Saturday, April 26, 2008
သင်္ကန်းကျွန်း အန်အယ်လ်ဒီ ပါတီဝင်များဖောက်ခွဲရေးပစ္စည်းမှုဖြင့် တရားစွဲခံရ
တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ယခုလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသည့် သင်္ကန်း ကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြ အပါအ၀င် ပါတီဝင် (၇) ဦးတို့ကို ဖောက်ခွဲရေးပစ္စည်းမှုဖြင့် ပြောင်းလဲ စွဲချက်တင်ကာ ရမန်ယူလိုက်သည်ဟု မိသားစုဝင်တို့က ပြောသည်။
စက်ရပ် သတင်း ( မြန်မာပြည်)
စနေနေ့ တွင် ဘုန်းကြီးတွေ ဘုရားပေါ်မှာတက်ရန် ကားဂိတ်တွေမှာ အပြည့်ရှိနေပါသည်။ ဘုန်းကြီးတွေ ဘုရားမှာစုဘို့လုပ်နေတာကို လူစုခွဲခိုင်းခဲ့ပါသည်။
စစ်တွေမှာလဲ စနေပြီး။ မနေ့က ညနေက စပြီး ဘုန်းကြီးတွေ လမ်းပေါ်မထွက်ဘို့ SPDC က လိုက်ပြောသည်ဟူဆိုပါသညိ။ ဒီနေ့ လုပ်မယ်ဆိုတာ သတင်းပေါက်သွားကြားသောကြောင့်ပါ။
ဒီနေ့ နယ်ကဆင်းလာတဲ့ ဘုန်းကြီးတွေကို ကားဂိတ်၊ ဘူတာမှာ ဖမ်းနေပါသည်။
နေ့ခင်း တုန်းက ဘုရားမှာ လူစုသောကြောင့် ၊ ဘုရားကို ပိတ်ထားလိုက်တယ်။လို့ပြောပါသည်။
မြေနီကုန်းမှာ ဘုန်းကြီးတချို့ ကားပေါ်က ဆွဲချတာကို တွေ့တယ် လို့ မျက်မြင်သက်သေတွေက ပြောပြသည်။.
အထဲမှာဘုန်းကြီးကျောင်းတိုင်းကိုလိုက်မွေနေပါသည်၊ နယ်ကနေဆိုရင်နယ် ပြန်ခိုင်းတယ်လို့ သတင်းရရှိပါသည်။
ရန်ကုန်မှာ အခြေအနေ ရှုပ်ထွေး စပြုနေပါပြီ……
သတင်း သေချာစေဖို့ဆက်လက်စုံစမ်းနေပါသည်။
ုသြစတေးသျှမှ ငြိမ်းချမ်းရေး ဆန္ဒပြပွဲ
ဂုဏ်ယူပါတယ် စင်ကာပူမှ အမှန်တရားအတွက် အမှားခြစ်တဲ့ အာဇာနည်မောင်နှံ

Hi ! ALL,
I am happy to tell you guys that my wife and I vote NO today at myanmar embassy in singapore.
