အဲဒီနိုင်ငံမှာ
ရွှေရောင်တ၀င်းဝင်း
ရတနာအခင်းအကျင်းနဲ့
ကမ္ဘာတခွင်မှာ
ကျော်ဇောထင်ရှား
တို့ဘုရားရဲ့အမွေ
ဆံတော်တွေထားတဲ့
ဗုဒ္ဓဘာသာတို့ရဲ့မှတ်တိုင်
ရွှေတိဂုံစေတီခိုင်နဲ့
သမိုင်းအမွေအနှစ်
ဘိုးဘေးစစ်တို့ရဲ့
စေတီတွေမှိုလိုပေါက်
ထီးနန်းဆောက်ခဲ့တဲ့
ရှေးဟောင်းအမွေ
ပုဂံမြေဆိုတာရှိတယ် .........
အဲဒီနိုင်ငံမှာ
ကြီးသူကိုရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနား
စကားပုံများနဲ့
လူသားတွေကိုဆုံးမ
စာ,ချနေကြတဲ့
ဦးပြည်းကတုံး
ဘုန်းဘုန်းတွေနဲ့
ကမ္ဘာမှာထင်ပေါ်
လယ်တီအကျော်မော်လို
ဆရာတော်တွေထက်
ရဟန္တာတွေထွက်
စိတ်အစဉ်မှာအေးချမ်း
ကမ္မဋ္ဌာန်းတရားတွေ
ဖြန့်ဝေနေတဲ့
တရားတောစခန်းဆိုတာရှိတယ် ............
အဲဒီနိုင်ငံမှာ
ရာသီသုံးလီ
ဝန်းကာစီလှည့်
နေမြင်လမြင်
ကြယ်တာရာရွှင်တဲ့
တောတောင်တွေထင်ရှား
ကျွန်းသစ်ပေါများတဲ့
သဘာဝရှုခင်း
လှည့်ပတ်လို့မပျင်းစေတဲ့
ပျော်စရာအခင်းအကျင်းနဲ့
အပမ်းဖြေစရာ
ကမ်းခြေကမ္ဘာနဲ့
သီးနှံတွေအစုံပေါက်
ဘုန်းတောက်တဲ့မြေ
ရာသီမရွေးသာယာ
လှပတဲ့နေရာဆိုတာရှိတယ်လေ .................
အဲဒီနိုင်ငံမှာ
ပတ္တမြားဘုန်းတောက်
မြကျောက်အေးချမ်း
စိန်စွမ်းဂုဏ်ရောင်
တပြောင်ပြောင်နဲ့
န၀ရတ်ကိုးပါး
ရတနာများ
ရေနံသဘာဝ
အလွန်ပြည့်ဝတဲ့
သတ္ဃုတွေပေါ
ရွှေဆိုတာမရော
စင်စစ်သယံဇာတ
ပေါများလှတဲ့
မြေအောက်မြေပေါ်
တန်ဖိုးတွေခေါ်နေတဲ့
အရင်းအမြစ်ပေါများ
ကျော်ကြားတဲ့နေရာများဆိုတာရှိတယ်လေ ................
အဲဒီနိုင်ငံမှာ
မရှိလည်းပြုံး
ရှိလည်းပြုံးတဲ့
အလွန်ဖော်ရွေ
ရက်ရောလေတဲ့
မြန်မာလို့ခေါ်
လူမျိုးကျော်တွေနဲ့
ယိုင်းပင်းကူညီ
တက်ညီလက်ညီ
ဆွေမျိုးမောင်နှမ
အလွန်ချစ်ကြ
ပစ်မခွာခွဲမရက်
သေအတူရှင်ဖက်
အတူတူတွဲပျော်
လက်တွဲဖော်ကိုမင်တဲ့
ဧည့်သည်ကိုအိမ်ဦးထား
ကိုရွြှေ့မန်မာများဆိုတာရှိတယ်လေ..................
