ကျော်ဗလ
[http://www.khitpyaing.org/articles/june08/11-6-08_kyawbala.php]
မကြာခင်က အမေရိကန်သတင်းထောက်တယောက်က လက်ရှိ အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲမှာ ဘယ်သူ့ကို ပိုမိုသဘောကျ ထောက်ခံသလဲလို့ မေးခဲ့ဘူးပါတယ်။ ကျနော်က လူပုဂ္ဂိုလ်အရ ဂျွန်မက်ကိန်းကို သဘောကျပါတယ်။ ဒါပေမယ့် မူဝါဒပိုင်းမှာတော့ ဒီမိုကရက်တွေရဲ့ ပေါ်လစီကိုပဲ နှစ်သက်ထောက်ခံချင်တယ်လို့ ဖြေခဲ့မိတယ်။ ဒီတော့ သူက ဘာကြောင့်လဲလို့ ထပ်မေးပြန်ပါတယ်။ လူပုဂ္ဂိုလ်အရ မက်ကိန်းဟာ သမ္မတ ဘုရှ်လိုပဲ ရဲရဲတင်းတင်း ပြတ်ပြတ် သားသား ဆောင်ရွက်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်နေလို့ပါပဲ။
သမ္မတဘုရှ်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ တင်းမာပြတ်သားတဲ့ သဘောထားတွေကို သဘောကျ ကျေနပ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နိုင်ငံခြားရေးရာ မူဝါဒအပိုင်းမှာတော့ ဘ၀င် မကျစရာ ပြဿနာတွေ မနည်းလှဘူးလို့ ဖြေခဲ့ပါတယ်။ တကယ်လည်း နိုင်ငံတကာ ဆက်ဆံရေးမှာ ခြုံငုံပြောရရင် သမ္မတ ကလင်တန်လက်ထက်က ကျင့်သုံးခဲ့တဲ့ ဒီမိုကရက်တွေရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပိုမိုသဘောကျခဲ့ပါတယ်။ အထူးသဖြင့် ကလင်တန် အစိုးရ အဖွဲ့ဝင် နိုင်ငံခြားရေး ၀န်ကြီး မက် သလင်းအောဘရိုက် ကုလသမဂ္ဂမှာ အဆိုပြုတင်သွင်းခဲ့တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ၀င်ရောက်စွက်ဖက်ရေး (Humanitarian intervention) မူဝါဒကို ပိုမိုသဘောကျမိခဲ့တယ်။
လူသားချင်းစာနာထောက်ထားမှုအရ ၀င်ရောက်စွက်ဖက်ရေး မူဝါဒအကြောင်း အဆိုပြုတင်သွင်း ရာမှာ ၀န်ကြီး အောဘရိုက်က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းထဲမှာ မည်သည့်တိုင်းပြည် မည်သည့် အစိုးရ၏ ပြည်တွင်းရေးတွင်မျှ ကုလသမဂ္ဂအနေနှင့် ၀င်ရောက် စွက်ဖက်ခြင်း မပြုရလို့ ရှင်းလင်းစွာ ဖော်ပြထားပါတယ်။
ဒါပေမယ့် သမ္မတကလင်တန်အစိုးရရဲ့ ဒါရိုက်တင်ပြမှုကြောင့်ပဲ ၁၉၉၁ ခုနှစ်က စပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အစိုးရတရပ်ဟာ မိမိပြည်သူလူထုအား လက်နက်အားကိုး ပြုကာ မတရား အနိုင်ကျင့်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုခဲ့လျှင် ကုလသမဂ္ဂအနေနှင့် ၀င်ရောက်စွက်ဖက် တားဆီးကာကွယ်ပိုင်ခွင့် ရှိရမည်လို့ ရှင်းပြခဲ့တယ်။