I have also created this graphic for every burmese to use on web page or blog page. I am not ashamed and i am proud to say that i vote NO today. :)
thanks
အာဇာနည်မောင်နှံ (စင်္ကာပူ)
ကြက်ခြေခတ်တို့ အိမ်အပြန် လမ်းမှပေါ်မှအသံ - St. Martin's Drive
ဆန္ဒမဲပေးလာသူအများစုကို လိုက်လံမေးမြန်းရာမှာတွင် အများစုသည် ကန့်ကွက်မဲများသာ ပေးခဲ့ကြကြောင်း ပြောပြပါသည်။ ကန့်ကွက်မဲပေးရခြင်းနဲ့ပတ်သက်လို့ လူငယ်တစ်ဦးကိုမေးမြန်းရာမှာ - "ကြက်ခြေခတ် ဘာဖြစ်လို့လဲဆိုတော့ New Generation တွေအတွက် ကလေးတွေအတွက် ကျွန်တော်တို့က တာဝန်ရှိတယ်…. ဒါကြောင့်မို့ ….ကြက် ခြေခတ်လိုက်တာ" ဟု ဖြေကြားသွားပါသည်။
သံရုံးကိုလာသော စုံတွဲ အမျိုးသားနဲ့အမျိုးသမီးကိုမေးကြည့်ရာမှာတွင် - "နိုး" ပေးရတဲ့အကြောင်းက လိမ်မှာပဲ လေ၊ ကျနော်တို့ No ပေးပေး Yes ပေးပေး လိမ်မှာပဲ ဆိုတာကိုသိထားပြီးသား ဒါပေမဲ့ဗျာ ….အနည်းဆုံး က တော့ဗျာ ကျွန်တော်တို့ရဲ့ မကြိုက်တဲ့ဟာကို ပြနိုင်ရမယ်" ။
ကန့်ကွက်မဲပေးလာသူအများစုကို မေးမြန်းကြည့် ရာမှာတော့ ကန့်ကွက်မဲပေးတာ "မကြိုက်လို့ ပေါ့ဗျာ" ဟု တိုတိုနှင့် လိုရင်းပြောကြသူများလဲရှိပါသည်။ကန့်ကွက်မဲပေးခဲ့သူတစ်ဦးမှ အခြေခံဥပဒေနှင့်ပတ်သက်ပြီး "ကျတော်ဖတ်ပြီးပြီ ကျနော်မကြိုက်လို့ဗျ ကျနော် မကြိုက်ဘူး နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရှိရမယ်လို့ ကျနော်ယုံကြည်တယ် ဒီအခြေခံဥပဒေမှာ တန်းတူ အခွင့်အရေးမရှိဘူးလို့ထင်လို့ ကန့်ကွက်မဲပေးခဲ့တာ" ဟုဖြေကြားသွားပါသည်။
နေ့လည်ဘက်သံရုံးရှေ့ တွင် လူအများအပြားသည် မတ်တပ်ရပ်သူတွေရှိသလို အရိပ်ရှိတဲ့နေရာရွေးပြီး ထိုင် နေသူများလဲရှိပါသည်။ တချို့လည်း မဲသွားပေးသည့် အမျိုးသားကို ကလေးငယ်လေးများနှင့်မိခင်များမှ စောင့် ဆိုင်းနေကြသည်များကိုလည်းတွေ့ရပါသည်။
နေ့လည်ဘက် သံရုံးရှေ့တွင် စင်္ကာပူမျိုးချစ်မြန်မာလူငယ်အဖွဲ့မှ လာရောက်ကူညီခဲ့ခြင်းကြောင့် သံရုံး လုပ်ငန်းများ မြန်ဆန်ကာ မဲပေးသူများစရင်းများကို သံရုံးအပြင်ဘက်မှနေ၍ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သ တင်း ရရှိပါသည်။ သံရုံးမှ လုပ်ငန်းများ နှေးကွေးမှုအပေါ်တွင် ဆန္ဒမဲလာပေးသူများမှ စောင့်ဆိုင်း ချိန်ကြာဖြင့်သောကြောင့် အားမလိုအားမရဖြစ်ကြရပြီး လူငယ်များမကြာခဏ ပြောဆိုနေသံများရှိကြောင်း သတင်းရရှိပါသည်။
နေ့လည်ပိုင်းတွင် သံရုံး၌ ကူညီပေးခဲ့သော စင်္ကာပူမျိုးချစ်မြန်မာအဖွဲ့မှ ကိုကျော်စိုး အား စင်္ကာပူသံရုံးနှင့် မြန်မာ ကျောင်းသားလူငယ်များ ဆက်ဆံရေးကိုမေးကြည့်ရာမှာတော့- ကိုကျော်စိုးမှ ယခုကဲ့သို့ပြောပြသွားပါသည်။
