မောင်စွမ်းရည်
အောက်တိုဘာ ၉၊ ၂၀၀၈
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ထောင်က လွတ်လာပြီဆိုတော့ ဦးလေးနဲ့ ဒေါ်ဒေါ် (လူထုဦးလှ နဲ့ ဒေါ်အမာ)တို့ကို ပြေးပြီး သတိရလိုက်မိပါတယ်။ ဦးဝင်းတင်က လူထုဦးလှ နဲ့ ဒေါ်အမာ တို့ကို မန္တလေးလူငယ်တွေ ခေါ်ကြသလိုပဲ ဦးလေးနဲ့ ဒေါ်ဒေါ်လို့ ခေါ်ပါတယ်။ တကယ့်ဆက်ဆံရေးကလည်း တူ သား အရင်းလိုပါပဲ။ ဦးလေး ကွယ်လွန်ပြီး ဒေါ်ဒေါ် ရန်ကုန်ကို အလည်လာတော့ မန္တလေးဇာတိ တူသားတယောက်လိုပဲ ရင်းနှီးတဲ့ မင်းသားကြီး ဦးထွန်းဝေက သူ့အိမ်မှာ ဂုဏ်ပြု ဧည့်ခံပွဲ လုပ်တယ်။
စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့ အနုပညာလောကက လူစုံပါတယ်။ အဲဒီပွဲမှာ ဧည့်သည် လေးငါးယောက်က ဂုဏ်ပြုစကား ပြောကြတော့ ဦးဝင်းတင်က "ကျနော့်အမေအရင်းရဲ့ အမည်ကလည်း ဒေါ်အမာပါ၊ လူထုဒေါ်အမာကိုလည်း ကျနော် အမေလိုပဲ သဘောထားပါတယ်။ အမေ မသေပါနဲ့အုံး။ နှစ် ၃၀ လောက် တောင့်ထားပါအုံး" လို့ ပြောခဲ့ပါတယ်။ အမေကလည်း နှစ် ၂၀ လောက်တောင် အောင့်ထားပြီး သတင်းစာဆရာတို့ရဲ့ ကိုယ်စား တိုင်းပြည်အတွက် ပြောစရာ ဆိုစရာ ရှိတာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပြောဆိုခဲ့ပါတယ်။ဦးဝင်းတင်ဟာ ငယ်စဉ် စာတွေပေတွေ ဖတ်ရှုလာစကတည်းက သတင်းစာဆရာ ဖြစ်ဖို့ကိုပဲ စိတ်သန်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တက္ကသိုလ်ရောက်စ၊ အသက် ၁၉-၂၀ အရွယ်ကတည်းကစပြီး ၀င်ခွင့်ရသမျှ စာနယ်ဇင်း ကြီးငယ်တွေမှာ သတင်းစာတိုက်တခု မပြုတ်မချင်း၊ မပိတ်မချင်း ၀င်ရောက်လုပ်ကိုင်ခဲ့တာဟာ ၁၉၇၈ ခုနှစ် ဟံသာဝတီသတင်းစာတိုက် ပိတ်ပြီး စစ်အစိုးရက သူ့ကို အလုပ်ဖြုတ်ပစ်လိုက်ချိန် အထိ ပါပဲ။ ဒါတောင် ရှစ်လေးလုံးကာလမှာ ရသမျှ အခွင့်အရေးကလေး ယူပြီး သတင်းစာ ထုတ်လိုက်ပါသေးတယ်။ ၀င်ရေးစရာရှိတဲ့ တခြားစာနယ်ဇင်းတွေမှာလည်း ရေးခဲ့ပါတယ်။ သူအလုပ်ပြုတ်တော့ အသက် ၅၀ မပြည့်သေးပါဘူး။ ဉာဏ်မီးတောက်တဲ့အရွယ်ပဲ ရှိပါသေးတယ်။ နိုင်ငံအတွက် အဖိုးတန် သားရတနာတွေကို စစ်ဝါဒီဗိုလ်ချုပ်တစုက အခုလိုပဲ ဖြုတ်ထုတ်သတ်နေတာ ကြာပါပြီ။
ဟံသာဝတီသတင်းစာဆိုတာက ၁၈၉၇ ခုနှစ်မှာ မစ္စတာ ရစ်ပလီက တည်ထောင်ခဲ့တာပါ။ သူက မင်းတုန်းမင်းကြီးရဲ့ မွေးစားသားတယောက်ပါ။ သားတော်ရင်းတွေနဲ့ ရွှေမြို့တော်မှာ ပညာသင်ဖက်ပါ။ သူ့ပုံနှိပ်တိုက်ဟာ ပိဋိကတ်သုံးပုံရော၊ ပုံမနှိပ်ဖူးသေးတဲ့ ရှေးစာပေတွေရော၊ လွှတ်တော်သုံး ရေးထုံးသတ်ထုံးတွေနဲ့ တလုံးတပါဒ အမှားမခံဘဲ ရှေးဦးဆုံးပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်ကြီးပါ။ ၁၇၉၈ ခုနှစ်က တည်ထောင်တာ ဆိုတော့ ခုဆိုရင် ၁၁၁ နှစ် သက်တမ်း ရှိခဲ့ပါပြီ။ ဟံသာဝတီသတင်းစာလည်းရှိ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့လည်းရှိ၊ ဦးဝင်းတင်ရော ကျနော်တို့ရော မန္တလေးမှာ အတူရှိနေခဲ့ကြရင်တော့ ရာပြည့်ပွဲကြီး ၀ှဲချီးကျင်းပခဲ့ကြမှာ မလွဲပါဘူး။ ခုလို အဖိုးတန် သက်တော်ရှည် စာအုပ်တိုက်ကြီးတွေ၊ သတင်းစာတိုက်ကြီးတွေကို ပိတ်ခဲ့ဆို့ခဲ့ ဖျက်ဆီးခဲ့တာလည်း စစ်ဗိုလ်ချုပ်တစုပါပဲ။ ဒီလို အကုသိုလ်တွေ ရပ်ကြဖို့ ကောင်းလှပါပြီ။
ကြေးမုံသတင်းစာကြီးမှာ ဆရာအောင်ဗလ ခေါ် ကြေးမုံဦးသောင်းက စီမံအုပ်ချုပ်ရေးမှာသာ အဓိက လုပ်ခဲ့တာပါ။ ဦးသောင်းက စည်းရုံးရေး၊ စီမံအုပ်ချုပ်ရေး ကောင်းပါတယ်။ ဆရာဇ၀န၊ စိန်ခင်မောင်ရီ၊ ဦးကြီးမောင်၊ ဦးဝင်းတင် စတဲ့ စာပေ လူရည်ချွန်တွေကို စုစည်းပြီး ကြေးမုံသတင်းစာကြီးကို ထူထောင်ခဲ့ရာမှာ ဦးဝင်းတင်ဟာ အမှုဆောင်အယ်ဒီတာအဖြစ်နဲ့ တိုက်ထိုင်အယ်ဒီတာကြီ ဖြစ်ပါတယ်။ အသောက်အစား၊ လောင်းကစား စတဲ့ ကိစ္စတွေ ကင်းပါတယ်။ လွန်ကျွံတာ ဘာမှ မရှိပါဘူး။ ဆေးလိပ် မသောက်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာက "လူပေလူတေ"ကြီးတွေ များပေမဲ့ သူက မပေ မတေဘဲ တိုက်ကိုလာသမျှ လူငယ်ကဗျာဆရာတွေ ပန်းချီကာတွန်းဆရာတွေကို ဧည့်ခံပြုစုနေလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပြီးမှာ သတင်းစာအယ်ဒီတာတချို့ အဖမ်းခံရတော့ အပြင်မှာ ကျန်ရစ်တဲ့ သားသမီးတွေ ကျောင်းနေရေးကအစ သူ့လခ သူမသုံးဘဲ ထောက်ပံ့ကူညီခဲ့သူပါ။ သူက သတင်းစာနဲ့ အိမ်ထောင်ကျနေသူလို့ ပြောခံရသူပါ။ အိမ်ထောင် မရှိပါ။ သူနဲ့ တသက်လုံး ရင်းနှီးလာတဲ့ ဆရာဒဂုန်တာရာကတော့ "သူကား သတင်းစာအလုပ်ကို ဧကမူစိတ်နှင့် လုပ်နေသူတည့်"လို့ မှတ်ချက်ချခဲ့ပါတယ်။ [ဒီအကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း ရေးဖူးပါတယ်။]
ဦးဝင်းတင်က ဂျာနယ်ကျော်ဦးချစ်မောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် စတဲ့ သတင်းစာဆရာကြီးတွေကို အထူး လေးစား အားကျပါတယ်။ ဦးခင်မောင်လတ်တို့နဲ့လည်း တူသားအရင်းလို ခင်မင်ရင်းနှီးပါတယ်။ ဟံသာဝတီသတင်းစာတိုက်ကို မန္တလေးမှာ ဖွင့်ပွဲလုပ်တော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့ မန္တလေး သတင်းစာဆရာ၊ စာရေးဆရာကြီးများကို အမှူးထားပါတယ်။ ဦးလေး လူထုဦးလှက ဂုဏ်ပြုကြိုဆိုစကား ပြောတော့ ထုံးစံအတိုင်း ပုံပြင်လေးတခုနဲ့ ခြေဆင်းပြောပါတယ်။
