Saturday, August 30, 2008

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၃)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား

Sunday, 31 August 2008
၃၀ သြဂုတ် ၂၀၀၈
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၃)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင်ကျင်းပ ခဲ့ရာဂျပန်ရောက်မြန်မာဒီမိုကရေစီ လှုပ်ရှားသူများ အယောက် ၉၀ ခန့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့ပါ သည်။

ဂျပန်နိုင်ငံရှိထိုင်းသံရုံးရှေ့တွင်ဆန္ဒပြ။

ထို့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကအပြန် ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ပတ်သက်လို့ ဆွေးနွေးတာဟာ သံတမန်ရေးအရ အကြီးအကျယ် မှားယွင်းမှုဖြစ်တယ်လို့ဒီမိုကရေစီ အင်အားစုတွေက ဝေဖန်ပါတယ်။ထိုင်းဝန်ကြီးချုပ်က မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာဒေါ်အောင်ဆန်းစုကြည်မပါရင် ပိုပြီးတော့အဆင်ပြေနိုင်တယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုကြောင့်ပြည်ပရောက်ဒီမိုကရေစီအင်အားစုများကဒေါသထွက်ခဲ့ပြီး ထိုင်းသံရုံးသို့ကန့်ကွက်စာများပေးပိုပြီး ဂျပန်နိုင်ငံရှိထိုင်းသံရုံးရှေ့တွင်ဆန္ဒပြ ခဲ့ကြပါသည်။
သတင်း--လူငယ်ဌာန(ဂျပန်)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်