Sunday, February 28, 2010

တို့  ဗမာပြည်


မြတ်ဗုဒ္ဓ သာသန ဌာနေ
ဒီမြေ …..ဒီလေ
ဒီရေသောက်
ဒီလောက်အောက်တန်းကျတဲ့ 
အုပ်ချုပ်သူ သူတန်းစားတွေ
ပေါများ ထွန်းကားရာမြေ
ဒါ……တို့  ဗမာပြည်။

မြတ်ဗုဒ္ဓရဲ့ အမှာစကား
ခန္တီစ သီးခံခြင်းတရား
ပြည်သူအများမှာ
မှားသူတွေကို သီးခံနေရ
သူခိုး ဓားရိုးကမ်းပေးနေကြရသလို
အားကိုးအားထားရာ အုပ်ချုပ်သူမဲ့ တဲ့  မြေ
ဒါ…..တို့  ဗမာပြည်။

မြတ်ဗုဒ္ဓညွှန်းပြခဲ့ တဲ့  နိဗ္ဗာန်လမ်း
အတ္တတွေမခမ်းနိုင်ဘဲ
ကန်း ချင်တိုင်း ကန်းနေကြတဲ့ 
အုပ်ချုပ်သူ အမည်ခံမိစ္ဆာများ
သိက္ခာတရားလည်းမရှိ လူထုအား
အကြောက်တရားနဲ့  အုပ်ချုပ်
မင်းယုတ် မင်းပျက် ထွန်းကားရာ မြေ
ဒါ…. တို့ ဗမာပြည်။

မြတ်ဗုဒ္ဓရဲ့  သာသနာတော်
ဗမာ့မြေပေါ်မှာ တစတစ ကွယ်ပျောက်
သံဃာတော်တွေလည်း ဆွမ်းမလောက်တော့
ဗမာပြည် ဒီအတိုင်းသာ ဆက်လျှောက်
နောက် အနှစ် နှစ်ဆ ထပ်ပေါင်းရင်
ဗျောက်သောက် သာသနာ ထွန်းကားတော့မယ့် မြေ
ဒါ….. တို့ ဗမာပြည်။

အို အ၇ှင်ဗုဒ္ဓမြတ်
အနတ္တသာ တည်မြဲတဲ့ 
ဒီဘ၀ဘုံ ကမ်းကုန်အောင်မိုက်နေသူများ
အရှင်ဘုရားရဲ့ တရားက
ဆင်ခြင်တုံ မှိုင်းမိ ဒီ ငမိုက် အတိတွေ
မရှင်း မလင်းနိုင်ဖြစ်ခဲ့တာလည်းဖြစ်မှာ
ငါသာ အာဏာရှင်
ငါရှင်ဖို့ အတွက် သံဃာနဲ့  ပြည်သူတွေ စတေးရမယ်ဆိုရင်တောင်
ငါ့ရဲ့ လက်ညိုးတော်စက် အာဏာသက်တည်
ဒီလို အာဏာနဲ့  ရက်စက်တဲ့ မြေ
ဒါ….ဒါ တို့ ဗမာပြည် ပါ။
ဒေါင်းတမာန် (ခေတ္တ လူ့ ပြည်)


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်