တခါက ခြင်္သေ့မကြီးတကောင် သားဖွားတော့ သားသမီးတွေ တပြုံကြီး မွေးလေ့ရှိတဲ့ မြေခွေးမက မီးနေ မေးလာသတဲ့။ ခြင်္သေ့မကတော့ သားတကောင်းတည်းပဲ မွေးထားတယ်။ မြေခွေးမက "ဟင်-ရှင် မွေးတာ တကောင်တည်းပါလား"လို့ မလိုတမာ လေသံနဲ့ မေးသတဲ့။ ဒီတော့ ခြသေ့င်္မကြီးက "အေး ဟုတ်တယ်၊ တကောင်းတည်းတော့ တကောင်တည်းပါပဲ၊ ဒါပေမဲ့ ခြသေ့င်္ဟဲ့" လို့ ပြန်ပြောလိုက်သတဲ့။ မြန်မာသတင်းစာ စတင်ပေါ်ထွန်းရာ မန္တလေး ရတာနာပုံမြို့ကြီးမှာ စစ်အစိုးရရဲ့ကောင်းမှုကြောင့် စာနယ်ဇင်း တစောင်တလေမျှ မရှိတော့တဲ့ကာလမှာ ဦးဝင်းတင်လို ပုဂ္ဂိုလ်တဦး ဦးဆောင်တဲ့ သတင်းစာကြီးတစောင် လာဖွင့်တာဆိုတော့ ဦးလေး လူထုဦးလှက ဒီဖွင့်ပွဲအတွက် အထိုက်တန်ဆုံးပုံပြှုလေးနဲ့ ချီးမြှင့်ခဲ့တာဟာ ပြောစမှတ် ပြုရပါတယ်။ ခု ဦးဝင်းတင်တယောက် ထောင်ကလွတ်လာပြီဆိုတော့ ဦးလေးကို အမှတ်ရပြီး "ဦးလေးရဲ့သား ခြသေ့င်္ကြီး လှောင်ချိုင့်က လွတ်လာပြီ ဦးလေးရေ"လို့ ဟစ်အော် တိုင်တည်လိုက်ချင်မိတာကတော့ ကျနော့်ရင်ထဲမှာ ပေါ်လာတဲ့ ဆန္ဒပါပဲ။
ဦးဝင်းတင်က မန္တလေးမှာဆိုရင် ဦးလေးနဲ့အတူ ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေး အရေးကြီးငယ်ဟူသမျှ လက်ညီ တက်ညီ ဆောင်ရွက်ခဲ့ပါတယ်။ ဦးလေး သူ့ကိုယ်သူ ပြောလေ့ရှိသလို "မယားပါ မန္တလေးသား"မျိုး ဖြစ်အောင်အထိ ဦးဝင်းတင်အတွက် မြို့မိမြို့ဖတွေက လိုလားခဲ့ကြပါတယ်။ ပါမောက္ခချုပ်ဦးကျော်ရင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း နဲ့ သတင်းစာဆရာ ဦးဝင်းတင် တို့ဟာ ဦးလေးနဲ့တကွ မြို့လူထုကပါ အသည်းစွဲ ချစ်ခင်ခြင်းခံကြရတဲ့ အမိ မန္တလေးရဲ့ အမွေစား အမွေခံ မွေးစားသားရတနာတွေ ဖြစ်ခဲ့ကြပါတယ်။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ အရင်းနှီးဆုံး ချစ်မိတ်ဆွေတွေလည်း ဖြစ်ခဲ့ကြပါတယ်။
တကယ်တော့ ဦးဝင်းတင်က ရတနာပုံမြို့တော်သားတွေ ပြောလေ့ရှိခဲ့တဲ့ "မန်းမနီး ရေဝေး"ကပါ။ ကြို့ပင်ကောက် ဇာတိပါ။ မိဘတွေက ဦးပု၊ ဒေါ်အမာ တဲ့။ ကုန်သည်မျိုးရိုးပါ။ သားသမီး မွေးချင်း သုံးယောက်အနက် သားကြီးသြရဿပါ။ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဆိုတော့ မန္တလေး ဈေးချိုတော် ခေါင်မိုးပေါ်မှာ မွေးဖွားခဲ့သူ ရွှေမန်းသားစစ်စစ် ဆရာမောင်သာရနဲ့မှ ရွယ်တူပါ။ နိုင်ငံရေးကိုတော့ ငယ်စဉ်ကပဲ ၀ါသနာပါခဲ့ဟန် တူပါရဲ့။ နိုင်ငံရေးဗေဒ နဲ့ ခေတ်သစ်သမိုင်းကို ယူခဲ့ပါတယ်။ စာပေ၀ါသနာ အရင်းခံရှိလို့ အင်္ဂလိပ်စာပေကိုလည်း တွဲယူခဲ့ပြီး ၁၉၅၃ မှာ ၀ိဇ္ဇာဘွဲ့ ယူခဲ့သူပါ။
ဘွဲ့ရတော့ စာပေဗိမာန်မှာ ၀င်လုပ်တယ်။ ၀င်လုပ်ရင်း နယ်သာလန်နိုင်ငံ ဒတ်ခ်ျ အမျိုးသားသတင်းစာနဲ့ ပုံနှိပ်လုပ်ငန်း ကုမ္ပဏီကြီးဖြစ်တဲ့ ဂျမ်ဘာတမ်ကုမ္ပဏီကို သွားပြီး "လူထုသိပ္ပံ"အတွဲများနဲ့ နှစ်ငါးဆယ် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆိုတဲ့ စာအုပ်တွဲများကို ကြီးကြပ် ပုံနှိပ်ရင်း သတင်းစာပညာ၊ ပုံနှိပ်ပညာ၊ စာအုပ်တည်းဖြတ်မှုပညာ၊ ထုတ်ဝေမှုပညာတွေကို သုံးနှစ်မျှ သင်ယူခဲ့ရပါတယ်။ နယ်သာလန်မှာက ဗင်ဂိုးပြတိုက်ကြီးလည်း ရှိတယ်ဆိုတော့ ဥရောပက ပန်းချီပြတိုက်တွေ၊ ပြပွဲတွေကို လေ့လာခံစားဖို့လည်း မမေ့မလျော့ လုပ်ခဲ့ပါတယ်။ နယ်ချဲ့တို့၊ ဖက်ဆစ်တို့ရဲ့ ခြေရာလက်ရာတွေကိုလည်း လက်တွေ့ ရှုမြင် သုံးသပ်ခွင့် ကြုံခဲ့ရပါတယ်။
