ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင်
13 May 2008
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ ရက်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အကူအညီ အပြည့်အစုံ မရတာကြောင့် ဒုက္ခသည်တွေဟာ ငတ်မွတ်မှုနဲ့ ရောဂါ အန္တရာယ်တွေကို ရင်ဆိုင်ရပြီး အသက်ဆုံးရှုံးရမယ့် အခြေအနေကို ရောက်နေတဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ ဥရောပရုံး ဂျနီဗာဌာနချုပ်ရုံးကနေ လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလို နာဂစ်မုန်တိုင်း ကြုံလာရနိုင်တဲ့ အခြေအနေ လူတွေကို ကယ်ဆယ်ရေး အတွက် နှောင့်နှေး ကြန့်ကြာနေတာကြောင့် ကုလသမဂ္ဂ အနေနဲ့ အချိန်မှီ မလုပ်နိုင်တဲ့ အပေါ်မှာ ကုလသမဂ္ဂ အရာရှိတွေ အားမလိုအားမရ ဖြစ်နေကြပါတယ်။
ကုလသမဂ္ဂ အရာရှိတွေ ပြောတာက သူတို့မှာ ကယ်ဆယ်ရေး ပစ္စည်းတွေ အပြည့်အစုံ ရှိတယ်။ ဘေးအန္တရာယ် ကယ်ဆယ်ရေး ကျွမ်းကျင်တဲ့သူတွေ ရှိတယ်။ ဒီဝန်ထမ်းတွေက မြန်မာနိုင်ငံထဲကို အကူအညီတွေ အမြန်ဆုံးနဲ့ ထိရောက်အောင် ပို့ပေးနိုင်သူတွေပါလို့ ပြောပါတယ်။
ဒါပေမယ့် မြန်မာစစ်အစိုးရဘက်က သူတို့ကို ဒီလို ကူညီပေးနိုင်ဖို့ ခွင့်မပြုဘူး လှုပ်ရှားခွင့် မပေးတဲ့ အတွက် သူတို့မှာ အခက်အခဲတွေ တွေ့နေရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ဌာန စည်းရုံး ဆက်သွယ်ရေးမှူး အဲလိဇဘက် ဘတ်စ် (Elizabeth Byrs) က မြန်မာနိုင်ငံ အတွင်းမှာ အနည်းဆုံး တစ်သန်းခွဲ ဘေးဒုက္ခအန္တရယ်ကြောင့် ထိခိုက်နစ်နာ ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အန္တရာယ် ကျရောက်နေသူတွေရဲ့ သုံးပုံတစ်ပုံကိုတောင် အကူအညီ မပေးနိုင်ဘူးလို့ ပြောပါတယ်။
“ကျရောက်ခဲ့တဲ့ ဘေးအန္တရယ်ရဲ့ အတိုင်းအတာ ပမာဏ သိပ်ကိုကြီးပါတယ်။ ဒါကြောင့်လည်း ဒုတိယ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ အမြန်ဆုံး ကူညီ ဖြေရှင်းဖို့ လိုပါတယ်။ တခုတည်းသော ပြသနာကတော့ နှောင့်နှေး ကြန့်ကြာနေမှုတွေပါ။ နိုင်ငံထဲကို အကူအညီတွေ ပို့ပေးနိုင်ရေး အာဏာပိုင်တွေဘက်က နှောင့်နှေးနေတာပါပဲ၊ အကူအညီတွေက ဒီထက်ပိုပြီး ပို့ပေးဖို့လည်း လိုအပ်နေပါတယ်။”
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရတဲ့ သူတွေအတွက် လေယာဉ်ပျံ အစင်း ၃၀ လောက်နဲ့ တိုက်လို့ရတဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။
ဒါပေမယ့် ကန့်သတ်တင်းကြပ်မှုတွေ အဓိက ရှိနေတဲ့နေရာက လေယဉ်ကွင်း ဖြစ်ပြီး လေယာဉ်ကွင်းကို ပို့ပေးပေမယ့် အကူအညီ လိုအပ်တဲ့ သူတွေဆီ မြန်မြန်ဆန်ဆန် မပို့နိုင်ဘူးလို့ ပြောပါတယ်။