၁၉၈၀ ပြည့်နှစ်မှာ မာရှယ်တီးတိုး ကွယ်လွန်သွားပြီးနောက် နိုင်ငံရေး စီးပွားရေးအရ ဆုတ်ယုတ် ပျက်ပြားလာတဲ့ ယူဂိုဆလားဗီးယား နိုင်ငံကြီးဟာ လူမျိုးရေး ခွဲထွက်မှုများကြောင့် ၁၉၉၀ ပြည့်နှစ် မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့တယ်။ ဒါကို ကွန်မြူနစ်ခေါင်းဆောင်ဟောင်း ဆလိုဗိုရင် မီလိုဆီဗစ်က ဆားဗီးယားခေါင်းဆောင်အဖြစ် ဆားဗီးယား သမ္မတနိုင်ငံကြီးကို အင်အားသုံးပြီး အဓမ္မနည်းနဲ့ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒီမှာတင်ပဲ ဆာ့ဘ် လူမျိုးတွေနဲ့ ခရိုအေရှား၊ ဘော့စနီးယားနဲ့ အယ်ဘေးနီးယား မွတ်စလင်တွေအကြား လူမျိုးရေးစစ်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ရတယ်။
၁၉၉၁ ခုနှစ်မှာ ဆလိုဗေးနီးယားနှင့် ခရိုအေးရှားတို့က ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့ချိန်မှာ ဆာ့ဘ်တွေနဲ့ ခရိုအေးရှားတွေအကြား အတောမသတ်နိုင်တဲ့ မျိုးပြုတ်ရေး၊ မျိုးဖြုတ်ရေး စစ်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်။ ဒါကြောင့် ၁၉၉၂ ခုနှစ်ထဲမှာ ခရိုအေးရှားနယ်ထဲကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ပြီး ဖျန်ဖြေပေးခဲ့ရတယ်။ နောက်ပိုင်းမှာ ဆားဗီးယားသမ္မတ မီလိုဆီဗစ်ရဲ့ သွေးထိုးလှုံ့ဆော် အားပေးမှုကြောင့် ဘော့စနီးယားနယ်ရှိ ဆာ့ဘ်တွေက လွတ်လပ် ရေး ကြေညာရာမှာ ဘော့စနီးယား မွတ်စလင် ခရုစ်တွေနဲ့ လူမျိုးရေးစစ်ပွဲတွေ ပေါက်ကွဲ ပေါ်ထွက် လာတဲ့အပြင် မီလိုဆီဗစ်ရဲ့ ဆားဗီးယား တပ်မတော်က မျိုးဖြုတ်ရေး စစ်ပွဲတွေ ဆင်နွှဲလာတဲ့အတွက် ဘော့စနီးယား ခရုတ်တွေ မွတ်စလင်တွေ ထောင်ပေါင်းများစွာ သေကျေပြီး သိန်းနဲ့ ချီပြီး ထွက်ပြေး ခဲ့ရတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မီလိုဆီဗစ် ဆားဗီးယားသမ္မတနိုင်ငံကို စီးပွားရေး ပိတ်ဆို့ မှုတွေ ပြုလုပ်ပြီး ၁၉၉၅ ခုနှစ်မှာ ငြိမ်းချမ်းရေးရအောင် ဦးဆောင်ကြိုးပမ်းပေးခဲ့ရတယ်။
၁၉၉၇ ခုနှစ်မှာ ဆားဗီးယား သမ္မတအဖြစ် မီလိုဆီဗစ် ထပ်မံအရွေးခံရပြီးတဲ့နောက်ပိုင်း ကိုဆိုဗို ပြည်နယ်မှာ ဆာ့ဘ်လူမျိုးတွေနဲ့ အယ်ဗေးနီးယားတွေအကြား လူမျိုးရေးစစ်ပွဲတွေ ထပ်ပြီး ပေါက်ကွဲ ထပ်ဖြစ်ပေါ်ရပြန်ပါတယ်။
အဓိကအားဖြင့် မီလိုဆီဗစ်ရဲ့ ဆားဗီးယားတပ်မတော်က အယ်ဘေးနီးယား မွတ်စလင်တွေအပေါ် မျိုးတုံး စစ်ဆင်ရေးတွေ ဆင်နွှဲလာတဲ့အတွက် ခုခံရေး စစ်ပွဲတွေ တန်ပြန် ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိန်းရေး တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က လုံခြုံရေးကောင်စီကို တင်ပြ တောင်းဆိုခဲ့ ကြတယ်။ ဒါပေမယ့် ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးကို ဆုပ်ကိုင်ပြီး ရုရှနဲ့ တရုတ်တို့က ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ရေးကို ဗီတိုအာဏာ သုံးပြီး ပယ်ချ လိုက်ပါတယ်။