"ဒီနေ့တစ်နေ့လုံး ပြည်သူတွေတက်တက်ကြွကြွမဲပေးတဲ့အပေါ်မှာ သံရုံးရဲ့ အစီအစဉ်အားနည်းတာတွေ့ရတယ် သံရုံးက အရာရှိတွေကလည်း စည်းကမ်းသတ်မှတ်ချက်တွေကို တစ်ယောက်တစ်မျိုးပြောနေတယ် ပြီးတော့ ပြည်သူတွေကို နေပူထဲမှာထား ထားတယ် တချို့ဆို ၂ နာရီလောက်မတ်တတ်ရပ်ပြီးစောင့်နေရတယ် ကလေး တွေနဲ့ အသက်ကြီးတဲ့သူတွေပါတယ် လူကြီးတွေ အဘိုးကြီးတွေအဖွားကြီးတွေပါတယ်။ အဲဒါပြည်သူလူထုကို သူတို့ကလုံးဝ တန်ဘိုးမထားတာပဲ အဲဒီကိစ္စမျိုးတွေရှိတယ် ဒီဟာကို ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ပြီးတော့ ပေးလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလဲ မျိုးစုံနေတာပဲ အဲဒီတော့ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ တရားဥပဒေဟာ ဘယ်ရောက်သွားပြီလဲ အဲဒါတွေကို ကျနော်တို့ကမေးရတယ် ဒီနေ့လူ ရာနဲ့ချီပြီးလာသေးတာ မနက်ဖြန် တနင်္ဂနွေ မှာ လူတွေထောင်သောင်းနဲ့ချီလာတဲ့အခါမှာ သူတို့ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကျနော်တို့စိုးရိမ်ပါတယ်။
မြန်မာလူငယ်တွေနဲ့သံရုံး ဆက်ဆံရေးက တိုးတက်မှုရှိသလားဆိုတာ သံရုံးပေါ်မှာမူတည်ပါတယ် ညနေ စောင်းမှာ လူတွေကို မဲမပေးရတော့ဘူးဆိုပြီး သူတို့ဖြတ်ချလိုက်တယ် ဘယ်လောက်မှာလဲဆိုတော့ (၅)နာရီ မထိုးခင် (၄) နာရီခွဲလောက်မှာ နဲနဲရောက်ယက်ခတ်သွားတယ် ဦးမြင့်ထွန်းကိုယ်တိုင် အပြင်ကိုထွက်ပြီး ရှင်းရ တယ် အဲဒီမှာ လူငယ်တွေနဲ့ တက်ကြွတဲ့မြန်မာတွေက မေးတဲ့မေးခွန်းတွေကို ဦးမြင့်ထွန်းက ကောင်း ကောင်း မွန်မွန် ဖြေမသွားနိုင်ပါဘူး သူမဖြေသွားတဲ့နောက်ဆုံးမှာ သူဟာသံရုံး တံခါးကို အတင်းပိတ်ပြီးတော့ "ခင်ဗျား တို့က စကားအနိုင်လုတာပဲ" လို့ပြောပြီးတော့ အဲဒီသံရုံးနောက်ဆုံးပိတ်တဲ့ အချိန် မှာ ကျနော်တို့နဲ့ ဆက်ဆံရေး ဟာ အရင်ကထက်ပိုပြီးဆိုးသွားတယ်လို့တောင် ကျနော်ထင်တယ်။
ဆက်လက်ပြီး ကိုကျော်စိုးမှ - သံရုံးဘက်က စည်းကမ်းသတ်မှတ်ချက်တွေကို တစ်ယောက်တစ်မျိုး ပြောတဲ့ အခါမှာ ကျောင်းသားလူငယ်တွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွတဲ့ ကျောင်းသားလူငယ်တွေက မေးခွန်း တွေ ၀ိုင်းမေးကြတဲ့အခါမှာ သူတို့ဟာ ကောင်းကောင်းမွန်မွန်ဖြေမပြနိုင်ဘူး
မေးခွန်းတွေကိုမဖြေပြနိုင်တဲ့အခါကျတော့ ဆက်ဆံရေးက ပြန်ပြီးတော့ အဆင်မပြေတဲ့ပုံစံမျိုး ပြန်ဖြစ် သွားတာပေါ့ဗျာ၊ ဒါပေမယ့် လူငယ်တွေဘက်ကတော့ ဘာမှသံသယမရှိပါဘူး အကူအညီလိုရင် အကူအညီပေးမယ် အဆင်သင့်ရှိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေဟာ အမျိုးသားရေးစိတ်ဓါတ်နဲ့ လာရောက်ကူညီတာဖြစ်တယ် မြန်မာနိုင်ငံသားအားလုံးဟာ မဲပေးပိုင်ခွင့်ရှိရမယ် ဆိုတာကို ယုံကြည်တဲ့အတွက် တွေ့ရာကြုံရာမှာ ကူညီနေကြတာ။