နောက်ထပ် ပြဿနာတစ်ခုလည်း ရှိနေပါတယ်။ စစ်အစိုးရက နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေကို တိုင်းပြည်ထဲကို ၀င်ခွင့်မပေးတဲ့ ပြသနာပါ။ အဲလိဇဘက် ဘတ်စ် ပြောချက်အရ မြန်မာနိုင်ငံထဲကို ပြည်ဝင်ခွင့် ဗီဇာရဖို့အတွက် ၀န်ထမ်း ၃၄ ယောက် ရလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမယ့် ဘယ်အချိန်ကြမှ ရမယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးပါဘူး။
ကုလသမဂ္ဂက ခန့်မှန်းထားတာက မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရပြီး ဒုက္ခရောက်တဲ့ သူတွေကြားမှာ ၁၀ % လောက်ပဲ သောက်ရေသန့်နဲ့ အစားအစာ အကူအညီတွေ ရတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ရောဂါအန္တရာယ် ပျံ့ပွားမှုတွေ ရှိလာမှာကို သတိပေးနေပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဖယ်ဒီလာ ချိတ်ဘ် (Fadela Chaib) ကတော့ သူတို့ အေဂျင်စီအနေနဲ့ မြန်မာနိုင်ငံအတွင်းက ဒုက္ခသည် ၈၀,၀၀၀ လောက်ကို ၃ လ စောင့်ရှောက်နိုင်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ပို့ပေးထားပြီးပြီလို့ ပြောပါတယ်။
“အခု အရေးပေါ် ကူညီရေး အထောက်အပံ့ ပစ္စည်းတွေနဲ့တော့ မလုံလောက် ဘူးလို့ ကျမတို့ ထင်ပါတယ်။ ကလေးငယ်တွေကို သေစေနိုင်တဲ့ ရောဂါဘေးဆိုးတွေ ထပ်မကြုံရအောင် အနည်းဆုံးတော့ ကျမတို့ ရှောင်နိုင်မှာပါ။ ဥပမာအားဖြင့် ၀မ်း ရောဂါလို၊ ၀မ်းပျက်ဝမ်းလျော ရောဂါမျိုးတွေကို ရှောင်ရှားနိုင်မှာပါ။ အခု ၀မ်းပျက်ဝမ်း လျောနဲ့ ၀မ်းကိုက်ရောဂါတွေ စဖြစ်ပွားနေတာကို တွေ့နေရပါပြီ၊ ဒါပေမယ့် ဒီအချိန်အထိ ဒီလို ၀မ်းရောဂါ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေတော့ မတွေ့ရသေးပါဘူး။ ကူးစက်မြန်တဲ့ နမိုးနီးယားလို ရောဂါမျိုးတွေ ဖြစ်နေပြီ ဆိုတာတွေ သတင်းတွေတော့ ထွက်နေပါတယ်။”
ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုတွေက လာမယ့် လပိုင်းတွေ အတွင်း အဓိက စိုးရိမ်ရမယ့် အကြောင်းတွေ ဖြစ်လာမှာကို ကြိုတင်တွက်ထားဖို့ လိုတယ်လို့လည်း ချိတ်ဘ် က ပြောပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေဟာ စိတ်မကောင်းစရာ အခြေအနေမှာ နေနေရပါတယ်။ မိုးလုံတဲ့ ပလတ်စတစ် အပိုင်းအစ တစ်ခုလောက် ရတယ်ဆိုရင်ပဲ ကုသိုလ်ကံကောင်းတဲ့ သူတွေအဖြစ် သတ်မှတ်ထားရပါတယ်။ လာမယ့်ရက်ပိုင်းတွေမှာ မိုးကလည်း ဒီထက်ပိုပြီး ကောင်းလာဦးမယ်လို့ တွက်ဆထားတော့ မြန်မာပြည်က မုန်တိုင်းဒဏ်ခံရသူတွေရဲ့ ဘ၀ဟာ ဒီထက်ပိုပြီး ကြမ်းတမ်းလိမ့်ဦးမယ်ဆိုပြီး သတင်းပေးပို့ထားပါတယ်။ သတင်း VOA မှ
Tuesday, May 13, 2008
တမင် မျှဉ်းပြီး လူသတ်နေတာ နအဖ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
May
(620)
- ဟေ့ မင်း သဘောမဖြူလို့  ဒို့ သပိတ်မှောက်တယ်..
- ဇာဂနာကတော့ ပြောင်နေအောင်နှုတ်ထားတာ..ကြောက်မွေးတွေ
- သူခိုးက လူလူဟစ်တဲ့ကိစ္စ
- မုန်တိုင်း before နဲ့ after
- ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ...