ရုရှတွေကတော့ သူတို့ရဲ့ ဆားဗီးယား သွေးသားဆွေမျိုးတွေဘက်က ကာကွယ်ခဲ့တာဖြစ်ပြီး တရုတ်ကတော့ သူတို့ မိတ်ဆွေခေါင်းဆောင်ဟောင်းကြီး မီလိုဆီဗစ်ကို အကာအကွယ် ပေးလို တာကြောင့် ဗီတိုအာဏာ သုံးခဲ့ကြတာဖြစ်ပါတယ်။
နောက်ဆုံး ၁၉၉၇ ခုနှစ် မတ်လအတွင်းမှာတော့ ကုလသမဂ္ဂတပ်အနေနဲ့ မဟုတ်တော့ဘဲ အမေရိကန်နဲ့ ဥရောပတို့ ပူးပေါင်းပါဝင်တဲ့ နေတိုးတပ်ဖွဲ့ဝင်များအနေနဲ့ မြို့တော် ဘဲလ်ဂရိတ် အပါအ၀င် ယူဂိုဆလပ်နိုင်ငံ အနှံ့အပြားကို ၀င်ရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြရတယ်။ အဲဒီ့အချိန်က နေတိုးတပ်ဖွဲ့ရဲ့ ဒုံးကျည်တလုံးဟာ ဘဲလ်ဂရိတ်မြို့လယ်မှ ဟိုတယ်ပေါ်ရှိ တရုတ်သံအဖွဲ့ နေထိုင်ရာ အထပ်ကို တိုက်ရိုက်ထိမှန်ပြီး သံအဖွဲ့ဝင်အချို့ သေဆုံးဒဏ်ရာရခဲ့ကြတယ်။ အမေရိကန်နိုင်ငံက မှားယွင်းပစ်ခတ်မိကြောင်း တောင်းပန်ခဲ့ပေမယ့် တရုတ်တို့ဘက်ကတော့ ရည်ရွယ်ချက်ရှိရှိ၊ အစီစဉ်ရှိရှိ၊ တမင်သက်သက် ပစ်ခတ်တာဖြစ်တယ်လို့ ယုံကြည်ယူဆခဲ့ကြပါတယ်။
ဇွန်လထဲမှာတော့ နေတိုးတပ်ဖွဲ့ဝင်တွေဟာ ယူဂိုဆလားဗီးယားနိုင်ငံထဲအထိ ၀င်ရောက်ပြီး စစ်ဆင် တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ မီလိုဆီဗစ်လည်း ကိုဆိုဗိုနယ်မှ ဆားဗီးယားတပ်တွေကို ရုပ်သိမ်း ပေးဖို့ မလွှဲမရှောင်သာ သဘောတူ လက်ခံခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ မီလိုဆီဗစ်ဟာ သမ္မတရွေးကောက်ပွဲမှာပါ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် မီလိုဆီဗစ်ဟာ သမ္မတရာထူးက မျက်နှာပြောင်တိုက်ပြီး ဆင်းမပေးခဲ့ဘူး။ နောက်ဆုံးမှာ နိုင်ငံတကာဖိအားပေးမှုနှင့် လူထုအုံကြွ ဆန္ဒပြပွဲတွေ အဆက်မပြတ် ဖြစ်ပေါ်လာတာကြောင့် သမ္မတရာထူးက နုတ်ထွက် ပေးခဲ့ရတယ်။
၂၀၀၁ ခုနှစ်မှာတော့ မီလိုဆီဗစ်ကို စစ်ရာဇ၀တ်ကောင်အဖြစ် ဖမ်းဆီးပြီး ဟိတ်မြို့တော်ရှိ နိုင်ငံတကာခုံရုံးမှာ စစ်ဆေးအရေးယူခဲ့ရတယ်။ ဒီလို ဘော်လကန်စစ်ပွဲတွေအဆုံးသတ် ငြိမ်းချမ်းသွားချိန်ဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အောဘရိုက်က လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်ရေးမူဝါဒကို အဆိုပြုတင်ပြခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးအောဘရိုက်ရဲ့ အဆိုပြုချက်ထဲမှာ ပြည်သူလူထုကို သေနတ်ပြ ဖိနှိပ်နေတဲ့ အာဏာရှင်အစိုးရတွေနဲ့ ရင်ဆိုင်ရာမှာ သူတို့ထက်ပိုမိုကြီးမားတဲ့ သေနတ်တွေ၊ ပိုမိုများပြားတဲ့ စစ်အင်အားတွေကို ထုတ်ပြဖို့ လူထုမှာ မလွယ်ကူလှပါဘူး။ ဒီလိုတာဝန်မျိုးကို ကုလသမဂ္ဂအနေနဲ့ ရဲရင့်ပြတ်သားစွာ ၀င်ရောက်တာဝန်ယူသင့်ပါတယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ဒါပေမယ့် ၂၀၀၁ ခုနှစ်မှာ သမ္မတဘုရှ်အစိုးရ ရာထူးဆက်ခံယူလာချိန်မှာ အောဘရိုက်ရဲ့ လူသား ချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်ရေးမူဝါဒဟာလည်း အားနည်းမှေးမှိန်သွားခဲ့ရပါတယ်။
