Friday, May 16, 2008

ကြောက်ချိန်..

နအဖ လူမိုက်ငှားနေပြီ (စက်ရပ်သတင်း)
သီလ၀ါဆိပ်ကမ်းတွင် ရုရှား စစ်သင်္ဘောများ ဆိုက်ရောက်နေကြောင်း ရန်ကုန်မြို့ခံတဦးမှ ပြောဆိုသည်။ ရုရှား စစ်သင်္ဘောပေါ်တွင် ရဟတ်ယာဉ် သုံးစီးခန့်များ တွေ့ရှိခဲ့ပြီး အဆိုပါ သင်္ဘောနားတွင် လုံခြုံအစောင့်များ ထူထပ်စွာချထားကြောင်း ၄င်းမှ ပြောဆိုသည်။ နိုင်ငံခြားအကူအညီများမယူဘူးဟု နအဖမှ ပြောဆိုခဲ့သော်လည်း ယခုကဲ့သို့ ရုရှား စစ်သင်္ဘောများ ဆိုက်နေခဲ့ခြင်းမှာ အမေရိကန်နှင့် ကုလ သမဂ္ဂမှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ၀င်ရောက်လာနိုင်ခြင်းအပေါ် ကြိုတင်ကာကွယ်ပြင်ဆင်နေသည်ဟု ရန်ကုန်မြို့ရှိလူများ ခန့်မှန်းပြောဆိုနေကြသည်။ ရုရှားတွင် ပညာသင်ယူနေသော နအဖ စစ်ဗိုလ်များကိုလည်း ပြန်လည်ခေါ်ယူလိုက်ကြောင်း ခိုင်လုံသော နအဖ စစ်တပ် အသိုင်းအ၀ိုင်းမှ ကြားသိရသည်။
မျိုးချစ်မြန်မာမှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်