မတရားကြရင်တော့ ဘယ်လောက်အကောင်ကြီးဘဲဖြစ်ဖြစ် တယောက်ချင်းလဲရဲကြတာပါဘဲ။
တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင်သက်သေများပြော
မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 23:31 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ရန်ကုန်တိုင်း မှော်ဘီတွင် အခြေစိုက်သော ခလရ ၇၅၇ မှ တပ်သားတဦးသည် ယင်း၏ တပ်မှူးကို သတ်ပြီး စနေနေ့က မိမိကိုယ်မိမိ အဆုံးစီရင်လိုက်သည်ဟု ဒေသခံများက ပြောပါသည်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်မှာ အနီးရှိ အေးမြသာယာရွာ၌ စစ်သားများအကြား လိပ်ခဲတည်းလည်း အခြေအနေတရပ် ဖြစ်ပေါ်နေခဲ့ပြီးနောက် စနေနေ့ညနေက တပ်သား ကျော်ရွှေမောင်သည် သူ့ကို ကျန်ရဲဘော်များက သူတို့ အရာရှိဗိုလ်ကြီးတဦးကို သတ်ဖြတ်အပြီး ထွက်မပြေးနိုင်အောင် ပိတ်မိသွားပြီးနောက် သတ်သေ သွားသည်ကို ကိုယ်တိုင် မြင်ခဲ့ရကြောင်း ပြောပါသည်။
ထိုဗိုလ်ကြီးကို သတ်ပြီးနောက် ကျော်ရွှေမောင်သည် စနေနေ့ညနေက သူ့တပ်ရင်းမှ ထွက်ပြေးလာခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ဆိုပါသည်။ သို့သော် အနီးအနားတွင် တပ်စွဲထားသော ခလရ ၇ဝ၇၊ ခလရ ၃၅၊ ခလရ ၆၊ ခလရ ၄ နှင့် ခလရ ၅ မှရဲဘော်များက ဒေသခံ ရဲများနှင့်အတူ မော်တော် ဆိုင်ကယ်နှင့် ထွက်ပြေးရန် ကြိုးပန်းစဉ် လျှပ်စစ် ထရန် စဖော်မာ အဆောက်အဦ အနီးတွင် သူ့ကို ပိတ်မိသွားခဲ့သည်ဟု ဆိုပါသည်။
“သူက ၁ဝ ချက်ကျော် မိုးပေါ်ထောင်ပစ်ပြီး ထရန်စဖော်မာတွေ နောက်မှာ ပုန်းနေတာ” ဟု အခြား ဒေသခံများနှင့်အတူ အခင်း ဖြစ်ပွါးရာနေရာသို့ အပြေး သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည့် အဆိုပါ ဒေသခံက ပြောပါသည်။
လိုက်လံရှာဖွေသည့် စစ်သားများကို ကွပ်ကဲလိုက်ပါလာသူ အုတ်ဖိုအခြေစိုက် ခလရ ၇ဝ၇ မှ အရာရှိတဦးနှင့် ခဏကြာ အပြန်အလှန် ပစ်ခတ်ပြီး ထိုသို့ပစ်ခတ်ရာတွင် အဆိုပါအရာရှိမှာ အကြီးအကျယ် ဒဏ်ရာ ရသွားသည်ဟု ဆိုပါသည်။
ထိုသို့ အတန်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေသဖြင့် စစ်သားများက လျှပ်စစ် ထရန်စဖော်မာ ပျက်စီးသွားမည်ကို စိုးရိမ် နေခဲ့ကြသေးသည်ဟု ဆိုပါသည်။ သို့သော် ၁၁ နာရီခန့်တွင် ဆက်တိုက် ပစ်လိုက်သော သေနတ်များ ဆူညံစွာကြားပြီး သွားရောက်ကြည့်ရှုရာ အဆိုပါ ထွက်ပြေးသူ တပ်သားမှာ သေနတ်ဒဏ်ရာများစွာနှင့် သေဆုံးနေသည်ကို တွေ့ရသည် ဟု ဒေသခံက ပြောပါသည်။