- ဆိတ်သုန်းနေတဲ့ ခေါင်းလောင်းသံ
- ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေ
- မြန်မာသတင်း မေ ၃၁ ၂၀၀၈
- ပွင့်သစ်၏ ဟိုစပ်စပ်..ဒီစပ်စပ် ထွေရာကေလာ ကဏ္ဍ
- ဘိုကလေး သတင်း
- ဒီပဲရင်း( ၅) နှစ်ပတ်လည်အမှတ်တရ
- တရားပွဲ..
- မမေ့ကြပါနဲ့  ဦးဂမ္ဘီရ..ရွေဝါရောင်တော်လှန်ရေးရဲ့ ဦ...
- မတရား ဥပဒေ တည် တယ်တဲ့ဗျို့ 
- နေအေးလိမ်နည်း
- အဘိုးရေ.. ငတ်သေတဲ့ မသာတွေ ဗမာပြေမှာရှိနေဘီ
- ဧရာဝတီတိုင်း၏ အိုးမဲ့အိမ်မဲ့ စာရင်း
- ပြန်လည်ကြိုဆိုပါတယ် ကိုကျော်သူ
- ကဲ ခိုးချင်ဦးလေ..
- ရီရတယ်ဗျို့ ..
- ချစ်သောမြန်မာပြည်သူများအတွက်
- ရင်ထဲက နာကြင်ခြင်းများ..ဟဲ့ ဒို့ များကွ ဗမာပြည်သား..
- လောက်တွေ ကို ရှင်းကြစို့ 
- လွတ်မြောက်နယ်မြေNLD ၏ထုတ်ပြန်ချကိ
- မြန်မာ့ဒီမိုကရေစီရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ?...
- အကြင်နာတွေနဲ့ဖေးကူပါ
- NCUB ၏ ထုတ်ပြန်ကြေညာချက်
- အလှူလက်ဘက်နဲ့ မျက်နှာလုပ်တာပေါ့.
- ကျော်မယ်ခွမယ်လေ အင်တာနက်။။
- SummaryRest of your post
- NY မှ မျိုးချစ်များ၏ ဗြိတိန်သံရုံးရှေ့ ဆန္ဒပြပွဲဖိတ...
- Music concert to aid the people of Burma
-့ မြန်မာနှင့်ထိုင်း တကယ်ချစ်ကြည်မကြည်..
- ဝမ်းလေးရဲ့တစ်ထွာသော ဒုက္ခ..နားလည်စာနာကူညီပေးကြပါ..
- အလကားရတဲ့နွား..သွားဖြဲကြည့်ကြသူများ..
- ဟောလီဝုဒ် အနုပညာသည်များ၏ ရက် (၃၀) ကြာ မြန်မာနိင်ငံ...
- မြန်မာ့ သတင်း မေ ၂၉ ရက်
- ကိုရီးယားက..အာဇာနည်များ..ရဲရင်ကြွခဲ့ပါ ခင်ဗျ
- ခွပ်ဒေါင်းများတို့ လေဆန်ပျံချိန်
- အမေထံ ပေးစာ
- Free Free ဇေယျာသော်...Free Free acid..
- ဒို့ ဘက်က ချည်းဘဲ အခွေ ခံနေရပြီလား.
- မြန်မာပြည်က..မိုက်ကြေးခွဲ ဂိုဏ်းကြီး
- အစာရ လည်း စားဖို့ ပန်းကန်က မရှိ
- WHO ၏ မြန်မာအစီရင်ခံစာ။
- ဒေါသတွေ အလိပ် လိုက်ထွက်နေတယ်..ကြမ်းပစ်လိုက်မှာ ဟွန်း
- မူမလား ယူမလား ကျုပ်တို့ အားအားယားယား ကြာကြာ မစောင...
- မြန်မာသတင်း မေလ ၂၈ ရက် ၂၀၀၈
- မလေးရှားမှ လှုပ်ရှားမှူများ
- သန်းရွှေဆိုတာ..ဤသို့ သောသူ
- အစိတ်သားတောင် မချန်ထားရဖူးတဲ့လား..
-ွGeneration wave ၏ လှုပ်ရှားမှု
- ဘိုကလေးမြို့ ၏ အစီရင်ခံစာ ( NLD)
- ပညာရေးဌာန ကပြောတယ်။ကျောင်းနေအရွယ်ခလေးတွေ ကျောင်းအပ...