ကျနော် နယ်သာလန်က စာပေစာတမ်းဖတ်ပွဲတခုကို သွားတော့ သူငယ်ချင်း တင်မိုးရဲ့ သမီး ဒေါက်တာ မိုးမိုးနျင်းလိုက်ပြလို့ ဦးဝင်းတင်တို့၊ ဦးတင်မိုးတို့ သွားခဲ့ ရောက်ခဲ့ လေ့လာခဲ့တဲ့ နေရာတွေကို ရောက်ခဲ့ရတော့ သူတို့နှစ်ဦးလုံးနဲ့ လည်ပင်းဖက်ပြီး သွားချင်လိုက်တာလို့ တမ်းတမိခဲ့ဖူးပါတယ်။ ဆရာတင်မိုးက နယ်သာလန်မှာ နေပေမယ့် ဂျပန်ကို စာပေဟောပြောပွဲ သွားနေခိုက်ဖြစ်လိုပ မဆုံခဲ့ရတာပါ။ ဦးဝင်းတင်ကတော့ ထောင်ထဲမှာပေါ့။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ခင်ကတော့ ဦးဝင်းတင်ရဲ့အခန်းဟာ ကျနော်တို့ရဲ့ စုရပ်ပါ။ ပန်းချီပြပွဲတွေ ရှိရင်တော့ ဦးဝင်းတင်နဲ့ အတူကြည့်ရတာ အလွန် ပညာလည်းတိုး၊ ရသလည်းတိုးပါတယ်။ ဦးဝင်းတင်ဟာ "အလှရှာတော်ပုံ" ဆိုတဲ့ စာအုပ်တအုပ် ပြုစုပြီး မြန်မာလူငယ်တွေကို မြန်မာ့ပန်းချီသမိုင်း၊ ကမ္ဘာ့ပန်းချီသမိုင်းနဲ့ မိတ်ဆက်ပေးခဲ့သူတဦး မဟုတ်ပါလား။
ရန်ကုန် သရက်တောဘုန်းကြိးကျောင်းတွေနားက၊ လမ်းသစ်ရိပ်သာထပ်က တိုက်ခန်းတခုမှာ ဦးဝင်းတင် နေခဲ့ပါတယ်။ သူ့အိမ်ပြတင်းမှာ သစ်ခွပန်းလှလှကြီးတွေ ပွင့်နေတဲ့ ပန်းအိုးကြီးတွေ ချိန်ထားတယ်။ အဲဒီတိုက်ခန်းမှာ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ရဲ့ အခန်းတွေလိုပဲ စာအုပ်ပုံအကြီးကြီးတွေ အပြည့် ရှိပါတယ်။ အဲဒီအခန်းမှာ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင်မင်းသား စတဲ့ သူ့အပေါင်းအသင်းတွေကို ဖိတ်ခေါ်ပြီး သူ့ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးလေ့ ရှိပါတယ်။ မန္တလေးမှာ အိမ်နေရာ နှစ်ခါပြေင်းခဲ့ပါတယ်။ နှစ်ခါလုံး ကျနော်နဲ့ အိမ်နီးချင်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်း သူ့အပေါင်းအသင်း ကြီးငယ်တွေကို ဖိတ်ခေါ် ကျွေးမွေးရင်း စာအကြောင်း ပေအကြောင်းတွေကို ဆွေးနွေး ပြောဆိုလေ့ ရှိခဲ့ပါတယ်။
ဦးဝင်းတင်ဟာ သတင်းစာဆရာအသင်း အတွင်းရေးမှူးလည်း လုပ်ခဲ့၊ သတင်းစာဆရာ သင်တန်းတွေမှာလည်း ကထိက လုပ်ခဲ့ ဆိုတော့ သတင်းစာသမား တပည့်တပန်း အပေါင်းအသင်းကလည်း အလွန်များပါတယ်။ တပည့်တွေထဲမှာ စစ်ဗိုလ်တွေလည်း ပါကြပြီး သူ့ကို လေးစား ချစ်ခင်ကြပေမယ့် အကျွမ်းတ၀င်တော့ နေရလောက်အောင် ကံမကောင်းကြရှာပါ။ သူ့အိမ်မှာ ဆုံလေ့ရှိတဲ့ ပရိသတ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မဖိတ်ခေါ်ရဘဲ ဦးဝင်းတင်နဲ့အတူ စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြပါတယ်။
