Thursday, May 15, 2008

သင်...ကူညီပါမိတ်ဆွေ..


နိုင်ငံတကာက..ပေးပို့ တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို
ဈေးထဲရောင်းချတဲ့အခါ.တွေ့ ရတဲ့အခါ.
သာမန်.ပြည်သူများက မ၀ယ်ယူခြင်းဖြင့် ကူညီကြပါ။

ဤ ကယ်ဆယ်ရေးပစ္စည်းများသည် ဒုက္ခသည်များအတွက်သာဖြစ်၏။
သူတို့ ၏ အသက်သွေးချွေး ရင်းပြီး မစားရဘဲ
ငတ်မွတ်အသေခံ စတေး ပြီးမှသာ..သင့်ဈေးတွင်းသို့ ရောက်လာကြ၏။
ဤ အစာများသည်.မဆိုင်သူများ မစားထိုက်သော
ဒုက္ခသည်များအတွက်သာ ရည်စူးသော
စေတနာရှင်များ၏ကျိမ်စာသင့်သော အစားအစာများဖြစ်ကြ၏။
ဒုက္ခသည် မဟုတ်သူများ..စားမိပါက..
အဆိပ်အပင်းဖြစ်သည်။

လက်ခံဝယ်ယူ..သိုလှောင်ရောင်းချ ထုခွဲသူ စားသုံးသူများ အားလုံးသည်..
အနှီ ဒုက္ခသည်များ၏ အသား..အသွေးကို ကိုက်ဝါးစုတ်စားသူများသာဖြစ်၏။
သင်သည်...ဒုက္ခမရှိပါက.... ဒုက္ခသည်များအတွက် ပေးသောအစာကို မစားပါနှင့်။
လူတဦးချင်းစီမှ.. လက်ခံဝယ်ယူ..သိုလှောင်ရောင်းချ ထုခွဲသူ စားသုံးမှုများ မလုပ်ဘဲ
သပိတ်မှောက်ကြပါလျှင်.
ဒုက္ခသည် ကယ်ဆယ်ရေးပစ္စည်း၏ ဈေးကွက် ပျောက်ဆုံးကာ..လူမှန်နေရာမှန်..ပစ္စည်းများပြန်ရရှိနိုင်မည်ဖြစ်၏။

မေတ္တာရပ်ခံပါသည် .ပြည်သူအပေါင်းတို့ 
ဒုက္ခသည် ၏ပစ္စည်းများ သင်ဝယ်ယူမစားသောက်ခြင်းဖြင့်
ဒုက္ခသည်များကို သင်ကူညီပေးပါ။
ကျေးဇုးတင်ပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်