ဒီနေ့အထိ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ အပူလက်တွေ ရှိနေပါသေးတယ်။ ဒီအပူလက်တွေဟာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကင်းမဲ့နေတဲ့ ရ၀မ်ဒါ၊ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ ဗမာပြည်တို့လို တိုင်းပြည်တွေဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေဟာ ကိုယ့်ပြည်သူလူထုကို သေနတ်ပြ ခြိမ်းခြောက် အနိုင်ကျင့်နေကြတဲ့ အာဏာရှင်အစိုးရတွေ ကြီးစိုးဗိုလ်ကျနေတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။
သူတို့ဟာ ပြည်သူ့ဘဏ္ဍာငွေနဲ့ တပ်ဆင်ထားတဲ့ သေနတ်တွေ ဖွဲ့စည်းထားတဲ့ စစ်တပ်တွေကို လက်ကိုင်တုတ်လို အသုံးချပြီး ကိုယ့်ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ် အနိုင်ကျင့်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုအာဏာရှင်တွေအတွက် အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒက ပြည်တွင်းမှာထင်သလို ဗိုလ်ကျ၊ မင်းမူ၊ အနိုင်ကျင့်နိုင် ရေးအတွက် အကာအကွယ်ပေးထားတဲ့ ကတုတ်ကျင်းတွေဖြစ်ပါတယ်။ ဒီခြံကတုတ်တွေရှိနေသမျှ ဒီနိုင်ငံတွေမှာ စစ်အာဏာရှင်တွေဆက်ပြီး ဗိုလ်ကျမင်းမူနေကြဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းနိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ စစ်အာဏာရှင်တွေကို ပိုမို ကြီးမားတဲ့ လက်နက်၊ ပိုမိုများပြားတဲ့ စစ်အင်အားတွေကို အသုံးချပြီး ကမ္ဘာ့တရားခွင်တင်ပြီး စီရင်နိုင်ဖို့ အထူးလိုအပ်နေပါတယ်။
ဒီလိုအာဏာရှင်တွေကို ရာဇ၀တ်ကောင်တွေအဖြစ် ခုံရုံးတင်ပြီး စီရင်နိုင်ဖို့ ပထမဆုံးလိုအပ်တာက လူသားချင်းစာနာထောက်ထားမှုအရ ၀င်ရောက်စွက်ဖက်ရေးပေါ်လစီဟာ ကုလသမဂ္ဂရဲ့ မူဝါဒ တရပ်ဖြစ်ဖို့ အရေးကြီးနေကြောင်းပါ ခင်ဗျာ။ ။
http://www.khitpyaing.org/
Thursday, June 12, 2008
လူသားချင်း စာနာထောက်ထားမှုအရ ၀င်ရောက်စွက်ဖက်ကြ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
June
(372)
- ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ
- မုန်တိုင်းရဲ့ .ဒဏ်ကြားထဲ ကကြံကြံခိုင် ဗိုလ်ချုပ်
- မုန်တိုင်းရဲ့ .ဒဏ်ကြားထဲ ကကြံကြံခိုင် ဗိုလ်ချုပ်
- ပေါက်တော့ပေါ်လာတယ် ဘယ်မှာလဲနိုင်ငံ့ ငွေတွေ?