ဦးဝင်းတင်ဟာ ပေါ်သစ် အမည်နဲ့ စာပေဝေဖန်ရေး၊ ပန်းချီဝေဖန်ရေးတို့ကို ရေးသားရာမှာ ပညာရှင်များ လေးစားလောက်အောင် အဆင့်အတန်း မြင့်ပါတယ်။ မောင်ဝန်ဇင်း၊ ပြည့်စုံ၊ မောင်ကြီးမြိုင်၊ ကိုဒေါင်း၊ စာသမား၊ မောင်သစ်ဆင်း စတဲ့ နာမည်တွေနဲ့လည်း သူ့သူငယ်ချင်း မင်းယုဝေရဲ့ ငွေတာရီမဂ္ဂဇင်းမှာ စာစုံ ရေးခဲ့ပါတယ်။ ဒီအမည်တွေနဲ့ သူရေးခဲ့တယ်လို့ သူက မပြောဖူးခဲ့၊ ကျနော်တို့ကလည်း မမေးဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီလက်ရာတွေကိုကြည့်ပြီး သူမှတပါး တခြားလူတွေ ရေးနိုင်ဖွယ်မရှိပါ ဆိုပြီး ကျနော်ကတော့ ဒီအမည်တွေကိုလည်း သူ့အမည်အဖြစ်နဲ့ စာရင်းကောက်ထားလိုက်ပါတယ်။ ခု သူ ထောင်ကလွတ်လာတော့ သူ့ကို လှမ်းမေးပြီး ဒီကလောင်အမည်ခွဲတွေကို အတည်ပြုရပါဦးမယ်။
ဟံသာဝတီသတင်းစာဟာ မဆလသတင်းစာပါ။ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ကို ၀ါဒဖြန့်ခိုင်းတာပါ။ ဒါပေမဲ့ ဦးဝင်းတင်က "သတင်းစာဆိုတာ ဘာလဲ" ဆိုတဲ့ ခေါင်းကြီးနဲ့ စပြီး "ချဲ"ပါတယ်။ နောက်ထပ်လည်း အကြိမ်ကြိမ် ဒါကိုပဲ ဖွင့်ဆိုခဲ့ပါတယ်။ သတင်းစာဆိုတာ အာဏာရှင်တွေ ငွေရှင်ကြေးရှင်တွေ မဟုတ်တာ လုပ်ရာမှာ ကာကွယ်ပေးတဲ့ "စက္ကူကန့်လန့်ကာ" မဟုတ်၊ ပြည်သူတွေ အမှန်မမြင်ရအောင် နားမျက်စိကို ဖုံးကွယ်ပေးတဲ့ "စက္ကူမျက်နှာဖုံး"လည်း မဟုတ်၊ ၀ါဒဖြန့်စာရွက်လည်း မဟုတ်၊ "ဘုန်းတော်ဘွဲ့"လည်း မဟုတ်၊ အားလုံးကောင်းပါသည် ဆိုတဲ့ "အစီရင်ခံစာ"မျိုးလည်း မဟုတ်၊ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့ရဲ့ "ဖောင်တော်စီးလက်မှတ်"လည်း မဟုတ်၊ ပြည်သူတွေနဲ့ အစိုးရကြား၊ အစိုးရနဲ့ အစိုးရချင်းတို့ရဲ့ကြား၊ ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ကြား ဘာသာပြန်ပေးတဲ့ ပြည်သူတို့ရဲ့ စကားပြန်၊ ပြည်သူတို့ရဲ့ အာဘော၊ ပြည်သူတို့ကို အသိပညာပေးတဲ့စာ၊ ပြည်သူတို့ကို လှုံ့ဆော်တဲ့ စာကိုမှသာ သတင်းစာခေါ်တယ်။ ပြည်သူတွေကို မှောင်ချခြင်းဟာ မကောင်းမှုလုပ်ချင်လို့ အမှောင်ကြိုက်တဲ့ ခိုးသားဓားပြတွေရဲ့ အကြိုက်သာဖြစ်တယ်လို့လည်း သတင်းတွေကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့ လုပ်ချင်သူတွေကို ဒဲ့ဒိုး ချဲခဲ့ပါတယ်။ အဓိကကတော့ ပြည်သူတွေအတွက် သတင်းလွတ်လပ်ခွင့်၊ စာပေလတ်လပ်ခွင့်ရှိဖို့ပါပဲ။
မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း အနေနဲ့ ဦးလေး လူထုဦးလှ ဦးဆောင်ပြီး ကျနော်တို့ လုပ်နေတဲ့ စာတမ်းဖတ်ပွဲတွေဟာ မဆလအစိုးရရဲ့ စာပေလုပ်သားအဖွဲ့ ပေါ်လာတော့မှာမို့ ရပ်လိုက်ရတယ်။ ဦးဝင်းတင်က စာတမ်းဖတ်ပွဲတွေကို သူ့ရဲ့ ဟံသာဝတီသတင်းစာ "စနေစာပေ၀ိုင်း" မှာ ဆက်လုပ်တယ်။ ကြုံရင်ကြုံသလို လုပ်ရင်းက ရန်ကုန်က စာရေးဆရာတွေလည်း ပါဝင်လာကြတယ်။ စာအုပ်တွေလည်း ထုတ်တယ်။ မန်း ဟံသာဝတီ ငါးနှစ်မြောက်အထိမ်းအမှတ် စာအုပ်လည်း ထုတ်တယ်။ အဓိကကတော့ စာပေလွတ်လပ်ခွင့်ပါပဲ။ ဒီလိုဟာတွေ ပြောလွန်းလို့လည်း ဗိုလ်နေ၀င်းကိုယ်တိုင် မျက်စိစပါးမွေး စူးလာပြီး သတင်းစာလည်း ပိတ်၊ အယ်ဒီတာကိုလည်း ဖြုတ်ချလိုက်ခဲ့တာ ဖြစ်ပါတယ်။
ခု ဦးဝင်းတင် ထောင်က လွတ်လာပြီ။ ပြည်ပက သတင်းဌာနမျိုးစုံနဲ့ ပြောကြ ဆိုကြတာတွေကို ကြားရသူတိုင်းက သဘောကျကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ချီးကျူးတယ်။ စစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေကိုလည်း စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ခွဲခြားပြီး ပြောတယ်။ ဒီလို အမြင်ရှင်းလင်း ပြတ်သားတဲ့ စကားမျိုးကို မကြားရတာ ကြာပြီဖြစ်တဲ့ ပြည်တွင်းပြည်ပ မြန်မာများကလည်း အားရ တက်ကြွကြပါတယ်။ "စု-လွှတ်-တွေ့"လမ်းစဉ်ကိုလည်း ဆုပ်ကိုင်ဆဲပါ။
မျက်မှောက်ကာလမှာ သတင်းစာဆရာအစစ်တွေဟာ ဒီမိုကရေစီရေးဘက်က အပြတ်အသား ရပ်ကြပါတယ်။ အလုပ်ပြုတ်ကြ၊ ထောင်ကျကြတာ များပါတယ်။ ဒီအထဲမှာ အမေလူထုဒေါ်အမာ၊ ဦးဝင်းတင် နဲ့ လူထုစိန်ဝင်းတို့က သတင်းစာဆရာတွေရဲ့ ရှေ့ဆုံးက အရဲရင့်ဆုံး ရပ်တည်ကြပါတယ်။ အမေလူထုဒေါ်အမာဟာ ဦးဝင်းတင်လွတ်မြောက်ရေးကို တဖွဖွ ပြောဆိုပြီး ပူပန်ကြောင့်ကြခဲ့ရှာပါတယ်။ ဦးဝင်းတင်နဲ့တကွ သူ့ရဲဘော် သတင်းစာဆရာတွေအားလုံးဟာ ဘယ်တော့မှ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားကြမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ တကယ့် သတင်းစာဆရာတွေဟာ ကမ္ဘာအရေး၊ ဗမာ့အရေးတွေကိုလည်း အမြဲ လေ့လာ သုံးသပ်နေကြသူတွေ ဖြစ်တဲ့အပြင် ပြည်သူ့ဘ၀တွေကို ထောင့်စေ့အောင် သိနေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ အမြင်စောင်းကြမှာ မဟုတ်ပါဘူး။
သူများမက်မောတဲ့ ၀န်ကြီးဘ၀က နှုတ်ထွက်ခဲ့သူ ပြည်တော်သာခေတ်က ဟံသာဝတီသတင်းစာ အယ်ဒီတာ သူရိယဦးထွန်းဖေ ခေါ် ထွန်းနေ့စဉ်ဦးထွန်းဖေက ပြောဖူးတာ ရှိပါတယ်။ "သတင်းစာဆရာ၊ သတင်းထောက်တွေ ခေါင်းဆောင်မှု မပါတဲ့ ခေတ် တခေတ်မှ မရှိပါဘူး၊ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲ ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင်တယ်။ အဲဒီတော့ မေးစရာရှိတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကပဲ ယခုအခါ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ ဖြစ်လို့လား ဆိုရင် မဟုတ်ပါဘူး။ သူတို့ အငတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ ထောင်ချခံပီး ခေါင်းဆောင်မှု ပေးတယ်" တဲ့။ မှန်ပါပေတယ်။ သတင်းစာဆရာတွေဟာ ဆက်လက်ပြီး အငတ်ခံ အသတ်ခံကြဦးမှာပဲ လို့ မြေကြီးလက်ခတ်မလွဲ ယုံကြည်လျက် ရှိကြပါကြောင်း။ ။