အဲဒီနိုင်ငံမှာ
တိုင်းပြည်ကကျော်ကြား
ရွှေငွေကပေါများ
တံခါးပိတ်စားတောင်
မကုန်ခမ်းအောင်များပြား
ပြည်ကြီးရဲ့တန်ဖိုးအား
ရတနာများကို
အာဏာနဲ့အတင်းလု
မင်းပြုကာရက်စက်
ပြည်သူတွေငတ်အောင်
တမင်သက်သက်ကြံ
အရည်အချင်းမရှိ
အရှက်ဆိုတာနတ္ဃိနဲ့
သူ့ဆွေမျိုးတစုမျှ
ကောင်းကျိုးရ
ချမ်းသာကြအောင်
လူတွေကိုသတ်
ရက်စက်တဲ့နအဖဆိုတာရှိတယ်လေ............
အဲဒီနိုင်ငံမှာ
မိသားစုကိုခွဲခွာ
စွန့်စားကာလာတဲ့
ပြည်သူကိုချစ်လှ
နိုဘယ်လ်ဆုရတဲ့
နေအိမ်မှာအကျဉ်းကျ
အထီးကျန်လှတဲ့
မျှတမှုအတွက်စတေး
အလျှော့မပေးတဲ့
အာဇာနည်မိန်းမလှနဲ့
နံရံထုကြီးမား
ပိတ်ကာထားတဲ့
အခန်းကျဉ်းလေး
ထောင့်လေးတွေမှာ
လွတ်လပ်မှုမျှော်ကာ
ငေးမောနေရှာတဲ့
ထောင်တွင်းအကျဉ်းကျ
ဘ၀စတေးနေရတဲ့
ပြည်ချစ်သူရဲကောင်း
လူစွမ်းကောင်းများဆိုတာရှိတယ်လေ...................
အဲဒီနိုင်ငံမှာ
မျိုးဆက်သစ်တွေပျိုးထောင်
နိုင်ငံရေးဆိုတဲ့
ခေါင်းစဉ်ကိုရှောင်ကာ
လုပ်ပေးနေရှာတဲ့
တချိန်ကထောင်တွင်း
သက်ဆင်းခဲ့ရတဲ့
အခြေအနေအရ
ထောင်မကျရအောင်
နအဖညှို့ကွင်း
မသက်ဆင်းရစေရန်
ရည်သန်ကာကြိုးစား
လုပ်အားပေးနေရှာတဲ့
နိုင်ငံကို သူတို့လက်
ခုနစ်ရက်အပ်မယ်ဆိုရင်
ကမ္ဘာကိုရင်ပေါင်တန်း
အောင်ပန်းယူနိုင်တဲ့လူတွေဆိုတာရှိတယ်လေ..................
အဲဒီနိုင်ငံမှာ
ထမင်းတလုပ်
ကားစုတ်တစ်စီး
လက်ဝယ်နီးဖို့
ကြိုးပမ်းရက်စက်
ဥာဏ်မရှိလူ့ဗာလ
ငတုံး ငအ တွေနဲ့
ဖွဲ့စည်းတည်ထောင်
ထမင်းရှင်ကိုရန်စောင်
ပြည်သူကိုပြန်ဟောင်တဲ့
ခွေးတမျှအတွေးဖန်
လူမဆန်တဲ့သူများ
လက်နက်အားကိုး
စစ်တပ်ဆိုးနဲ့
အသားထဲကလောက်ထွက်
စကောလောက်စောက်မနက်တဲ့လူတွေဆိုတာရှိတယ်လေ......................
ဟေ့ .... တိုက်တွန်းလိုက်မယ်
တခေါက်လောက်သွားရောက်
ကြည့်ရှုလို့အားပေး
ဆွေးနွေးစေချင်
စီးပွားရေးပိတ်ဆို့တဲ့မူဝါဒ
စစ်အုပ်စုကိုမျှထိသင့်တယ်
ပြည်သူတွေကိုတကယ်ချစ်တယ်ဆိုရင်လေ
မင်းမယုံရင်ပြေးသာကြည့်
တွေးကာလည်းပဲသိနိုင်တယ်...................။ ။
အရှင်ရေ၀တ
Saturday, October 11, 2008
အဲဒီနိုင်ငံမှာ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
October
(280)
- Training With Shan State Army
- ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြှင့်ဖို့ စစ်အစိုးရက...
