက်ကြပါ။http://www.demowaiyan.co.cc/2010/05/blog-post_5689.html
လက်ရှိဝန်ကြီးချုပ် ပါတီထောင်သည့်ကိစ္စ ဥပဒေကို ချိုးဖောက်
30 April 2010
မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်လာတာဟာ ကိုယ်ပြန်ဌာန်းထားတဲ့ ဥပဒေဆိုတာကို ကိုယ်တိုင်ပြန်ပြီး ချိုးဖောက်တာပဲဖြစ်တယ်လို့ အခြေခံဥပဒေ ရေးရာ ကျွမ်းကျင်သူ ဥပဒပညာရှင်တယောက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အားနည်းစေသလို ရွေးကောက်ပွဲဝင်မယ့် တခြားပါတီတွေအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရလက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ စစ်တပ်ရာထူး ကနေအနားယူပြီး ဦးသိန်းစိန်အဖြစ် ပြောင်းလဲ လိုက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သူအပါအ၀င် တခြား စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ နိုင်ငံရေး ပါတီတခုကို ဖွဲ့စည်းလိုက် တာပါ။ အဲဒီပါတီရဲ့ နာမည်ကလဲ မြန်မာစစ်ကောင်စီက လူမှုရေးအဖွဲ့အစည်းဆိုပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်း (USDA) နဲ့ နာမည်ဆင်တူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်နေပါတယ်။
ဒီလိုလုပ်တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အမိန့်ကို ချိုးဖောက်ရာကျတယ်လို့ အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနား တက္ကသိုလ်၊ ဒီမိုကရေစီ အခြေခံဥပဒေဌာနက ဥပဒေ ဘွဲ့လွန်ပါရဂူ သုသေသီ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ထောက်ပြပါတယ်။
"နိုင်ငံရေးမှတ်ပုံတင်ခြင်းဥပဒေပေါ့နော်၊ သူတို့အခေါ် ဥပဒေပေါ့။ ကျနော့်အခေါ်တော့ အမိန့်ပေါ့။ ပုဒ်မ (၄/ဃ) မှာ နိုင်ငံ ၀န်ထမ်း မ ဟုတ်သူများလို့ သေချာပြဌာန်းထားတယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၂၆/က) မှာ နိုင်ငံဝန်ထမ်း များသည် ပါတီ နိုင်ငံရေး နှင့် ကင်းရှင်းရမည် ဆိုပြီးတော့ အတိအလင်း ပြဌာန်းထားတယ်။ ဆိုတော့ ၀န်ကြီးချုပ် ဦးသိန်းစိန် နဲ့ အဖွဲ့တွေ ကြံ့ဖွံ့ပါတီအဖြစ် ပါတီဖွဲ့ပြီးဝင်မယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ် ထိုးပြီးတော့ ထုတ်ပြန် လိုက်တဲ့ ရွေးကောက်ပွဲ အမိန့်တွေကို မလေးစားရာ လည်း ကျတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလည်း ချိုးဖောက်ရာကျတယ် လို့ ကျနော်ကတော့ မြင်ပါတယ်။"
ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော် အသီးသီးမှာ ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ကို အခြေခံ ဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းအပြင်ကို နောက်ထပ်နေရာတွေ ရယူနိုင်ဖို့ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုမယ့်သူတွေ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာ အရင်ကတည်းက တွက်ထားပြီးသား ဖြစ် ပေမဲ့ အခုလို လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် စစ်တပ်ကထွက်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ လုပ်တာကတော့ အင်မတန် ဆိုးရွား လွန်းတယ်လို့ ဒေါက်တာငွန်ကျူံးလျန်က ပြောပါတယ်။
