Monday, May 12, 2008

သန်းရွှေက ဆင့်ဖင်...ဘုန်းဘုန်းတို့ဘဲ ကယ်တင်ရှင်..

တကယ်တမ်းကျ..ဘုန်းဘုန်းတို့ ဘဲ ဒုက္ခရောက်သူတွေကို ကယ်တာပါ..
ဘုန်းကြီး ကျောင်းဝင်းဆိုတာ လူတိုင်းအတွက်အေးမြတဲ့ အေးရိပ်ဆာယာ ပါ။ ဘုန်းကြီး နိုင်ငံရေးမလုပ်ရဘူး ဘာညာ ပြောနေပေမဲ့ နိုင်ငံရဲ့အရေး ဟာ ပြည်သူရဲ့ အရေး၊ ပြည်သူရဲ့အရေးဟာ.. ဘုန်းကြီးစားရတဲ့ တကာရဲ့ အရေး၊ ဘုန်းကြီးစားထားတဲ့ ဆွမ်းတနပ် အကြွေးဖြစ်တာကြောင့် ဒါ ဘုန်းကြီးအရေးဘဲပေါ့.ဘုန်းကြီးကသစ္စာရှိပါတယ်။
. နို်င်ငံကို ချစ်သယောင် ညာနေတဲ့..မှူးမှူး ချုပ်ချူပ် တွေကသာ.. စားထားတဲ့ ပြည်သူထောက်ပံ့စာ မထောက်.. ပြည်သူ တသန်းရဲ့ အသက် တွေ ရာဇ်တင်စတေးရုံ သာမက..ငတ်နေသော လူသားများရဲ့ ဒုက္ခကို လူသား ချင်းစာနာကာ အစာကြွေးဖို့  အရဲစွန့် လာရမဲ့ အမေရိကန်လေယာဉ်ကို မြောက်ကိုရီးယားလုပ် ညာရောင်းခံထိထားတဲ့ အမြောက်စုတ်နဲ့ ပစ်ချဖို့ ..နအဖက ကြံနေပါတယ်။

၅ သိန်းသော..တပ်မတော်သား တွေရဲ့ အသက်နဲ့ရင်းပြီး.သူတို့ရဲ့စည်းစိမ် .သွေးစွန်းနေတဲ့စိန်တွေကာကွယ်ဖို့ ..ကြံစည်နေတာ..နအဖပါ
ကဲ တပ်မတော်သားများတို့ရေ..သင်တို့ ၏ အခက်အခဲကို ကျွန်ူပ်တို့ ကောင်းစွာသိသည်။
ယုံကြည်စွာ..လက်ကမ်းနိင်သည်။ အလင်းဝင်ကြပါ. ပြည်သူနဲ့ပူးပေါင်းကြပါ။ သင်တို့ နှင့် ကျွန်ုပ်တို့ သည်.ဘ၀တုများ ဖြစ်ပြီး.. တသွေးတသားထည်းရှိသည်။
လာပူးပေါင်းပါ.နအဖကို တူတူ တိုက်ကြပါစို့ 
အမိမြေ၏ သာယာ ၀ပြောရေးသို့ ပါ.
စိတ်ကူုး မလွဲပါနဲ့ ရဲဘော်..သစ်တောဝန်ကြီးပြောသလို..အလောင်း ငါးစားရင် ကောက်စရာမလို ပြီးရောပေါ့ ဆိုတာမျိုးနဲ့ သင် နအဖ ကို ကာကွယ်ပြီး အမေရိကန်ကို အသက်ပေးတိုက်လို့ သင် ကျဆူံးခဲ့ရင်..သင့်အလောင်းကို နအဖက ခွေးစားဖို့  ဆိုပြီး လိုက် ကောက်မယ်မဟုတ်ပါ.
ဖြစ်နေသော...အမှန် အချက်အလက်များအပေါ် သေချာသုံးသပ်ပါ.။ သင့် အမေ အလောင်း ရေပေါ်မြောနေလျှုင်..သင်ငါးကြွေးနိုင်မည်လော..
ကိုယ်ချင်းစာနာ တရားကသာ..မေတ္တာ ဂရုဏာ စင်စစ်ဖြစ်ပါသည်.
Monks back on front lines to aid cyclone victims

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်