Thursday, May 8, 2008

ကျုပ်ကို...ဒီတိုင်း ပစ်ထားတော့မလား.ဗျာ။

အလောင်းတွေကနေရာတိုင်းမှာရှိနေတယ်။အလောင်းတွေကိုဆယ်ယူဘို့လုပ်နေတာမတွေ့ရသေးဘူး။ မြေမြုပ်ဘို့ဆိုတာကလဲ နေရာတိုင်းက ရေမြုတ်နေတယ်။

အလောင်းတွေ ဆယ်ဘို့ထားဘို့နေရာ အခက်အခဲရှိတယ်။ ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးလုပ်သားတွေ လိုနေ တယ်။ အလောင်းတွေ ထည့်ဖို့ Body Bag တွေလိုအပ်တယ်။ ပိုဆိုးတာက တိရိစ္ဆာန် အသေတွေ ပုတ်ပွနေ တာဘဲ၊ ကူးစက်ရောဂါက စဖြစ်နေပြီ။ ၀ါးခယ်မ၊ မြောင်းမြမှာ ၀မ်းရောဂါ စဖြစ်နေတယ်။ ဆေးဝါး အလုံ အလောက်မရှိဘူး။
ဒုက္ခသည်တွေ နေထိုင်ဘို့ အာဏာပိုင်တွေက မစီစဉ်ပေးတဲ့အပြင် ဘုန်းကြီးကျောင်းတွေမှာ ယာယီ နေထိုင် တဲ့ သူတွေကို အာဏာပိုင်တွေ ကြံ့ဖွတ်တွေက မောင်းထုတ် ဖယ်ရှားနေတာတွေရှိတယ်။ လူထု မကျေနပ်မှု တွေက ပိုများလာတယ်။ လကုန်ပိုင်းလောက် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်လာနိုင်စရာရှိနေတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်