- သန်းရွှေ ထမိန် ထုပ်သာ ပြင်ထား
- မစုစုနွေး ထောင်နံရံကို ခေါင်းနဲ့ဝင်တိုက်
- အပြင်မှာ..နလဗိန်းတုံးတွေဘဲကျန်တော့မယ်
- သူတို့ ဘဲ...အမျိုးမျိုး..
- ကယ်ဆယ်ရေးလုပ်ငန်းများ တားဆီးနေခြင်းကို ၀မ်းနည်းကြေ...
- သာဓုပါဗျာ ကိုဇော်ဝင်းထွဋ္ဋ်...
- ဆားဈေး တွေတက်နေသည်။
- NCGUB ၏ ကျေညာချက်
- လူသားစားတဲ့ ဘောဓိ သာရ..များ..
- 2008 WORLD DRUG REPORT
- မြန်မာသတင်းဇွန်လ ၃၀ရက်
- No title
- NLD ၏ ကျေညာချက်
- ရဲဝင့်စွာ တော်လှန်ကြစို့
- No title
- NLD လွတ်မြောက်နယ်မြေဖွဲ့ စည်းခြင်း
- 8888-people-power-news-bulletin 2
- ဒိုင်းလုပွဲ..
- အသိတရားခေါင်းပါးလှသော ခေါင်းဆောင်များ လက်အောက် က တ...
- English-Translated Manga on Nobel Winner Suu Kyi
- Made in Myanmar' still on shelves
- မြန်မာ့ သတင်းဇွန်လ ၂၉ ရက် ၂၀၀၈။
- Woman Gets Two Years for Aiding Nigerian Internet ...
- ဆက်လက် ပျံသန်းနေဆဲ..ခွပ်ဒေါင်းနီအလံတော်..(အိုဟိုင်...
- နအဖ ကာကွယ်ရေးဦးစီးဌာန အမိန့်ကြေငြာ ထုတ်ပြန်စာတမ်း
- သူတို့လို ပေးဆပ်ရဲကြလား
- သာသနာမောဠိအဖွဲ့ချုပ် အတွင်းရေးမှုး ဆရာတော် ဦးဥတ္တရ...
- ၂၀၀၈ခုနှစ်ဇွန်လတွင် နအဖစစ်တပ်အတွင်းပြောင်းလွှဲတာဝန်...
- Karen National Union (KNU) Statement
- တိုင်းရင်းသားမိဘပြည်သူများနှင့် တော်လှန်တိုက်ပွဲဝင...
- Join Free Burma Chicago & US Campaign for Burma to...
- မြန်မာ့သတင်း ဇွန် ၂၇ ရက် ၂၀၀၈
- သစ္စာအင်အားစုမှ စီစဉ်သောနွေရာသီခရီးစဉ်
- မုန်တိုင်းနောက်ကွယ်က..အမှောင်
- ဒီရေရောက်တော များ ထိမ်းသိမ်းပေးကြပါရန်
- အရပ်ကူလို့  လူဝိုင်းပေးကြပါ။ ကံဆိုးသူများကို.
- ထောက်ပံ့ရေးလုပ်ငန်းအတွက် ကန့်သတ်ချက်များလျှော့ပေးရ...
- စည်းလုံးကြပါတကာများ
- အောင်ပွဲခံနိုင်ရာသော သော့ချက်များ
- News Hour: Two NLD women members were detained.
- စစ်ခုံရုံးသာ ကြွခဲ့တော့ သန်းရွှေ
- A Taste of Myanmar Cultural Show July 19, 2008
- အပန်းလည်းပြေ..ငွေလည်း လာ လှုပါလေ..
- ပွဲ လန့် တုန်းမှာလာ..ခင်းချင်နေတဲ့ဖျာ
- ပွဲ လန့် တုန်းမှာလာ..ခင်းချင်နေတဲ့ဖျာ
- ပွဲ လန့် တုန်းမှာလာ..ခင်းချင်နေတဲ့ဖျာ
- ကဲ ပွဲ လန့် တုန်းမှာလာ..ခင်းချင်နေတဲ့ဖျာ
- ရုရှားနဲ့ မြန်မာ နျူကလီယားပူးပေါင်းဆောင်ရွက်ခြင်းမ...
