Thursday, May 15, 2008

သဘော တူမတူ..စစ်တမ်းယူမယ်

Triple-W Review (Warmly Welcome World-Aid!)

ကျနော်တို့ အာဇာနည်အုပ်စု မှ Triple-W Review (Warmly Welcome World-Aid!) နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့များ ၀င်ရောက် အကူအညီပေးရေး အစီအစဉ်နှင့် ပတ်သတ်၍ လူထုသဘောထားများကို email ဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တောင်းခံ လျက် ရှိရာ ယခုထိ ရရှိထားသော ပြည်သူလူထု၏ ဆန္ဒသဘောထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၎င်းစစ်တမ်းကို ကောက်ယူရာတွင် ပြည်တွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အလွှာပေါင်းစုံ လူတန်းစားအလွှာအသီးသီးတို့မှ ပြည်သူများ၏ သဘောထားဆန္ဒများကို ကောက်ခံခြင်းဖြစ်ပါသည်။ (ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာများ၊ နအဖ လက်ကိုင်တုတ် အလိုတော်ရိများ၏ သဘောထားဆန္ဒများ ပါဝင်ခြင်း မရှိပါ။) ပြည်သူ့ ဘက်တော်သားများအဖြစ် ရပ်တည်ချင်သည်ဟု ယူဆရသော စစ်တပ်မှ အရာရှိ၊ အကြပ်၊ တပ်သားများ၏ သဘောထားများကိုလည်း တတ်နိုင်သလောက် စုဆောင်းလျက်ရှိပါသည်။ ပြည်တွင်း အလွှာအသီးသီးရှိ ပြည်သူ (၉၇၆) ဦးအား စစ်တမ်း ကောက်ယူရာတွင် စစ်တပ်မှ ၃၇ ဦးအား ဆက်သွယ်၍ သဘောထား တောင်းခံနိုင်ခဲ့ပါသည်။

တောင်းခံသော သဘောထားများမှာ -

လက်ရှိအနေအထားတွင် နအဖမှ နိုင်ငံတကာအကူအညီများ၊ ပညာရှင်များအား ကန့်သတ်ထားသဖြင့် ဒုက္ခသည်များအား အရေးပေါ်ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား လုံးဝဆောင်ရွက်နိုင်ခြင်း မရှိသလောက်ဖြစ်နေပါသည်။ ထိုကြောင့် နိုင်ငံတကာမှ သံတမန်နည်းလမ်း အကုန်သုံး၍ နအဖအား ဖြောင်းဖြပြောဆိုလျက်ရှိရာ မအောင်မြင်ခဲ့ပါက မဖြစ်ဖြစ်သည့် နည်းဖြင့် ၀င်ရောက်ရုံသာ ရှိပါတော့သည်။ ထိုကဲ့သို့ ၀င်ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့်
- နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့များအား လက်ခံလိုပါသည်။
- နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့များအား မလိုအပ်ပါ။
- ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုပါသည်။

ထိုကဲ့သို့ တောင်းခံရာတွင် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့များအား လက်ခံလိုပါသည်ဟု ဆန္ဒပြုခဲ့ကြသော ပြည်သူဦးရေမှာ ၆၆၇ ယောက်ဖြစ်၍ နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့များအား မလိုအပ်ပါဟု ဆန္ဒပြုသူဦးရေမှာ ၅၉ ယောက်ဖြစ်ပါသည်။ ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုပါသည်ဟု ဆန္ဒပြုသူ ဦးရေမှာ ၂၀၆ ယောက်ဖြစ်ပါသည်။ ၄၄ ယောက်သော ပြည်သူများမှ ဆန္ဒသဘောထား မပေးလိုပါဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ဆန္ဒသဘောထားများကို ဆက်လက်တောင်းခံလျက်ရှိပါသည်. ပေးပို့ ကြပါခင်ဗျား . arzarnimg@gmail.com. ပါ

1 comment:

Neo Law said...

Sample is biased. It is only 1000 or so people out of over 40 millions. It is not a valid sample size.

Post a Comment

ယခင် သတင်းများ ဖတ်ရန်