“စစ်သားတွေက သူ့ဆီက ကျည်ဆံ ၁၇ဝ ကျော်၊ လက်ပစ်ဗုံးတွေ၊ ၉ မမ ပစ္စတို နဲ့ ရိုင်ဖယ်တလက် တွေ့တယ်။ စစ် သားတွေက သူ့အလောင်းကို သယ်သွားပြီး အနားက ပြည်တော်သာ ရွာမှာ မြှုပ်လိုက်တယ်” ဟု သူက ဆက်လက် ပြောဆို သွားခဲ့ပါသည်။
နောက်ထပ် အုတ်ဖိုဒေသခံ တဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် သူမလည်း ဤအဖြစ်အပျက်ကို ကြားကြောင်း၊ သို့သော် သူမ၏ လုံခြုံရေး အခြေအနေကို စိုးရိမ်၍ ကိုယ်တိုင် သွားမကြည့်ခဲ့ကြောင်း ပြောပါသည်။
အုတ်ဖိုမြို့၏ မြောက်ဘက် မိုင် ၇ဝ ခန့်အကွာရှိ ပြည်မြို့မှ ဈေးဆိုင်ပိုင်ရှင် တဦးကို မေးမြန်းရာတွင် သူမလည်း ဤအဖြစ် အပျက်ကို ရန်ကုန်မှပြန်လာစဉ် စနေနေ့ညနေက ကြားသိခဲ့ရကြောင်း ပြောပါသည်။
“ကျမ ရန်ကုန်က ပြန်လာတော့ ဘတ်စ်ကားအားလုံးကို စစ်သားတွေက လက်ပံတန်းမှာ ရပ်ခိုင်းပြီး ရှာနေတာ တွေ့တယ်။ စစ်သားတွေက သူတို့ စစ်ပြေးတယောက်ကို ရှာနေတာလို့ ပြောပါတယ်” ဟု သူမက ဆက်လက် ပြောဆိုပါသည်။
လက်ပံတန်းသည် ရန်ကုန်ပြည် အဝေးပြေး ကားလမ်းပေါ်တွင်ရှိပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၈၅ မိုင်အကွာတွင်ရှိကာ အခင်းဖြစ်ပွါးရာ အုတ်ဖိုမြို့၏ တောင်ဘက် ၁၅ မိုင် အကွာတွင် ရှိပါသည်။
စစ်သားများ၏ ပြောပြချက်နှင့် ကောလဟလများအရ အဆိုပါ စစ်သားသည် သူ့အထက်အရာရှိကို ပစ်သတ်ပြီး မှော်ဘီ ရှိ တပ်စခန်းမှ ထွက်ပြေးလာခဲ့သည်ဟု ဆိုပါသည်။ အနီးအနား ပတ်ဝန်းကျင်တွင် အခြား တပ်ရင်းများမှ စစ်သားများ ပူးပေါင်း၍ သူ့ကို ဝိုင်းဝန်း ရှာဖွေခဲ့ကြပါသည်။
သို့သော် ဒေသခံ အုတ်ဖိုရဲစခန်းကို မေးမြန်းရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။
စစ်သားများအကြား ပြောကြားနေသောကောလဟလများကို ကိုးကားကာ ဒေသခံ မျက်မြင်သက်သေက ပြောကြားရာတွင် ရခိုင်တိုင်းရင်းသား တပ်သား ကျော်ရွှေမောင်သည် သူ့အထက် အရာရှိ ဗိုလ်ကြီးကို သူ့လူမှုရေး ကိစ္စများကို ဝင်ရောက် စွက်ဖက် စော်ကားသဖြင့်သတ်ပစ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် ဤအမှုအတွက် အသေးစိတ် အချက်အလက်များကို အတည်ပြု၍ မရနိုင်ခဲ့ပါ။ http://www.mizzimaburmese.com/news/inside-burma/1793-2008-10-07-17-57-10.html
Tuesday, October 7, 2008
အက်ရာတွေထင်လာတဲ့ စစ်အသိုင်းအဝိုင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
October
(280)
- Training With Shan State Army
- ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြှင့်ဖို့ စစ်အစိုးရက...
