ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အမေရိကန် စစ်သားများ ရောက်ရှိနေသောပြီ ဆိုသော သတင်းများ ကြောင့် ထိုင်း- မြန်မာနယ်စပ်ရှိ မြ၀တီမြို့တွင် နေထိုင်သော ပြည်သူလူထုမှ အစပြု၍နယ်စပ်ရှိ နအဖ စစ်တပ် များ၊ ကေအန်င်ယူမှ ခွဲထွက် သွားသော ဒီကေဘီအေ တပ်ဖွဲ့ များ မှ လူများသည် အလွန်အမင်းပင် တုန်လှုပ် ချောက်ချား နေကြသည်။မြ၀တီမြို့တွင်နေထိုင်နေသောမြို့ခံလူများ၊နအဖစစ်တပ်မှလူများ၊ဒီကေဘီအေမှလူများမှာ ၄င်းတို့နှင့် နီးစပ်သော မဲဆောက်မြို့ရှိ ထိုင်းရဲ များ၊ မဲဆောက်မြို့စက်ရုံများတွင် အလုပ်လုပ်နေကြသော မြန်မာ အလုပ်သ မားများ စသည့်နီးစပ်ရာ လူများထံသို့ဖုန်းဆက်ကာ အမေရိကန်များ နအဖ စစ်တပ်အား အမှန်တကယ်ပင် ၀င် ရောက်တိုက်ခိုက်တော့မည်ဆိုကာ တုန်လှုပ်ချောက်ခြားနေကြပါသည်။
နအဖစစ်တပ်မှ လူများသည်လည်း အထက်မှ ညွှန်ကြားချက် တစ်စုံတစ်ရာမှ မရရှိသဖြင့် အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေပါသည်။ နအဖစစ်တပ်မှညွှန်ကြားခိုင်းစေသမျှကို လိုက်လုပ်ပေးနေရသော ဒီကေဘီ အေများမှာလည်း မည်သို့လုပ်ရမှန်းမသိဖြစ်ကာ တုန်လှုပ် နေကြပါသည်။
(ကိုရဲ - သွေးသစ်) မျိုးချစ်မြန်မာ..မှ ရယူပါသည်။
No comments:
Post a Comment