Thursday, May 15, 2008

မျှော်လင့်ခြင်းများစွာနဲ့ ဌက်ပျောသီးလေးတစ်လုံး

ဆင့်ပါးစပ်ကလေးကပ်တဲ့နှမ်းလေးတလုံးပါ..better than nothing လို့  ပြောကြတဲ့စကားရှိပါတယ်။ ဒါပေမဲ့  ခလေးအုပ်စုထဲမှာ ညပ်နေတဲ့..ခလေးပေါက်စ သေးသေးလေး ရဲ့ လက်တံ တိုတိုလေး ထဲ ဌက်ပျောသီးလေး တစ်လုံးမှ ရောက်ပါ့မလား..

ဒီလောက်..အစားတစ်လုပ် ကလေးအတွက် ငတ်မွတ်တဲ့ဝေဒနာတွေ
ခါးစီးခံနေရတဲ့ ခလေးလေးတွေ..အမေ က အစာအဟာရမရ လို့  မလုံလောက်လို့ 
မထွက်ဘဲ ခမ်းနေတဲ့နို့ ချိုကို..ငိုယို စုတ်စို့ နေတဲ့ နို့ စို့ ကလေးတွေ။
ကျွန်တော်တို့ ဓါတ်ပုံထဲမှာ ငယ်ငယ်က ကြည့်ဖူးတဲ့ 
အာဖရိက..အီသီယိုပီးယားက..အရိုးဂေါက်ဂက် ကလေးနဲ့ ကမ္မဌာန်းရုပ်နဲ့ ခလေးလေးတွေ အတိုင်း
ကျွန်တော် တို့ ရဲ့ရင်သွေးလေးတွေ..ခန္ဓာကြုံလှီ..ဥိးဏှောက်ကြုံလှီ ဖြစ်ရတော့မလား.။

ကူညီကြပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်