မောင်စွမ်းရည် ၂၀၀၈၊ အောက်တိုဘာ ၂(မိုးမခမှကူးဟူဖေါ်ပြပါသည်။)
Saturday, October 11, 2008
လှောင်အိမ်ထဲက လွတ်လာတဲ့ ခြင်္သေ့ကြီး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
October
(280)
- Training With Shan State Army
- ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြှင့်ဖို့ စစ်အစိုးရက...
- မြန်မာ ခလေး စစ်သားပြဿနာ
- Myanmar: British Red Cross aids in recovery from C...
- FREE BURMA WE ARE BUDDHIST
- အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံေ...
- ဘုရားတောင် မရဏကိုမလွန်ဆန်နိုင်.သန်းရွှေကျမှ ယတြာက န...
- တိတ်တိတ်ကလေး ထောင်ပြောင်းနေတယ်ဗျို့ 
- နှစ် (၂၀) တိုင် ဝေယံဆီလွင့်နေဆဲ ဒေါင်းအလံနီနဲ့ ကျေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၅)လ ပြည့် ၀မ်းနည်းခြင်...
- ကြောက်ပါနဲ့ မိုးပေါ်ကိုဘဲချိန်ထားတာပါ
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- လူလိမ်တွေ ကိုထိန်းဖို့ လူဆိုးထိန်းရှာနေတဲ့ ဘင်ကီ..
- Vital Voices' 2008 Global Leadership Awards - Laura
- မြန်မာပြည်က အမျိုးသမီးများ၏ အခွင့်အရေးရရှိရေး
- နိုဗယ် ငြိမ်းချမ်းရေးဆုရှင်များရဲ့ ရွှေဝါရောင်တော်လ...
- ချစ်သော အောင်ဆန်းစုကြည်
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်...
- Report of SG, UN General Assembly Sixty-third sess...
- Immediate release of AAPP Statement
- ဒါပေါ့..ဆင့် အ၀ှါ ခွေးမျှော်နေတာ
- ထွီ .. ပြည်သူတွေကို ကျ မျက်နှာလွှဲခဲပစ်ထားတယ်။ တရား...
- အမေစု အိမ်ရှေ့ မှ စစ်သူတောင်းစားများ
- စစ်ခွေး အစားခံရသော သားငယ်များ
- ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။
- နှစ် (၂၀) မွေးနေ့ မင်္ဂလာပါ ကျောင်းသားတပ်မတော်..
- အလျှောက်ကောင်းလေ..အထောင်းခံရလေလေ
- Lion Jiou Mountain ၏ နာဂစ်သို့ ကူညီလက်များ
- ဒို့ အမျိုးတွေရဲ့ အပြုံးတွေ မပျောက်ကွယ်စေအောင် ထိမ...
- Myanmar 6 Months On: Delivering Education in Emerg...
- Assisting communities affected by cyclone Nargis
- တိုက်ပွဲဝင်ဖို့ လိုနေပြီ။
- ဒီလို Virus သတ်ပါခင်ဗျား
- ( န အ ဖ ) တို့  ပြော သော တိုး တက် နေ သော မြန် မာြ...
- တက်ချင်သူတွေ လာကြဗျို့ ။ မျိုးချစ်စိတ်ဘဲရှိဖို့ လ...