- မြန်မာ ခလေး စစ်သားပြဿနာ
- Myanmar: British Red Cross aids in recovery from C...
- FREE BURMA WE ARE BUDDHIST
- အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံေ...
- ဘုရားတောင် မရဏကိုမလွန်ဆန်နိုင်.သန်းရွှေကျမှ ယတြာက န...
- တိတ်တိတ်ကလေး ထောင်ပြောင်းနေတယ်ဗျို့ 
- နှစ် (၂၀) တိုင် ဝေယံဆီလွင့်နေဆဲ ဒေါင်းအလံနီနဲ့ ကျေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၅)လ ပြည့် ၀မ်းနည်းခြင်...
- ကြောက်ပါနဲ့ မိုးပေါ်ကိုဘဲချိန်ထားတာပါ
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- လူလိမ်တွေ ကိုထိန်းဖို့ လူဆိုးထိန်းရှာနေတဲ့ ဘင်ကီ..
- Vital Voices' 2008 Global Leadership Awards - Laura
- မြန်မာပြည်က အမျိုးသမီးများ၏ အခွင့်အရေးရရှိရေး
- နိုဗယ် ငြိမ်းချမ်းရေးဆုရှင်များရဲ့ ရွှေဝါရောင်တော်လ...
- ချစ်သော အောင်ဆန်းစုကြည်
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်...
- Report of SG, UN General Assembly Sixty-third sess...
- Immediate release of AAPP Statement
- ဒါပေါ့..ဆင့် အ၀ှါ ခွေးမျှော်နေတာ
- ထွီ .. ပြည်သူတွေကို ကျ မျက်နှာလွှဲခဲပစ်ထားတယ်။ တရား...
- အမေစု အိမ်ရှေ့ မှ စစ်သူတောင်းစားများ
- စစ်ခွေး အစားခံရသော သားငယ်များ
- ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။
- နှစ် (၂၀) မွေးနေ့ မင်္ဂလာပါ ကျောင်းသားတပ်မတော်..
- အလျှောက်ကောင်းလေ..အထောင်းခံရလေလေ
- Lion Jiou Mountain ၏ နာဂစ်သို့ ကူညီလက်များ
- ဒို့ အမျိုးတွေရဲ့ အပြုံးတွေ မပျောက်ကွယ်စေအောင် ထိမ...
- Myanmar 6 Months On: Delivering Education in Emerg...
- Assisting communities affected by cyclone Nargis
- တိုက်ပွဲဝင်ဖို့ လိုနေပြီ။
- ဒီလို Virus သတ်ပါခင်ဗျား
- ( န အ ဖ ) တို့  ပြော သော တိုး တက် နေ သော မြန် မာြ...
- တက်ချင်သူတွေ လာကြဗျို့ ။ မျိုးချစ်စိတ်ဘဲရှိဖို့ လ...
- မြန်မာပြည်သူပြည်သားဆိုသည်မှာ ဘာလည်း
- ပြင်ဆင်ဖွဲ့ စည်းခြင်း
- ချကြွေးနေတဲ့ အရိုးအရင်းများ
- သူခိုးလက်က သူဝှက်လု
- အဟမ်း အဟမ်း အမိန့် တော်မှတ်မယ်။
- “စစ်အာဏာရှင် ကြီးစိုးမှုမှောင်ရိပ်” အစီရင်ခံစာ အမျိ...
- သီးလေးသီး အငြိမ့် ပွဲ
- မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး) Mizzima net
- သန်းရွှေခေတ်မှ ပေါက်ဖွားသော အကြံကုန်စီးပွားရေးပညာသည...
- တရုတ် chemical ဘဲဥဆားစိမ်ရမယ်
- နို့ မှုန့် ရောင်းချင်ရင်လာလေ..တပြည်လုံးကို သတ်ချင...