- ဘယ်သူက သူတောင်းစားလည်း
- သနားစရာ ဒုက္ခသည်ပြည်သူများ
- ခိုးရာပါ လေဘေးအကူ ပစ္စည်းများ.နဲ့ သူခိုးလက်ခံဈေးကွက်.
- မျှတလွတ်လပ်မှု မရှိတဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ
- မုန်တိုင်း ဒေသများသို့ ကူညီ ထောက်ပံ့မှူ အခြေအနေ
- NLD လွတ်မြောက်နယ်မြေ၏ သတင်း ထုတ်ပြန်ကြေညာချက်
- ကြောင်သွားလို့ ကြွက်ထမနေနဲ့ ငါ ပြန်လာကြည့်မှာနော်
- panties for peace --> Campaign: Panties for PeaceW...
- မိန်းမအတွင်းခံနဲ့ ဘဲတန်တဲ့အာဏာရှင်..ပေးမယ် ရော့အင်...
- မြန်မာသတင်း မေလ ၁၇ ရက် ၂၀၀၈
- ဝေးစမ်းပါစေ မိုင်ပေါင်းကဋ္ဋေ..
- မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်းက မစ္ဆရိယ အဲဒါ နအဖ
- အစိတ်သား တမတ်သား တကျပ်သားနားမလည်..အကုန်ဖမ်းမယ်
- ပူနေတဲ့ အက်စစ်မိုး...နဲ့ အမေအိုရဲ့ အကြောင်း
- ဖမ်းမှာမကြောက် ရဲရဲတောက်ဟေ့ ကြောက်တတ်ရင်လွဲ..စစ်ဖ...
- နှစ်တွေ ထပ်ထပ်တိုး...နအဖ..XXXX တွေ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်
- အိပ်ဖွင့်ပေးစာ..( BBC ။RFA။ VOA။ DVB မြန်မာပိုင်း...
- NLD members detained en route to Daw Suu’s house
- ရွှေတိဂုံဘုရားရဲ့ မိုးဖျားကအရိပ်မဲ.. လာတော့မဲ့ မင်း...
- မျိုး ချစ်စိတ် ရှိသူတိုင်းထောင်ထဲ ၀င်ရသည်။
- အန်အယ်ဒီရုံးချုပ်အနီး ရဲနှင့်စစ်ကားများ စောင့်ကြပ်နေ
- ရာဇ၀တ်ဘေး ပြေး၍မလွတ်
- Burma arrests marchers near Suu Kyi home:
- တနိုင်ငံလုံး၏ ဆန္ဒခံယူပွဲရလဒ် စစ်အစိုးရကြေညာထောက်ခံ...
- ဒေါ်စုသတင်း
- ဖမ်းနေပါပြီခင်ဗျာ..
- ဘ၀မလှတဲ့..ပင်စင်ရ၀န်ထမ်း..
- ဘင်လာဒင်ကတောင်..အပြစ်ပြောမှ ကမ်းကုန်တဲ့ သန်းရွှေ
- လွတ်မှာလား..ကြောက်နေဆဲလား
- NCUB ၏ ၁၉၉၀နှစ်ပါတီစုံရွေးကောက်ပွဲ (၁၈)နှစ်မြောက်ြ...
- ဝိညာဉ်သားလော..
- တုနှိုင်းမဲ့ ကမ္ဘာကျော်..မြန်မာပြည်က လူသတ်တပ်မတော်
- ဘုရားစူးပါစေ့ ..နိုင်ငံခြားက ထောက်ပံ့တာပါ။
- နအဖရဲ့ ဆောင်ပုဒ်..သူတောင်းစားယုတ်တွေ
- ပီကင်း အိုလံပစ် ကို သပိတ်မှောက်ခြင်း။
- တွေးမိတိုင်း ရင်လေးသည်..
- အာခေါင်လှံစူးမဲ့ အာဏာရှင်
- မြန်မာ သတင်း မေလ ၂၆ ရက် ၂၀၀၈
- အရေးပေါ် အစည်းအဝေးခေါ်ယူရန်ကိစ္စ
- မြန်မာပြည်က အလီဘာဘာနဲ့  ခိုးသားလေးဆယ်..
- သံဃာ့အစွမ်းကမ္ဘာလွှမ်းငြိမ်းအေးကြပါစေ
- No title
- အို စာ နဲ့  မင်း စာ
- လူသေများနှင့် အိပ်စက်ခြင်း ( ဖတ်ဖြစ်အောင်ဖတ်ပေးပါ)
-
▼
May
(620)
No comments:
Post a Comment