ကျောင်းသားတွေဘက်က မဲပေးတဲ့ကိစ္စဟာ အမျိုးသားရေးကိစ္စတစ်ခုဖြစ်လို့ ကူညီသင့်လို့ အကူအညီပေးတာပါ အဲဒီအတွက် သံရုံးဘက်က အသိအမှတ်ပြုရင်လဲပြုလိမ့်မယ် ပြုချင်မှလဲပြုလိမ့်မယ် ဒါပေမယ့် ကျနော်တို့ကတော့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ကူညီစရာရှိတာကို ကူညီမှာပါ။ မနက်ဖြန်မှာ ကျနော်တို့ခန့်မှန်းချက်အရ တနင်္ဂနွေအားလပ်ရက်ဖြစ်တဲ့အတွက် လူတွေဟာ ဒီနေ့လာတဲ့လူတွေထက် အဆပေါင်းများစွာလာပါလိမ့်မယ် ဒီနေ့သံရုံးဘက်ကနေ လုပ်ပုံလုပ်နည်း လုပ်ထုံးလုပ် နည်းများနဲ့ သွားလို့ရှိရင်တော့ ပြဿနာပေါင်းများစွာကို ဖြေရှင်းလို့မရအောင်တက်ပါလိမ့်မယ် ဟု ကိုကျော်စိုးမှ ပြောကြားကြောင်းသတင်းရရှိပါသည်။
(၂၇) ရက်နေ့တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံရှိ လူငယ်အများအပြား မဲရုံသို့သွားရောက်မဲပေးကြမယ်လို့လည်း စင်္ကာပူနိုင်ငံနေ့စဉ်ထုတ်သတင်းစာများနဲ့ ရုပ်မြင်သံကြားသတင်းများအရ သိရှိရပါသည်။
ဂျေမိုး ဧပြီ ၂၆၊ ၂၀၀၈။
နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေ
ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နအဖဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း (အဲန်အယ်လ်ဒီ)၊ မသော်တာမင်းထွန်း (ဒီဘီအေ)၊ ကိုစိုးမင်းအောင် (ဒီဘီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)တို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ကိုလင်းအောင် (အဲန်အယ်လ်ဒီ)မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံ ထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်။ ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြဆဲဖြစ်ပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သတင်းရရှိ သည်။နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ဆန္ဒပြ ရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာမိန်းကလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက် တရွတ်တိုက်ဆွဲခေါ်ကာ သံရုံးဘေး ပန်းခြံ၌ ထိန်းသိမ်းထားကြောင်း၊ သံရုံးမိုးကောင်းကင်တွင် စစ်ရဟတ်ယာဉ် ၅ စီး ၀ဲပျံ လျက်ရှိကြောင်း၊ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း၊ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထပ်မံပေးပို့လာသော သတင်းများအရ ဆန္ဒပြသူဦးရေ (၃၀၀)ခန့်ရှိပြီး