- တစ်နေ့ မှာတော့ 
- နိုးထလာမဲ့ တွင်းအောင်းမြွေများ..သတိသာထားလော့
-ဲမြန်မာသတင်းဇွန်လ ၂၆ ရက် ၂၀၀၈
- UNICEF external situation report Myanmar cyclone N...
- အလောင်းမြှုပ်ပုဒ်မနဲ့  Myanmar Tribune အယ်ဒီတာ ကို...
- မရှိတဲ့ ဂုဏ်ချိုးနှိမ်မည့် သူ မှန်သမျှ ဖမ်းပါသည် ခ...
- ဒီတခါညီညွတ်မှ လူဖြစ်တော့မယ် -မိုဃ်းသွေး
- ကမ္ဘာမှာ ငါကလွဲရင် ဘယ်သူမှ မတတ်
- အုပ်ချုပ်တာတော့ ဟုတ်ပါပြီ ဘယ်သူ ရှင်းမလဲဒီကိစ္စ
- ကောင်းရာလုပ်ရင်..ဖမ်းတဲ့ခေတ်..
- ခလေးစိတ်မကုန်သေးတဲ့ ထိုင်းဝန်ကြီးချုပ်..
- ဘယ်မလည်း..အမှန်တရား..ဘယ်မလည်းကင်မရာ.
- နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူဦးရေ (၁) သိန်းခွဲနီ...
- ဆန်ပြဿနာ..ဗိုက်ပြဿနာဗျို့ 
- ကျောင်းဆက်တက်ချင်သလား..ဆက်သွယ်ပါ။
- ထောက်ပြစမ်းပါနအဖ..ဘယ်မှာလဲ ကြည်ညိုချင်စရာ
- ချီးကျူးတယ်ဗျာ..လေးစားတယ်။
- ဘာတွေကြောက်နေကြတာလည်းဟဲ့ ပြိတ္တာတွေ..ရှိသမျှ သာလို...
- “The real disaster in Burma is the government”,
- ဒုက္ခသည် အပေါဆုံးတိုင်းပြည်။
- စိတ်ကောင်းရှိမှ..ဒို့ လိုရုပ်ချောမှာ သန်းရွှေ
- No title
- မြန်မာအစိုးရ အနိုင်ရတဲ့..ကမ္ဘာ့ မှတ်တမ်းများ.
- လေဘေးအလှူဖုန်းများကို ဆက်သွယ်ရေးမှ ရောင်းစား
- မြန်မာသတင်းဇွန်လ ၂၅ ရက် ၂၀၀၈
- မနာလို မိုက်ရိုင်းထွားကျိုင်း နေကြသူများ။
- သတ်မတော် လိမ်ညာ MRTV ကလွဲ၍ ဘာမှမကြည့် ရ
- ရွှေ ဗမာပြည်က လွတ်လပ်မှု နှင့် အတရားဆုံးပုဒ်မ
- ပြောတော့ နွားအိုက နာတယ်
- တော်လှန်ကြဖို့  အားအင်မွေးကြစို့ 
- အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ဝိုင်းဝန်းတားဆီးကြပါအုံး
- အရေးကြီးရက်များ...မှတ်ထားကြပါရန်..
- မြန်မာသတင်းများဇွန်လ..၂၄ရက်၂၀၀၈
- အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ ၏ ကျေညာချက်
- သူ့ မြေးဘိန်းစားတော့ ကောင်းတယ်လား...
- ပုလိပ်ရောဂါဆိုး၏ အန္တရာယ်က လက်တကမ်းမှာ...
- ဇတ်သိမ်းခန်းကိုရောက်ချင်ပြီ
- src="http://lh4.ggpht.com/komyoe88/SF7lW69Hh8E/AAA...
- Voice From Burma
- မြန်မာ့သတင်းများ ဇွန်၂၃ ရက်
- တပ်တွင်း ရာထူး အပြောင်းအလဲများ
- ချင့်ယုံ
- ကျွန်တော်တို့  မြန်မာအမျိုးသမီးတွေ..ဒါလုပ်နေရတယ်.
- ဒီခေတ်ကြီးမှာဗျာ...
- ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ နယူးယောက်...
- ထွက်ပြေးနေပြီလား..ဂျိုသွေးနေသည်လား
- ဧရာဝတီကလယ်သမားဘဝ
-
▼
June
(372)
No comments:
Post a Comment