- မြန်မာ ခလေး စစ်သားပြဿနာ
- Myanmar: British Red Cross aids in recovery from C...
- FREE BURMA WE ARE BUDDHIST
- အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံေ...
- ဘုရားတောင် မရဏကိုမလွန်ဆန်နိုင်.သန်းရွှေကျမှ ယတြာက န...
- တိတ်တိတ်ကလေး ထောင်ပြောင်းနေတယ်ဗျို့ 
- နှစ် (၂၀) တိုင် ဝေယံဆီလွင့်နေဆဲ ဒေါင်းအလံနီနဲ့ ကျေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၅)လ ပြည့် ၀မ်းနည်းခြင်...
- ကြောက်ပါနဲ့ မိုးပေါ်ကိုဘဲချိန်ထားတာပါ
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- လူလိမ်တွေ ကိုထိန်းဖို့ လူဆိုးထိန်းရှာနေတဲ့ ဘင်ကီ..
- Vital Voices' 2008 Global Leadership Awards - Laura
- မြန်မာပြည်က အမျိုးသမီးများ၏ အခွင့်အရေးရရှိရေး
- နိုဗယ် ငြိမ်းချမ်းရေးဆုရှင်များရဲ့ ရွှေဝါရောင်တော်လ...
- ချစ်သော အောင်ဆန်းစုကြည်
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်...
- Report of SG, UN General Assembly Sixty-third sess...
- Immediate release of AAPP Statement
- ဒါပေါ့..ဆင့် အ၀ှါ ခွေးမျှော်နေတာ
- ထွီ .. ပြည်သူတွေကို ကျ မျက်နှာလွှဲခဲပစ်ထားတယ်။ တရား...
- အမေစု အိမ်ရှေ့ မှ စစ်သူတောင်းစားများ
- စစ်ခွေး အစားခံရသော သားငယ်များ
- ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။
- နှစ် (၂၀) မွေးနေ့ မင်္ဂလာပါ ကျောင်းသားတပ်မတော်..
- အလျှောက်ကောင်းလေ..အထောင်းခံရလေလေ
- Lion Jiou Mountain ၏ နာဂစ်သို့ ကူညီလက်များ
- ဒို့ အမျိုးတွေရဲ့ အပြုံးတွေ မပျောက်ကွယ်စေအောင် ထိမ...
- Myanmar 6 Months On: Delivering Education in Emerg...
- Assisting communities affected by cyclone Nargis
- တိုက်ပွဲဝင်ဖို့ လိုနေပြီ။
- ဒီလို Virus သတ်ပါခင်ဗျား
- ( န အ ဖ ) တို့  ပြော သော တိုး တက် နေ သော မြန် မာြ...
- တက်ချင်သူတွေ လာကြဗျို့ ။ မျိုးချစ်စိတ်ဘဲရှိဖို့ လ...
- မြန်မာပြည်သူပြည်သားဆိုသည်မှာ ဘာလည်း
- ပြင်ဆင်ဖွဲ့ စည်းခြင်း
- ချကြွေးနေတဲ့ အရိုးအရင်းများ
- သူခိုးလက်က သူဝှက်လု
- အဟမ်း အဟမ်း အမိန့် တော်မှတ်မယ်။
- “စစ်အာဏာရှင် ကြီးစိုးမှုမှောင်ရိပ်” အစီရင်ခံစာ အမျိ...
- သီးလေးသီး အငြိမ့် ပွဲ
- မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး) Mizzima net
- သန်းရွှေခေတ်မှ ပေါက်ဖွားသော အကြံကုန်စီးပွားရေးပညာသည...
- တရုတ် chemical ဘဲဥဆားစိမ်ရမယ်
- နို့ မှုန့် ရောင်းချင်ရင်လာလေ..တပြည်လုံးကို သတ်ချင...