- မြောက်ကိုရီးယားက နျူကလိယ လက်နက်တွေ ဖွက်ခယူ နအဖက ဖွ...
- လေထဲမှာ တိုက်အိမ်တွေ ရောင်းနေတယ်။
- ဘတ်ဝါယာ ကြိုးဖယ်တာ ဒါကြောင့်ကိုး
- Burma's bloody trade
- မလွန်ဘူးလား.၁၃ နှစ်ရှိပြီ
- မြန်မာ့ပြည်မှ .ဒုက္ခသည်ခလေးများအတွက်ကျောင်းကလေး..
- Burma, country in conflict
- သံဃာ့ အာဇာနည်ရဲဘော်
- ကောင်းရာသုဂတိလားပါစေ အာဇာနည်ရဲဘော်
- HIV/AIDS ရောဂါကို ဝေဘာဂီဆေးရုံတွင် အခမဲ့ကုသပေးနေသည...
- မိုးပြိုခြင်းလော(ကိုမိုးသီး)
- အမေ လွတ်မြောက်ပါစေ
- ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ...
- ဆရာကြီးဝသုန် ၏ ဈာပန အခန်းအနား။
- ကြပ်ပြေး က အရှုပ်တော်ပုံ အမှတ် (၁၁)
- Voices of the Saffron Revolution: One year later
- ကွန်ပြူတာ ကြမ်းပိုးသတ်နည်း
- အကျဉ်းအကြပ်အခက်အခဲကြားက လှုပ်လို့ ရတဲ့နေရာက လှုပ်ရ...
- AAPP statement
- ဆရာကြီးဆလိုင်းထွန်းသန်းနှင့်တွေ့ ဆုံခြင်း
- မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ တိုးလာနေပြီ။
- မြန်မာ့ ကျောင်းသားဂျာနယ်
- အထူး ကြေငြာချက်
- No title
- No title
- NLD ဆို လုပ်ကြံပုဒ်မ နဲ့ ဆွဲဖြဲဖို့ သာ ပြင်နေတော့တ...
- ဖြေရှင်းပါရစေ။
- အမျိုးသား ဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)မလေ...
- ဘဘကြီး ဝသုန်သို့ 
- ဖိတ်ကြားအပ်ပါသည် ရဲဘော်တို့ 
- လက်ဆင့်ကမ်း ပေးနိုင်ကြဖို့ 
- သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ
- US and the European Parliament call for Daw Aung S...
- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အေ...
- Asia, Europe urged to exert pressure on Myanmar
- 88 ကျောင်းသားများအတွက်..ဂုဏ်ပြုဆုတံဆိပ်
- virus အကိုက်ခံရသူ ၏ ကိုယ်ပိုင် အတွေ့ အကြုံ နှင့်ေ...
- ဆရာကြီးဝသုန် သို့ အမှတ်တရ
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- ချီးတုံးကို ကိုးကွယ်ကြသူများ
- Chinese oil firm accused of abuses, contamination ...
- ဇာကနာအတွက်..ဂုဏ်ပြုဆု
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- MRTV လိမ်နေသည်။ မြန်မာ့သတင်းစာလိမ်နေသည်
- ရမည် ရှာနေတယ်ဗျို့ 
- DEMOCRATIZATION WITHOUT MASS PARTICIPATION?
- Tele conference ဖိတ်ကြားခြင်း
- "ဆောင်းဦးပေါက် တေး "
- ဓါးမြတွေ စစ်သားဖြစ်နေတယ်ဗျ
- Myanmar's Failure to Talk With Suu Kyi Frustrates ...
- တဖြေးဖြေး စစ်ရုံးနဲ့ နီးအောင် လာနေပြီ
- လူငယ်တွေ ရှိနေသ၍ Generation Wave ဆိုတာ မသေဘူး
- KNU EC အဖွဲ့ ရွေးချယ်ခြင်း
-
▼
October
(280)
No comments:
Post a Comment