"အခုလို ကိုယ်ထုတ်ထားတဲ့အမိန့်၊ ကိုယ်ထုတ်ထားတဲ့ဥပဒေကိုမှ မလိုက်နာဘဲ ၀န်ထမ်းဖြစ်လျက်သားနဲ့ ပါတီထောင်ပြီးရွေးကောက်ပွဲဝင် ဖို့ လုပ်တာ တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်ဖြစ်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ခြင်း၊ မဲပေးခြင်း၊ ပါတီ ထောင်ခြင်းတွေဟာ ဒီမိုကရေစီစနစ် မြန်မာပြည်မှာ ပြန်လည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်တဲ့ လုပ်ရပ်တခု အနေနဲ့မြင်တဲ့ နိုင်ငံရေး ပါတီတွေ၊ နောက်ပြီးတော့ မဲပေးချင်တဲ့သူတွေ အတွက်လည်း တော်တော်ကို နစ်နာစရာ ဖြစ်လာတယ်။ နောက်ပြီးတော့ တဖက်က လုပ်တဲ့သူတွေအတွက်လည်း တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်တခု ဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။"
အခုလုပ်ရပ်ဟာ နဂိုကတည်းက ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ထားတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေအတွက် ဘာမှ ထူးခြားမှုရှိမှာ မဟုတ်ပေမဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်အတွက် မဖြတ်မဖြစ် ဖြတ်သန်းရမယ့် အဆင့် ဖြစ်တယ်၊ ကာလရှည်ကြာ စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအစိုးရတရပ် ပေါ်လာဖို့အခွင့်အရေးကို ဘယ်လိုပဲ ဖြစ်ဖြစ် အမိအရ ဆုပ်ကိုင်သင့်တယ်လို့ ယူဆပြီး ရွေးကောက် ပွဲဝင်ဖို့ ပြင်ဆင်နေသူတွေ အတွက်ကတော့ ဦးသိန်းစိန် တဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်တို့လုပ်ရပ်ကြောင့် ရထိုက်တဲ့ အခွင့်အရေးလေးတောင် ဆုံးရှုံးမယ့်အရေး ဖြစ်နေတယ်လို့ ဒေါက်တာ ငွန်ကျူံးလျန်က သုံးသပ်ပါတယ်။
"ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ အတွက်တော့ အခု သိန်းစိန်တို့ လုပ်လိုက်တဲ့ကိစ္စက တော်တော်ကို တပူပေါ် ဆယ်ပူဆင့် နအဖရဲ့ ဥပဒေ မဲ့လုပ်ရပ်တွေကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးလေးတွေထဲက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးစရာ ဖြစ်လာတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်တဲ့အချက်ကို တော်လှန်ရေးတရပ်အနေနဲ့ စဉ်းစားပြီး ဆက်လက်လှုပ်ရှားလိုတဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း အဲဒီ အချက်ကြောင့် သူတို့ မရပ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။"
ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာစစ်အာဏာပိုင်တွေက အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အတည်ဖြစ်စေမှာဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း လုံးဝ တရားမျှတမှု မရှိတဲ့အတွက် ရွေးကောက်ပွဲမှာ ၀င်မပြိုင် ဘူး၊ မဲမပေးဘူးဆိုတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိသလို ကိုယ့်ရဲ့ မဲပေးပိုင်ခွင့်ကို ထိထိ ရောက်ရောက် အသုံးချလိုသူတွေလည်း ရှိ နေပါတယ်။ ဒီ ဘက်နှစ်ဘက်လုံးဟာ တဘက်ရဲ့ရပ်တည်ချက်ကို တဘက်က အသိအမှတ် ပြုသင့်တယ်လို့ ဒေါက်တာ ဆလိုင်း ငွန်ကျူံး လျန်က အကြံပေးပါတယ်။
"ရွေးကောက်ပွဲမှာ အသည်းကြားက မဲတပြားကို မဲရုံမှာသွားပြီး မဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ် ရရှိရေး တိုက်ပွဲဝင်လိုတဲ့ ပြည်သူတွေ အ တွက်လည်း နအဖရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထိုင်ကြည့်နေမယ့်အစား ဆန္ဒမဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့ ရပ်တည်ချက်ကို ဆက်လက် လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ တဘက်ကလည်း မဲမပေးခြင်း ပါတီမထောင်ခြင်း