- မြောက်ကိုရီးယားက နျူကလိယ လက်နက်တွေ ဖွက်ခယူ နအဖက ဖွ...
- လေထဲမှာ တိုက်အိမ်တွေ ရောင်းနေတယ်။
- ဘတ်ဝါယာ ကြိုးဖယ်တာ ဒါကြောင့်ကိုး
- Burma's bloody trade
- မလွန်ဘူးလား.၁၃ နှစ်ရှိပြီ
- မြန်မာ့ပြည်မှ .ဒုက္ခသည်ခလေးများအတွက်ကျောင်းကလေး..
- Burma, country in conflict
- သံဃာ့ အာဇာနည်ရဲဘော်
- ကောင်းရာသုဂတိလားပါစေ အာဇာနည်ရဲဘော်
- HIV/AIDS ရောဂါကို ဝေဘာဂီဆေးရုံတွင် အခမဲ့ကုသပေးနေသည...
- မိုးပြိုခြင်းလော(ကိုမိုးသီး)
- အမေ လွတ်မြောက်ပါစေ
- ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ...
- ဆရာကြီးဝသုန် ၏ ဈာပန အခန်းအနား။
- ကြပ်ပြေး က အရှုပ်တော်ပုံ အမှတ် (၁၁)
- Voices of the Saffron Revolution: One year later
- ကွန်ပြူတာ ကြမ်းပိုးသတ်နည်း
- အကျဉ်းအကြပ်အခက်အခဲကြားက လှုပ်လို့ ရတဲ့နေရာက လှုပ်ရ...
- AAPP statement
- ဆရာကြီးဆလိုင်းထွန်းသန်းနှင့်တွေ့ ဆုံခြင်း
- မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ တိုးလာနေပြီ။
- မြန်မာ့ ကျောင်းသားဂျာနယ်
- အထူး ကြေငြာချက်
- No title
- No title
- NLD ဆို လုပ်ကြံပုဒ်မ နဲ့ ဆွဲဖြဲဖို့ သာ ပြင်နေတော့တ...
- ဖြေရှင်းပါရစေ။
- အမျိုးသား ဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)မလေ...
- ဘဘကြီး ဝသုန်သို့ 
- ဖိတ်ကြားအပ်ပါသည် ရဲဘော်တို့ 
- လက်ဆင့်ကမ်း ပေးနိုင်ကြဖို့ 
- သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ
- US and the European Parliament call for Daw Aung S...
- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အေ...
- Asia, Europe urged to exert pressure on Myanmar
- 88 ကျောင်းသားများအတွက်..ဂုဏ်ပြုဆုတံဆိပ်
- virus အကိုက်ခံရသူ ၏ ကိုယ်ပိုင် အတွေ့ အကြုံ နှင့်ေ...
- ဆရာကြီးဝသုန် သို့ အမှတ်တရ
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- ချီးတုံးကို ကိုးကွယ်ကြသူများ
- Chinese oil firm accused of abuses, contamination ...
- ဇာကနာအတွက်..ဂုဏ်ပြုဆု
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- MRTV လိမ်နေသည်။ မြန်မာ့သတင်းစာလိမ်နေသည်
- ရမည် ရှာနေတယ်ဗျို့ 
- DEMOCRATIZATION WITHOUT MASS PARTICIPATION?
- Tele conference ဖိတ်ကြားခြင်း
- "ဆောင်းဦးပေါက် တေး "
- ဓါးမြတွေ စစ်သားဖြစ်နေတယ်ဗျ
- Myanmar's Failure to Talk With Suu Kyi Frustrates ...
- တဖြေးဖြေး စစ်ရုံးနဲ့ နီးအောင် လာနေပြီ
- လူငယ်တွေ ရှိနေသ၍ Generation Wave ဆိုတာ မသေဘူး
- KNU EC အဖွဲ့ ရွေးချယ်ခြင်း
-
▼
October
(280)
No comments:
Post a Comment