မိန်းကလေးနှစ်ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးရုံးတင်ပို့လိုက်ရကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းနေပြီး ဆက်လက် အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်ကြောင်း၊ သို့သော် ဒီမိုကရေစီအင်အားစုများအနေနှင့် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဂျပန်ရဲများ ဖြိုခွင်းသည့်ပုံစံမှာ နအဖစစ်ခွေးများ၏ နည်းနာနှင့် ဆင်တူကြောင်း သတင်းရရှိသည်။
ဂျပန်သတင်း - နောက်ဆက်တွဲ
ရဲများနှင့် အဓိကရုန်းဖြစ်စဉ် မိန်းခလေး (၂) ဦး ထပ်မံဒဏ်ရာရရှိ၍ ဆေးရုံကားဖြင့် တင်ဆောင်သွားကြောင်း၊ သံရုံးအတွင်းသို့ မရမက ၀င်ရောက်ပြီး မဲသွားပေးသူ အမျိုးသမီးတဦး သံရုံးအပြင်သို့ ပြန်ထွက်လာစဉ် မေးမြန်းကြည့်ရာမှာ သူမက အခုလို ပြောပြပါတယ်။
“ကျမက ကန့်ကွက်မဲပေးဖို့ မရမက တိုးသွားတာပေါ့။ ရဲနဲ့ သံရုံးဝန်ထမ်းတွေကလည်း ပိတ်ထားတာပေါ့နော်။ အထဲရောက်တော့ မဲပေးမှာလားလို့ မေးတယ်။ ဟုတ်တယ်လို့ ပြောတော့ မဲစာရွက်ပေါ့နော် အမှားအမှန် ခြစ်ပေါ့။ ခြစ်ပြီးတော့ စာအိတ်တလုံးထဲ ထည့်ပိတ်ပြီး နောက်ခန်းက ပုံးထဲမှာ သွားထည့်ရတယ်။ ကျမ မဲခြစ်နေတော့ ဓာတ်ပုံရိုက်ယူတယ်။ ကန့်ကွက်မဲ ကြက်ခြေခတ် ခြစ်နေတာကို ရိုက်တာပေါ့။ ပြီးတော့ ထမင်းစားသွားပါလားတဲ့။ ကျမလှည့်တောင် မကြည့်ဘူး ပြန်ထွက်လာခဲ့တာ။ ဘာဖြစ်ဖြစ် အခွန်လည်း မဆောင်နိုင်ဘူး၊ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို လုပ်တာပဲ။ ဂျပန်ရဲတွေက ဒီတခါ အရမ်းမိုက်ရိုင်းတယ်၊ ကျမ သူငယ်ချင်းတချို့ အရိုက်ခံရတယ်။”
ဆန္ဒပြ ရဲဘော်တဦးကလည်း “သံရုံးအတွင်းဘက်ကနေ သံရုံးဝန်ထမ်းတဦးက အော်ဟစ်ပြီး ဆဲနေတယ်ဗျာ။ ၀င်လာရဲတဲ့ကောင် ၀င်ခဲ့၊ ရိုက်ထုတ်ပစ်မယ်၊ ဘာညာပေါ့။ ကျနော်တို့ ရဲဘော်တွေကလည်း ပြန်ဆဲပေါ့ဗျာ၊ ပွဲက မပြီးသေးဘူး။ ခုသံရုံးဝမှာတော့ ရဲကားတွေ၊ အချုပ်ကားတွေ၊ ဆေးရုံကားတွေနဲ့ ကျနော်တို့တွေကို ၀ိုင်းလည်းဝိုင်း၊ ကာလည်းကာထားတာပေါ့။ လောလောဆည်တော့ သံရုံးအတွင်းနဲ့အပြင် ဆဲလိုက် ကြွေးကြော်လိုက်နဲ့ ဆက်ချကြဦးမယ်” လို့ ပြောဆိုပါတယ်။ အဆိုပါ ရဲဘော်ကပဲ ဆက်လက်ပြီး “ဟော ခုပဲ သံရုံး မဲလာပေးတဲ့သူတွေကို မောင်းထုတ်ပြီး ပြန်ခိုင်းနေတယ်ဗျ၊ ကျနော်တို့ဆီမှာ ၄နာရီ ၄၀ ပေါ့နော်၊ ကျနော်တို့ ဆန္ဒပြ ရဲဘော်တွေကတော့ အခြေအနေ စောင့်ကြည့်နေကြတယ်။ မပြန်ကြသေးဘူး။ ပ ဆက်ရမယ့် အခြေအနေပဲ” လို့ ပြောပြပါတယ်။ ဒီကနေ့ ဆန္ဒပြတဲ့ လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
သတင်း ဒေါက်တာလွန်းဆွေ “ဘလောမှ
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)