နိုင်ငံရေးတိုက်ပွဲ ၀င်လိုတဲ့သူတွေလည်း အခြား သူတွေရဲ့ ခံယူချက် ရပ်တည်ချက်ကို လေးစားသင့်တယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးခြင်း မပေးခြင်းဟာ လူတ ဦးတယောက်ရဲ့ ပင်ကိုအခွင့်အရေး ဖြစ်တယ်။ အဲဒီတော့ မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့သူကိုလည်း မဲမပေးခြင်းးဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ်မှန်တယ် ပြောလို့မရသလို၊ မဲမပေးလိုတဲ့သူကိုလည်း မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ်မှန်တယ်လို့ မပြောသင့်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။"
အခု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်တဲ့ USDP ပါတီကို နိုင်ငံရေး ပါတီအဖြစ် အတည်ပြုပေးဖို့ စဉ်းစားတဲ့ နေရာမှာ ရွေးကောက်ပွဲကော်မရှင် လူကြီးတွေဟာ သမိုင်းအမည်းစက် ထင်ကျန်မယ့်အရေးကို ထည့်သွင်း စဉ်းစားရမယ်လို့လည်း ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က အဆိုပြုသွားပါတယ်။
အခုအချိန်ထိတော့ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ လက်ရှိဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မယ့် အလားအလာမျိုး မတွေ့ရသေးသလို သူ့ရဲ့ USDP ပါတီနဲ့ USDA ပြည်ခိုင်ဖြိုးအဖွဲ့တို့အကြား အဆက်အစပ်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းပါ။
http://www.voanews.com/burmese/2010-04-30-voa9.cfm
ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်နေမှု ဥပဒေနှင့် ကိုက်ညီခြင်းမရှိ
မင်းနိုင်သူ Saturday, May 01, 2010 .
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်အနေဖြင့် ၀န်ကြီးချုပ် ရာထူး ဆက်လက်ကိုင်စွဲထားခြင်းသည် ပါတီ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် ကိုက်ညီခြင်းမရှိကြောင်း တခြားသော ပါတီများက ဝေဖန်မှုများရှိနေသည်။
ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဦးသိန်းစိန်ပါ (၂၇) ဦးသည် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ”ကို မှတ်ပုံ တင်ခွင့် လျှောက်ထားကြောင်း ဖော်ပြထားပြီး ဦးသိန်းစိန်သည် ၀န်ကြီးချုပ်ရာထူးဖြင့် ဘိလပ်မြေစက်ရုံဖွင့်ပွဲ တက်ရောက်နေသည် ကိုလည်း တွေ့ရှိရသည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၂) အပိုဒ်(၄)တွင် ပါတီတည်ထောင်လိုသူများသည် နိုင်ငံ့ဝန် ထမ်း မဖြစ်ရဟု ပါရှိ သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီမှ ဦးအေးလွင်က“စစ်တပ်က နားလိုက်ရုံနဲ့ သူက ၀န်ထမ်းမဟုတ် တော့ ဘူးလား၊ ၀န်ကြီးချုပ် ဆိုတာ တိုင်းပြည်ရဲ့ အမြင့်ဆုံးဝန်ထမ်းမဟုတ်ဘူးလား၊ မှတ်ပုံတင်ဖို့ လျှောက်ကတည်းက အစိုးရ ၀န်ထမ်းမဖြစ်ရဆိုတဲ့ အချက် ပါတယ်ဗျ၊ အခုဟာကတော့ ၀န်ကြီးချုပ်ဆိုတာ နိုင်ငံ ၀န်ထမ်း မဟုတ်ဘူးလို့ မြင်ပြီးလုပ်နေသလား မသိဘူး"ဟု ပြောသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကလည်း ပါတီခေါင်းဆောင်သည် ၀န်ကြီးချုပ်ရာထူးဆက်လက် ရယူ ထားသည့်အပေါ် ရှင်းလင်းမှုမရှိဟု ပြောဆိုသည်။
“ဖဆပလ ခေတ်တုန်းကတော့ ၀န်ကြီးတွေက ရွေးကောက်ပွဲဝင်နိုင်တယ်လေ၊ အခုဟာကတော့ ဘယ်လိုသ ဘော လဲမရှင်းဘူး၊ ကျနော်တို့ ပါတီ တည်ထောင်ခွင့် အတွက် လျှောက်လွှာသွားတင်ရင်း ဒီအချက်တွေကို မေးသွားဖို့ရှိပါတယ်"ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)သည် ပါတီ ဖွဲ့စည်းလာလိမ့်မည် ဆိုသည်ကိုမူ မြန်မာ့ နိုင်ငံရေး အသိုင်း အ၀ိုင်း က ကြိုတင် မှန်းဆထားကြပြီးဖြစ်ကြောင်းလည်း ဦးသုဝေက ပြောသည်။
