Saturday, June 7, 2008

မျက်ရည်များနဲ့ ..ကောင်းကင်ဘုံ

ရင်နာစရာပါ..ဒီ video ကိုကြည့်
နောက်ထပ် ဗမာပြည်မှာ..
သဘာဝဘေးသာ ထပ်ဖြစ်ကြည့်။

တပ်မတော်က အမိ အဖ မဟုတ်
ကံသာလျှင်အမိ..အဖ
ဘုရားသာလျင် တွင်တွင် တ..
မတ်စေ့သာ ငုံထားကြပေတော့..

ကံကောင်းပြီးသေ..တောင် မှ
စစ်နအဖ..သင့် အလောင်း မြေကျစေမှာမဟုတ်.
လင်းဠတွေ..လေမှာဝဲ..လူသေပုပ် အစာကြွေးဆဲ..

တရုတ်က စစ်သား..
ဒုက္ခသည် ခလေးချီပိုး လွတ်ရာကယ်သွားပေမဲ့..
ဗမာပြည်ကစစ်သား..
အလှူပုံ အစာထုတ် နားမှာဘဲ ၀ဲ တလည်လည်..
ဘယ်ဟာ ခိုးရကောင်းမလဲစဉ်းစားနေတယ်။

မုန်တိုင်းလွန် လေပြင်းအဆုတ်
အရေးပေါ်တက်သုတ်ရိုက် ကယ်ဆယ်..
Navy boat တွေ..ဖင်ကျောက်ချ..အသုံးမ၀င်..
စက္ကန့် နဲ့အမျှ..ကယ်ဆယ်ရမဲ့အသက်..
လက်ပိုက်ကြည့်နေရက်သူ
ငတ်မွတ်ခေါင်းပါး..ထွက်ရတဲ့ အသက်
သာကီဝင်မျိုးတွေရဲ့မျိုးဆက်..
ကျုပ်တော့ ဗမာဖြစ်ရတာတောင် ရှက်လာပြီ ထွီ...

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်