- မြန်မာပြည်သူပြည်သားဆိုသည်မှာ ဘာလည်း
- ပြင်ဆင်ဖွဲ့ စည်းခြင်း
- ချကြွေးနေတဲ့ အရိုးအရင်းများ
- သူခိုးလက်က သူဝှက်လု
- အဟမ်း အဟမ်း အမိန့် တော်မှတ်မယ်။
- “စစ်အာဏာရှင် ကြီးစိုးမှုမှောင်ရိပ်” အစီရင်ခံစာ အမျိ...
- သီးလေးသီး အငြိမ့် ပွဲ
- မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး) Mizzima net
- သန်းရွှေခေတ်မှ ပေါက်ဖွားသော အကြံကုန်စီးပွားရေးပညာသည...
- တရုတ် chemical ဘဲဥဆားစိမ်ရမယ်
- နို့ မှုန့် ရောင်းချင်ရင်လာလေ..တပြည်လုံးကို သတ်ချင...
- မြောက်ကိုရီးယားက နျူကလိယ လက်နက်တွေ ဖွက်ခယူ နအဖက ဖွ...
- လေထဲမှာ တိုက်အိမ်တွေ ရောင်းနေတယ်။
- ဘတ်ဝါယာ ကြိုးဖယ်တာ ဒါကြောင့်ကိုး
- Burma's bloody trade
- မလွန်ဘူးလား.၁၃ နှစ်ရှိပြီ
- မြန်မာ့ပြည်မှ .ဒုက္ခသည်ခလေးများအတွက်ကျောင်းကလေး..
- Burma, country in conflict
- သံဃာ့ အာဇာနည်ရဲဘော်
- ကောင်းရာသုဂတိလားပါစေ အာဇာနည်ရဲဘော်
- HIV/AIDS ရောဂါကို ဝေဘာဂီဆေးရုံတွင် အခမဲ့ကုသပေးနေသည...
- မိုးပြိုခြင်းလော(ကိုမိုးသီး)
- အမေ လွတ်မြောက်ပါစေ
- ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ...
- ဆရာကြီးဝသုန် ၏ ဈာပန အခန်းအနား။
- ကြပ်ပြေး က အရှုပ်တော်ပုံ အမှတ် (၁၁)
- Voices of the Saffron Revolution: One year later
- ကွန်ပြူတာ ကြမ်းပိုးသတ်နည်း
- အကျဉ်းအကြပ်အခက်အခဲကြားက လှုပ်လို့ ရတဲ့နေရာက လှုပ်ရ...
- AAPP statement
- ဆရာကြီးဆလိုင်းထွန်းသန်းနှင့်တွေ့ ဆုံခြင်း
- မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ တိုးလာနေပြီ။
- မြန်မာ့ ကျောင်းသားဂျာနယ်
- အထူး ကြေငြာချက်
- No title
- No title
- NLD ဆို လုပ်ကြံပုဒ်မ နဲ့ ဆွဲဖြဲဖို့ သာ ပြင်နေတော့တ...
- ဖြေရှင်းပါရစေ။
- အမျိုးသား ဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)မလေ...
- ဘဘကြီး ဝသုန်သို့ 
- ဖိတ်ကြားအပ်ပါသည် ရဲဘော်တို့ 
- လက်ဆင့်ကမ်း ပေးနိုင်ကြဖို့ 
- သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ
- US and the European Parliament call for Daw Aung S...
- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အေ...
- Asia, Europe urged to exert pressure on Myanmar
- 88 ကျောင်းသားများအတွက်..ဂုဏ်ပြုဆုတံဆိပ်
- virus အကိုက်ခံရသူ ၏ ကိုယ်ပိုင် အတွေ့ အကြုံ နှင့်ေ...
- ဆရာကြီးဝသုန် သို့ အမှတ်တရ
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- ချီးတုံးကို ကိုးကွယ်ကြသူများ
- Chinese oil firm accused of abuses, contamination ...
- ဇာကနာအတွက်..ဂုဏ်ပြုဆု
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- MRTV လိမ်နေသည်။ မြန်မာ့သတင်းစာလိမ်နေသည်
- ရမည် ရှာနေတယ်ဗျို့ 
- DEMOCRATIZATION WITHOUT MASS PARTICIPATION?
- Tele conference ဖိတ်ကြားခြင်း
- "ဆောင်းဦးပေါက် တေး "
- ဓါးမြတွေ စစ်သားဖြစ်နေတယ်ဗျ
- Myanmar's Failure to Talk With Suu Kyi Frustrates ...
- တဖြေးဖြေး စစ်ရုံးနဲ့ နီးအောင် လာနေပြီ
- လူငယ်တွေ ရှိနေသ၍ Generation Wave ဆိုတာ မသေဘူး
- KNU EC အဖွဲ့ ရွေးချယ်ခြင်း
-
▼
October
(280)
No comments:
Post a Comment