“ဒီလိုပဲလုပ်မယ်ဆိုတာကို ကျနော်တို့တွက်ပြီးသားပါ။ ဒါပေမယ့် ကြံ့ခိုင်ရေးဆိုတဲ့ နာမည်သုံးတာကိုတော့ ကျနော်တို့ သိပ်မကြိုက် ဘူး၊ ဘာဖြစ်လို့ ဒီနာမည်ယူသုံးသလဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဆိုတာ လူမှုရေးအ သင်းအဖွဲ့ကြီးပါလို့ သူတို့ အစဉ်တစိုက် ပြောခဲ့တာ ရှိတယ်လေ"ဟု ဦးသုဝေက ဆက်လက် ပြောဆိုသည်။
ကြံ့ဖွံ့သင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက်တနှစ် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအသင်း အမည်ခံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်း ဆောင်များသည် ကြံ့ဖွံ့ ၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။ ယင်းကြံ့ဖွံ့အ သင်းအဖွဲ့ဝင်များတွင် အစိုးရ၀န်ထမ်းများ ၊ ကျောင်း သားများလည်း ပါဝင်သည်။
၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များကို စစ် ကိုင်းတိုင်း ဒီပဲယင်း မြို့နယ်၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ကြံ့ဖွံ့က ဦးဆောင်ခဲ့ကြောင်း မျက်မြင်သက် သေများ က ပြောဆိုခဲ့ကြသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တွင် ၀န်ထမ်းများ ၊ ကျောင်း သားများ ပါဝင်လာနိုင်ဖွယ် ရှိမရှိကိုလည်း တခြားသော နိုင်ငံရေး ပါတီများက စောင့်ကြည့်နေကြကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အစိုးရအဖွဲ့ဝင်များ အရပ်သားအသွင်ပြောင်းကာ ပါတီဖွဲ့လိုက်ခြင်းသည် အနာဂါတ်နိုင်ငံရေး ဖြစ်စဉ်တွင် အရပ် သားများ၏ အခန်းကဏ္ဍမရှိသလောက်ဖြစ်သွားရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးဝင်းတင် က ပြောဆိုသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3083-2010-05-01-07-19-50
30 April 2010
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်က ရိုက်ခတ်သွားခဲ့တဲ့ နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည် တည်ဆောက်ရေး နဲ့ ဖွံ့ဖြိုးရေးအတွက် အကူငွေ ဒေါ်လာသန်းပေါင်းများစွာ လိုနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောခဲ့ပါတယ်။
နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာသန်း ၆၉၀ အနက် သန်း ၁၈၀၊ တနည်းအားဖြင့် ၂၅ %နီးပါးကိုပဲ ရရှိနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံက ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို ကြီးကြပ် ကွပ်ကဲတဲ့ ဘီရှိုး ပရာဂျူလီ (Bishow Parajuli) က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုတွေ ကနေ ကျန်းမာရေး၊ အာဟာရနဲ့ ပညာရေးကဏ္ဍတွေမှာ သိသာတဲ့တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ အကူအညီတွေ လိုနေသေးတာကြောင့် ပြန် လည် ထူထောင်ရေးလုပ်ငန်းတွေဟာ နှေးကွေးသွားမှာကို၊ တချို့ဆိုရင် ရပ်တောင်ရပ်သွားမှာကို စိုးရိမ်နေရတယ်လို့လည်း မစ္စတာ ပရာ ဂျူလီ က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မကြာခင်က ကွင်းဆင်းလေ့လာ သုံးသပ်ချက်အရ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ လူပေါင်း ၁သိန်း လောက် သူတို့ အိမ်တွေကို ပြန်လည်ဆောက်လုပ်ဖို့ လိုနေသေးသလို လူပေါင်း ၁ သိန်း ၈ သောင်းလောက်ဟာလည်း သောက်သုံးရေ မလုံမလောက် ဖြစ်နေကြသေးတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာလည်း ထောက်ပံ့မှုတွေ လိုသေးသလို လူတွေ အလုပ်အကိုင်ရရှိဖို့လည်း လိုသေးတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ပန်ကြားလွှာထဲမှာ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသ ပြန်လည် ထူထောင်ရေးဟာ ရေရှည် လုပ်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တာကို အသိအမှတ်ပြုပြီး အကူအညီတွေပေးကြဖို့ တောင်းဆိုထားပါတယ်။ နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို မြန်မာစစ်အစိုးရ၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့က အရင်နှစ်က ရေးဆွဲခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းလောက် သေဆုံးပြီး ဆုံးရှုံးမှုပေါင်း အမေရိကန် ဒေါ်လာ သန်း ၄,၀၀၀ ကျော်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
http://www.voanews.com/burmese/2010-04-30-voa8.cfm?rss=topstories
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖွဲ့စည်းပုံ
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တံဆိပ်/ အလံ/ ဆောင်ပုဒ်
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်သည် အောက်ပါအတိုင်းဖြစ်သည်-
- အစိမ်းခံစတုခံ (အလျား ၂လက်မ၊ အနံ ၃လက်မ) တွင် အနီခံဒိုင်းပါရှိပြီး ဒိုင်း၏ ဘေးပတ်လည်၌ ရွှေဝါရောင် သပြေရွက်များ ပါရှိသည်။
- ဒိုင်းအတွင်း၌ ခြင်္သေ့ထိုင်နေပုံကို မြန်မာ့ရိုးရာကောက်ကြောင်းဖြင့် ရေးထိုးထားပါသည်။
- ဒိုင်းပုံ၏ ထိပ်တည့်တည့်တွင် အဖြူရောင် ကြယ်တစ်လုံးပါရှိသည်။
- ဒိုင်းပုံ၏အောက်ဘက် အနီရောင်ထဲတွင် အသင်း၏ ဆောင်ပုဒ်ဖြစ်သော (စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး) ကို အဖြူရောင်ဖြင့် ရေးသားထားပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ အလံ
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ အလံသည် အောက်ပါအတိုင်းဖြစ်သည်-
- အလံ၏ အရွယ်အစားမှာ အလျား ၁၀ပေ အနံ ၆ပေရှိသော အစိမ်းရောင်တွင် လက်ဝဲဘက် အပေါ်ထောင့်၌ အနီရောင် အခန်းရှိသည်။ ထိုအခန်း၏ အရွယ်မှာ အလျား ၄ပေ၊ အနံ ၃ပေဖြစ်သည်။
- ထိုအနီရောင်အခန်း၏ အလယ်တည့်တည့်တွင် အမြင့် ၁ပေ၊ ၈လက်မရှိသော ငါးထောင့်ကြယ်ဖြူတစ်လုံးရှိသည်။
အစိမ်းရောင်၏ သဘောမှာ အေးချမ်းသာယာခြင်းဖြစ်သည်။
- အနီရောင်၏ သဘောမှာ ရဲစွမ်းသတ္တိ ရှိခြင်းဖြစ်သည်။
- ကြယ်ဖြူတစ်လုံး၏ သဘောမှာ တစ်လုံးတစ်စည်းတည်းရှိသော ပြည်ထောင်စုနိုင်ငံတော်ဖြစ်ခြင်း၊ ကြယ်တို့၏ ဂုဏ်ထူးဝိသေသဖြစ် သော ကိုယ်ပိုင်အလင်းရှိခြင်း၊ မိမိခရီးလမ်းကို ဖြောင့်တန်းစွာ သွားလေ့ရှိခြင်းတို့ ဖြစ်ပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ဆောင်ပုဒ်
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ဆောင်ပုဒ်သည် အောက်ပါအတိုင်းဖြစ်သည်-
စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး
http://www.htwd.info/2010/05/usda-party.html မှ
မှတ်ချက်။ ဒါကြောင့် ရန်ကုန်မြို့ တော်ဝန်က..ခြင်္သေ့ ကိုသာ မဲထဲ့ဆိုတာ..ကိုယ့်ဘက်ကိုယ့်ယက်တာကိုး..မှတ်သားစရာပါဘဲ..
နဂိုကတည်းက အကွက်ဆင် ဖဲ၇ိုက်ပြီးသား .လေ
စစ်တပ်ကဘဲ လက်ဝါးကြီးအုပ်ဖို့ ဆိုတာ